Sunshine - travel & tours

Sunshine - travel & tours Life is short
Take Time
To Travel 🏞️

🏕️✨ Weekend Camping @ Nakhon Nayok ✨🏞️မိုးအေးအေးမှာ camping သွားရတာကိုကြိုက်တဲ့ ဘော်ဒါတို့အတွက် ဘန်ကောက်ကနေ ၂နာရီဝန်းကျင...
03/08/2025

🏕️✨ Weekend Camping @ Nakhon Nayok ✨🏞️

မိုးအေးအေးမှာ camping သွားရတာကိုကြိုက်တဲ့ ဘော်ဒါတို့အတွက် ဘန်ကောက်ကနေ ၂နာရီဝန်းကျင်သွားရုံနဲ့ ရောက်တဲ့ Nakhon Nayok camping trip လေးအကြောင်း ပြောပြမယ်နော်! 🌳💚

📍 Location: Nakhon Nayok
🌿 မြို့ပြနဲ့မတူဘဲ အေးချမ်းတဲ့သဘာဝရဲ့ လေသန့်သန့်လေးကို ခံစားချင်ရင် ခုရာသီလေးကတော့ အသင့်တော်ဆုံးပါပဲ
ဒီ camping site လေးမှာ ဘာတွေလုပ်လို့ရမလဲ
💦 နေ့လယ်ဘက်မှာ စမ်းချောင်းလေးဆီသွားပြီး ရေစိမ်နေရင်း အနားယူကြမယ်
🔥 ညကျရင် မူကထ သို့မဟုတ် BBQ လုပ်စား၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ သီချင်းဆိုကြမယ်
မိုးမရွာတဲ့ညတွေဆို ကောင်းကင်က ကြယ်တွေကြည့်ရင်း တောထဲကအကောင်လေးတွေရဲ့အော်သံကို နားထောင်နိုင်မယ်
📷 သဘာဝနဲ့ဓာတ်ပုံရိုက်ရတာကြိုက်သူတွေအတွက်လဲ ပုံလေးတွေဖန်တီးလို့ရမယ်
မနက်အိပ်ရာထတာနဲ့ တောင်တွေကြား လွင့်နေတဲ့ မြူတွေကိုမြင်ရမယ်
(တောတောင်နဲ့နီးတာမို့ မိုးကြီးပြီး ကြယ်မမြင်ရတာတွေလဲဖြစ်နိုင်ပါတယ်နော် )

🗓️ ရက်က Weekend လောက်ပဲ အချိန်ယူလို့ရပြီး
အင်တာနက်လိုင်းမရတာမို့ အေးဆေး နားချင်တဲ့သူတွေအတွက်တော့ အဆင်ပြေတဲ့နေရာလေးဖြစ်မှာပါ

ဒီ camp site လေးမှာ tent ငှါးရင်တော့ 300 baht , room ယူရင်တော့ 1000 baht ကျသင့်မှာဖြစ်ပါတယ်
အေးဆေးလေးနားချင်သူတွေအတွက်တော့ အခန်းလေးယူပြီးနားဖို့ recommend လုပ်ချင်ပါတယ်ခင်ဗျာ
သဘာဝကို ချစ်သူတွေ၊ လေတိုးတိုးလေးတွေထဲမှာ ခဏပျောက်ချင်သူတွေ အတွက်— ကဲ
လာ သွားကြရအောင်လေ! 🌿❤️

ဘန်ကောက်မှာ private tour လေးတွေသွားချင်တာဖြစ်ဖြစ် ဆေးရုံဆေးခန်းပြ လေဆိပ်ကြိုပို့ ကားဝင်းအကြိုအပို့ အတွက် ပဲဖြစ်ဖြစ် အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ

#ကားအငှါးဝန်ဆောင်မှု #ဘန်ကောက်

🏖✨ Cha-am တစ်ညအိပ် ကမ်းခြေခရီး… 🌊🌙Bangkok ကနေ ကားနဲ့ 🚗 နှစ်နာရီခန့် သွားလိုက်တာနဲ့ ပင်ပန်းမှုတွေကို ခဏလောက် ရေထဲပစ်ချလို...
22/07/2025

🏖✨ Cha-am တစ်ညအိပ် ကမ်းခြေခရီး… 🌊🌙

Bangkok ကနေ ကားနဲ့ 🚗 နှစ်နာရီခန့် သွားလိုက်တာနဲ့ ပင်ပန်းမှုတွေကို ခဏလောက် ရေထဲပစ်ချလို့ရမယ့်နေရာလေး ဆီထွက်လာခဲ့တယ် 🍃☁️

မနက်ခင်း Cha-am ရဲ့ တိတ်ဆိတ်လှိုင်းတွေက စိတ်ကို အေးချမ်းစေပြီး
လူမများတဲ့ ကမ်းခြေဖြစ်တာမို့ သီးသန့်အနားယူချင်တယ်ဆိုရင် သွားသင့်တဲ့နေရာလေးပါ 🌊✨

Cha-am က တခြားကမ်းခြေတွေလို လူမရှုပ်ဘဲ အများအားဖြင့်တော့ အနောက်တိုင်းသား သက်ကြီးသူတွေ အေးအေးဆေးဆေး လာနားကြတာကို တွေ့ရပါတယ်

Beach activities လုပ်ချင်တဲ့သူတွေအတွက်လဲ activities မျိုးစုံရှိပါတယ် ( မိုးရာသီမို့ တချို့ activities တွေ လုပ်လို့မရတာတော့ရှိနိုင်ပါတယ်ခင်ဗျာ)

ညဘက် ရောက်ရင် Cha-am Walking Street Night Market လှည့်…
လှည့်ရင်း စား၊ စားရင်း လှည့် 🍢🍤 🌙

nightlife နဲ့ hustle vibe လိုချင်ရင် Hua Hin ဆီ ၃၀ မိနစ်ခန့်ဆက်သွား… 🚗💨
🎨 Cicada Market ရဲ့ live music, handmade arts
🍤 Hua Hin Night Market ရဲ့ seafood grill လတ်လတ်နဲ့ beer လေးကိုခံစား🍻

တစ်ညတည်းမှာပဲ ပင်လယ်ရဲ့ တိတ်ဆိတ်သံ + nightlife ရဲ့ light & laughter နှစ်မျိုးကို ကြုံတွေ့ချင်တယ်ဆို ဒီနေရာလေးက သင့်တော်ပါတယ် 🌊💙✨

🌿 တည်းဖို့နေရာတွေ
– Sea Breeze Guesthouse (budget & cozy)
– Long Beach Cha-am Hotel (mid-range, pool, sea view)
– Veranda Resort & Villas Hua Hin – Cha Am (romantic & beachfront luxury)

📍 Bangkok → Cha-am (၂ နာရီခန့်) တစ်ညအိပ် → Hua Hin nightlife → နောက်နေ့မနက် စောစောထ ပင်လယ်ကြီးရဲ့နေထွက်ချိန်ကိုခံစား ပြီး ဘန်ကောက်ကိုပြန်

1 ညအိပ်သွားရုံနဲ့ အပန်းပြေမယ်လို့မျှော်လင့်ပါတယ်
ဒီလိုမျိုး နေရာလေးတွေဆီသွားဖို့အတွက် ကားအငှါးဝန်ဆောင်မှူလိုအပ်ပါက 0629394473 ကို ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ

#တိတ်ဆိတ်ပင်လယ်လှိုင်း #ညဘက်အလင်း #ကားအငှါးဝန်ဆောင်မှု

🌧️✨ Monsoon Promotion ! ✨🌧️မိုးရာသီအတွက် အထူးအခွင့်အရေး!လာပါပြီခင်ဗျာဘန်ကောက်နဲ့အနီးတဝိုက် ခရီးစဉ်များ၊ လေဆိပ်အကြိုအပို့...
20/07/2025

🌧️✨ Monsoon Promotion ! ✨🌧️
မိုးရာသီအတွက် အထူးအခွင့်အရေး!
လာပါပြီခင်ဗျာ

ဘန်ကောက်နဲ့အနီးတဝိုက် ခရီးစဉ်များ၊ လေဆိပ်အကြိုအပို့၊ Mochit ကားဝင်းအကြိုအပို့၊ ဆေးရုံ/ဆေးခန်းပြ ခရီးစဉ်များအတွက် အထူး promotion ပါ!

✅ အရင်က ကားငှါးဖူးတဲ့ ဧည့်သည်များ – ဒီမိုးတွင်းခရီးစဉ်တစ်ခုအတွက် 5% discount
✅ အရင်ဧည့်သည်က refer ညွှန်းပေးတဲ့ ဧည့်သည်အသစ် – ခရီးစဉ်အတွက် 5% discount
✅ refer ညွှန်းပေးသူခရီးသည်အတွက်လည်း – နောက်ခရီးစဉ်တစ်ခုအတွက် 5% discount

📅 Monsoon Promotion ကို August လကုန်ထိ ရရှိနိုင်ပါမယ်!
ခရီးစဉ်အသေးစိတ်အတွက် page chat box မှတစ်ဆင့် မေးမြန်းနိုင်ပါတယ်။

ဘန်ကောက်ရဲ့မိုးရာသီဟာ မိုးအရမ်းကြီးဆက်တိုက်ရွာနေတာမျိုးမဟုတ်တာမို့ နွေရာသီလိုမပူဘဲ အေးဆေးတဲ့ရာသီမှာ ခရီးသွားချင်တယ်ဆိုရင် ဒီ promotion လေးကို join ထားလိုက်ပါနော်

🚗 မိုးရွာပေမယ့် ခရီးစဉ်တွေကို စိတ်ချလို့ရတဲ့ ထိုင်းနိုင်ငံ ခရီးစဉ်များစွာအတွေ့အကြုံရှိထားတဲ့ အရည်အသွေးမြင့်ဝန်ဆောင်မှု ကို စိတ်ဝင်စားသူများ ခုပဲ ဆက်သွယ်လိုက်ပါ! ခင်ဗျာ ❤️

#မိုးရာသီပရိုမိုးရှင်း #ထိုင်းမှာခရီးသွားမယ် #ကားအငှါးဝန်ဆောင်မှု #ပတ္တရား #ခေါက်ရိုင် #အယုဒ္ဓယ #လေဆိပ်အကြိုအပို့ #ခရီးသွားဝန်ဆောင်မှု

ဘန်ကောက်ကနေ တစ်နာရီကျော်ပဲ သွားရုံနဲ့ အေးချမ်းတဲ့ မြို့ငယ်လေးတစ်ခုကို ရောက်သွားချင်တယ်ဆိုရင် Koh Si Chang ကျွန်းလေးကို သ...
19/07/2025

ဘန်ကောက်ကနေ တစ်နာရီကျော်ပဲ သွားရုံနဲ့ အေးချမ်းတဲ့ မြို့ငယ်လေးတစ်ခုကို ရောက်သွားချင်တယ်ဆိုရင် Koh Si Chang ကျွန်းလေးကို သွားကြည့်ဖို့ အကြံပေးချင်ပါတယ်

ဒီကျွန်းလေးကိုရောက်ဖို့ ဘန်ကောက်ကနေ ကားစီးပြီးရင် စက်လှေ ၄၅ မိနစ်ခန့်တော့ ထပ်စီးရပါမယ်
စက်လှေခကတော့ တစ်ယောက်ကို 40 baht ပဲကျသင့်မှာပါ

ဒီကျွန်းလေးမှာ ဘာတွေ လုပ်လို့ရမလဲဆိုရင်တော့
နာမည်ကြီးတဲ့ Rama 5 နွေရာသီနန်းတော်လေး (Phra Chuthathut Palace) ကိုသွားလည်လို့ရမယ်
Instagram spot ဖြစ်တဲ့ Bridge ပေါ်မှာ ဓာတ်ပုံလှလှလည်း ရိုက်လို့ရမယ်
တောင်ထက်က Chinese temple ကို တက်ပြီး တစ်ကျွန်းလုံးရဲ့ panoramic view လည်း ခံစားလို့ရမှာဖြစ်ပါတယ်

ကျွန်းပေါ်မှာ ဘယ်လိုလျှောက်လည်လို့ရလဲ
တချို့ကတော့ 🛵 tuktuk rental နဲ့ ကျွန်းလုံးလှည့်ကြတယ်၊ ဆိုင်ကယ်မောင်းတတ်တဲ့သူတွေအတွက် bike rental service တွေလဲရှိပြီး တစ်စီးကို ၂၅၀ ဘတ် နဲ့တစ်နေကုန် လည်လို့ရပါတယ်
တစ်ခြား activities တွေအနေနဲ့
🏖 Haad Tham Phang ကမ်းခြေမှာ ပင်လယ်ရေဆော့ သွားလို့ရတယ်၊ 🚶‍♀️ ကမ်းလျားလမ်းလေးတွေ လိုက်လျှောက်ရင်း တောင်ပေါ်က sunset လှလှလည်း ကြည့်လို့ရတယ်။

ညအိပ်နေချင်တဲ့သူတွေအတွက် အေးဆေးလှပတဲ့ sea-view boutique hotel တွေ၊ homestay တွေ အစုံရှိတယ်
ဒါတင်မကဘူး စားစရာလည်း အသားငါးသန့်သန့်
လတ်ဆတ်တဲ့ seafood restaurant တွေ၊ ရိုးရာထိုင်းစားသောက်ဆိုင်တွေလဲ ကျွန်းအနှံ့မှာရှိတာမို့ Bangkok မှ ခဏထွက်ပြီး စိတ်အေးချင်တယ်ဆိုရင် ဒီနေရာလေးကတော့ perfect! 🌿✨ပါပဲ

တစ်ခါ ငှားရမ်းဖူးသော ဧည့်သည်များ အာလုံး ကိုလဲ
5% discount 🤩 စီစဉ်ပေးထားပါတယ် ခင်ဗျာ

Khao Yai 🌳Khao Yai နေ့ချင်ပြန် ခရီး စဉ်လေးကို ယုံကြည် စိတ်ချစွာ ကားငှားပေး ကြတဲ့ ဧည့်သည်များ ကို အထူးပဲ ကျေးဇူးတင်ပါတယ် ...
19/07/2025

Khao Yai 🌳

Khao Yai နေ့ချင်ပြန် ခရီး စဉ်လေးကို ယုံကြည် စိတ်ချစွာ ကားငှားပေး ကြတဲ့ ဧည့်သည်များ ကို အထူးပဲ
ကျေးဇူးတင်ပါတယ် ခင်ဗျာ 🙏🏻

ထိုင်းနိုင် ငံ အနှံ့လည်ပတ် ချင်တဲ့ ဧည့်သည်များအတွက်
လဲ ခရီးစဉ်များကို ဈေးနှုန်း ချို သာစွာ နဲ့ စီစဉ်ပေး ထားပါတယ် ခင်ဗျာ
ခရီးသည်များ အားလုံးလဲ စိတ်ချမ်းသာဖို့ကို အပြည့်အဝ တာဝန်ယူပါတယ် ဗျ 🥰

အသေးစိတ် ကို အချိန်မရွေး ဆက်သွယ်စုံစမ်း နိုင်ပါတယ်ခင်ဗျာ

Contact -0629394473/

Khaoyai one night trip 🌷Khaoyai တစ်ညအိပ် ခရီးစဉ် လေးအတွက် ယုံကြည် စိတ်ချ စွာ ကား ငှားပေးကြတဲ့ အတွက် အထူးပဲ ကျေးဇူး တင် ပ...
03/01/2025

Khaoyai one night trip 🌷

Khaoyai တစ်ညအိပ် ခရီးစဉ် လေးအတွက် ယုံကြည် စိတ်ချ စွာ ကား ငှားပေးကြတဲ့ အတွက်

အထူးပဲ ကျေးဇူး တင် ပါတယ် ခင်ဗျာ🙏🏻

နှစ်သစ် မှ စပီး ခရီး တွေ ထက်ထွက် နိုင်ကြပါစေဗျာ

ကားငှား ချင်တဲ့ ဧည့်သည် များ လဲ အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါတယ် ခင်ဗျာ

Contact -0639394473

Pattaya တစ်ညအိပ် ခရီ စဉ် လေးအတွက် ကားငှားပေးကြတဲ့ သဘော ကောင်းတဲ့ အကိုနဲ့အမ ကိုကျေးဇူးအထူးပဲ တင်ပါတယ် ခင်ဗျာ 🙏🏻နောက်လဲ ခရ...
30/12/2024

Pattaya တစ်ညအိပ် ခရီ စဉ် လေးအတွက်

ကားငှားပေးကြတဲ့ သဘော ကောင်းတဲ့ အကိုနဲ့အမ ကို
ကျေးဇူးအထူးပဲ တင်ပါတယ် ခင်ဗျာ 🙏🏻

နောက်လဲ ခရီးတွေ အများကြီးသွားနိုင်ပါစေဗျာ ❣️

ခရီးသွား ချင်တဲ့ ဧည့်သည်များလဲ အသေးစိတ် ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါတယ် ခင်ဗျာ

Contact-0629394473

Hokkaido flowers 🌹
25/12/2024

Hokkaido flowers 🌹

Bangsean day trip 🏞️အတွက် ယုံကြည်စိတ်ချ စွာ ကားငှားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ် ခင်ဗျာ 🙏🏻‌နောက်လဲ ခရီးတွေ အများကြီးထွက်န...
30/11/2024

Bangsean day trip 🏞️

အတွက် ယုံကြည်စိတ်ချ စွာ ကားငှားပေးတဲ့အတွက်

ကျေးဇူး တင်ပါတယ် ခင်ဗျာ 🙏🏻

နောက်လဲ ခရီးတွေ အများကြီးထွက်နိုင်ပါစေဗျာ

ခရီးသွားချင်တဲ့ ဧည်သည့်များလဲ အသေးစိတ်ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် ခင်ဗျာ

Contact-0629394473

Maduea camping သို့  ယုံကြည် စိတ်ချစွာ ကားငှားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ နောက်လဲ ခရီး‌တွေ အများကြီးထွက...
31/10/2024

Maduea camping သို့ ယုံကြည် စိတ်ချစွာ

ကားငှားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ

နောက်လဲ ခရီး‌တွေ အများကြီးထွက် နိုင်ပါစေဗျာ

ကားငှား ချင်တဲ့ ဧည့်သည်များ လဲ အသေးစိတ် ဆက်သွယ်စုံစမ်း နိုင်ပါတယ် ခင်ဗျာ

Contact -0629394473

ที่อยู่

Bangkok

เบอร์โทรศัพท์

+66629394473

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sunshine - travel & toursผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Sunshine - travel & tours:

ทางลัด

แชร์