Let's go with "Mike"

Let's go with "Mike" Looking for an unforgettable travel experience in Thailand? 👀

Let us make your trip safe, smooth, and full of amazing memories!✈️🏖️🌊⛰️🌅📸

🌇 ဘန်ကောက်မှာ ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ အထင်ကရ နေရာတွေရဲ့ နောက်ကြောင်းသမိုင်းများ Series 🟢 EP. 8 - Loha Prasat (...
02/08/2026

🌇 ဘန်ကောက်မှာ ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ အထင်ကရ နေရာတွေရဲ့ နောက်ကြောင်းသမိုင်းများ Series

🟢 EP. 8 - Loha Prasat ( Metal Castle / Iron Palace ) နှင့်
Bangkok City Pillar Shrine ( မြို့ ဗဟို တိုင် နတ်ကွန်း )

Chapter 1 – တစ်နေရာက မြို့ကိုမွေးဖွားစေခဲ့တယ် …

နောက်တစ်နေရာက စိတ်ကိုလမ်းပြပေးခဲ့တယ်

ဘန်ကောက်မြို့ဟောင်း ( Rattanakosin ) ထဲမှာ …

တစ်ခုက ဗုဒ္ဓတရားရဲ့ လမ်းစဉ် ကို ကိုယ်စားပြုတဲ့ အဆောက်အဦး ဖြစ်ပီး ...

နောက်တစ်ခုကတော့ မြို့တော်ရဲ့ ကနဦး အစ ပဲ ဖြစ်ပါတယ် ...

အဲ့ဒီနှစ်နေရာကတော့ …

Loha Prasat နဲ့ Bangkok City Pillar ပါ။

တစ်ခုက လူရဲ့ စိတ်ကို အမြင့်ဆုံး ဖြစ်တဲ့ တရားလမ်းဆီ ဦးတည်စေတဲ့ သင်္ကေတ။

တစ်ခုက မြို့ကို စတင်ခဲ့တဲ့ သင်္ကေတ။



Chapter 2 – Loha Prasat ဆိုတာ ဘယ်လို အဆောက်အဦး အမျိုးအစားလဲ ❓

" Loha "ဆိုတာ သတ္တု ( Metal / Iron )။

" Prasat " ဆိုတာ နန်းတော် ( Palace ) ပုံစံ အဆောက်အဦး။

ဒါပေမယ့် …

သံနဲ့လုပ်ထားတဲ့ နန်းတော်တော့ မဟုတ်ပါဘူး။

အမိုးပေါ်မှာ တည်ဆောက်ထားတဲ့ သံ ထီးတော် ၃၇ ခု က ဗုဒ္ဓဘာသာရဲ့

Bodhipakkhiya Dhamma (ဗောဓိပက္ခိယတရား ၃၇ ပါး)

ကို ကိုယ်စားပြုထားပါတယ်။

ပိုထူးခြားတာက …

သီရိလင်္ကာနိုင်ငံ Anuradhapura မှာလည်း Loha Prasada တစ်ခု တည်ရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် …

အဲဒီနှစ်ခုလုံးဟာ အချိန်ကြာလာတာနဲ့အမျှ ပျက်စီးသွားခဲ့ပါတယ်။

ဒါကြောင့် …

ယနေ့ကမ္ဘာမှာ အပြည့်အစုံ ကျန်ရှိနေတဲ့ Loha Prasat က ဘန်ကောက်က ဒီတစ်ခုတည်း ဖြစ်ပါတယ်။

ဒီအချက်ကြောင့်လည်း အလွန်တန်ဖိုးရှိတဲ့ ဗုဒ္ဓဘာသာ အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံရတာပါ။

———

Chapter 3 – အားလုံးက Bangkok City Pillar ကနေ စတင်ခဲ့တယ် ❗️

၁၇၈၂ ခုနှစ် …

King Rama I က အယုဒ္ဓယကျဆုံးပြီးနောက် ထိုင်းနိုင်ငံရဲ့ မြို့တော်သစ်ကို Chao Phraya မြစ်အရှေ့ဘက်ကမ်းမှာ တည်ထောင်ခဲ့ပါတယ်။

ဒါပေမယ့် …

Grand Palace ကို အရင်မဆောက်ခဲ့ပါဘူး။

Wat Phra Kaew ( မြဘုရား ရှိရာ နန်းတော် ) ကိုလည်း အရင်မတည်ခဲ့ပါဘူး။

အရင်ဆုံး စိုက်ထူခဲ့တာက မြို့ရဲ ဗဟိုတိုင် ( ပြည်စိုးတိုင် )

Bangkok City Pillar ပါ။

ထိုင်းရိုးရာယုံကြည်မှုအရ …

မြို့တစ်မြို့ မတည်ခင် City Pillar ကို အရင်စိုက်ရပြီး၊

အဲ့ဒီ တိုင်က ...

မြို့ကို ကာကွယ်စောင့်ရှောက် ပေးတဲ့ နတ်မင်း

တိုင်းပြည်ရဲ့ တည်ငြိမ်မှုအကာအကွယ်နဲ့

ကံကြမ္မာ

ကို ကိုယ်စားပြုတယ်လို့ ယုံကြည်ကြပါတယ်။



Chapter 4 – ဘန်ကောက် မြို့တော်ကြီး ကြီးထွားလာပြီးနောက် ❗️

City Pillar စိုက်ပြီး …

1️⃣ Grand Palace ကို တည်လာတယ်။

( https://www.facebook.com/share/p/1DNRZYp93C/?mibextid=wwXIfr )

2️⃣ Wat Phra Kaew ကို တည်လာတယ်။

( https://www.facebook.com/share/p/198pv1LXn3/?mibextid=wwXIfr )

3️⃣ Wat Arun ကို တည်လာတယ်။

( https://www.facebook.com/share/p/1Eeu2dxYTj/?mibextid=wwXIfr )

4️⃣ Wat Saket ကို တည်လာတယ်။

( https://www.facebook.com/share/p/1CvctXxTS1/?mibextid=wwXIfr )

5️⃣ Giant Swing နဲ့ Wat Suthat ပေါ်လာတယ်။

( https://www.facebook.com/share/p/1EWmfSQdbs/?mibextid=wwXIfr )

စတဲ့ ဘာသာရေးနဲ့ ရိုးရာအခမ်းအနားဆိုင်ရာ နေရာ ဘုရားကျောင်း တွေ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့တယ်



Chapter 5 – The End

ဘန်ကောက်ကို အပေါ်ယံပဲ ကြည့်ရင် …

အဆောက်အဦးတွေ၊ ဘုရားတွေ၊ လမ်းတွေကိုပဲ မြင်ရမှာပါ။

ဒါပေမယ့် သမိုင်းကို ဖတ်ကြည့်လိုက်ရင်တော့ …

Bangkok City Pillar က ဒီမြို့ ဘယ်လိုမွေးဖွားခဲ့သလဲဆိုတာကို ပြောပြနေပြီး …

Loha Prasat က လူတစ်ယောက် ဘယ်လိုစိတ်ဓာတ်နဲ့ အသက်ရှင်သင့်သလဲ ဆိုတာကို သင်္ကေတအနေနဲ့ ပြသနေပါတယ်။

ဒါကြောင့် ဒီနှစ်နေရာကို တစ်နေ့တည်း သွားလည်ရတာဟာ နေရာနှစ်ခုကို ကြည့်တာထက် ပိုပါတယ်။

ဘန်ကောက်မြို့ရဲ့ " အစ " နဲ့ " ဗုဒ္ဓ တရား အဓိပ္ပာယ် " ကို တစ်ခါတည်း နားလည်သွားသဘောပေါက်မယ့် ခရီးစဉ် တစ်ခု ဖြစ်သွားစေပါတယ်ခင်ဗျာ။
____________________________________________

နောက် EP မှာ ဘန်ကောက်ရဲ့ ဘယ်အထင်ကရ နေရာလေး ဖြစ်မလဲ စောင့်ကြည့်ပေးကြပါအုံး 🫰🏻🤍

ထိုင်းနိုင်ငံတွင် လူကြီးမင်းတို့သွားချင်သည့် ခရီးစဉ်များကို သက်တောင့်သက်သာ လုံခြုံမှုရှိရှိ ဖြင့် စိတ်ချမ်းမြေ့ဖွယ် အခိုက်အတန့်လေးများကို နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ဘက်မှ ဖန်တီး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ခင်ဗျာ

Contact us 📞 081 040 6102

Line / Whatsapp / Viber

+959 50 874 90


#ထိုင်းခရီး

🌇 ဘန်ကောက်မှာ ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ အထင်ကရ နေရာတွေရဲ့ နောက်ကြောင်းသမိုင်းများ Series 🟢 EP. 7 - The Giant Swi...
01/08/2026

🌇 ဘန်ကောက်မှာ ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ အထင်ကရ နေရာတွေရဲ့ နောက်ကြောင်းသမိုင်းများ Series

🟢 EP. 7 - The Giant Swing ( အနီရောင် ဧရာမ ဒန်းကြီး ) နှင့်
Wat Suthat ( တော်ဝင်ဘုန်းတော်ကြီးကျောင်း )


Chapter 1 – ဘန်ကောက်မြို့ရဲ့ နှစ်ပေါင်း ၂၄၀ ကျော် သက်တမ်းရှိတဲ့ ဧရာမ ဒန်း ကြီး ❗️❗️❗️

ဘန်ကောက်မြို့ဟောင်း ( Rattanakosin ) ရဲ့ အလယ်ဗဟို၊ Phra Nakhon District ကို လည်ဖူးတဲ့သူတိုင်း မျက်စိကျမိတဲ့ အရာတစ်ခုရှိပါတယ်။

အဲ့ဒါကတော့ ...

အနီရောင် သစ်သားတိုင်ကြီး ၂ တိုင်ကို ကောင်းကင်ထဲ ထိုးထောင်ထားသလို မြင်ရတဲ့ ဧရာမ ဒန်း အနီကြီး Giant Swing ( Sao Chingcha / เสาชิงช้า ) ပါ။

ပထမဆုံးမြင်တဲ့သူအများစုက …

" ဒါက ဘာကြီးလဲ ? "

" အလှဆင်ထားတာလား ? "

" ဘုရားတံခါးလား ? "

" မုဒ်ဦး လား ?"

" ဂိတ် တံခါး လား ? "

စသဖြင့် မေးတတ်ကြပါတယ်။

ဒါပေမယ့် …

ဒီတိုင်ကြီးဟာ ရှေးခေတ် ထိုင်းနိုင်ငံရဲ့ အန္တရာယ်အများဆုံး ဘာသာရေးအခမ်းအနားတစ်ခုကို ကျင်းပခဲ့တဲ့ နေရာဖြစ်ပြီး၊ တစ်ချိန်က လူတွေဟာ သူတို့ရဲ့ အသက်ကိုပါ ရင်းပြီး ဒီ ဧရာမ ဒန်းကြီးကို စီးခဲ့ကြတဲ့ သမိုင်းရှိပါတယ်။



Chapter 2 – Giant Swing ကို ဘာကြောင့် ဆောက်ခဲ့တာလဲ❓

၁၇၈၂ ခုနှစ်မှာ King Rama I က ဘန်ကောက်ကို မြို့တော်အဖြစ် တည်ထောင်ပြီးနောက် …

Ayutthaya ခေတ်က လုပ်ခဲ့တဲ့ တော်ဝင်ရိုးရာ ဘာသာရေးအခမ်းအနားတွေကို မြို့တော်အသစ်မှာ ပြန်လည်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် ၁၇၈၄ ခုနှစ်မှာ ဒီ ဧရာမ ဒန်းကြီး ( Giant Swing ) ကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီ ဒန်း ဟာ ကလေးကစားဖို့ မဟုတ်သလို …

အပျော်စီးဖို့လည်း မဟုတ်ပါဘူး။

ဟိန္ဒူဘာသာရေး အခမ်းအနားအတွက် သီးသန့်တည်ဆောက်ထားတဲ့ အဆောက်အဦး ပုံသဏ္ဌာန် တစ်ခု ဖြစ်ပါတယ်။

Giant Swing ရဲ့ နောက်ကျောဘက်မှာတော့ ဘန်ကောက်ရဲ့ အလှဆုံး တော်ဝင်ဘုန်းတော်ကြီးကျောင်းတွေထဲက တစ်ခုဖြစ်တဲ့
" Wat Suthat Thepwararam Ratchaworamahawihan " တည်ရှိနေပါတယ်။



Chapter 3 – Wat Suthat ( First-class Royal Temple ) ❗️

Giant Swing ကို လာကြည့်ရင် Wat Suthat ကိုလည်း မဖြစ်မနေ ဝင်ဖူးသင့်ပါတယ်။

ဒီဘုရားကို King Rama I လက်ထက်မှာ စတင်တည်ဆောက်ခဲ့ပြီး၊ King Rama III လက်ထက်မှ ပြီးစီးခဲ့တာကြောင့် ဆောက်လုပ်ချိန် က ဘုရင် ၃ ဆက် ကြာခဲ့ပါတယ်။

Wat Suthat ဟာ ထိုင်းနိုင်ငံရဲ့ ပထမတန်းစား တော်ဝင်ဘုန်းတော်ကြီးကျောင်း ( First-class Royal Temple ) တွေထဲက တစ်ခုဖြစ်ပြီး …

အတွင်းမှာရှိတဲ့ အလွန်ကြီးမားတဲ့ ကြေးဝါဗုဒ္ဓရုပ်ပွားတော် Phra Si Sakyamuni ကတော့ ၁၃ ရာစု ဆူခိုထိုင်း ခေတ်က သမိုင်းဝင် ရုပ်ပွားတော်ဖြစ်ပါတယ်။

ဘုရားနံရံတစ်လျှောက် ရေးဆွဲထားတဲ့ နံရံဆေးရေးပန်းချီတွေကိုလည်း ထိုင်းနိုင်ငံရဲ့ အလှဆုံး နံရံပန်းချီတွေထဲက တစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။

ဒါကြောင့် Giant Swing နဲ့ Wat Suthat ဟာ သမိုင်းအရလည်း အမြဲတွဲဖက်ပြောဆိုရတဲ့ နေရာနှစ်ခု လဲ ဖြစ်ပါတယ်။



Chapter 4 – လူတွေ တကယ် ဒီ ဒန်းကြီးကို စီးခဲ့တာလား❓

အဖြေက …

ဟုတ်ကဲ့ စီးခဲ့ကြပါတယ်။

နှစ်စဉ် Triyampawai Ceremony ကျင်းပတဲ့အချိန်မှာ ဘရာဟ္မဏ ပုရောဟိတ် တွေဟာ Giant Swing ပေါ်မှာ ရပ်ပြီး အမြင့်ကြီး ကို ဒန်း လွှဲ ပီး စီးရပါတယ်။

ဒန်း ရဲ့ ရှေ့ဘက်မှာ ဝါးတိုင် တစ်တိုင်ကို စိုက်ထားပြီး …

အပေါ်မှာ ရွှေအိတ်ကို ချိတ်ဆွဲ ထားပါတယ်။

ဒန်းစီးနေကြတဲ့ သူတွေက အရှိန်နဲ့ လွှဲပြီး အဲ့ဒီ ရွှေအိတ်ကို ပါးစပ်( သွား ) နဲ့ ကိုက်ယူ ရပါတယ်။

အိတ်ကို ကိုက်ယူနိုင်ရင် …

လာမယ့်နှစ်မှာ တိုင်းပြည်အတွက် ကောင်းမွန်တဲ့နှစ် ဖြစ်မယ်၊
နတ်ဘုရားတွေ ကျေနပ်ပြီး နိုင်ငံအတွက် ကောင်းချီးပေးမယ်၊
ဘေးအန္တရာယ်ကင်းရှင်းမယ် ၊ မိုးကောင်းမယ်၊ သီးနှံအထွက်ကောင်းမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။



Chapter 5 – ဘာကြောင့် ဒီ အခမ်းအနားကို ရပ်လိုက်တာလဲ ❓

ဒီအခမ်းအနားဟာ အလွန်အန္တရာယ်များပါတယ်။

ဒန်းကြီး က ၂၁ မီတာကျော် မြင့်သလို …

အရှိန်နဲ့ လွှဲရင်း ပြုတ်ကျသေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။

အဲဒီလို မတော်တဆမှုတွေ များလာတာကြောင့် …

၁၉၃၅ ခုနှစ်မှာ အခမ်းအနားကို အပြီးတိုင် ရပ်ဆိုင်းလိုက်ပါတယ်။

ဒီနေ့မှာတော့ ဧရာမ ဒန်းကြီး ( Giant Swing ) ဟာ အခမ်းအနားကျင်းပတဲ့ နေရာမဟုတ်တော့ဘဲ သမိုင်းဝင် အထိမ်းအမှတ်အဖြစ်သာ ကျန်ရှိနေပါတယ်။



Chapter 6 – အခုမြင်ရတဲ့ Giant Swing က မူလ ပုံစံ အတိုင်း ဟုတ်သေးရဲ့လား ❓

မဟုတ်တော့ပါဘူး။

မူလ Giant Swing ဟာ ကျွန်းသစ် (Teak) နဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး …

နှစ်ပေါင်း ၂၀၀ ကျော် မိုး ၊ နေ ၊ လေ ဒဏ်ခံလာရတာကြောင့် သစ်သားတွေ ယိုယွင်း ပျက်စီး လာပါတယ်။

ဒါကြောင့် ၂၀၀၅ - ၂၀၀၆ ခုနှစ်အတွင်းမှာ မူလဒီဇိုင်းအတိုင်း သစ်သားအသစ်တွေနဲ့ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။

ယနေ့မြင်ရတဲ့ Giant Swing ဟာ အမြင့် ၂၁.၁၅ မီတာ ရှိပြီး ဘန်ကောက်ရဲ့ အထင်ရှားဆုံး သမိုင်းဝင် Landmark တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။



Chapter 7 – သွားလည်ရင် ဘာတွေထူးခြားလဲ ❓

Giant Swing ဟာ ဓာတ်ပုံရိုက်ဖို့ပဲ လှတာမဟုတ်ပါဘူး။

မနက်စောစော ဒါမှမဟုတ် ညနေပိုင်းမှာ လာရင် …

အနီရောင် Giant Swing၊ Wat Suthat ရဲ့ ရွှေရောင်အမိုးတွေ၊ မြို့ဟောင်းရဲ့ လမ်းဟောင်းတွေ အားလုံးပေါင်းစပ်ပြီး ဘန်ကောက်ရဲ့ အတိတ် နဲ့ ပစ္စုပ္ပန်ကို တစ်နေရာတည်းမှာ မြင်တွေ့ရပါတယ်။

အနီးအနားက

Wat Suthat
Loha Prasat
Bangkok City Pillar Shrine နဲ့
Grand Palace

တို့ကိုလည်း လမ်းလျှောက်ပြီး တစ်ရက်တည်း လည်ပတ်နိုင်တာက ဒီနေရာရဲ့ အားသာချက်တစ်ခုပါ။



Chapter 8 – The End❗️

ဒီနေ့ Giant Swing အောက်မှာ ရပ်ကြည့်လိုက်ရင် …

တိတ်ဆိတ်ပြီး လှပတဲ့ Landmark တစ်ခုလိုပဲ ထင်ရနိုင်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀ ကျော်က ဒီနေရာဟာ ထိုင်းနိုင်ငံရဲ့ အရေးအကြီးဆုံး ဘာသာရေးအခမ်းအနား ကျင်းပရာနေရာတစ်ခု ဖြစ်ခဲ့ပြီး၊ လူတွေဟာ နိုင်ငံရဲ့ ကံကြမ္မာကောင်းဖို့ ဆိုတဲ့ ယုံကြည်ချက်နဲ့ မိမိတို့ရဲ့ အသက်အန္တရာယ်ကိုတောင် မကြောက်ဘဲ ဒီ ဧရာမ ဒန်း ကြီးကိုစီးပီး နတ်ဘုရားတွေကို ပူဇော်ပသ ခဲ့ကြပါတယ်။

ဒါကြောင့် Giant Swing ဟာ ဓာတ်ပုံရိုက်ဖို့ လှတဲ့ အနီရောင်
တိုင်ကြီးတစ်စုံ သာ မကပဲ …

ဘန်ကောက်မြို့ စတင်တည်ထောင်ခဲ့ချိန်က ခေတ်ရဲ့ ယုံကြည်မှု၊ ယဉ်ကျေးမှုနဲ့ သမိုင်းကို ယနေ့ထိ အသက်ရှင်နေစေတဲ့ အမှတ်တရတစ်ခု လည်း ဖြစ်ပါတယ်။
_______________________________________________

နောက် EP မှာ ဘန်ကောက်ရဲ့ ဘယ်အထင်ကရ နေရာလေး ဖြစ်မလဲ စောင့်ကြည့်ပေးကြပါအုံး 🫰🏻🤍

ထိုင်းနိုင်ငံတွင် လူကြီးမင်းတို့သွားချင်သည့် ခရီးစဉ်များကို သက်တောင့်သက်သာ လုံခြုံမှုရှိရှိ ဖြင့် စိတ်ချမ်းမြေ့ဖွယ် အခိုက်အတန့်လေးများကို နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ဘက်မှ ဖန်တီး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ခင်ဗျာ

Contact us 📞 081 040 6102

Line / Whatsapp / Viber

+959 50 874 90


#ထိုင်းခရီး

🌇 ဘန်ကောက်မှာ ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ အထင်ကရ နေရာတွေရဲ့ နောက်ကြောင်းသမိုင်းများ Series 🟢 EP. 6 - Wat Pho The R...
30/07/2026

🌇 ဘန်ကောက်မှာ ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ အထင်ကရ နေရာတွေရဲ့ နောက်ကြောင်းသမိုင်းများ Series

🟢 EP. 6 - Wat Pho The Reclining Buddha
( လျောင်းတော်မူ ဘုရား )

ဘန်ကောက်က နာမည်ကြီး Wat Pho ဆိုတဲ့ လျောင်းတော်မူ ဘုရား ကတော့ ...

Google မရှိတဲ့ခေတ်မှာ …
ထိုင်းလူတွေ ဗဟုသုတရှာဖို့ Wat Pho ကို သွားခဲ့ကြရတယ်။

ထိုင်းနိုင်ငံရဲ့ ပထမဆုံး အခမဲ့ တက္ကသိုလ် ဖြစ်ခဲ့တဲ့ နေရာ !

ထိုင်းရိုးရာ အနှိပ်ပညာ ရဲ့ မူလ မြစ်ဖျားခံရာ နေရာ !

Grand Palace ထက်တောင် အသက်ကြီးတဲ့ ဘုရားတစ်ဆူ !

UNESCO က အသိအမှတ်ပြုထားတဲ့ အသိပညာ ကျောက်စာတွေ !

စတာတွေအပြင် ဒီထက်ပို စိတ်ဝင်စားစရာအချက်တွေ အများကြီးရှိပါတယ်။



Chapter 1 – Wat Pho ဘုရားကျောင်း ဆိုတာ ?

Wat Pho ( วัดโพธิ์ ) ရဲ့ နာမည်အပြည့်အစုံက

" Wat Phra Chetuphon Wimon Mangkhalaram Rajwaramahawihan "

ဖြစ်ပါတယ်။

Bangkok မြို့ရဲ့ Grand Palace တောင်ဘက်မှာ တည်ရှိပြီး ထိုင်းနိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ အရေးအကြီးဆုံး ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် လူအများစု မသိတဲ့အချက်က …



Chapter 2 – Bangkok မြို့ မတည် ခင်ကတည်းက ရှိခဲ့တဲ့ ဘုရား !

Wat Pho ကို

Ayutthaya ခေတ်အတွင်း

၁၆ ရာစုခန့် ( ၁၅၀၀ ကျော်နှစ်များ ) မှာ

Wat Phodharam ဆိုတဲ့ နာမည်နဲ့ စတင်တည်ဆောက်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

အဲဒီအချိန်မှာ …

Bangkok ဆိုတာ မရှိသေးပါဘူး။

ဒီနေရာဟာ ကျောက်ဖုရား မြစ်ကမ်းနားက ဘုန်းကြီးကျောင်းငယ်တစ်ခုသာ ဖြစ်ပါတယ်။



Chapter 3 – မြို့တော်အသစ်နဲ့အတူ ပြန်မွေးဖွားလာတဲ့ Wat Pho ဘုရားကျောင်း !

၁၇၆၇ ခုနှစ်မှာ

Ayutthaya မြို့တော် ပျက်စီးသွားပြီးနောက် …

၁၇၈၂ ခုနှစ်မှာ

King Rama I က Bangkok ကို မြို့တော်အသစ်အဖြစ် တည်ထောင်ခဲ့ပါတယ်။

Grand Palace ဆောက်ပြီးချိန်မှာ

ဘေးက Wat Phodharam ကိုလည်း

အကြီးစား ပြန်လည်တည်ဆောက် စေခဲ့ပါတယ်။

အဲ့ဒီအချိန်ကစပြီး

" Wat Phra Chetuphon "

လို့ အမည်ပြောင်းခဲ့ပြီး

Rama I ဘုရင်ရဲ့ အဓိက ဘုရားကျောင်းဖြစ်လာခဲ့ပါတယ်။

ဘုရင် မိသားစု ရဲ့ အရိုးပြာအချို့ကို လည်း ဒီ ဘုရားမှာ ဌာပနာထားရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။



Chapter 4 – ကျောက်စာပေါ်မှာ ဘာတွေ ရေးထားတာလဲ?

King Rama III လက်ထက်မှာ…

Wat Pho ရဲ့ နံရံတွေ၊ စင်္ကြံတွေ၊ စေတီအနားတွေမှာ ကျောက်ပြားပေါင်း ၁,၄၀၀ ကျော် ထွင်းထုထားစေ ခဲ့ပါတယ်။

အဲဒီကျောက်စာတွေထဲမှာ …

(၁) ထိုင်းရိုးရာဆေးပညာ !

* ဖျားနာရင် ဘယ်လိုကုမလဲ ???
* ဆေးဖက်ဝင်အပင်တွေကို ဘယ်လိုအသုံးပြုမလဲ ???
* အပင်တစ်ပင်ချင်းစီရဲ့ ဂုဏ်သတ္တိ ???

စတဲ့ ဆေးပညာဗဟုသုတတွေ ပါဝင်ပါတယ်။



(၂) Thai Massage နဲ့ ခန္ဓာကိုယ်အကြောများ !

ဒါက Wat Pho ရဲ့ အကျော်ကြားဆုံးအပိုင်းပါ။

လူ့ခန္ဓာကိုယ်ပုံကို ရေးဆွဲပြီး …

* ဘယ်အကြောကို ဖိရမလဲ ???
* ဘယ်နေရာက စွမ်းအင်လမ်းကြောင်း (Sen Lines) ???
* ဘယ်လိုနှိပ်ရင် ဘယ်လိုသက်သာမလဲ ???

ဆိုတာကို အသေးစိတ် ရေးထားပါတယ်။

ဒီနေ့ Thai Massage သင်နေတဲ့ ကျောင်းတွေတောင် ဒီအသိပညာကို အခြေခံထားကြရပါတယ်။



(၃) ကိုယ်ဝန်ဆောင်နဲ့ ကလေးစောင့်ရှောက်နည်း !

ခေတ်အဲဒီအချိန်က

* မိခင်စောင့်ရှောက်နည်း !
* မွေးကင်းစကလေးပြုစုနည်း !
* ကျန်းမာရေးဆိုင်ရာ အကြံပြုချက် !

များ ကိုလည်း မှတ်တမ်းတင်ထားပါတယ်။



(၄) နက္ခတ္တဗေဒ နဲ့ ရာသီဥတု !

* နေ၊ လ၊ ကြယ်
* ပြက္ခဒိန်
* ရာသီအလိုက် သဘာဝပြောင်းလဲမှု

စတဲ့ ဗဟုသုတတွေလည်း ပါဝင်ပါတယ်။



(၅) စာပေ နဲ့ ကိုယ်ကျင့်တရား

ကျောက်စာတချို့မှာ

* ကဗျာ
* စကားပုံ
* ဘဝသင်ခန်းစာ
* လူနေမှုကျင့်ဝတ်

တွေကို ရေးသားထားပါတယ်။



(၆) ယောဂပုံစံ အကြောလျှော့လေ့ကျင့်ခန်း

Wat Pho မှာ " Rue-si Dat Ton " ( Hermit Exercises ) လို့ခေါ်တဲ့ ရှေးဟောင်း ကိုယ်လက်လှုပ်ရှားပုံတွေကိုလည်း ကျောက်စာ မှာ ရုပ်ပုံ တွေ နဲ့ စာ နဲ့ တွဲပြီး ပြသထားပါတယ်။

ဒါတွေဟာ ယနေ့ခေတ် Stretching ( အကြောလျှော့လေ့ကျင့်ခန်း ) နဲ့ Yoga လိုမျိုး လေ့ကျင့်ခန်းတွေရဲ့ ရှေးဟောင်းပုံစံလို့တောင် ပြောကြပါတယ်။



Chapter 5 – ထိုင်းနိုင်ငံရဲ့ ပထမဆုံး အခမဲ့ တက္ကသိုလ် !

အဲဒီခေတ်မှာ …

📚 စာအုပ်ဆိုတာ လူတိုင်းဝယ်ဖတ်နိုင်တဲ့ခေတ် မဟုတ်သေးပါဘူး။

ဒါကြောင့် King Rama III က …

အသိပညာကို နန်းတော်ထဲမှာပဲ မသိမ်းထားဘဲ
လူတိုင်းဖတ်နိုင်အောင် ဘုရားကျောင်းမှာကျောက်စာ အဖြစ် ထွင်းထားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကျောက်ပြားတွေကို

ဘုရားအတွင်း နေရာအနှံ့ တပ်ဆင်ထားပြီး

အဲ့ခေတ်က ဘယ်သူမဆို အခမဲ့ ဖတ်ရှု လေ့လာ နိုင်ခဲ့ ပါတယ်။

ဒီအတွက်ကြောင့် …

Wat Pho ကို

" Thailand's First Public University "

လို့ ခေါ်ကြပါတယ်။

ယနေ့ခေတ် တက္ကသိုလ်လို စာသင်ခန်းမရှိပေမယ့်

အသိပညာကို လူတိုင်းအတွက် အခမဲ့ ဖွင့်လှစ်ပေးခဲ့တဲ့

ပထမဆုံး နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။



Chapter 6 – ကမ္ဘာကျော် ထိုင်း အနှိပ်ပညာ ရဲ့ မွေးရပ်မြေ !

ကမ္ဘာကျော် " Traditional Thai Massage "

ကို စနစ်တကျ သင်ကြားပေးခဲ့တဲ့ နေရာကလည်း Wat Pho ဘုရားကျောင်း ပါပဲ။

ဒီနေ့အထိ

ကမ္ဘာအနှံ့က လူတွေဟာ

Wat Pho Massage School မှာ လာရောက်သင်ယူနေကြပါတယ်။

ခန္ဓာကိုယ်ရဲ့ စွမ်းအင်လမ်းကြောင်းတွေ၊ အကြော အဆစ် ပညာရပ် တွေကို

ကျောက်ပြားတွေပေါ် ထွင်းထားခဲ့တာဟာ

ဒီနေ့ထိ အသုံးဝင်နေဆဲ ဖြစ်ပါတယ်။



Chapter 7 – လျောင်းတော်မူ ဘုရား ရဲ့ လျှို့ဝှက်ချက် နဲ့ အဓိပ္ပာယ် !

Wat Pho ထဲက

လျောင်းတော်မူ ဗုဒ္ဓ ရုပ်ပွားတော်ဟာ

၄၆ မီတာ ရှည်ပြီး

၁၅ မီတာ မြင့်ပါတယ်။

ဒါဟာ

ဗုဒ္ဓမြတ်စွာဘုရား

" အိပ်နေတာ "

" လှဲလျောင်း အနားယူနေတာ " မဟုတ်ပါဘူး။

" ဗုဒ္ဓရဲ့ ညာဘက်စောင်း လှဲလျောင်းခြင်းက

ပရိနိဗ္ဗာန် စံဝင်ခါနီး အချိန်ကို ကိုယ်စားပြုထားတာ "

ဖြစ်ပါတယ်။

ထူးခြားတာက …

ခြေဖဝါးတော် နှစ်ဖက်ပေါ်မှာ

ပုလဲခွံ နဲ့

၁၀၈ ပါးသော မင်္ဂလာ လက္ခဏာတော် များ ကို အနုစိတ် အလှဆင်ထားပါတယ်။

အနောက်ဘက်မှာလည်း

၁၀၈ လုံးသော ကြေး အိုးများ ရှိပြီး

အကြွေစေ့ထည့်လှူကြတာက

ကုသိုလ်နဲ့ ကံကောင်းခြင်းကို ရည်ရွယ်တဲ့ အစဉ်အလာ ဖြစ်ပါတယ်။



Chapter 8 – Wat Pho မှာ ဘုရားတော်တစ်ဆူတည်း မဟုတ်ဘူး !

လူအများစုက

လျောင်းတော်မူ ဘုရား ကိုပဲ ဖူးပြီး ပြန်သွားကြပါတယ်။

ဒါပေမယ့် …

Wat Pho ထဲမှာ

* ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၁,၀၀၀ ကျော်
* စေတီပေါင်း ၉၀ ကျော်
* အကြီးဆုံး စေတီ ၄ ဆူ
* တရုတ်ကျောက်ရုပ်များ
* ရှေးဟောင်း နံရံဆေးရေးပန်းချီများ

ကိုလည်း တွေ့နိုင်ပါသေးတယ်။



Chapter 9 – ယနေ့ထိ အသက်ရှင်နေတဲ့ သမိုင်း !

Wat Pho ဟာ

ဘုရားဖူးလာတဲ့နေရာတစ်ခုတည်း မဟုတ်ပါဘူး။

ဒီနေရာမှာ …

* Bangkok မြို့ မတည်ခင် သမိုင်းကို တွေ့နိုင်တယ်။
* Chakri မင်းဆက် အစကို မြင်နိုင်တယ်။
* ထိုင်းရိုးရာ ဆေးပညာကို လေ့လာနိုင်တယ်။
* ထိုင်း အနှိပ် ပညာရဲ့ မူလ ဇစ်မြစ် ကို သိနိုင်တယ်။
* UNESCO က အသိအမှတ်ပြုထားတဲ့ အသိပညာကျောက်စာတွေကို မြင်နိုင်တယ်။

ဒါကြောင့် Wat Pho ဘုရားကျောင်း ဟာ

" ဘုရားတစ်ဆူ " မဟုတ်ဘဲ " ထိုင်းနိုင်ငံရဲ့ အသက်ရှင်နေတဲ့ သမိုင်းပြတိုက် " လို့တောင် ခေါ်လို့ရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
_____________________________________________________

နောက် EP မှာ ဘန်ကောက်ရဲ့ ဘယ်အထင်ကရ နေရာလေး ဖြစ်မလဲ စောင့်ကြည့်ပေးကြပါအုံး 🫰🏻🤍

လူကြီးမင်းတို့သွားချင်သည့် ခရီးစဉ်များကို သက်တောင့်သက်သာ လုံခြုံမှုရှိရှိ ဖြင့် စိတ်ချမ်းမြေ့ဖွယ် အခိုက်အတန့်လေးများကို နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ဘက်မှ ဖန်တီး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ခင်ဗျာ

Contact us 📞 081 040 6102

Line / Whatsapp / Viber

+959 50 874 90


#ထိုင်းခရီး

🌇 ဘန်ကောက်မှာ ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ အထင်ကရ နေရာတွေရဲ့ နောက်ကြောင်းသမိုင်းများ Series 🟢 EP. 5 - Wat Traimit W...
29/07/2026

🌇 ဘန်ကောက်မှာ ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ အထင်ကရ နေရာတွေရဲ့ နောက်ကြောင်းသမိုင်းများ Series

🟢 EP. 5 - Wat Traimit Witthayaram Worawihan
( ရွှေ ဆင်းတုတော်ကြီး )

" အကယ်၍ Crane ကြိုးသာ မပြတ်ခဲ့ရင် …
ဒီနေ့အထိ လူတွေက ဒီဘုရားကို
အင်္ဂတေ ဘုရား တစ်ဆူလို့ပဲ ထင်နေကြဦးမှာပါ … "

_____________________________________________________

Chapter 1 – နှစ်ပေါင်း ၁၈၈ နှစ်လုံးလုံး … လူတိုင်း အမြင် မှားခဲ့တဲ့ ဘုရား !!!

၁၉၅၅ ခုနှစ် …

ဘုရားတစ်ဆူကို နေရာအသစ်ပြောင်းဖို့ Crane နဲ့ မတင်နေတုန်း မတော်တဆ ကြိုးပြတ်ပြီး မြေပြင်ကို ပြုတ်ကျခဲ့ပါတယ်။

ဒါပေမယ့် …

ကွဲသွားတာက ဘုရားမဟုတ်ဘူး …

အပြင်က အင်္ဂတေလွှာပဲ ဖြစ်နေတာပါ။

အဲ့ဒီအောက်ထဲမှာတော့ …

ရွှေစင် အတိနဲ့ ဗုဒ္ဓ ဆင်းတုတော်ကြီး ရှိနေခဲ့ပါတယ်။

* အမြင့် – ၃ မီတာကျော်
* အလေးချိန် – ၅.၅ တန်ခန့်
* ရွှေစင် ၁၈ ကာရက်မှ ၂၄ ကာရက်အထိ အပိုင်းလိုက် သွန်းလုပ်ထားပီး
* ယနေ့တန်ဖိုးက ရွှေဈေးပေါ်မူတည်ပြီး ဘတ်သန်းပေါင်းများစွာတန်တဲ့ အဖိုးတန်အမွေအနှစ်တစ်ခု ဖြစ်ပါတယ်။

ဒီလိုနဲ့ …

နှစ်ပေါင်း ၁၈၈ နှစ်ကြာ ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက် တစ်ခု ဘန်ကောက် ရဲ့ Chinatown (Yaowarat) အဝင်မှာရှိတဲ့ Wat Traimit Witthayaram Worawihan ဘုရားကျောင်းမှာ ပေါ်ထွက်လာခဲ့တယ်။

_____________________________________________________

Chapter 2 – ရွှေ ဆင်းတုတော် ကြီး တစ်ဆူကို ဘာကြောင့် ဖုံးကွယ်ထားခဲ့တာလဲ ???

ဒီလို အဖိုးတန် ရွှေ ဆင်းတုတော် ကြီး တစ်ဆူကို …

ဘယ်သူကမှ အင်္ဂတေနဲ့ ဖုံးမထားချင်ပါဘူး။

ဒါပေမယ့် …

၁၇၆၇ ခုနှစ်

ဗမာ့ စစ်တပ်ကြောင့် အယုဒ္ဓယမြို့တော် စစ်မီးလောင်တော့မယ့် အချိန် …

ရွှေ ဆင်းတုတော် ကြီး ကို ရန်သူလက်ထဲ မကျစေဖို့

ဘုန်းတော်ကြီးတွေနဲ့ ဒေသခံတွေ ပြည်သူတွေက

ရွှေ ဆင်းတုတော် ကြီး ကိုယ်ထည် အပြည့်ကို

* အင်္ဂတေ
* ပန်းကနုတ် လက်ရာ
* မှန်စီရွှေချ

တွေနဲ့ ဖုံးအုပ်လိုက်ကြတယ်။

အပြင်က ကြည့်ရင် …

သာမန်ဘုရားတစ်ဆူပဲ။

ဒါပေမယ့် …

ဒီလျှို့ဝှက်ချက်ကို သိခဲ့တဲ့သူတွေ ကတော့

စစ်ပွဲအတွင်း ပြန်မလာနိုင်ခဲ့ကြ တော့ဘူး။

_____________________________________________________

Chapter 3 – ထိုင်း ဘုရင် အဆက်ဆက်တောင် မသိခဲ့တဲ့ လျှို့ဝှက်ချက် !!!

တကယ်တော့ …

ဒီ ဗုဒ္ဓရုပ်ပွားတော်ဟာ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော် (၁၃-၁၅ ရာစု)

သုခေါဒယခေတ် (Sukhothai Period)

မြန်မာနိုင်ငံ တွင် ပုဂံခေတ်နှောင်းပိုင်း ( နရသီဟပတေ့မင်းလက်ထက် ) လောက် မှာ သွန်းလုပ်ခဲ့တာပါ။

နောက်ပိုင်း …

အယုဒ္ဓယကို ပင့်ဆောင်ခဲ့တယ်။

အယုဒ္ဓယကျပြီးနောက် …

ဒီ ဗုဒ္ဓရုပ်ပွားတော် ကြီး ကို ဘန်ကောက် ကို ပင့်ဆောင်လာခဲ့ပါတယ်။

ရာစုနှစ်ပေါင်းများစွာ ခရီးနှင်လာခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော် ဖြစ်ပါတယ်။

ဒါပေမယ့် …

အင်္ဂတေတွေက အရမ်းသေသပ်လွန်းတာကြောင့်

ဘုရင်တွေ အဆက်ဆက် …

ဘုန်းတော်ကြီးတွေအဆက်ဆက် …

ပြည်သူတွေ အားလုံး ရော …

ရွှေ ဆင်းတုတော် ကြီး မှန်း မသိခဲ့ကြဘူး။

နှစ်ပေါင်း ၁၈၈ နှစ်လုံးလုံး

ကျောက်၊ အင်္ဂတေနဲ့ တည်ထားတဲ့ ဘုရား လို့ပဲ ထင်ပြီး ကိုးကွယ်ခဲ့ကြပါတယ်။

_____________________________________________________

Chapter 4 – " Wat Traimit " ဆိုတဲ့ ဘုရားကျောင်း နာမည်က ဘယ်လို ဖြစ်လာတာလဲ ???

ဒီဘုရားကျောင်းရဲ့ မူလအမည်က

" Wat Sam Chin "

ဖြစ်ပါတယ်။

အဓိပ္ပာယ်က …

"တရုတ်လူမျိုး သုံးယောက်ရဲ့ ဘုရားကျောင်း"

လို့ ဆိုလိုတာပါ။

ပါးစပ်ရာဇဝင်အရ

တရုတ်မိတ်ဆွေ သုံးဦး စုပေါင်းတည် ခဲ့တာ မို့လို့

ဒီနာမည် တွင်လာတာ ဖြစ်ပါတယ်။

နောက်ပိုင်း …

၁၉၄၀ ခုနှစ်မှာ

"Wat Traimit Witthayaram"

လို့ တရားဝင် အမည်ပြောင်းခဲ့ပါတယ်။

"Traimit" ဆိုတာလည်း

"မိတ်ဆွေသုံးဦး"

ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

_____________________________________________________

Chapter 5 – ရွှေ ဆင်းတုတော် ကြီး အတွက် သီးသန့်
ဆောက်လုပ် ထားတဲ့ အဆောက်အဦး !!!

ယနေ့ မြင်ရတဲ့

ရွှေ ဆင်းတုတော် ကြီး ဟာ

သာမန် ဘုရားဆောင်ထဲမှာ မရှိပါဘူး။

၂၀၀၇ မှာ

ဘုရင် ဘူမိဘော ရဲ့

အသက် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ်

"Phra Maha Mondop" ဆိုတဲ့

၄ ထပ် စကျင် ကျောက်ပြာသာဒ်ဆောင်ကြီး

ကို စတင်တည်ဆောက်ခဲ့ပါတယ်။

၂၀၁၀ မှာ အများပြည်သူအတွက် ဖွင့်လှစ်ခဲ့ပြီး

အပေါ်ဆုံးထပ်မှာ

ရွှေ ဆင်းတုတော် ကြီး ကို ကိန်းဝပ် စေထားခဲ့ပါတယ်။

အောက်ထပ်နှစ်ထပ်မှာတော့

* ရွှေ ဆင်းတုတော် ကြီး ရဲ့ လျှို့ဝှက်သမိုင်း
*
* Yaowarat Chinatown ရဲ့ သမိုင်း

တို့ကို ပြသထားတဲ့ ပြတိုက်တွေ ရှိပါတယ်။

_____________________________________________________

Chapter 6 ( Final ) – Wat Traimit ဘုရားကျောင်း က သင်ပေးတဲ့ သမိုင်းသင်ခန်းစာ !!!

Wat Traimit Witthayaram Worawihan ကို လူတွေက

" ရွှေ ဆင်းတုတော် ကြီး ရှိတဲ့ ဘုရားကျောင်း "

လို့ပဲ သိကြပါတယ်။

ဒါပေမယ့် …

ဒီနေရာရဲ့ တကယ့်အဓိပ္ပာယ်က

နှစ်ပေါင်း ၁၈၈ နှစ်လုံးလုံး လူတိုင်း အထင်မှားခဲ့တဲ့ သမိုင်း ကြောင်းပဲ ဖြစ်ပါတယ်။

အဖိုးတန်တဲ့အရာတစ်ခုကို

ကာကွယ်ဖို့ ဖုံးကွယ်ခဲ့ကြတယ်။

အဲ့ဒီဖုံးကွယ်မှုက

ရာစုနှစ် နှစ်ခုနီးပါး ကြာတဲ့အထိ အောင်မြင်ခဲ့တယ်။

နောက်ဆုံးတော့ …

Crane ကြိုးတစ်ချောင်း ပြတ်သွားတဲ့ မတော်တဆမှုကနေပဲ
ကမ္ဘာ့သမိုင်းထဲက အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ် ပေးနိုင်ခဲ့ပါတယ်။

_____________________________________________________

နောက် EP မှာ ဘန်ကောက်ရဲ့ ဘယ်အထင်ကရ နေရာလေး ဖြစ်မလဲ စောင့်ကြည့်ပေးကြပါအုံး 🫰🏻🤍

လူကြီးမင်းတို့သွားချင်သည့် ခရီးစဉ်များကို သက်တောင့်သက်သာ လုံခြုံမှုရှိရှိ ဖြင့် စိတ်ချမ်းမြေ့ဖွယ် အခိုက်အတန့်လေးများကို နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ဘက်မှ ဖန်တီး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ခင်ဗျာ

Contact us 📞 081 040 6102

Line / Whatsapp / Viber

+959 50 874 90


#ထိုင်းခရီး

28 July – ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့ မင်္ဂလာအခါ သမယထိုင်းနိုင်ငံ၏ အမြင့်မြတ်ဆုံး ဘုရင်မင်းမြတ် 🙏🏻 👑"His Majesty King M...
28/07/2026

28 July – ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့ မင်္ဂလာအခါ သမယ

ထိုင်းနိုင်ငံ၏ အမြင့်မြတ်ဆုံး ဘုရင်မင်းမြတ် 🙏🏻 👑

"His Majesty King Maha Vajiralongkorn" ၏ မွေးနေ့ မင်္ဂလာအခါသမယတွင်

သက်တော်ရာကျော် ရှည်လျားစွာ ထီးနန်းကို စံမြန်းတော်မူနိုင်ပါစေကြောင်း

ကျန်းမာရေး ကောင်းမွန်ပီး ချမ်းသာကြွယ်ဝမှု ပိုမိုတိုးတက်၍

ထိုင်းနိုင်ငံနှင့် ပြည်သူပြည်သားတို့အား ကရုဏာတော်နှင့် ဦးဆောင်တော်မူနိုင်ပါစေကြောင်း

ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🏻🙏🏻🙏🏻

ทรงพระเจริญ

Long Live The King 🇹🇭👑

🌇 ဘန်ကောက်မှာ ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ အထင်ကရ နေရာတွေရဲ့ နောက်ကြောင်းသမိုင်းများ Series 🟢 EP. 4 - The Grand Pal...
27/07/2026

🌇 ဘန်ကောက်မှာ ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ အထင်ကရ နေရာတွေရဲ့ နောက်ကြောင်းသမိုင်းများ Series

🟢 EP. 4 - The Grand Palace ( ထိုင်း ဘုရင် အဆက်ဆက် ရဲ့ တော်ဝင်နန်းတော် )

တကယ့်လက်တွေ့မှာတော့ Grand Palace ထဲကို လူအများစုက မြဘုရားဖူး ဖို့ အတွက်သာ လာကြပီး ပြန်ထွက်သွားကြတာများပါတယ်။ ဒါပေမယ့် တကယ်တော့ ဒီအထဲမှာ အဆောက်အဦးပေါင်း ၁၀၀ ကျော် ရှိပြီး၊ တစ်ခုချင်းစီမှာ သူ့ သမိုင်းနဲ့ သူ့ ဇာတ်လမ်းတွေ ရှိကြပါတယ်။

Grand Palace ကို ဘာလို့ ဆောက်ခဲ့တာလဲ ???

1767 မှာ

တောင်ငူမင်းဆက် ဘုရင့်နောင် လက်ထက်တွင် မဟုတ်ဘဲ တတိယကုန်းဘောင်မင်းဆက် Hsinbyushin ( ဆင်ဖြူရှင် ) လက်ထက် ကုန်းဘောင်တပ်များက အယုဒ္ဓယမြို့တော်ကို သိမ်းပိုက်ပြီး မြို့တော်ကြီး ပျက်စီးသွားပါတယ်။

အဲဒီနောက်မှာ King Taksin က Thonburi ကို မြို့တော်အသစ်ပြုလုပ်ခဲ့ပါတယ်။

1782 မှာ King Rama I က ကျောက်ဖုရား မြစ် အရှေ့ဘက်ကမ်းကို မြို့တော်ပြောင်းပြီး Bangkok ( Rattanakosin ) ကို တည်ထောင်ပါတယ်။

တစ်ချိန်တည်းမှာပဲ

* Grand Palace
* Wat Phra Kaew ( ယခု မြ ဘုရား ရှိရာ နန်းဆောင် )

ကို တစ်ပြိုင်နက် ဆောက်လုပ်ခဲ့ပါတယ်။

ဒါကြောင့် Grand Palace သက်တမ်းက 240 နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။
______

စိတ်ဝင်စားစရာကတော့…

Chapter 1 — Wat Phra Kaew ( တော်ဝင်ဘုရားကျောင်း )

ဒီဘုရားကျောင်း ကို မြဘုရားရှိလို့ ဆောက်ခဲ့တာ မဟုတ်ပါဘူး။
အစကတည်းက ဘုရင်ရဲ့ တော်ဝင် ဘုရားကျောင်း အဖြစ်၊ နိုင်ငံရဲ့ အမြင့်ဆုံး ဘာသာရေးအခမ်းအနားတွေ ကျင်းပဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာပါ။ အဲ့ဒီအချိန်မှာ မြဘုရားက Thonburi ဘက်မှာ ခေတ္တကိန်းဝပ်နေသေးပါတယ်။

၁၇၈၄ ခုနှစ်၊ Wat Phra Kaew ဘုရားကျောင်း ပြီးစီးတဲ့အခါမှ မြဘုရား ကို အခမ်းအနားကြီးနဲ့ ပင့်ဆောင်ခဲ့ပြီး အခုထိ ဒီနေရာမှာပဲ ကိန်းဝပ်နေပါတယ်။

⭐️ ၁ ဘတ်တန်အကြွေစေ့ ပေါ်က ဘုရား

ထိုင်းနိုင်ငံရဲ့ ၁ ဘတ် အကြွေစေ့ရဲ့ နောက်ဘက်မှာ Wat Phra Kaew ဘုရားပုံ ပါပါတယ်။

ဒီ ဒီဇိုင်းကို ၁၉၈၂ ခုနှစ် ( B.E. 2525 ) မှာ စတင်အသုံးပြုခဲ့ပြီး၊ ယနေ့ထိ ၁ ဘတ်အကြွေစေ့တွေမှာ ဆက်လက်အသုံးပြုထားပါတယ်။

ဘာကြောင့် Wat Phra Kaew ကို ရွေးတာလဲ ???

* ထိုင်းနိုင်ငံရဲ့ အမြင့်မြတ်ဆုံး ဘုရားကျောင်းဖြစ်လို့
* မြဘုရား ( Emerald Buddha ) တည်ရှိတဲ့ နိုင်ငံတော်ရဲ့ အရေးအကြီးဆုံး ဗုဒ္ဓဘုရားကျောင်းဖြစ်လို့
* Chakri မင်းဆက်နဲ့ Bangkok မြို့တည်ထောင်မှု သမိုင်းကို ကိုယ်စားပြုလို့ပါ 🤍

______________________________________________

Chapter 2 — Wat Benchamabophit ( ကျောက်ဖြူဘုရား )

ဘာကြောင့် Marble Temple လို့ ခေါ်တာလဲ?

၁၈၉၉ ခုနှစ်မှာ ဘုရင် Rama V ( Chulalongkorn ) က ဒီဘုရားကို တည်ဆောက်ခိုင်းစေခဲ့ပါတယ်။

အဲဒီခေတ်တုံးက Siam ဟာ ဥရောပနိုင်ငံတွေဆီက နည်းပညာနဲ့ ဗိသုကာပညာတွေကို သင်ယူနေဆဲ ကာလပါ။

ဒါကြောင့် ဒီဘုရားကို အီတလီနိုင်ငံ Carrara က တင်သွင်းတဲ့ စကျင်ကျောက်ဖြူ တွေနဲ့ ဆောက်လုပ်ခဲ့ပြီး ထိုင်းရိုးရာအမိုးပုံစံနဲ့ ဥရောပလက်ရာကို လှပစွာ ပေါင်းစပ်ထားပါတယ်။

လူအများ မသိသေးတဲ့ အချက်တစ်ခုကတော့ …

ဘုရားအနောက်ဘက် ဝရံတာတစ်လျှောက်မှာ ကမ္ဘာ့နိုင်ငံအမျိုးမျိုးက ဗုဒ္ဓရုပ်ပွားတော်ပုံစံ ၅၀ ကျော် ကို စုစည်းထားပါတယ်။ မြန်မာ၊ သီရိလင်္ကာ၊ တရုတ်၊ ဂျပန် စတဲ့ နိုင်ငံတွေရဲ့ ဗုဒ္ဓအနုပညာကို တစ်နေရာတည်းမှာ နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။

⭐️ ၅ ဘတ်တန်အကြွေစေ့ ပေါ်က ဘုရား

ထိုင်းနိုင်ငံရဲ့ ၅ ဘတ် အကြွေစေ့ရဲ့ နောက်ဘက်မှာ Wat Benchamabophit ဘုရားပုံ ပါပါတယ်။

ဒီ ဒီဇိုင်းကို ၁၉၈၈ ခုနှစ် ( B.E. 2531 ) မှာ စတင်အသုံးပြုခဲ့ပြီး၊ ယနေ့ထိ ၅ ဘတ်အကြွေစေ့တွေမှာ ဆက်လက်အသုံးပြုထားပါတယ်။

ဘာကြောင့် Wat Benchamabophit ကို ရွေးတာလဲ ???

* အီတလီနိုင်ငံက စကျင်ကျောက်တွေနဲ့ တည်ဆောက်ထားတဲ့ ထူးခြားတဲ့ ဘုရားဖြစ်လို့
* Rama V လက်ထက် ဗိသုကာလက်ရာရဲ့ အကောင်းဆုံး ဥပမာတစ်ခုဖြစ်လို့
* ထိုင်းရိုးရာနဲ့ အနောက်တိုင်း ဗိသုကာကို ပေါင်းစပ်ထားတဲ့ အလှတရားကို ကိုယ်စားပြုလို့ပါ 🤍

______________________________________________

Chapter 3 – ရွှေစေတီကြီး ( Phra Si Rattana Chedi )

ဒီရွှေရောင်စေတီကြီးကို မြင်ရင် လူတိုင်း "အထဲမှာ မြဘုရားရှိတယ်" လို့ ထင်တတ်ကြပါတယ်။

တကယ်တော့ မဟုတ်ပါဘူး။

ဒီစေတီကို King Rama IV ( Mongkut ) က ၁၉ ရာစုမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး၊ သီရိလင်္ကာမှ ယူဆောင်လာတဲ့ ဗုဒ္ဓဓာတ်တော်တချို့ကို ဂုဏ်ပြုသိမ်းဆည်းဖို့ ရည်ရွယ်ခဲ့ပါတယ်။

______________________________________________

Chapter 4 – Royal Pantheon ( မြဘုရား ထားဖို့ဆောက်ခဲ့ပေမယ့် အဆင်မပြေခဲ့ )

ဒီအဆောက်အဦးကို အစက

Emerald Buddha ထားဖို့ ဆောက်ခဲ့တာပါ။

ဒါပေမယ့်

အရွယ်သေးလွန်းလို့

မထားနိုင်တော့ဘူး။

နောက်ပိုင်း

Chakri မင်းဆက် ဘုရင်တွေရဲ့ ရုပ်တုတွေထားတဲ့ Pantheon ဖြစ်သွားပါတယ်။

တစ်နှစ်မှာ Chakri Memorial Day ( ဧပြီ ၆ ) မှာပဲ ဖွင့်လေ့ရှိတာကြောင့် အတွင်းပိုင်းကို လူအများ မြင်ခွင့်ရတာ ရှားပါတယ်။

______________________________________________

Chapter 5 – Phra Mondop ( ကျမ်းတိုက် )

ဒီအဆောက်အဦးထဲမှာ

ရှေးဟောင်း

* တိပိဋက
* လက်ရေးကျမ်း
* တော်ဝင်ကျမ်းစာ

တွေကို သိမ်းထားပါတယ်။

အပြင်က ရွှေရောင်မှန်ကပ်အလှဆင်တွေက နေရောင်ကျရင် အရမ်းတောက်ပပါတယ်။

______________________________________________

Chapter 6 – Yaksha ( ဘီလူးကြီးတွေ )

ဝင်ပေါက်မှာ ရပ်နေတဲ့ အကောင်ကြီးတွေကို

လူတော်တော်များများက

"နတ်ဆိုး" "ကြောက်စရာ ဘီလူး"

တွေ လို့ ထင်ကြပါတယ်။

တကယ်တော့

Ramakien ( ထိုင်း Ramayana ) ထဲက

Yaksha စောင့်ရှောက်သူတွေပါ။

အဆိုးတွေကို တားပြီး

ဘုရားကို ကာကွယ်တဲ့ အဓိပ္ပာယ်နဲ့ အစောင့်အဖြစ် ထားထားကြတာပါ။

Wat Phra Kaew နံရံတစ်လျှောက်မှာ

Ramakien ဇာတ်လမ်းကို ပန်းချီအခန်းပေါင်း ၁၇၀ ကျော် နဲ့ ရေးဆွဲထားပါတယ်။

အစကနေ အဆုံးထိ လိုက်ကြည့်ရင် ရှေးထိုင်းအနုပညာ၊ အဝတ်အစား၊ စစ်လက်နက်နဲ့ နန်းတွင်းဘဝကိုပါ လေ့လာနိုင်ပါတယ်။

______________________________________________

Chapter 7 – ကမ္ဘောဒီးယား က Angkor Wat ဘုရားကျောင်း Style

Grand Palace ထဲမှာ

Angkor Wat အသေးစား မော်ဒယ်ရှိပါတယ်။

ဒါကို King Rama IV က ဆောက်ခိုင်းတာဖြစ်ပြီး၊ ခမာဗိသုကာလက်ရာကို လေ့လာဂုဏ်ပြုစေချင်တဲ့ ရည်ရွယ်ချက်လည်း ရှိခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြပါတယ်။

______________________________________________

Chapter 8 — Chakri Maha Prasat Hall ( အထင်ကရ နန်းဆောင် )

ဒီနန်းဆောင်က Grand Palace ထဲမှာ အကျော်ကြားဆုံးတစ်ခုပါ။

ပထမကြည့်လိုက်ရင်တော့ နန်းဆောင်ကြီးက …

" အောက်က ဥရောပ Style ၊ အပေါ်က ထိုင်း Style "

လို့ ထင်ရပါတယ်။

ဒါပေမယ့် ဒါက လဲ တကယ်ပဲ မှန်ပါတယ်။ ✔️

* King Rama V က အင်္ဂလန်၊ ပြင်သစ် အစရှိတဲ့ ဥရောပနိုင်ငံတွေကို သွားရောက်ပြီး သူတို့ရဲ့ နန်းတော်ဒီဇိုင်းတွေကို သဘောကျခဲ့တယ်။
* အင်္ဂလိပ်ဗိသုကာတွေကို ခေါ်ပြီး European Palace ပုံစံနဲ့ ဆောက်ခိုင်းစေခဲ့တယ်။
* ဒါပေမယ့် ထိုင်းအမတ်တွေက "အနောက်တိုင်းပုံစံ လုံးဝ ဖြစ်သွားရင် Siam ရဲ့ အမှတ်အသားပျောက်သွားလိမ့်မယ်" လို့ ကန့်ကွက်ခဲ့ကြတယ်။

ဒါကြောင့် …

အောက်ထပ် = Victorian Style

အပေါ်ခေါင်မိုး = ထိုင်းရိုးရာ Style

ဆိုတဲ့ ကမ္ဘာမှာ အလွန်ရှားတဲ့ ပေါင်းစပ်ဗိသုကာ ဖြစ်လာခဲ့ပါတယ်။

လူသိနည်းတာကတော့

နိုင်ငံတော်အဆင့် ဧည့်သည်တွေ လာရင် အရေးကြီးဆုံး ဧည့်ခံတဲ့ နေရာက ဒီနေရာပဲ ဖြစ်ပါတယ် ။

______________________________________________

Chapter 9 — Dusit Maha Prasat Throne Hall ( ရာဇပလ္လင်ခန်းမ သို့ ဒူစစ်မဟာပြာသာဒ်တော် )

ဒါက Rama I လက်ထက်ကတည်းက ရှိတဲ့ အဆောက်အဦးပါ။

အရေးကြီးဆုံးက …

ဘုရင် တစ်ပါး ကွယ်လွန်ရင်

တော်ဝင်ရုပ်အလောင်းကို

အများပြည်သူ လာရောက် ဂါရဝပြုနိုင်ဖို့

ဒီနေရာမှာ ထားလေ့ရှိပါတယ်။

ဥပမာ …

King Bhumibol (Rama IX) ကွယ်လွန်တုန်းကလည်း

ဒီနေရာမှာ ထားခဲ့ပါတယ်။

______________________________________________

Chapter 10 — Amarindra Vinichai Throne Hall ( အမရိန်ဒြာ ဝိနိတ်ချိုင်း ပလ္လင်ခန်းမ )

ဒါကတော့ ...

ထီးနန်းတက်ပွဲ

နိုင်ငံတော် အခမ်းအနား

တော်ဝင်မိန့်ခွန်း တွေ

ပြုလုပ်လေ့ရှိ တဲ့ Hall ပါ။

အထဲမှာ

Golden Throne ( ရွှေထီးနန်း ) ရှိပါတယ်။

ဒီထီးနန်းပေါ်

ဘုရင်တိုင်း မထိုင်နိုင်ပါဘူး။

အခမ်းအနားရှိတဲ့အချိန်မှသာ အသုံးပြုပါတယ်။

______________________________________________

Chapter 11 — Borom Phiman Mansion ( ဘိုရွန်ဘီမန် ဘုရင့် အိမ် )

ဒါက

အရင်က

ဘုရင် နေထိုင်တဲ့ အိမ်ဖြစ်ပါတယ်။

အခုတော့

နိုင်ငံခြားဘုရင်

သမ္မတ

တော်ဝင်ဧည့်သည်

တွေ လာရင် နေရာချပေးတဲ့ Guest House တစ်ခု ဖြစ်သွားပါတယ်။

______________________________________________

Chapter 12 — Ho Phra Monthian Dharma ( ဟိုဖြာမွန်ထီယန်သမ် ကျမ်းစာတိုက် )

ဒီနေရာကို

" Royal Library "

လို့ ခေါ်လို့ရပါတယ်။

ဒီထဲမှာ

* ရှေးကျမ်းစာ
* ဗုဒ္ဓကျမ်း
* တော်ဝင်စာရွက်စာတမ်း
* ဘုရားစာအုပ်နှင့် ပိဋကတ်တော်

တွေ ထားရှိပါတယ်။

လူအများ ဝင်ခွင့်မရကြပါဘူး။

______________________________________________

Chapter 13 — Pavilion of Regalia, Royal Decorations and Coins ( တော်ဝင် အထိမ်းအမှတ်ပြတိုက် )

ဒီနေရာမှာ

ဘုရင်တွေ သုံးတဲ့

* ရွှေသရဖူ
* တော်ဝင်ဓား
* လက်နက်
* တော်ဝင်အဆောင်အယောင်

တွေ ပြသထားပါတယ်။

ထိုင်းဘုရင် တစ်ပါးကို ဘုရင်ဖြစ်စေတဲ့

Royal Regalia အသုံးအဆောင် ပစ္စည်း အစုံက

ဒီနေရာမှာရှိပါတယ်။ ပြောရရင် Pavilion of Regalia က အပြင်ဘက်ဒီဇိုင်းက သိပ်မထင်ရှားတဲ့ အဆောက်အဦးဖြစ်လို့
ပုံတွေကြည့်ရင် အလွယ်တကူ မမှတ်မိနိုင်ပါဘူး။ လူအများက ဒီနေရာကို အဆောက်အဦးအပြင်ထက် အတွင်းက တော်ဝင်သရဖူ၊ အဆောင်အယောင်နဲ့ အကြွေစေ့ပြခန်း လို့ပဲ သိကြပါတယ်။

နေရာ ကလည်း Wat Phra Kaew အပြင်ဘက်မဟုတ်ဘဲ Grand Palace complex အတွင်းထဲက ထွက်ပေါက်ဘက်နားမှာ ရှိတာကြောင့် ခရီးသွားအများစုက ဘုရားဖူးပြီး ပြန်ထွက်သွားလို့ မဝင်ဖြစ်ကြပါဘူး။

______________________________________________

Chapter 14 — Royal Guards ( ဘုရင့်​၏ စစ်သည်များ )

လူတိုင်းက အင်္ဂလန်က Buckingham Palace လိုပဲ

Guard တွေကို အပြောင်းအလဲ လုပ်တယ်လို့ ထင်ကြပါတယ်။

တကယ်တော့

ထိုင်းတော်ဝင်စစ်သားတွေက အခမ်းအနားအလိုက်ပဲ

Ceremonial Guard တာဝန်ထမ်းဆောင်ကြပါတယ်။

______________________________________________

Chapter 15 — Ancient Cannons ( ရှေးခေတ် အမြောက်ကြီးတွေ )

Grand Palace ထဲမှာ
အမြောက်ဟောင်းတွေ အများကြီး ရှိပါတယ်။

ဒီအမြောက်တွေက Grand Palace နဲ့ တစ်ခေတ်တည်း မဟုတ်ပါဘူး။ တချို့က Ayutthaya မြို့တော်တည် ကတည်းက ရှိခဲ့တာ၊ တချို့က ပေါ်တူဂီ၊ ဒတ်ခ်ျ၊ ပြင်သစ်တို့က ရောက်လာတာ၊ တချို့က Siam ကိုယ်တိုင် သွန်းလုပ်ထားတာ တွေဖြစ်ပါတယ်။

ဒါကြောင့် Grand Palace ထဲက အမြောက်တွေဟာ Siam ရဲ့ နှစ်ပေါင်း ၄၀၀ ကျော် စစ်ရေးသမိုင်းကို တစ်နေရာတည်းမှာ ပြသထားတဲ့ ပြတိုက်လိုပါပဲ။

အမြောက်တွေကို ဘာလို့ နန်းတော်ထဲမှာ ထားတာလဲ ???

Grand Palace ကို အရင်က

* ဘုရင် နေထိုင်ရာ
* နိုင်ငံရေးဗဟို
* စစ်ရေးကွပ်ကဲရာ

အဖြစ် အသုံးပြုခဲ့တာကြောင့် နန်းတော်အဝင်အထွက်နဲ့ အရေးကြီးနေရာတွေမှာ အမြောက်တွေ ချထားခဲ့ပါတယ်။

ဒါဟာ

" ဒီနိုင်ငံကို ကာကွယ်ဖို့ အင်အားအပြည့်ရှိတယ် "

ဆိုတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

______________________________________________

Chapter 16 ( The End ) — Grand Palace ရဲ့ အလျှို့ဝှက်ဆုံးနေရာတစ်ခု !!!

Inner Court ( နန်းတော် အတွင်းခန်း တစ်နေရာ )

ဒီနေရာကို

အရင်က

* မိဖုရား
* မင်းသမီး
* နန်းတွင်းအမျိုးသမီး

တွေသာ နေထိုင်ခွင့်ရှိပါတယ်။

ယောက်ျားဆိုရင် ...

ဘုရင်

ကလေးငယ်

အစောင့်အနည်းငယ်

ကလွဲပြီး

ဝင်ခွင့်မရှိခဲ့ပါဘူး။

တစ်ချိန်က ဒီထဲမှာ လူထောင်ချီ နေထိုင်ခဲ့ပြီး

ကိုယ်ပိုင်ဈေး ၊ ကိုယ်ပိုင်လမ်း ၊ နန်းဆောင်၊ ဘုရားကျောင်း၊ ကျမ်းတိုက်၊ အခမ်းအနားခန်းမ၊ တော်ဝင်ရုံး၊ အမျိုးသမီးနန်းတော်၊ အစောင့်တပ်၊ သိုလှောင်ရုံတွေ အားလုံး ပါဝင်ပါတဲ့

" မြို့ငယ်တစ်ခု " လို ဖြစ်ခဲ့ပါသေးတယ်။

______________________________________________

Grand Palace ကို နားလည်ချင်ရင် "တော်ဝင်မြို့ငယ်" လေးတစ်မြို့ လို့ စဉ်းစားရင် ပိုမှန်ပါတယ်။ မိတ်ဆွေတို့ တကယ်လေ့လာရင် အချိန် ၃ နာရီတောင် မလုံလောက်ပါဘူး !!!

ခရီးသွားအများစုက ၁ နာရီလောက်ပဲ ကြည့်ကြပေမယ့် သမိုင်း၊ ဗိသုကာ၊ Ramakien ပန်းချီတွေ၊ ဘုရားအဆောက်အဦးတွေ၊ တော်ဝင်နန်းဆောင်တွေကို သေချာလေ့လာမယ်ဆိုရင် တစ်ရက်နီးပါး အချိန်ပေးရတဲ့ မြို့ဟောင်းငယ် လေး တစ်ခု ပဲ ဖြစ်ပါတယ်။

______________________________________________

နောက် EP မှာ ဘန်ကောက်ရဲ့ ဘယ်အထင်ကရ နေရာလေး ဖြစ်မလဲ စောင့်ကြည့်ပေးကြပါအုံး 🫰🏻🤍

လူကြီးမင်းတို့သွားချင်သည့် ခရီးစဉ်များကို သက်တောင့်သက်သာ လုံခြုံမှုရှိရှိ ဖြင့် စိတ်ချမ်းမြေ့ဖွယ် အခိုက်အတန့်လေးများကို နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ဘက်မှ ဖန်တီး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ခင်ဗျာ

Contact us 📞 081 040 6102

Line / Whatsapp / Viber

+959 50 874 90


#ထိုင်းခရီး

______________________________________________

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Let's go with "Mike"ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์