Let's Go Thailand

Let's Go Thailand Go Anywhere, Anytime

Happy Chinese New Year နှစ်သစ်ကစ ကျန်းမာပျော်ရွင်ပါစေ Gōng Xǐ Fā Cái
16/02/2026

Happy Chinese New Year
နှစ်သစ်ကစ ကျန်းမာပျော်ရွင်ပါစေ
Gōng Xǐ Fā Cái

🏝 Pattaya ကိုဘာလို့သွားသင့်လဲ?Bangkok ကနေ ၂ နာရီခွဲလောက်ပဲ မောင်းရုံနဲ့ပင်လယ်လှ 🌊၊ အပန်းဖြေစရာတွေ 🎡၊ ညဘက် entertainment ...
29/01/2026

🏝 Pattaya ကိုဘာလို့သွားသင့်လဲ?
Bangkok ကနေ ၂ နာရီခွဲလောက်ပဲ မောင်းရုံနဲ့
ပင်လယ်လှ 🌊၊ အပန်းဖြေစရာတွေ 🎡၊ ညဘက် entertainment 🌃
အားလုံးကို တစ်နေရာတည်းမှာ ခံစားလို့ရတဲ့ မြို့ကတော့ Pattaya ပါ။
မိသားစုနဲ့သွားလည်းရ 👍
ချစ်သူနဲ့ romantic trip သွားလည်းကောင်း 💑
သူငယ်ချင်းတွေနဲ့ chill trip လုပ်လည်းမိုက် 😎
📍 Pattaya မှာ ဘာတွေရှိလဲ?
🏖️ Pattaya Beach / Jomtien Beach
– ပင်လယ်ကမ်းစပ်မှာ အပန်းဖြေ
– Banana boat, Parasailing စတဲ့ ရေလှုပ်ရှားမှုတွေ
🏝️ Koh Larn (Coral Island)
– ရေပြာစင်ကြယ်၊ ဓာတ်ပုံရိုက်လို့အရမ်းလှ
– Day trip သွားလို့ရ
🎡 Nong Nooch Tropical Garden
– ပန်းဥယျာဉ်အကြီးကြီး
– Thai culture show တွေကြည့်လို့ရ
🐅 Tiger Park / Dolphin Show
– မိသားစုနဲ့ ကလေးတွေကြိုက်တဲ့နေရာ
🛍️ Terminal 21 Pattaya
– ဈေးဝယ်၊ စားသောက်၊ ဓာတ်ပုံရိုက် တစ်ခါတည်းအဆင်ပြေ
🌃 Walking Street Pattaya
– ညဘက် nightlife ကြိုက်သူတွေအတွက် မဖြစ်မနေသွားရမဲ့နေရာ

🚗 Pattaya ကိုသွားရင် ကားနဲ့သွားတာ ဘာလို့ကောင်းလဲ?
✔️ အချိန်ကို ကိုယ့်စိတ်ကြိုက်စီမံလို့ရ
✔️ နေရာအများကြီး သွားလို့ရ
✔️ မိသားစု / သူငယ်ချင်းအုပ်စုအတွက် အဆင်ပြေ
✔️ ပင်ပန်းမှုနည်း၊ ခရီးလမ်းမှာလည်း chill 😌

🌿 Why Khao Yai? — ဘာကြောင့် Khao Yai ကို သွားလည်သင့်လဲ? 🌿မြို့ရဲ့ ပူပင်ရှုပ်ထွေးမှုတွေကနေ ခဏလောက်ထွက်ပြီးသဘာဝအေးချမ်းမှု...
19/01/2026

🌿 Why Khao Yai? — ဘာကြောင့် Khao Yai ကို သွားလည်သင့်လဲ? 🌿
မြို့ရဲ့ ပူပင်ရှုပ်ထွေးမှုတွေကနေ ခဏလောက်ထွက်ပြီး
သဘာဝအေးချမ်းမှု၊ နိုင်ငံခြား vibe နဲ့
ပျော်စရာအပြည့် ခရီးတစ်ခါ သွားချင်တယ်ဆိုရင်
Khao Yai က မဖြစ်မနေ ရွေးသင့်တဲ့ နေရာတစ်ခုပါ 🚗✨
Khao Yai မှာ
သစ်တော၊ တောင်တန်း၊ ရေတံခွန်လို သဘာဝအလှတွေအပြင်
ဥရောပ၊ ဂျပန် style နေရာတွေပါ တစ်နေရာတည်းမှာ တွေ့နိုင်ပါတယ် 🌍
🍫 Chocolate Ville
ဥရောပမြို့လေးတစ်မြို့လို ဒီဇိုင်းလုပ်ထားပြီး
ညဘက်မီးအလှတွေကြောင့်
ဓာတ်ပုံရိုက်လို့ကောင်း၊
အစားအစာနဲ့ ချောကလက်လည်း အရမ်းအရသာရှိ 🍽️📸
🏰 Italy Village (Toscana Valley)
အီတလီရွာလေးလို architecture နဲ့
တောင်တန်းနောက်ခံအလှတွေကြောင့်
နိုင်ငံခြားသွားထားသလို ခံစားရမယ့်နေရာ
Couple တွေအတွက် အရမ်းသင့်တော် ❤️
🌸 Hokkaido Flower Park
ဂျပန် Hokkaido ကို ရောက်သလို ခံစားရမယ့်
ပန်းခင်းကြီးတွေ၊ အရောင်စုံပန်းတွေ
ရာသီအလိုက် မတူညီတဲ့ အလှတွေကို မြင်တွေ့နိုင်ပြီး
Content ရိုက်ချင်သူတွေ မလွတ်သင့်တဲ့နေရာ 🌼🌷
🐑 Sheep Farm
သိုးလေးတွေကို အနီးကပ်တွေ့ရမယ်
အစာကျွေးလို့ရပြီး
မိသားစု၊ သူငယ်ချင်းတွေနဲ့ သွားရင်
ပျော်စရာအပြည့်ဖြစ်တဲ့ နေရာလေးပါ 🐑💚
🚘 Khao Yai ကို ဘာကြောင့် ကားငှားပြီး သွားသင့်လဲ?
နေရာတွေက တစ်ခုနဲ့တစ်ခု အလှမ်းဝေးလို့
ကားရှိရင် ကိုယ့်အချိန်ကို ကိုယ်စီမံနိုင်ပြီး
ဓာတ်ပုံရိုက်ချင်တဲ့နေရာမှာ လွတ်လပ်စွာ ရပ်နိုင်ပါတယ်
📌 Page ကို Follow လုပ်ထားပြီး
Thailand လာပီဆို ဘယ်သွားသင့်တယ် ဘယ်နေရာတွေကလှတယ် ဆိုတာကို နေ့တိုင်းစောင့်ကြည့်ပေးကြပါ
Let’s Go Thailand — Go Anywhere/Anytime 🇹🇭

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Let's Go Thailandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

  • ThailandBiking

    ThailandBiking

    884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

แชร์