01/11/2021
🎉🎉ထိုင်းနိုင်ငံပြန်ဖွင့်ပြီနော်🎉🎉
👏 ဆေးကုဖို့၊ ဈေးဝယ်ဖို့၊ အလည်အပတ်ထွက်ဖို့ စောင့်မျှော်နေသူတွေအတွက် သတင်းကောင်းပါ 👏
(လေကြောင်းလမ်း(လေယာဉ်)တစ်မျိုးတည်းဖြင့်သာဝင်ခွင့်ပြုပါတယ်၊ နယ်စပ်ကဖြတ်ကျော်ခွင့်မပြုသေးပါ)
📌 ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အသေးစိတ်ဖေါ်ပြလိုက်ပါတယ်။
- Online ကနေ THAILAND PASS ဆိုတဲ့ ထိုင်းနိုင်ငံဝင်ခွင့် QR Code လျှောက်ဖို့လိုပါတယ်။
ဒါတွေကို အရင်ပြင်ဆင်ထားပါ။
- နိုင်ငံကူးလက်မှတ် PJ / PV ဘာပဲဖြစ်ဖြစ် အနည်းဆုံး ၆ လ သက်တမ်းရှိဖို့လိုပါတယ်။
- ကာကွယ်ဆေးထိုးထားပြီးကြောင်းထောက်ခံစာ။ (နှစ်ကြိမ်ထိုးထားပြီးဖို့လိုပါတယ်၊ ဆေးထိုးခဲ့တာ အနည်းဆုံး ၁၄ ရက်ရှိနေပြီဖြစ်ရမယ်)
- အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖိုးအထိ ခြုံငုံမိနိုင်တဲ့ ကိုဗစ်-၁၉ ရောဂါအတွက် ကျန်းမာရေးအာမခံ။ ဒီမှာ https://covid19.tgia.org/ ဝယ်ပါ။
- ထိုင်းက ဟိုတယ်မှာ တစ်ညစာတည်းခိုဖို့ ငွေရှင်းပြီးကြောင်းပြေစာ။ ASQ ဟိုတယ်တွေကို ဒီမှာ https://asq.in.th/?durationSelectedItem=1+Day ရှာပါ။
- ဗီဇာလျှောက်ထားတယ်ဆိုရင်လည်း ဗီဇာတင်ထားတဲ့အထောက်အထား။
၂။ အဲဒီစာရွက်စာတမ်းအားလုံးကို Scan ဖတ်ပြီး Soft Copy အနေနဲ့သိမ်းထားပါ။
၃။ ဒီလင့်ခ် https://tp.consular.go.th/ မှာဖေါင်ဖြည့် မှတ်ပုံတင်ပြီး Thailand Pass QR Code ရယူပါ။ အဲဒါပြီးရင် လေယာဉ်လက်မှတ် Confirm လုပ်လို့ရပါပြီ။
၎။ လေယာဉ်ပေါ်မတက်ခင် (၇၂)နာရီအတွင်း RT-PCR စနစ်နဲ့စစ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမရှိကြောင်း ဆေးထောက်ခံစာလုပ်ထားပါ။
- ထိုင်းနိုင်ငံရောက်ပြီဆိုတာနဲ့ လေဆိပ်မှာ ကိုဗစ်စစ်ပါလိမ့်မယ်၊ ပြီးတော့ မိမိဘိုကင်လုပ်ထားတဲ့ ဟိုတယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမရှိကြောင်း အဖြေကို ညအိပ်စောင့်ပြီး အဖြေထွက်မှ ထိုင်းနိုင်ငံထဲ သွားချင်တဲ့နေရာကို လွတ်လပ်စွာ သွားလာနိုင်ပါပြီ။
ထိုင်းနဲ့ပတ်သက်တာဆို S & T ကိုဆက်သွယ်ပါ။
[email protected]
+66818226032 (Viber)
+66811511526