19/09/2026
🌊➡️🌄 Ping River က ဖန်တီးခဲ့တဲ့ Pha Chor
Chiang Mai မှာရှိတဲ့ Pha Chor ကို လူအများစုက “Thailand Grand Canyon” လို့ ခေါ်ကြပါတယ်။
ဒါပေမယ့် လူသိနည်းတဲ့ စိတ်ဝင်စားစရာ အချက်တစ်ခု ရှိပါတယ်…
ယနေ့ ကျွန်မတို့ မြင်နေရတဲ့ Pha Chor နေရာဟာ အရင်က Ping River ရဲ့ မြစ်လမ်းကြောင်းတစ်ခု ဖြစ်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။
နှစ်ပေါင်းများစွာ အတွင်း Ping River က လမ်းကြောင်းပြောင်းသွားပြီး မြစ်ရေသယ်ဆောင်လာခဲ့တဲ့ သဲ၊ ကျောက်စရစ်၊ နုန်းမြေ အလွှာတွေ ဒီနေရာမှာ ကျန်ခဲ့ပါတယ်။
အချိန်တွေ ကြာလာတာနဲ့အမျှ လေတိုက်စားမှု၊ မိုးရေတိုက်စားမှုနဲ့ မြေပြင်ပြောင်းလဲမှုတွေကြောင့် အဲ့ဒီ အလွှာတွေက ယနေ့မြင်ရတဲ့ ကျောက်တိုင်ကြီးတွေ၊ မြေသားချောက်ကမ်းပါးကြီးတွေ အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဒါကြောင့် Pha Chor ဟာ သာမန်လှတဲ့ View Point တစ်ခု မဟုတ်ဘဲ…
Ping River ရဲ့ ရှေးဟောင်းသမိုင်းကို မြေသားအလွှာတွေအဖြစ် မှတ်တမ်းတင်ထားတဲ့ သဘာဝပြတိုက်ကြီးတစ်ခုလို့တောင် ပြောလို့ရပါတယ် ⛰️🚵✨
📍 Pha Chor, Mae Wang National Park, Chiang Mai