09/05/2025
လာအိုကို visa run ဖို့ သွားမဲ့လူတွေအတွက် budget လဲ save ဖြစ် room design လေးလဲလှ သန့်သန့်ရှင်းရှင်းရှိတဲ့ hostel လေးကို ညွှန်းပေးချင်လို့ပါ ……
အခုပြောပြပေးမဲ့ hostel လေးက SYRI Guesthouse Vientiane hostel & cafe ဆိုတဲ့ နေရာလေးပါ
ကိုယ်နေခဲ့တဲ့ အခန်းလေးက space theme နဲ့ capsule ပုံစံ အိပ်စင်လေးတွေနဲ့ဆိုတော့ တသီးတသန့်လေးလိုပဲကိုယ့်အခန်းကိုယ်နေနေရသလို feeling လေးရတယ်
အတွင်းဒီဇိုင်းကိုလဲ space theme နဲ့ လိုက်အောင်ပြင်ပေးထားတာလေးကို သဘောကျ 🥰 အထဲမှာ အသက်ရှူကျပ်ပြီး အိပ်မရမှာကို စိတ်ပူနေခဲ့ပေမယ့် တကယ်တမ်းကျ အထဲမှာ fan ဖွင့်လို့ရတာလေးပါတယ် ၊ ကိုယ်မဖွင်ချင်ရင် fan ပိတ်ထားလို့ရတယ်
ညဘက်အိပ်တော့ ချမ်းလို့ စောင်ပါခြုံအိပ်ရတယ်😅
ရေချိုးခန်းကလဲ ၄/၅ ခန်းရှိတယ် ရေပူ/ရေအေး ရ
WiFi လဲရ
ကိုယ်နေခဲ့တဲ့ အခန်းလေးက တညကို 235 baht ကျတယ်
ပေးရတဲ့ဈေးနဲ့ တန်တယ်လို့တော့ခံစားရတယ်
အပြင်ဘက်မှာ pool table ရှိတယ် , စားစရာကတော့ breakfast ကိုပဲ အဓိကထားရောင်းတာ
Night Market ကို hostel ကနေ လမ်းလျှောက်သွားမယ်ဆိုရင် around 10-12 mins လောက်ပဲ
လူငယ်တွေ visa run ရင်း ကုန်ကျစရိတ်ခြွေတာချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို recommend လုပ်ပါတယ် ။
Location : SYRI Guesthouse Vientiane hostel and cafe
https://maps.app.goo.gl/pfzqnJ4c7prnKt4y7?g_st=com.google.maps.preview.copy
🙋🏻♀️Visa services အတွက် အကူအညီလိုအပ်ရင်လဲ ကျွန်မဆီမှာ စုံစမ်းလို့ရပါတယ်နော်
💁🏻♀️TR , ED visa , Non B , Non O , DTV visa တွေကို Laos , Cambodia, Vietnam မှာ service ပေးပါတယ် ရှင့် ။