03/07/2026
ရထားစီးပြီး ကမ်းခြေသွားကြမယ် 🚂
ဒီတခါ သွားမှာက Prachup Khiri Khan Province က Bang Saphan District မှာ ရှိတဲ့ ကမ်းခြေပါ။ နာမည်လေးက Baan Grood တဲ့။ Gulf of Thailand ကို မျက်နှာမူထားပြီး 12km ရှည်လျားတဲ့ ကမ်းခြေတခုပါ။
စူရတ်ဌာနီ သွားတဲ့ ရထားကို စီးပြီး ၊ ဆင်းရမယ့်ဘူတာနာမည်က Ban Krut ပါ။ Baan Grood Arcadia Resort တညအိပ်ကိုလည်း Agoda ကနေ booking လုပ်ထားပါတယ်။
Krung Thep Aphiwat ဘူတာကနေ မနက် ၇ နာရီခွဲ ထွက်တဲ့ ရထားက ၊ Ban Krut ဘူတာကို နေ့လည် ၁၂ နာရီခွဲမှာ ရောက်ပါတယ်။ Aircon ရထားပါ။ Hotel က ဘူတာကို pick up/ drop off (FOC) လုပ်ပေးပါတယ်။ Lunch စားပြီးတဲ့ အချိန်ဆိုရင် hotel check in ဝင်လို့ရပါပြီ။ ညနေဈေးတန်းကို ဟိုတယ်က ကားနဲ့ သွားပြီး ပုစွန်ကင် နဲ့ ဒူးရင်းသီးတွေ ဝယ်ပြီး ပြန်လာခဲ့ကြတယ်။
Slow Coastal Life မို့လို့ ည ၉ နာရီဆိုရင် ဆိုင်တွေ အကုန်ပိတ်။ ဆုတို့ အဖွဲ့ ရေကူးကန်ထဲ အချိန်ဖြုန်းနေတာနဲ့ 7 / 11 ကနေပဲ ညစာ ဝယ်လာပြီး ညနေက ဈေးတန်းက ဝယ်လာတာတွေနဲ့ ညစာပြီးခဲ့ရတယ်။
သဘာကျတဲ့ အချက်တွေဆိုရင်
- ပင်လယ်စာ လတ်လတ်ဆတ်ဆတ် စားရတာမျိုး
- Tourist မများတဲ့ နေရာမို့ တိတ်ဆိတ်တယ်
- Hotel ကနေ ဘူတာနဲ့ ကြို/ပို့ (FOC)
- Hotel ကနေ တောင်ပေါ်က ဘုရား နဲ့ ညနေ ဈေးတန်းဆီ ကြို/ပို့ လုပ်ပေးတဲ့ အတွက် transportation ထပ်စီစဉ်စရာ မလိုဘူး။ ဒါကတော့ ခရီးစဉ်တခုကို လူတစ်ဦး ဘတ် ၆၀ ပါ။
- Hotel က swimming pool ကြီးရယ်
- စက်ဘီး ငှားစီးပြီး ကမ်းရိုးတန်း တစ်လျှောက် လည်ပတ်လို့လည်း ရသေးတယ်။
ပင်လယ်စာဆိုင်တွေက ဈေးတွေကလည်း reasonable price တွေပါပဲ။ ရထားလက်မှတ် အသွားအပြန် 784 ဘတ် ၊ Hotel (2 pax ၊ မနက်စာအပါ) 1050 ဘတ် ၊ ညနေဈေးတန်း ကြို/ပို့ 60 ဘတ်ပါ။ အပြန်ရထားက နေ့လည် 12:40 မို့ ၊ lunch ကို တခါတည်း စားခဲ့ပါ။ မစားခဲ့ရင် ဝယ်ခဲ့ပါနော်။ ရထားပေါ်မှာ ဝယ်စားစရာ မရှိခဲ့ပါဘူး။
ဒီကမ်းခြေက Sunrise မြင်ရတဲ့ ကမ်းခြေမို့၊ Sunset ကြည့်ချင်တဲ့သူဆိုရင်တော့ ဒီကမ်းခြေကို မသွားစေချင်ပါ။ တစ်ညအိပ်ခရီးပဲ သွားခဲ့တာမို့ ရထားစီးရတာနဲ့ မတန်လိုက်သလိုတော့ ခံစားရပါတယ်။ ၂ည (သို့) ၃ညအိပ်ခရီးစဉ်ဆိုရင် ပိုပြီး relax ဖြစ်စေမှာပါ။
နောက်ခရီးစဉ်တွေမှာ ပြန်တွေ့ကြပါမယ်နော်။
မျှဝေခြင်းဖြင့် ပျော်ရွှင်သူ