Happy trip - Bangkok, Thailand

  • Home
  • Happy trip - Bangkok, Thailand

Happy trip - Bangkok, Thailand One Stop Service
Booking Hotel
Rental Car/Van
Booking Air Ticket
Medical Service Package
Group Tour

One Stop Service to Thailand
Booking Hotel
Rental Car/Van
Booking Air Ticket
Medical Service Package
Group Tours Package
Booking Attraction Ticket

"Kaws: Holiday Thailand" အနုပညာအား ဘန်ကောက်တွင် ခံစားကြည့်ရှုနိုင်။ဘန်ကောက်မြို့ရှိ Sanam Luang နေရာတွင် မေလ ၁၃ ရက်မှ ၂၅...
13/05/2025

"Kaws: Holiday Thailand" အနုပညာအား ဘန်ကောက်တွင် ခံစားကြည့်ရှုနိုင်။

ဘန်ကောက်မြို့ရှိ Sanam Luang နေရာတွင် မေလ ၁၃ ရက်မှ ၂၅ ရက်အထိ ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကြီး အနုပညာရှင် “Kaws” ၏ အနုပညာပြပွဲများ ပြုလုပ်ရန် ခင်းကျင်းပြသထားပါသည်။
"Kaws: Holiday Thailand" ဟုအမည်ပေးထားသည့် အနုပညာပြပွဲသည် မကြာသေးမီက တရုတ်နိုင်ငံ၊ ရှန်ဟိုင်းနှင့် ဆွစ်ဇာလန်နိုင်ငံ Le Brassus တို့တွင် ၎င်း၏ အထင်ကရ ပန်းပုရုပ်တုကို ထိုင်းနိုင်ငံသို့ ယူဆောင်လာပေးသည့် ပထမဆုံးသော ပြပွဲဖြစ်သည်။
အဓိက မီးမောင်းထိုးပြမှုများထဲမှ တစ်ခုမှာ လူများကြား ချိတ်ဆက်မှု၊ မျိုးဆက်များတစ်လျှောက် ဉာဏ်ပညာ စီးဆင်းမှုနှင့် ရိုးရာနှင့် ခေတ်မီ ဖန်တီးမှုတို့ကြား သဟဇာတဖြစ်မှုကို ကိုယ်စားပြုသည့် ဧရာမ 18 မီတာ ပန်းပုရုပ်တု ဖြစ်သည်ဟု အဆိုပါ ပွဲစီစဉ်သူ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) မှ သိရသည်။
ပြပွဲသည် ထိုင်းနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ဆွဲဆောင်မှုအား မြှင့်တင်ပေးကာ Sanam Luang သည် ယဉ်ကျေးမှုအထင်ကရနေရာတစ်ခုအဖြစ် ပြောင်းလဲကာ အနီးနားရှိ သမိုင်းဝင်နေရာများကို စူးစမ်းလေ့လာရန် တွန်းအားပေးသည့် ယဉ်ကျေးမှုပြခန်းအဖြစ် ပြောင်းလဲပေးကြောင်း TAT မှ ပြောကြားခဲ့သည်။
Photos by: Nation Photo (Sukpamorn Hengprapakorn)
Source : The Nation Thailand

- - - - -
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သော မြန်မာတို့အတွက် ပျော်ရွှင်ဖွယ်အမှတ်တရ ခရီးစဥ်များကို စီစဥ်ပေးဖို့ Happy Trip က အမြဲကြိုဆိုနေပါတယ်။

လူကြီးမင်းတို့အတွက် အမှတ်တရ ပျော်ရွှင်ဖွယ်ခရီးစဥ်ဖြစ်ဖို့ . . .
📍"Happy Trip-Bangkok'' ရဲ့ One Stop Service ရှိနေပါပြီ။
🔹ကားနဲ့ သွားလာလည်ပတ်ဖို့
🔹လက်မှတ်ဝယ်ယူဖို့နဲ့
🔹ဝင်ကြေးတွေပါ အကုန်စီစဥ်ပေးတာနိုင်သည့် Happy Trip မှ တာဝန်ယူပေးပါရစေရှင်။

One Stop Service သာမက 𝗕𝗼𝗼𝗸𝗶𝗻𝗴 𝗛𝗼𝘁𝗲𝗹, 𝗥𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿/𝗩𝗮𝗻, 𝗕𝗼𝗼𝗸𝗶𝗻𝗴 𝗔𝗶𝗿 𝗧𝗶𝗰𝗸𝗲𝘁, 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗣𝗮𝗰𝗸𝗮𝗴𝗲 နှင့် 𝗚𝗿𝗼𝘂𝗽 𝗧𝗼𝘂𝗿 များကိုလည်း ရယူနိုင်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ (Vesak_Day)ကဆုန်လပြည့်နေ့သည်   ဗုဒ္ဓမြတ်စွာဘုရား၏   ဖြစ်တော်စဉ် တွင် ထူးခြားစွာပါဝင်နေသော နေ့တစ်နေ့...
11/05/2025

ကဆုန်လပြည့် ဗုဒ္ဓနေ့ (Vesak_Day)

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် တွင် ထူးခြားစွာပါဝင်နေသော နေ့တစ်နေ့ ဖြစ်သည်။ ဘုရား လောင်းတော် သုမေဓာရသေ့သည် ဘဒ္ဒကမ္ဘာတွင် လေးဆူ မြောက် ဂေါတမဘုရား စင်စစ်ဖြစ်မည်ဟု ဒီပင်္ကရာမြတ်စွာ ဘုရားထံ နိယတဗျာဒိတ် ခံယူသည့်နေ့သည် ကဆုန်လပြည့်နေ့ ဖြစ်ပြီး ဂေါတမဘုရားလောင်းတော် သိဒ္ဓတ္ထမင်းသားလေးကို ဖွားမြင်သောနေ့သည် မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် နေ့၊ ဂေါတမဘုရား လောင်းတော် ဗောဓိပင်အောက်တွင် ဘုရားဖြစ်တော်မူသည့် နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၊ ဂေါတမဘုရား ပရိနိဗ္ဗာန်စံတော်မူသောနေ့ သည် မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်ရာ “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်” ဟူ၍ မှတ်သား ကြသည်။

ကဆုန်လသည် လတကာတို့ထက် အလေးအနက် ပြုဖွယ်ဖြစ်ပြီး ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် ဗောဓိပင် ညောင်ရေသွန်းပွဲနှင့်အတူ ယှဉ်တွဲကာ ဗုဒ္ဓဘာသာနိုင်ငံတို့တွင် တခမ်းတနား ကျင်းပ လျက်ရှိကြသည်။

ကဆုန်လသည် သက္ကတ၊ ပါဠိ၊ ဟိန္ဒီဘာသာတို့တွင်“ဝိသာခါ” Vesaka ဖြစ်၍ ဝိသာခါနက္ခတ်နှင့်ယှဉ်သောလ ဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့် အသံထွက်တွင် Vesak ဟူ၍ ဖြစ်ရာ ယင်းအသံထွက်ကို လိုက်၍ ကဆုန်လပြည့်နေ့ကို Vesak Day ဟု အနောက်နိုင်ငံသားတို့က ခေါ်ဆိုကြသည်။

၁၉၉၉ ခုနှစ် (၅၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးဆုံးဖြတ်ချက် အရ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံသားများအတွက် ကဆုန်လပြည့် နေ့ ညောင်ရေသွန်းပွဲတော်သည် ၁၂ လရာသီပွဲတော်များအနက်မှ ထူးခြားသည့် ပွဲတော်နေ့ဖြစ်ပါသောကြောင့် ကဆုန်လပြည့်နေ့မှာ ကုသိုလ်အထူး ရရှိနိုင်ကြပါစေကြောင်း Happy Trip မိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

- - - - -
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သော မြန်မာတို့အတွက် ပျော်ရွှင်ဖွယ်အမှတ်တရ ခရီးစဥ်များကို စီစဥ်ပေးဖို့ Happy Trip က အမြဲကြိုဆိုနေပါတယ်။

လူကြီးမင်းတို့အတွက် အမှတ်တရ ပျော်ရွှင်ဖွယ်ခရီးစဥ်ဖြစ်ဖို့ . . .
📍"Happy Trip-Bangkok'' ရဲ့ One Stop Service ရှိနေပါပြီ။
🔹ကားနဲ့ သွားလာလည်ပတ်ဖို့
🔹လက်မှတ်ဝယ်ယူဖို့နဲ့
🔹ဝင်ကြေးတွေပါ အကုန်စီစဥ်ပေးတာနိုင်သည့် Happy Trip မှ တာဝန်ယူပေးပါရစေရှင်။

One Stop Service သာမက 𝗕𝗼𝗼𝗸𝗶𝗻𝗴 𝗛𝗼𝘁𝗲𝗹, 𝗥𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿/𝗩𝗮𝗻, 𝗕𝗼𝗼𝗸𝗶𝗻𝗴 𝗔𝗶𝗿 𝗧𝗶𝗰𝗸𝗲𝘁, 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗣𝗮𝗰𝗸𝗮𝗴𝗲 နှင့် 𝗚𝗿𝗼𝘂𝗽 𝗧𝗼𝘂𝗿 များကိုလည်း ရယူနိုင်ပါတယ်။

10/05/2025

ချင်းရိုင်မြို့ကို ခရီးထွက်တဲ့အခါ ဘယ်နေရာတွေကို သွားကြမလဲ

ချင်းရိုင်ကို သွားဖို့ အချိန်ကလည်းသိပ်မရတော့ နေရာစုံမရောက်မှာလည်း စိုးရိမ်တယ်ဆိုရင် …

Happy Trip ကိုသာ ဆက်သွယ်လိုက်ပါ၊ လူကြီးမင်းတို့၏ ခရီးစဥ်ကို အကောင်းဆုံးအမှတ်တရတွေ ဖြစ်ဖို့ စီစဥ်ပေးပါမယ်ရှင့်။

ချင်းရိုင်ရောက်ရင် သွားရောက်လည်ပတ်သင့်တဲ့ နေရာလေးတွေကိုလည်း ပြောပါရစေရှင့်

𝟏. 𝐖𝐡𝐢𝐭𝐞 𝐓𝐞𝐦𝐩𝐥𝐞 (𝐖𝐚𝐭 𝐑𝐨𝐧𝐠 𝐊𝐡𝐮𝐧)
ထိုင်းနိုင်ငံ‌ မြောက်ပိုင်းရဲ့ အနုပညာအမြောက်ဆုံး ဘုရားကျောင်းလို့ ပြောရပါတယ်။ မြင်လိုက်တာနဲ့ကို အရမ်းလက်ရာ ပြောင်မြောက်လွန်းလှတဲ့ ဖြူစွတ်နေတဲ့ ဘုရားကျောင်းကြီးက မဖြစ်မနေ သွားရောက် လည်ပတ်ရမည့် နေရာတစ်ခုပါ။

𝟐. 𝐁𝐥𝐮𝐞 𝐓𝐞𝐦𝐩𝐥𝐞 ( 𝐖𝐚𝐭 𝐑𝐨𝐧𝐠 𝐒𝐮𝐞𝐚𝐧 𝐓𝐞𝐧)
ဒါကလည်း တစ်ကျောင်းလုံး အပြာရောင်တွေနဲ့ လက်ရာမြောက်လှပြီး ပန်းဆိုင်းတွေကိုပါ တွေ့ရမှာပါ။ ဒါကလည်း မဖြစ်မနေ လည်ပတ်ဖို့ မှတ်ထားရမည့် နေရာပါပဲ။

𝟑.𝐁𝐚𝐚𝐧 𝐃𝐚𝐦 𝐌𝐮𝐬𝐞𝐮𝐦 (𝐁𝐥𝐚𝐜𝐤 𝐓𝐞𝐦𝐩𝐥𝐞)
နောက်တစ်ခုကတော့ ရှေးဟောင်း ထိုင်းတိုင်းရင်းသားတွေရဲ့ ယုံကြည်မှု တွေနဲ့ နတ်ဆရာ ဆေးဆရာတွေရဲ့ အသုံးဆောင်တွေကို လေ့လာလို့ ရပါတယ်။ အရမ်းကို လက်ရာမြောက်ပီး အမြင်ဆန်းတဲ့ ပန်းပုရုပ်လေးတွေလည်း ရှိပါတယ်။ ဒီနေရာကတော့ နိုင်ငံခြားသားတွေကြားမှာ အရမ်းနာမည်ကြီးတဲ့ နေရာလေးဖြစ်ပါတယ်။

𝟒. 𝐖𝐚𝐭 𝐇𝐮𝐚𝐲 𝐏𝐥𝐚 𝐊𝐚𝐧𝐠 (ကွမ်ရင်မယ်တော်ကျောင်း)
တရုတ်အနွယ်ဖွား ထိုင်းနိုင်ငံသားတစ်ယောက် တည်ထားတာဖြစ်ပါတယ်။ ရုပ်ထုရှိတဲ့အထိ ကားနဲ့တက်လို့ ရပြီး ကော်ဖီ ၊မုန့်၊ အအေးဆိုင်တွေလည်းရှိတော့ အရမ်းကို အဆင်ပြေပါတယ်။

𝟓. 𝐀𝐤𝐡𝐚 𝐅𝐚𝐫𝐦𝐕𝐢𝐥𝐥𝐞 (𝐒𝐡𝐞𝐞𝐩 𝐅𝐚𝐫𝐦)
ခရီးစဥ်မှာ ဘုရားတွေကို လည်ပတ်ပြီးသွားရင် အပန်းဖြေဖို့ မလွတ်တမ်း သွားသင့်တဲ့နေရာပါ။ သိုးခြံဖြစ်ပေမယ့် သာမန်သိုးခြံ‌တွေလို မဟုတ်ဘဲ တိမ်ပင်လယ်တွေကြား တောင်စောင်းလေးမှာ ဖွင့်ထားတာပါ။ တောင်စောင်းလေးမှာ ကော်ဖီသောက် အပန်းဖြေရင်း သိုးလေးတွေနဲ့ အလှဓါတ်ပုံ ရိုက်ဖို့ အကောင်းဆုံး နေရာပါပဲ။

𝟔. 𝐋𝐚𝐥𝐢𝐭𝐚 𝐜𝐚𝐟𝐞
ချင်းရိုင်ရဲ့ အလှဆုံးကော်ဖီဆိုင်လေးပါ ဒါကလည်း မဖြစ်မနေသွားကို သွားရမည့် စိတ်ကူးရင်ကမ္ဘာလေးလို့ ပြောရမှာပါ။ အမှတ်တရ အလှဓါတ်ပုံလေးတွေနဲ့ ပျော်စရာခရီးစဥ်ကို ပြည့်စုံစေမည့် နေရာပါပဲ။

𝟕.𝐌𝐞𝐤𝐨𝐧𝐠 𝐒𝐤𝐲𝐰𝐚𝐥𝐤 (မှန်တံတား)
ဒီမှန်တံတားကတော့ မယ်ဆိုင်နဲ့ တာချီလိတ် နယ်စပ် ဂိတ်နားမှာရှိပီး တာချီလိတ်မြို့ ရှူခင်းကို တဝကြီး ကြည့်လို့ရပါမယ်။

𝟖. 𝐆𝐨𝐥𝐝𝐞𝐧 𝐓𝐫𝐢𝐚𝐧𝐠𝐥𝐞 (ရွှေတြိဂံ)
ဒီနေရကတော့ ကမ္ဘာမှာ အကျော်ကြားဆုံးနေရာပါ၊ ချင်းရိုင်ရောက်လို့မှ မသွားခဲ့ရင်တော့ ချင်းရိုင်ကို ရောက်တယ်လို့ ပြောလို့မရတော့ဘူးလို့ ပြောရမည့် နေရာပါပဲ။ ထိုင်း၊ မြန်မာ၊ လာအို နယ်စပ်ဖြစ်တဲ့အတွက် လာလည်ကြတဲ့သူတွေလဲ အရမ်းများတယ်။
ဒီလိုမျိုး ခရီးစဥ်လေးကို အမှတ်တရတွေနှင့် ပြည့်စုံသထက် ပြည့်စုံပျော်ရွှင်အောင် ဖန်တီးပေးဖို့အတွက်တော့ Happy Trip - Bangkok က အသင့်ရှိနေပါပြီ။

- - - - -
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သော မြန်မာတို့အတွက် ပျော်ရွှင်ဖွယ်အမှတ်တရ ခရီးစဥ်များကို စီစဥ်ပေးဖို့ Happy Trip က အမြဲကြိုဆိုနေပါတယ်။

လူကြီးမင်းတို့အတွက် အမှတ်တရ ပျော်ရွှင်ဖွယ်ခရီးစဥ်ဖြစ်ဖို့ . . .

📍"Happy Trip-Bangkok'' ရဲ့ One Stop Service ရှိနေပါပြီ။
🔹ကားနဲ့ သွားလာလည်ပတ်ဖို့
🔹လက်မှတ်ဝယ်ယူဖို့နဲ့
🔹ဝင်ကြေးတွေပါ အကုန်စီစဥ်ပေးတာနိုင်သည့် Happy Trip မှ တာဝန်ယူပေးပါရစေရှင်။

One Stop Service သာမက 𝗕𝗼𝗼𝗸𝗶𝗻𝗴 𝗛𝗼𝘁𝗲𝗹, 𝗥𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿/𝗩𝗮𝗻, 𝗕𝗼𝗼𝗸𝗶𝗻𝗴 𝗔𝗶𝗿 𝗧𝗶𝗰𝗸𝗲𝘁, 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗣𝗮𝗰𝗸𝗮𝗴𝗲 နှင့် 𝗚𝗿𝗼𝘂𝗽 𝗧𝗼𝘂𝗿 များကိုလည်း ရယူနိုင်ပါတယ်။

ฺ𝐁𝐚𝐧𝐠𝐤𝐨𝐤 - 𝐏𝐚𝐭𝐭𝐚𝐲𝐚 (𝟒 𝐃𝐚𝐲𝐬 𝟑 𝐍𝐢𝐠𝐡𝐭𝐬)ပျော်ပျော်ပါးပါး မိသားစု၊ သူငယ်ချင်းတွေ ထိုင်းနိုင်ငံ ဘန်ကောက်ကို အလည်လာဖို့ စဉ်းစား...
08/05/2025

ฺ𝐁𝐚𝐧𝐠𝐤𝐨𝐤 - 𝐏𝐚𝐭𝐭𝐚𝐲𝐚 (𝟒 𝐃𝐚𝐲𝐬 𝟑 𝐍𝐢𝐠𝐡𝐭𝐬)

ပျော်ပျော်ပါးပါး မိသားစု၊ သူငယ်ချင်းတွေ ထိုင်းနိုင်ငံ ဘန်ကောက်ကို အလည်လာဖို့ စဉ်းစားနေပြီဆိုရင် ဟိုတယ်၊ ကား၊ ဝင်ကြေးလက်မှတ်တွေ၊ အစားအသောက်တွေ နဲ့ Tour Guide အပါ ဘန်ကောက် ၊ ပတ္တရား၊ Safari World နေရာစုံတဲ့ 3 ညအိပ် 4 ရက် ခရီးစဉ်လေး အသင့်ရှိနေပါပြီရှင့်
😍😍😍

ခရီးစဉ်လေးမှာ ထိုင်းလေဆိပ်ကနေ Tour Guide မှ စတင်ကြိုဆိုပြီး၊

🔹 နာမည်ကျော် ကျောက်တောင်မှာ လေဆာဖြင့် ထွင်းထုထားသော လေဆာဘုရား 𝐋𝐚𝐬𝐞𝐫 𝐁𝐮𝐝𝐝𝐡𝐚

🔹 ပန်းအမျိုးအစားစုံလင်ပီး Thai Traditional Show၊ ကလေးများအကြိုက် ဆင်ပြပွဲ၊ ဒိုင်နိုဆောရုပ်ထုကြီးများရှိရာ ကျယ်ဝန်းလှတဲ့ 𝐍𝐨𝐧𝐠 𝐍𝐨𝐨𝐜𝐡 𝐆𝐚𝐫𝐝𝐞𝐧

🔹 ပတ္တရားမြို့ရဲ့ နာမည်ကျော် ကော်ဇော်နီပေါ်က Lady Boy မိန်းမလှလေးများရဲ့ အဆိုအကအလှအပများပြသတဲ့ 𝐀𝐥𝐜𝐚𝐳𝐚𝐫 𝐒𝐡𝐨𝐰

🔹 သဲဖြူဖြူလေးများနဲ့ ကြည်လင်တဲ့ ရေပြင်ကျယ်ကြီးမှာ ရေကစားနည်းမျိုးစုံဆော့ကစားနိုင်တဲ့ ‌သဲဖြူကျွန်း 𝐊𝐨𝐡 𝐋𝐚𝐫𝐧

🔹 Pattaya မြို့အလှကို တောင်ထိပ်ကနေ 360 ဒီဂရီ ကြည့်ရှုနိုင်တဲ့ 𝐏𝐚𝐭𝐭𝐚𝐲𝐚 𝐕𝐢𝐞𝐰 𝐏𝐨𝐢𝐧𝐭

🔹 ရေခဲရုပ်ထုကြီးများနဲ့ ရေခဲကမ္ဘာ 𝐅𝐫𝐨𝐬𝐭 𝐨𝐟 𝐌𝐚𝐠𝐢𝐜𝐚𝐥 𝐈𝐜𝐞 𝐨𝐟 𝐒𝐢𝐚𝐦

🔹 ဘန်ကောက်မြို့ရဲ့ ဘုရင့်နန်းတော်ကြီး 𝐆𝐫𝐚𝐧𝐝 𝐏𝐚𝐥𝐚𝐜𝐞 နှင့် တန်ခိုးကြီး မြဘုရား 𝐄𝐦𝐞𝐫𝐚𝐥𝐝 𝐁𝐮𝐝𝐝𝐡𝐚

🔹 ထိုင်းရိုးရာဝတ်စုံလေးများနဲ့ ဓာတ်ပုံရိုက်ကူးနိုင်တဲ့ ကျောက်ဖုရားမြစ်ကမ်းဘေးက 𝐖𝐚𝐭 𝐀𝐫𝐮𝐧

🔹 𝐈𝐜𝐨𝐧 𝐒𝐢𝐚𝐦 Mega Shopping Mall ကြီးမှာ Shopping တွေလဲ ထွက်လို့ရအုံးမည့်အပြင်

🔹 ကျောက်ဖရားမြစ်ကြီးထဲက အမိုက်စား 𝐃𝐢𝐧𝐧𝐞𝐫 𝐂𝐫𝐮𝐢𝐬𝐞 ကြီးပေါ်မှာ ဘူဖေးညစာ သုံးဆောင်ပြီး ဘန်ကောက်မြို့ကြီးရဲ့ နီယွန်ညအလှများကိုလဲ ခံစားနိုင်ဖို့ စီစဉ်ပေးထားပါတယ်နော်

🔹 ချစ်စရာ မျောက်ဝံ၊ လင်းပိုင်အစရှိတဲ့ တရိစ္ဆာန်လေးများရဲ့ Show ပွဲတွေကြည့်ရှုပြီး 𝐒𝐚𝐟𝐚𝐫𝐢 ရဲ့ Open Zoo ကြီးထဲမှာ အကောင်ပလောင်မျိုးစုံ အနီးကပ် တွေ့ရအုံးမှာနော်

🔹 နာမည်ကျော် 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐀𝐫𝐞𝐚 ဖြစ်တဲ့ ပတူနမ်ကိုလဲ ပို့ပေးမှာဆိုတော့ ဈေးဝယ်ကြိုက်တဲ့ မမတို့လဲ အိုကေပြီပေါ့

📍၃ ညအိပ် ၄ ရက် Package လေးမှာ ဟိုတယ်၊ ကား၊ ခရီးသွားအာမခံနဲ့ တိုးဂိုက်၊ ဖော်ပြပါနေရာများရဲ့ ဝင်ကြေးတွေနဲ့ အစားအသောက် ပါဝင်တာမို့ အဲ့လိုနေရာစုံပါဝင်တဲ့ ခရီးစဉ်လေးကို Happy Trip Team မှ သွားချင်တဲ့နေ့ရက်နဲ့ လူဦးရေပြောပြီး ဝယ်ယူနိုင်ဖို့ CB ကနေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါပြီရှင့်

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သော မြန်မာတို့အတွက် ပျော်ရွှင်ဖွယ် အမှတ်တရခရီးစဥ်များကို စီစဥ်ပေးဖို့ Happy Trip က အမြဲကြိုဆိုနေပါတယ်။

ပင်လယ်သံစဉ်နှင့် အပန်းဖြေဖို့ လိုအပ်နေပြီလား ❓Hua Hin ၏ တောင်ဘက်၊ တိတ်ဆိတ်သော ကမ်းခြေဘက်တွင် တည်ရှိသော **Best Western Pl...
04/05/2025

ပင်လယ်သံစဉ်နှင့် အပန်းဖြေဖို့ လိုအပ်နေပြီလား ❓

Hua Hin ၏ တောင်ဘက်၊ တိတ်ဆိတ်သော ကမ်းခြေဘက်တွင် တည်ရှိသော **Best Western Plus Carapace Hotel Hua Hin** တွင် ပင်လယ်၏ အရသာကို ခံစားလိုက်ပါ။ သဘာဝနှင့်လိုက်လျောညီထွေသည့် ဒီဇိုင်းနှင့် ခေတ်မီအခန်း 380 ကျော်ပါဝင်သည့် ဤဟိုတယ်သည် မိသားစုနှင့် ချစ်သူ၊ သူငယ်ချင်းများအတွက် အကောင်းဆုံး အပန်းဖြေရန် နေရာပါ။

ဟိုတယ်ဝန်းအတွင်း Aqua Play Zone, ပင်လယ်ကို ငေးမော အပန်းဖြေနိုင်မည့် ရေကူးကန်, Fitness Center များပါဝင်ပြီး၊ ၂၄ နာရီဖွင့်လှစ်ထားသော စားသောက်ဆိုင်, ကမ်းခြေကလပ်, ရေကူးကန်ဘား, သီးသန့်ပွဲများ ကျင်းပရန် အတွက် နေရာများလည်း ရှိပါတယ်။

မိသားစုအပန်းဖြေရေးဖြစ်စေ၊ စုံတွဲ ခရီးစဉ်ဖြစ်စေ – **Best Western Plus Carapace Hotel Hua Hin** သည် သင့်အတွက် ပင်လယ်၏ သာယာမှုကို အပြည့်အဝပေးစွမ်းမှာပါ။

မိမိအစီအစဥ်နဲ့ သွားမယ်ဆိုရင်လည်း ဟိုတယ်ဘိုကင်ကို စီစဥ်ပေးသလို၊ ခရီးစဥ် အစအဆုံး One Stop Service လိုအပ်ရင်လည်း အခုပဲ Happy Trip - Bangkok ကို ဆက်သွယ်လိုက်ပါ။

- - - - -
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သော မြန်မာတို့အတွက် ပျော်ရွှင်ဖွယ်အမှတ်တရ ခရီးစဥ်များကို စီစဥ်ပေးဖို့ Happy Trip က အမြဲကြိုဆိုနေပါတယ်။

လူကြီးမင်းတို့အတွက် အမှတ်တရ ပျော်ရွှင်ဖွယ်ခရီးစဥ်ဖြစ်ဖို့ . . .
📍"Happy Trip-Bangkok'' ရဲ့ One Stop Service ရှိနေပါပြီ။
ကားနဲ့ သွားလာလည်ပတ်ဖို့၊ လက်မှတ်ဝယ်ယူဖို့နဲ့ ဝင်ကြေးတွေ အပါအဝင် အစအဆုံး တာဝန်ယူစီစဥ်ပေးနေပါတယ်။

One Stop Service သာမက
🔹𝗕𝗼𝗼𝗸𝗶𝗻𝗴 𝗛𝗼𝘁𝗲𝗹,
🔹𝗥𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿/𝗩𝗮𝗻,
🔹𝗕𝗼𝗼𝗸𝗶𝗻𝗴 𝗔𝗶𝗿 𝗧𝗶𝗰𝗸𝗲𝘁,
🔹𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗣𝗮𝗰𝗸𝗮𝗴𝗲 နှင့်
🔹𝗚𝗿𝗼𝘂𝗽 𝗧𝗼𝘂𝗿 များကိုလည်း ရယူနိုင်ပါတယ်။

ကားကြီး ကားသေး . . . ဘာလိုလိုပျော်ရွှင်ဖွယ် အမှတ်တရခရီးစဥ်တိုင်းအတွက်လူကြီးမင်းတို့၏ ထိုင်းနိုင်ငံ ခရီးစဥ်အတွင်း လိုအပ်န...
02/05/2025

ကားကြီး ကားသေး . . . ဘာလိုလို
ပျော်ရွှင်ဖွယ် အမှတ်တရခရီးစဥ်တိုင်းအတွက်

လူကြီးမင်းတို့၏ ထိုင်းနိုင်ငံ ခရီးစဥ်အတွင်း လိုအပ်နေသော ကားအငှားဝန်ဆောင်မှု အမျိုးမျိုးကို အကောင်းဆုံး စီစဥ်ဆောင်ရွက်ပေးနေပါတယ်။ လေဆိပ်ကြိုပို့အတွက်လည်း မိနစ်ပိုင်းအတွင်း ချက်ခြင်းစီစဥ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။

- - - -
လူကြီးမင်းတို့အတွက် အမှတ်တရ ပျော်ရွှင်ဖွယ်ခရီးစဥ်ဖြစ်ဖို့ . . .
📍"Happy Trip-Bangkok'' ရဲ့ One Stop Service ရှိနေပါပြီ။
ကားနဲ့ သွားလာလည်ပတ်ဖို့၊ လက်မှတ်ဝယ်ယူဖို့နဲ့ ဝင်ကြေးတွေ အပါအဝင် အစအဆုံး တာဝန်ယူစီစဥ်ပေးနေပါတယ်။

One Stop Service သာမက
🔹𝗕𝗼𝗼𝗸𝗶𝗻𝗴 𝗛𝗼𝘁𝗲𝗹,
🔹𝗥𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿/𝗩𝗮𝗻,
🔹𝗕𝗼𝗼𝗸𝗶𝗻𝗴 𝗔𝗶𝗿 𝗧𝗶𝗰𝗸𝗲𝘁,
🔹𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗣𝗮𝗰𝗸𝗮𝗴𝗲 နှင့်
🔹𝗚𝗿𝗼𝘂𝗽 𝗧𝗼𝘂𝗿 များကိုလည်း ရယူနိုင်ပါတယ်။

Pattaya မှာ  ပထမဆုံးအကြိမ်ကျင်းပတဲ့ မီးရောင်စုံအလှပြပွဲ Pattaya Lighting 2025 Fantaseaယနေ့ မေလ 1 ရက်နေ့ကနေ မေလ 5 ရက်နေ့အ...
01/05/2025

Pattaya မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ မီးရောင်စုံအလှပြပွဲ Pattaya Lighting 2025 Fantasea

ယနေ့ မေလ 1 ရက်နေ့ကနေ မေလ 5 ရက်နေ့အထိ Pattaya Central Beach Road ကမ်းခြေမှာ Pattaya Lighting 2025 Fantasea မီးအလှပြပွဲကို အခမဲ့ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါပြီ

ညနေ 6 နာရီမှာ မီးရောင်စုံတွေ တပြိုင်နက်ဖွင့်မှာပါ ....

ကမ်ခြေ View နဲ့အတူ အရောင်အသွေးစုံနဲ့လှပနေမည့် လက်ရာမြောက်လှတဲ့ပုံဖော်မှုတွေကို မျက်စိတစ်ဆုံးမြင်တွေ့နိုင်မှာမလို့ အတွေ့အကြုံရအောင် သွားရောက်ကြည့်ရှုနိုင်ကြဖို့ အကြံပေးချင်ပါတယ်နော်။

- - - - - - - -
ထိုင်းနိုင်ငံတွင် မြန်မာခရီးသွား ဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့ Happy Trip က ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။ ထိုင်းတစ်နိုင်ငံလုံးအနှံ့ ဘယ်နေရာသွားချင်ချင် ဘာလုပ်ချင်ချင် လိုချင်တဲ့ Service တွေအားလုံးကို Happy Trip က ဖြည့်ဆည်းပေးမှာပါ။

🔹Tickets 🔹Car Rental 🔹Hotel Booking 🔹Tour Package
တစ်နေရာထဲမှာ ဝန်ဆောင်မှုအားလုံးကို အပြည့်အဝရနိုင်မည့် တရားဝင်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း။

Viber - +959 96564 9999 နှင့် ယခုပေ့ချ် မက်စင်ချာကို ယခုပဲဆက်သွယ်စုံစမ်းလိုက်ပါ

ဒီနေ့ဟာဆိုရင် ထိုင်းကို အလည်လာမယ့်သူတွေရော ၊ ထိုင်းမှာ နှစ်ရှည်ဗီဇာနဲ့ကြတဲ့သူတွေရော နိုင်ငံခြားသားတိုင်း ထိုင်းနိုင်ငံကိ...
01/05/2025

ဒီနေ့ဟာဆိုရင် ထိုင်းကို အလည်လာမယ့်သူတွေရော ၊ ထိုင်းမှာ နှစ်ရှည်ဗီဇာနဲ့ကြတဲ့သူတွေရော နိုင်ငံခြားသားတိုင်း ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ TDAC ဖြည့်ခဲ့ရမယ့် ပထမဆုံးနေ့ပါပဲ ၊

နိုင်ငံခြားသားတွေရဲ့ ထိုင်းအကြောင်း group တစ်ခုမှာ ပထမဆုံးရက် အတွေ့အကြုံ ရေးသားဖော်ပြထားတာကို ဆီလျှော်အောင် ဘာသာပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်ဗျ

ဒီနေ့မနက် ၆ နာရီ ထိုင်းကိုရောက်ပါတယ် ၊ အရင်လာနေကျ အတိုင်းပါပဲ ဘာမှ သိပ်ပြီး ထူးထူးထွေထွေ ကွာခြားသွားမှု မရှိပါဘူး ၊ ဟိုးတုန်းက လေယာဉ်ပေါ်မှာ TM6 Form ဖြည့်ခဲ့ရတယ် အခုကတော့ Online ကနေ ကြိုဖြည့်ပေးလိုက်ရတယ် ဒါပါပဲ ၊

Immigration ရောက်တော့လည်း Online က ဖြည့်ထားတာကို ဖုန်းထဲကနေ ပြလိုက်တာပါပဲ ၊ Officer ကလည်း ပရင့်ထုတ်လာဖို့ မတောင်းဆိုသလို အများကြီးလည်း ကြည့်မနေပါဘူး Form ဖြည့်ထား မထား စစ်တဲ့ သဘောလောက်ပါပဲ ၊

TDAC From ဖြည့်ရမှန်းမသိပဲ immigration တန်းစီသူတွေလည်း တွေ့ရပါတယ် ၊ သူတို့ကိုတော့ immigration line အရှေ့မှာ DTAC ဖြည့်ဖို့ သတိပေး ဆိုင်းဘုတ်ချထားပေးပြီး သတိပေးဆိုင်းဘုတ်က QR ကို Scan ဖတ်ပြီး Form ဖြည့် Form ဖြည့်ပြီးရင်တော့ immigration မှာ ပြန်တန်းစီ ရပါတယ်။

အခုလို အွန်လိုင်းက လုပ်လိုက်တော့ အရင်တုန်းကလို ထိုင်းမှာ နေနေတုန်း arrival ကဒ် TM 6 စာရွက်လေး ပျောက်မှာ စိတ်ပူစရာမလိုတော့တာမို့ အဆင်ပြေပါတယ်။

- - - - - - - -
ထိုင်းနိုင်ငံတွင် မြန်မာခရီးသွား ဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့ Happy Trip က ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။ ထိုင်းတစ်နိုင်ငံလုံးအနှံ့ ဘယ်နေရာသွားချင်ချင် ဘာလုပ်ချင်ချင် လိုချင်တဲ့ Service တွေအားလုံးကို Happy Trip က ဖြည့်ဆည်းပေးမှာပါ။

🔹Tickets 🔹Car Rental 🔹Hotel Booking 🔹Tour Package
တစ်နေရာထဲမှာ ဝန်ဆောင်မှုအားလုံးကို အပြည့်အဝရနိုင်မည့် တရားဝင်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း။

Viber - +959 96564 9999 နှင့် ယခုပေ့ချ် မက်စင်ချာကို ယခုပဲဆက်သွယ်စုံစမ်းလိုက်ပါ

မေလ (၁) ရက် အလုပ်သမားနေ့- - - - - - - -ထိုင်းနိုင်ငံတွင် မြန်မာခရီးသွား ဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့ H...
01/05/2025

မေလ (၁) ရက် အလုပ်သမားနေ့

- - - - - - - -
ထိုင်းနိုင်ငံတွင် မြန်မာခရီးသွား ဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့ Happy Trip က ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။ ထိုင်းတစ်နိုင်ငံလုံးအနှံ့ ဘယ်နေရာသွားချင်ချင် ဘာလုပ်ချင်ချင် လိုချင်တဲ့ Service တွေအားလုံးကို Happy Trip က ဖြည့်ဆည်းပေးမှာပါ။

🔹Tickets 🔹Car Rental 🔹Hotel Booking 🔹Tour Package
တစ်နေရာထဲမှာ ဝန်ဆောင်မှုအားလုံးကို အပြည့်အဝရနိုင်မည့် တရားဝင်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း။

Viber - +959 96564 9999 နှင့် ယခုပေ့ချ် မက်စင်ချာကို ယခုပဲဆက်သွယ်စုံစမ်းလိုက်ပါ

ထိုင်းရောက်ရင် ဘယ်မှာတည်းမလဲ?အမြဲစဥ်းစားရ စီစဥ်ရခက်နေပြီလား! ဒါဆိုရင် ဟက်ပီးထရစ် ရှိပါတယ် . . .လူကြီးမင်းတို့၏ ထိုင်းနို...
30/04/2025

ထိုင်းရောက်ရင် ဘယ်မှာတည်းမလဲ?

အမြဲစဥ်းစားရ စီစဥ်ရခက်နေပြီလား! ဒါဆိုရင် ဟက်ပီးထရစ် ရှိပါတယ် . . .

လူကြီးမင်းတို့၏ ထိုင်းနိုင်ငံအတွင်း လည်ပတ်မည့် ခရီးစဥ်များအတွက် တည်းခိုနေထိုင်ဖို့၊ လူကြီးမင်းတို့၏ ဘတ်ဂျက်နဲ့ ကိုက်ညီပြီး နေထိုင်ဖို့ အဆင်ပြေအောင် ဟိုတယ်ဘိုကင်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေသည့် Happy Trip ရှိနေပါပြီ။

ထိုင်းနိုင်ငံ အခြေစိုက်တရားဝင် လုပ်ငန်းဖြစ်တာကြောင့် လူကြီးမင်းတို့၏ တည်းခိုနေထိုင်မှုအတွက် စိတ်ချရဆုံး ဝန်ဆောင်မှုကို ပေးနိုင်သည့် မြန်မာခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းတစ်ခုပါ။

ဘန်ကောက်ရှိ ဟိုတယ်ဘိုကင်များသာမက ထိုင်းနိုင်ငံတခုလုံးရှိ ဟိုတယ်များ တည်းခိုခြင်း၊ လေယာဥ်လက်မှတ်၊ ကားလက်မှတ်၊ ဝင်ကြေးလက်မှတ်များ၊ ကားစီးလုံးငှားခရီးတို/ခရီးရှည်၊ နေ့ခြင်းပြန်ခရီးစဥ်၊ အဖွဲ့လိုက်ခရီးစဥ်၊ သီးသန်းခရီးစဥ် နှင့် ပက်ကေ့ချ်တိုးခရီးစဥ် အမျိုးမျိုးကို တစ်နေရာတည်းမှာ ဈေးနှုန်းသင့်တင့်မှန်ကန်စွာဖြင့် ဝန်ဆောင်မှုရယူနိုင်မည့် Happy Trip ကို ယခုပဲ မက်စေ့ချ် နှင့် Viber တို့မှ ဆက်သွယ်လိုက်ပါ။

📱Viber - +959 96564 9999
(ဝန်ဆောင်ခ ပေးချေရာတွင်လည်း ဘတ်/ကျပ် နှစ်မျိုးလုံးနှင့် ပေးချေနိုင်ပါတယ်)

📢 ထိုင်းနိုင်ငံသို့ဝင်ရောက်မည့် နိုင်ငံခြားသားခရီးသွားများအတွက် အရေးကြီးကြေငြာချက်မေလ ၁ ရက်နေ့ ၊ ၂၀၂၅ ခုနှစ်မှစတင်၍ ထိုင...
27/04/2025

📢 ထိုင်းနိုင်ငံသို့ဝင်ရောက်မည့် နိုင်ငံခြားသားခရီးသွားများအတွက် အရေးကြီးကြေငြာချက်

မေလ ၁ ရက်နေ့ ၊ ၂၀၂၅ ခုနှစ်မှစတင်၍ ထိုင်းနိုင်ငံသို့ဝင်ရောက်မည့် နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံဆိုက်ရောက်ကဒ် ( ဒီဂျစ်တယ်ကဒ် - TDAC ) အား အွန်လိုင်းမှတစ်ဆင့် ဖြည့်သွင်းထားရန် လိုအပ်ပါသည်။ ထိုဆိုက်ရောက်ကဒ်အား ၃ရက်ခန့် ကြိုတင်ဖြည့်သွင်းထားရုံဖြင့် ထိုင်းနိုင်ငံလဝကဆိုင်ရာလုပ်ငန်းစဉ်များအား ပိုမိုချောမွေ့စေပြီး ခရီးသွားလာရ ပို၍လွယ်ကူစေမည်ဖြစ်ပါသည်။

👉 ဖောင်တင်ရန် လင့်ခ် - https://tdac.immigration.go.th

ထိုင်းလဝက၏ ဝဘ်ဆိုဒ်မှတစ်ဆင့်လည်း အသေးစိတ်အချက်အလက်များနှင့် လုပ်ဆောင်နည်းများအား ဝင်ရောက်လေ့လာနိုင်ပါသည်။

- - - - - - - -
ထိုင်းနိုင်ငံတွင် မြန်မာခရီးသွား ဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့ Happy Trip က ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။ ထိုင်းတစ်နိုင်ငံလုံးအနှံ့ ဘယ်နေရာသွားချင်ချင် ဘာလုပ်ချင်ချင် လိုချင်တဲ့ Service တွေအားလုံးကို Happy Trip က ဖြည့်ဆည်းပေးမှာပါ။

🔹Tickets 🔹Car Rental 🔹Hotel Booking 🔹Tour Package
တစ်နေရာထဲမှာ ဝန်ဆောင်မှုအားလုံးကို အပြည့်အဝရနိုင်မည့် တရားဝင်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း။

Viber - +959 96564 9999 နှင့် ယခုပေ့ချ် မက်စင်ချာကို ယခုပဲဆက်သွယ်စုံစမ်းလိုက်ပါ

ယနေ့ ဧပြီ ၂၆ ရက်၊ ဖက်ပဒန်း သင်္ကြန်ပုံရိပ်များမနက်ဖြန် ၂၇ ရက်နေ့မှာတော့ အလုပ်ပိတ်ရက်ဖြစ်တာကြောင့် ထိုင်းနိုင်ငံသားများ၊ ...
26/04/2025

ယနေ့ ဧပြီ ၂၆ ရက်၊ ဖက်ပဒန်း သင်္ကြန်ပုံရိပ်များ

မနက်ဖြန် ၂၇ ရက်နေ့မှာတော့ အလုပ်ပိတ်ရက်ဖြစ်တာကြောင့် ထိုင်းနိုင်ငံသားများ၊ ထိုင်းမွန်နှင့် မြန်မာမွန်လူမျိုးများနှင့်အတူ ထိုင်းရောက်မြန်မာများ နိုင်ငံခြားသာများနှင့် ကြိတ်ကြိတ်တိုးစည်ကားနေမှာမို့ အရမ်းမိုက်တဲ့ မြန်မာသင်္ကြန်လို ရေကစားချင်ရင်တော့ ဒီသင်္ကြန်ကို မရောက်ရောက်အောင် သွားကြနော်။

Suk Sawat လမ်းမတလျှောက် အရမ်းကို ပြည့်ကြပ်စည်ကားတာကြောင့် လမ်းလျှောက်ရေဆော့ကစားတာကို ပိုအားပေးပါတယ်။

- - - - - - - -
ထိုင်းနိုင်ငံတွင် မြန်မာခရီးသွား ဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့ Happy Trip က ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။ ထိုင်းတစ်နိုင်ငံလုံးအနှံ့ ဘယ်နေရာသွားချင်ချင် ဘာလုပ်ချင်ချင် လိုချင်တဲ့ Service တွေအားလုံးကို Happy Trip က ဖြည့်ဆည်းပေးမှာပါ။

🔹Tickets 🔹Car Rental 🔹Hotel Booking 🔹Tour Package
တစ်နေရာထဲမှာ ဝန်ဆောင်မှုအားလုံးကို အပြည့်အဝရနိုင်မည့် တရားဝင်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း။
Viber - +959 96564 9999 နှင့် ယခုပေ့ချ် မက်စင်ချာကို ယခုပဲဆက်သွယ်စုံစမ်းလိုက်ပါ

Address


Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+66929525652

Alerts

Be the first to know and let us send you an email when Happy trip - Bangkok, Thailand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Happy trip - Bangkok, Thailand:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share