Hello Mandalay Travel and Tour

  • Home
  • Hello Mandalay Travel and Tour

Hello Mandalay Travel and Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hello Mandalay Travel and Tour, Travel Company, .

03/10/2022
ကျိုက်သလ္လန်စေတီ (မော်လမြိုင်)ကျိုက်သလ္လန်ဟူသော ဘွဲ့အမည်မှာ တည်ထားသော အရပ်ဌာန ကိုအစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။စေတီတည်ထား...
31/08/2022

ကျိုက်သလ္လန်စေတီ (မော်လမြိုင်)

ကျိုက်သလ္လန်ဟူသော ဘွဲ့အမည်မှာ တည်ထားသော အရပ်ဌာန ကိုအစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။
စေတီတည်ထားရာ နာဂဝီသတောင်သည် တစ်ခေတ်တစ်ခါက ပင်လယ်ကမ်းစပ်ဖြစ်ခဲ့ပြီး မဟာသမုဒ္ဒရာရေတို့ ခမ်းခြောက်လာသည့်အခါ ပင်လယ်ကမ်းစပ်မှ ကော၍ တောင်တန်းအဖြစ် ကျွင်းကျန်တည်ရှိခဲ့တာဖြစ်ပါတယ်။
သိုပါ၍လည်း ကမ်းပျက်၍ ကျွင်းကျန်ရာ တောင်ထက်တွင် တည်ထားသော စေတီကို ကမ်းပျက်ဘုရား မွန်ဘာသာဖြင့် ကျိုသလ္လန်ဟု ဘွဲ့အမည်တွင်ခဲ့တာဖြစ်ပါတယ်။
သာသနာသက္ကရာဇ် (၁၅၇)ခုနှစ်တွင် ရမ္မာဝတီမြို့သစ်ကို ရာမညရာဇာ ထူထောင်စိုးစံပြီး သာသနာသက္ကရာဇ် (၁၆၁)ခုနှစ်တွင် သားတော်မွတ်ပိရာဇာ နန်းတတ်ခဲ့ပါတယ်။ မွတ်ပိရာဇာ လက်ထက်တွင် မွတ်လအိတောင်မှ ကပ္ပရသေ့ပေးအပ်သော ဘုရားရှင်၏ ဆံတော်ဓါတ်က်ု ရမ္မာဝတီမြို့ထိပ် နာဂဝီသတောင်ထက်တွင် စေတီတည်ထားခဲ့ပေရာ ကျိုက်သလ္လန်ဘွဲ့အမည်ဖြင့်ထင်ရှားခဲ့ပါတယ်။ ထိုစေတီကိုပင် သာသနာသက္ကရာဇ် (၂၃၆) ခုနှစ်တွင် သုဝဏ္ဏဘုမ္မိတိုင်းနိုင်ငံမှ စူဠသီရိမာသောကဘုရင် ပြန်လည်ထားတော်မူပြီး ဘုရားရှင်၏ သွားတော်ဓါတ်ကို ထပ်မံဌာပနာပြုခဲ့ပါတယ်။ သိုပါ၍လည်း ကျိုက်သလ္လန်စေတီတော်သည် ဘုရားရှင်၏ ဆံတောင်နှင့်သွားတော်ဓါတ်တို့ ကိန်းဝပ်ရာ စေတီတော်မြတ်တစ်ဆူဖြစ်ကြောင်းကိုသိရှိရပါတယ်။
ယခုဖူးတွေ့ရသော ကျိုသလ္လန်စေတီမှာ ဖိနပ်တော်(၄၅၀)ပေ၊ ညဏ်တော်(၁၇၄)ပေအမြင့်ရှိပြီး ကောဇာသက္ကရာဇ် (၁၁၉၁)ခုနှစ်တွင် စစ်ကဲမောင်ထော်လေးမှ ပျိုကျပျက်စီးနေသော စေတီတော်ကို အသစ်တဖန်ပြန်လည်တည်ထားခဲ့တာ ဖြစ်ပါတယ်။
ကောဇာသက္ကရာဇ် (၁၁၉၂)ခုနှစ်တွင် ထီးတော်ကို အပြီးသတ်တင်ဆောင်နိုင်ခဲ့ပြီး စိန်ဖူးတော်အထိ ညဏ်တော်ပေ(၂၀၀) မြင့်သည်ဟုသိရပါတယ်။
လေးစားစွာဖြင့်
ကိုချစ်ထွေး
(မော်လမြိုင်)

Address


Website

Alerts

Be the first to know and let us send you an email when Hello Mandalay Travel and Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share