한국생활 에피소드 - Episodes of Korean Life

  • Home
  • 한국생활 에피소드 - Episodes of Korean Life

한국생활 에피소드 - Episodes of Korean Life 가벼운 발걸음 🦋

📣📣( 2025 GKS-G guidelines လေးထွက်လာလို့ မနှစ်က ရေးပေးခဲ့ဖူးတဲ့ post လေးကို updated info လေးတွေပြန်ပြင်ပြီး sharing လုပ်ပ...
03/02/2025

📣📣( 2025 GKS-G guidelines လေးထွက်လာလို့ မနှစ်က ရေးပေးခဲ့ဖူးတဲ့ post လေးကို updated info လေးတွေပြန်ပြင်ပြီး sharing လုပ်ပေးပါမယ်နော်။) 📣📣

🇰🇷ကိုရီးယားကို လာဖို့ ခေါင်းအစ ခြေအဆုံး စားရိတ်ငြိမ်း စကော်လာဆိုရင် GKS ပါပဲ အစိုးရကပေးတဲ့ စကော်လာဖြစ်လို့ Visa ကိစ္စဆိုလဲ ဒီဖက် government ကပို့ပေးတဲ့ invitation letter တစ်စောင်နဲ့ ကိစ္စပြတ်ပါတယ်။ ခေါင်းအစ ခြေအဆုံးဆိုတဲ့အတိုင်း ရသွားပြီးလို့ မြန်မာသံရုံးက Visa ကြေးကအစ ဒီရောက်ပြီး Visa သက်တမ်းတိုးတာတွေထိ free ပါ။ လေယာဉ်ခ အသွားအပြန်၊ ကျောင်းလခ၊ နေထိုင်စားရိတ် အစအဆုံး အိမ်ကပြန်တောင်းစရာမလိုအောင် ထောက်ပံ့ပါတယ်။ (အသုံးကြမ်းလို့ပြန်တောင်းရရင်တော့ မသိဘူးပေါ့နော်)

🇰🇷 ဂျပန်တို့ ကိုရီးယားတို့က ဘာသာစကားမှာ foreigners တွေကို လိုက်မညှိပေးပါဘူး ကိုယ်ကသူတို့ဆီသွားတာဖြစ်တဲ့အတွက် သူတို့ စကားကို ကိုယ်က လိုက်သင်ပြီး နေနိုင်မှ ပိုနေပျော်ပါတယ်။ GKS ရဲ့ ကောင်းတဲ့ အချက်က language program တစ်နှစ် support ပေးတာပါ။ တစ်နှစ်အတွင်း စိတ်ပါပါနဲ့ လေ့လာရင် ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သွားပါတယ်။ တချို့က ဒီတစ်နှစ်ကို အချိန်ပုပ်တယ် ထင်နိုင်ပေမဲ့ ချာလီကတော့ ခုနေခဲ့တဲ့ ၃ နှစ်မှာ ဘာသာစကားတက်ခဲ့ရတဲ့ ပထမတစ်နှစ်ကိုအပျော်ခဲ့ဆုံးပါ။

🇰🇷 GKS က တစ်နှစ်ကို ၂ ကြိမ် undergraduate အတွက် တစ်ခါ graduate programs အတွက်တစ်ခါ ၂ ခါခေါ်ပါတယ်။ ချာလီက Master အတွက်ရခဲ့တာဆိုတော့ Graduate program တွက်ဦးတည်ပြီးပဲပြောလိုက်မယ်နော်။ အရင်အပတ်က 2024 Graduate program အတွက် Guidelines ထွက်ပါတယ်။ ဒီနှစ် မြန်မာ အတွက်
Embassy track Quota 17 ယောက်နဲ့ University track အတွက် 61 ယောက်တောင်ပေးပါတယ် guidelines သေချာဖတ်ပြီး ပြင်လို့ရပါပြီ။ အရင်နှစ်တွေထက် အပြောင်းအလဲလေးတွေ နည်းနည်းရှိတာမို့ guidelines သေချာလေးဖတ်သင့်ပါတယ်။

1️⃣ What is GKS ?
Global Korea Scholarship ပါ Korea မှာ ရှိတဲ့ NIIED ဆိုတဲ့ organization ကတစ်ဆင့် Korea Governmentက နိုင်ငံတကာက ကျောင်းသားတွေအတွက် Undergraduate & Graduate programs အတွက်ပေးတဲ့ Fully funded Scholarship ပါ ...🍀🍀

2️⃣ How many tracks & what are they ?
ဒီ Scholar ကိုလျှောက်မယ် ဆို University track ( တက္ကသိုလ် တိုက်ရိုက်လျှောက်တာ) နဲ့ Embassy track (သံရုံးက လျှောက်တာ ဆိုပြီး လမ်းကြောင်း ၂ ခုရှိပါမယ် ချာလီက university track နဲ့လျှောက်ခဲ့တာပါ ...🍀🍀
Track တစ်ခုစီမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီရှိပါတယ် guidelines သေချာဖတ်ပြီး ကိုယ်နဲ့ကိုက်မယ်ထင်တာရွေးချယ်ပါ။
ဒီနှစ် မြန်မာအတွက် Quota က
- Embassy track 15 ဦး
- University track 42 ဦးပါ။

ချာလီလျှောက်တုန်းက R&D program မရှိခဲ့ပါဘူး။ မနှစ်ကစပြီးပါလာပြီးတော့ total အယောက် ၁၀၀ ခေါ်ခဲ့ပါတယ်။ ဒီနှစ်မှာ အယောက် ၃၀၀ ခေါ်မှာပါ ဘယ်နိုင်ငံ ဘယ် နှစ်ယောက် သတ်မှတ်ထားတာမျိုးမရှိတာကြောင့် chance များပါတယ်။ ဒီ program အတွက် သတ်မှတ်ထားတဲ့ ကျောင်းနဲ့ မေဂျာတွေကိုတော့ guidelines မှာသေချာဖတ်ပေးပါ။ Science & Engineering major သမားတွေ ဒီ R&D အောက်ကလျှောက်ရင် chance ပိုများနိုင်ပါတယ်။

3️⃣ About language program

Topik level 5 or 6 ရှိမထားတဲ့လူတိုင်း both master & PhD candidates အကုန် language program တစ်နှစ်တက်ရမှာဖြစ်ပါတယ်။ TOPIK ရှိပြီးသားလူတွေကတော့ တစ်ခါတည်း Master or PhD အတန်းတက်ရောက်ရမှာပါ။

4️⃣ What are the requirements ?
✔️Academic Transcript ( GPA ကောင်းဖို့လိုပါတယ်)
✔️Personal Statement (ကိုယ့်ကို တစ်ခါမှမမြင်ဖူးတဲ့ လူတစ်ယောက် က ကိုယ့် ကို scholar ပေးချင်လာအောင်ရေးရမှာမို့ impression ရအောင် ကိုယ့် skills တွေကို သေသေချာချာရေးပြသင့်ပါတယ်)
✔️Statement of Purpose ( ကိုယ်ရွေးတဲ့ မေဂျာရဲ့ goal of study တွေ study plan တွေရေးရမှာပါ ဒီမှာလဲ ကိုယ့် ရဲ့ aim ကို ပေါ်လွင်အောင်ရေးပြပြီး ဘယ်လို ပြန် apply လုပ်မလဲ ရေးပြသင့်ပါတယ်)
✔️Letters of Recommendations (final year thesis Supervisor ရယ် ကိုယ်နဲ့ ရင်းနှီးတာကြာပြီဖြစ်တဲ့ ကိုယ်နဲ့ရင်းနှီးတဲ့ဆရာမ တွေဆီကတောင်းသင့်ပါတယ်)
✔️Certificates of Language Proficiency/ Publications/ Awards (ဒါက optional ပါ ကျောင်း အလိုက် လိုတာ မလိုတာ ကွာနိုင်ပါတယ် ပါခဲ့ရင်တော့ ကိုယ့် application ပိုပြီး strong ဖြစ်တာပေါ့နော်)
Guidelines မှာလဲ အသေးစိတ်ဖော်ပြထားပါတယ် သေချာဖတ်ကြည့်ပါ ( ချာလီ လျှောက်တုန်းက language certificates အတွက်အမှတ်ပိုပေးတာမျိုးမရှိပေမဲ့ ခုနှစ် guidelines မှာ 10% ပိုပေးမယ်လို့ပါလာပါတယ်)

5️⃣References & websites
✔️ https://www.studyinkorea.go.kr
(Study in Korea | run by Korean Government ဒီ ထဲ ဝင်ကြည့်ရင် လိုအပ်တာ အကုန် ရှိပါတယ်) GKS guidelines ဟာ သေချာသာဖတ်မယ်ဆိုရင် အတော်ကိုပြည့်စုံပြီးသားပါ အပြန်အပြန်အလှန်လှန်ဖတ်ပြီး သေချာပြင်ဆင်သင့်ပါတယ်။

✔️ https://www.facebook.com/groups/218840618574476/?ref=share (ဒီ group က GKS လျှောက်ကြတဲ့ international က ကျောင်းသားတွေ ဖွဲ့ထားတဲ့ group ပါ )

နောက်ဆုံးအနေနဲ့ သံရုံး seal ကိစ္စက အရှေ့နှစ်တွေက မြန်မာတွေအတွက် seal မပါပဲ အရင်လျှောက်လို့ရခဲ့ပြီး first round အောင်ပြီးတဲ့အခါမှ သံရုံးမှာလုပ်ပေးခဲ့ပါတယ်။ ခုနှစ်အတွက်တော့ သေချာမပြောတတ်သေးပါဘူး။

အားလုံး ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းပေါ် ကို အခက်ခဲ မရှိ အဆင်ပြေပြေ လျှောက်လှမ်းနိုင်ကြပါစေနော် ...🍀❣️
မရှင်းတာရှိရင်လဲ ထပ်မေးထားပါ အားတဲ့ခါဖြေပေးထားပါမယ် ...🍀🍀

12/05/2024

PAF 2025 လျှောက်ဖို့ online application လျှောက်နည်းလေး လာမေးကြလို့ ချာလီ video လေးလုပ်ပြီးရှင်းပြပေးထားပါတယ်။ Deadline က May 31 ဆိုတော့ ခုတည်းက ပြင်စရာရှိတာတွေ ပြင်ထားကြပါနော်။ Good luck guys for your dreams ~ 🫶🏻🍀

https://www.facebook.com/share/p/ustM5Z1oXcoHxcds/?mibextid=WC7FNe

📣📣2025 POSCO Asia Fellowship- Graduate School Scholarship for STEM Fields📣📣 안녕 여러분 ~~ဒီနေ့ မင်မင် မြန်မာက လူတွေနဲ့ နည်းန...
01/05/2024

📣📣2025 POSCO Asia Fellowship- Graduate School Scholarship for STEM Fields📣📣

안녕 여러분 ~~
ဒီနေ့ မင်မင် မြန်မာက လူတွေနဲ့ နည်းနည်းစိမ်းတဲ့ ကိုရီးယားမှာ ဘွဲ့လွန်တက်ခွင့်ရမဲ့ POSCO company ကပေးတဲ့ full scholarship အကြောင်း sharing လုပ်ပေးပါမယ်။
မင်မင်က PhD တက်ဖို့အတွက် 2024 POSCO Asia Fellowship အတွက်ရွေးချယ်ခံခဲ့ရပါတယ်။

ဒီ Scholarship က ကိုရီးယားမှာ ဘွဲ့လွန် Master&PhD တက်ရောက်ဖို့ STEM fields ကအာရှနိုင်ငံသား တစ်နှစ်ကို ကျောင်းသား အယောက် ၅၀ ကိုပေးတာပါ။ 2024 အတွက် မြန်မာနိုင်ငံက 3 ယောက်ရွေးချယ်ခံခဲ့ရပါတယ်။

ဒီ Scholarship ရဲ့ ထူးခြားချက်က Scholar သပ်သပ် ကျောင်းဝင်ခွင့် သပ်သပ် လျှောက်ရတာပါ။ လျှောက်ခွင့်ရှိတဲ့ ကျောင်း ၉ ကျောင်း သတ်မှတ်ပေးထားပါတယ်။ ပြီးတော့ Scholar ရပြီးသွားရင် ရတဲ့နှစ်ရဲ့ semester 2 ခုလုံးကို try ခွင့်ရှိပါတယ်။ ဥပမာ 2025 အတွက်ဆိုရင် scholarship ရပြီး 2025 spring semester မှာကျောင်းဝင်ခွင့်မရလိုက်ဘူးဆိုရင် 2025 fall semester ကိုထပ်လျှောက်လို့ရပါတယ်။ မင်မင့်တုန်းက Scholar result ထွက်တဲ့ချိန်မှာ ရွေးထားတဲ့ ၃ ကျောင်းမှာ ၂ ကျောင်းက admission ပိတ်သွားလို့ မလျှောက်လိုက်ရပါဘူး။ ကျန်သေးတဲ့ တစ်ကျောင်းက professor နဲ့ အဆင်မပြေဖြစ်သွားလို့ 2024 spring semester intake ကိုမတက်ဖြစ်လိုက်ဘူးပေါ့နော်။ ခု fall အတွက်လျှောက်ထားပြီးကျောင်းဝင်ခွင့်အတွက်စောင့်နေတာပါ။ ထီတော့ပေါက်ထားပြီ လက်မှတ်က ရှာနေတုန်းဆိုသလိုပေါ့။ 😅

1- Eligibility & Requirements
- [ ] Bachelor or Master degree ပြီးထားပြီး အာရှနိုင်ငံသားဖြစ်ရပါမယ်။
- [ ] သူသတ်မှတ်ပေးထားတဲ့ ကျောင်း ၉ ကျောင်း မှာ 2025 spring or fall semester တက်ရောက်ချင်သူဖြစ်ရပါမယ်။
- [ ] မနှစ်က English Proficiency မတောင်းပေမဲ့ ဒီနှစ် Announcement မှာပါလာပါတယ်။ အောက်က table မှာကြည့်ပါ လိုအပ်တဲ့ scores ကို
- [ ] Minimum GPA: 2.7 out of 4.0 (=2.87 out of 4.3, 3.0 out of 4.5, 82.9 out of 100)

2- Benefits
Full tuition fee & living expenses ထောက်ပံ့ပေးပါတယ်။ Details အောက်က link နဲ့ table မှာကြည့်ပါ။

3- How to apply?
https://postf.recruiter.co.kr
ဒီ website မှာ application submit လုပ်ပေးရမှာပါ။

4- Application Timeline (Korean Time)
• Application Submission: May 1st ~ 31st (UTC+9) 23:59, 2024
• 1st Result Announcement* (interview candidates to be notified): End of July
• Interview*: 1Week August
• Final Result Announcement*: End of August
* Tentative ONLY

※ Note
- Applicants need to apply separately to their desired universities.
- Applicants can select up to three universities below, which is in alphabetical order and does not denote any ranking or preference.
1) Ewha Womans University(이화여자대학교
2) Hanyang University, Seoul(한양대학교 서울캠퍼스)
3) KAIST(한국과학기술원)
4) Korea University, Seoul(고려대학교 서울캠퍼스)
5) Kyung Hee University(경희대학교)
6) POSTECH(포항공과대학교)
7) Seoul National University(서울대학교)
8)Sungkyunkwan University(성균관대학교
9) Yonsei University, Seoul(연세대학교 신촌캠퍼스)
- If the Certificate of Admission (COA) is not submitted before the semester starts, the fellowship may be canceled.

လျှောက်ခွင့်ရှိတဲ့ ကျောင်း ၉ ကျောင်းက ကိုရီးယားရဲ့ top ကျောင်းတွေပါ။ competitive တော့အတော်ဖြစ်ပါတယ်။ semester ၂ ခုလုံး ဝင်ခွင့်မရခဲ့ရင် scholarship cancel ဖြစ်မှာပါ။

May လအကုန်ထိ လျှောက်ပြီးရင် July လအကုန်လောက်မှာ interview လေ့ရှိပါတယ်။ အဲ့အချိန်ကျရင် interview အတွေ့အကြုံထပ် sharing လုပ်ပေးပါမယ်။

( https://www.postf.org/en )

( https://postf.recruiter.co.kr/app/jobnotice/view?systemKindCode=MRS2&jobnoticeSn=176210 ) ဒီ link တွေမှာ အသေးစိတ်ဝင်ကြည့်ပြီး သေချာပြင်ဆင်ကြပါ။ Top Ranking ကျောင်းတွေမှာ full scholarship နဲ့ တက်ရောက်ခွင့်ရမှာမို့ အားလုံးပဲ သေချာပြင်ဆင်ပြီး အိပ်မက်တွေဆီ အရောက်လှမ်းနိုင်ကြပါစေနော်။ Good luck 🍀

🔈Good news 🔈ဒီနှစ် 2024 GKS- G သမားတွေ သံရုံး seal မပါသေးလည်းလျှောက်လို့ရပါတယ်တဲ့နော်။ သံရုံး seal ကတော်တော် ခေါင်းစားရတ...
06/03/2024

🔈Good news 🔈
ဒီနှစ် 2024 GKS- G သမားတွေ သံရုံး seal မပါသေးလည်းလျှောက်လို့ရပါတယ်တဲ့နော်။ သံရုံး seal ကတော်တော် ခေါင်းစားရတဲ့အပိုင်းပါ။
ပြီးတော့ Insta မှာ gksmentors acc ကို follow လေးလုပ်ထားကြပါ အဲ့ acc မှာ တင်ပေးထားတဲ့ Q&A တွေနဲ့ Tips လေးတွေ တကယ်အဆင်ပြေပါတယ်။

📣📣📣ဒီနေ့ တော်တော်များများ မသိကြသေးတဲ့ ဒီနှစ်မှ announce လုပ်တဲ့ GKS ရဲ့ new program K-GKS scholarship အကြောင်းပြောပြပေးမ...
25/02/2024

📣📣📣
ဒီနေ့ တော်တော်များများ မသိကြသေးတဲ့ ဒီနှစ်မှ announce လုပ်တဲ့ GKS ရဲ့ new program
K-GKS scholarship အကြောင်းပြောပြပေးမယ်နော်။ 📣📣📣

1- Program Objectives

ဒီ program ရဲ့ ရည်ရွယ်ချက်က ကိုရီးယား Gyeongsanbuk-do လို့ ခေါ်တဲ့ပြည်နယ်မှာ ရှိတဲ့ ကျောင်း ၄ ကျောင်းကို Science and Engineering field က ကျောင်းသား တစ်ကျောင်းကို ၁၀ ယောက်နှုန်းနဲ့ total 40 ခေါ်မှာပါ။ ဘွဲ့ရပြီးနောက် အဲ့မြို့နယ်မှာ၃ နှစ် reside လုပ်ပြီး အလုပ်လုပ်ရမှာပါ။ နောက်ပိုင်း PR အတွက် အခွင့်အရေးကောင်းလို့မြင်ပါတယ်။ ခု ကိုရီးယာမှာကြုံနေရတဲ့ ပြသနာက ကလေးမွေးဖွားနှုန်းကျပြီး လူဦးရေအရမ်းနည်းလာတာပါ။ ပြီးတော့ ကကြီးလူငယ် အများစုကလည်း ဆိုးလ်မှာပဲ အလုပ်လုပ် အခြေချကြတော့ နယ်ဖက်မှာ reside လုပ်ပြီး အလုပ်လုပ်မဲ့ လူအင်းအားလိုအပ်နေပါတယ်။ အာ့ကြောင့် နောက်ပိုင်း ဒီလို program တွေ လုပ်လာပါတယ်။ ဒီ Program က ကကြီးမှာ ကျောင်းတက်ဖူးသူ ဘွဲ့ရဖူးသူတွေ လျှောက်လို့မရပါဘူး။ နောက်ပိုင်း GKS က လူသစ်တွေပဲ ခေါ်ဖို့ plan ရှိပုံရပါတယ်။ မြန်မာကလူတွေ chance များပါတယ်။ try ကြည့်ကြပါ။

2- Programs & Universities

GKS နဲ့တူတူပါပဲ
1 year language program + 2 years Master’s or 3 years PhD ပါ။

ကျောင်းလေးကျောင်းကတော့
1- Kumoh National Institute of Technology ( https://rb.gy/5snjl1 )
2- Andong National University ( https://rb.gy/ozpd5i )
3- Daegu University ( https://rb.gy/2ejaic )
4- Pohang University of Science and Technology ( https://adm-g.postech.ac.kr/ )
Link တွေ သေချာရှာထည့်ပေးထားပါတယ်။ သေချာဖတ်ကြည့်ပြီး apply လုပ်ကြပါ။
တစ်ကျောင်းစီတွက် Quota 10 ယောက်ပါ။
[ Only for Science and Engineering fields ]

3- Eligibility
- အသက် ၄၀ မကျော်ရပါ
- ကိုရီးယားမှာဘွဲ့ရဖူးသူ၊ GKS ရဖူးသူ၊ ကကြီး Uni မှာ final year တက်နေသူမဖြစ်ရပါ။
- CGPA 80% or above, 2.91/4.5 or 3.23/5 (eg. ပြောပြတာပါ guidelines မှာသေချာပြန်ဖတ်ပါ။)

4- Documents to submit

ဖတ်ကြည့်သလောက် GKS နဲ့အားလုံးနီးပါးတူပါတယ်။ details ကိုတော့ ကျောင်း အလိုက်သေချာပြန်ရှာဖတ်ဖို့လိုပါမယ်။

5- Scholarship Benefits
ဒါလည်း GKS နဲ့တူတူပါပဲ
- Airfare
- Full tution fees
- Living allowance
Language program- 1,175,000 KRW/month
Degree Program- 1,308,000 KRW/month

ဘယ်မြို့ ဘယ်ကျောင်းမှာ မှ တက်မယ်ဆိုပြီး အစွဲ မရှိရင် လျှောက်ကြည့်ဖို့ အကြံပေးပါတယ်။ ခုချိန်အားလုံးက မြန်မာကနေ ထွက်ချင်နေကြတာဆိုတော့ ၁ ယောက်လေးပဲဖြစ်ဖြစ် အရာရာအဆင်ပြေ safe ဖြစ်တဲ့ plan လေးနဲ့ရောက်လာပါစေဆိုတဲ့ စေတနာနဲ့ ရှာဖွေရေးပေးထားပါတယ်။ လျှောက်ဖို့ကတော့ ယောရောဘွန်းတို့အပိုင်းပါ။ ထီမထိုးရင် ထီမပေါက်ပါဘူး ယုံကြည်ချက်ရှိရှိ try ကြည့်ကြပါလို့။

အရာရာ အဆင်ပြေကြပါစေနော်။ 🍀🫶🏻

Myanmar မှာရှိတဲ့ Private University တွေကနေ ဘွဲ့ရပြီး GKS လျှောက်တဲ့ ခါ apostille ဘယ်လိုလုပ်ရသလဲမသိဖြစ်နေတဲ့လူတွေ များနေ...
22/02/2024

Myanmar မှာရှိတဲ့ Private University တွေကနေ ဘွဲ့ရပြီး GKS လျှောက်တဲ့ ခါ apostille ဘယ်လိုလုပ်ရသလဲမသိဖြစ်နေတဲ့လူတွေ များနေလို့ 2022 GKS-G R&D program နဲ့ လာခဲ့တဲ့ ညီမYee Mon က အဆင့်ဆင့် ပြောပြပေးထားတာလေးပါ။

( https://m.facebook.com/ye.mon.792197?mibextid=LQQJ4d အဲ့ညီမလေး Acc ပါ ထပ်သိချင်တာရှိရင်မေးလို့ရအောင်ပါ။)

မြန်မာမှာ ရှိတဲ့ private university တွေကနေ ဘွဲ့ရထားရင် အခြား အစိုးရ တက္ကသိုလ်တွေက ဘွဲ့ရတဲ့ ကျောင်းသားတွေလို Notary ပြန် MOFA ထု သံရုံးတံဆိပ်ရိုက်လို့ မရပါဘူး။
မြန်မာမှာ ရှိတဲ့ private တော်တော်များများက UKက ကျောင်းတွေpartnership ဖြစ်နေတာကော ကိုယ်တိုင် ယူထားတဲ့ဘွဲ့ကလည်း UKက ဖြစ်နေတာကြောင့် ခု ပြောပြမယ့် processက UK apostille အတွက်ပါ။

https://www.gov.uk/get-document-legalised

အပေါ်က linkထဲကို သွားလိုက်ရင် ဘယ်လို documents တွေကို apostille လုပ်လို့ရတယ် ဘာတွေ လိုအပ်တယ် costက ဘယ်လောက်ကျတယ် အထိ အသေးစိတ် ဖော်ပြထားပါတယ်။

1️⃣Degree certificate နဲ့ transcript ကို apostille လုပ်မယ်ဆိုရင် original (သို့) photo copyကို လုပ်မှာလားဆိုပြီး ရှိပါတယ် apostille လုပ်ပြီးသွားတာကို paperနဲ့ ယူမှာလား e-apostille လားဆိုပြီးလည်း ရွေးလို့ရပါတယ်။

2️⃣ apostille မလုပ်ခင်မှာ သူတို့ဆီက ရှေ့နေရဲ့ လက်မှတ်လိုပါတယ် (ဒီမှာ Mofaမထုခင် ရှေ့နေ့က true copy ဖြစ်ကြောင်း လက်မှတ်ထိုးပေးသလို) ရှေ့နေ့ရဲ့ information နဲ့ sign လိုအပ်ပါတယ်။

3️⃣ ကိုယ့် document မှာ ရှေ့နေ့ လက်မှတ်မရှိသေးရင်လည်း ခနက အပေါ်က linkထဲမှာ ရှေ့နေ့ပါ ရှာပြီး service အပ်လို့ရပါတယ်။

4️⃣ ရှေ့နေရှာနေရတဲ့ processတွေ ရှုပ်လို့ ပြီးတော့ ကိုယ်က ပုံမှန် တစ်ပတ်ဆယ်ရက်ကို မစောင့်နိုင်လို့ အမြန်ရချင်တယ်ဆိုရင် next-day service providers တွေ third-party service providers တွေဆီ serviceအပ်လို့ ရပါတယ်။ အဲ့ဒီ service providers တွေ listအထိ အပေါ်က linkထဲမှာ ဖော်ပြထားပါတယ်။

5️⃣ ကိုယ့် experienceကို ပြောပြပါဆိုရင် service providers listထဲက websiteတွေ ကို ဝင်ကြည့်ပြီး reviewကောင်းတဲ့ providerဆီ အမြန် service အပ်လိုက်ပါတယ်။ သူတို့ဘာသာ photo copyလုပ် ရှေ့နေ့ signထိုး apostille လုပ်ပြီး မြန်မာအထိ hard copiesပြန်ပို့ပါတယ်။
အားလုံး အပြီးအစီး ငါးရက်ဝန်းကျင်ပဲ ကြာပါတယ်။
Degree certificate နဲ့ transcript ကို mailနဲ့ပဲ ပို့လိုက်တာပါ။
⚠️စျေးကတော့ အတော်များပါတယ်။

‼️ဒါပေမယ့် ကိုယ့်တုန်းကတော့ ကိုယ်လျှောက်ချင်တဲ့ university က first round ကို seal မပါဘဲ လက်ခံတယ်ဆိုလို့လျှောက်ပြီး second round အောင်တဲ့ချိန် scholarship ရဖို့ 70%လောက် သေချာမှ apostille လုပ်ခဲ့ပါတယ်။ (အခု ငွေစျေးနဲ့ဆို degree certificate နဲ့ transcript ပဲ apostille လုပ်တာတောင် အတော်အကုန်အကျ များသွားလို့ပါ)

ငွေအကုန်အကျ ခံနိုင်ရင် first round ထဲက apostille တင်ပြီး မဟုတ်ရင် ကိုယ့်လို tryကြည့်ကြပါ။ အားလုံး အဆင်ပြေကြပါစေ။

မင်မင် ထပ်တိုး ပြောရရင် မြန်မာက ကျောင်းတွေက ဘွဲ့ရထားသူအားလုံးလည်း GKS လျှောက်မယ်ဆို Notary, MOFA, Embassy Seal တွေ ခုတည်းက ပြင်ထားသင့်ပါတယ်နော်။ ခုသိရသလောက် သံရုံး seal အတွက်က booking အရမ်းခက်တယ်ပြောကြတော့ first round မှာ မပို့နိုင်သေးရင် ကိုယ်လျှောက်မဲ့ ကျောင်းကို လှမ်း request လုပ်ထားသင့်ပါတယ်။ ကျောင်းတော်တော်များများက first round အထိတော့လက်ခံပေးကြပါတယ်။ ပထမအဆင့်အောင်ပြီးသွားရင်တော့ ပေးကိုပေးရပါတယ်။ ခုတည်းက သံရုံး booking ယူထားတာ အကောင်းဆုံးပါ။
Required documents တွေကတော့
1- Degree Certificates ဘွဲ့လက်မှတ်
2- Transcripts အမှတ်စာရင်း
3- မိဘ ၂ ယောက် မှတ်ပုံတင်
4- မိမိ မှတ်ပုံတင်
5- အိမ်ထောင်စုဇယား
ဒီဟာတွေ အဓိက လိုအပ်ပါတယ်။

5- အိမ်ထောင်စုဇယား
အဓိကလိုတာတွေကတော့ ဒီဟာတွေပါ။

Accommodations for International Students in South Korea ကကြီးရောက်လာပြီးရင် နေစရာအတွက် ရွေးချယ်စရာ ၂ ခု ရှိပါတယ်။ပထမ တစ...
14/02/2024

Accommodations for International Students in South Korea

ကကြီးရောက်လာပြီးရင် နေစရာအတွက် ရွေးချယ်စရာ ၂ ခု ရှိပါတယ်။

ပထမ တစ်ခုက ကျောင်းထဲမှာရှိတဲ့ 기숙사 ( Dormitory ) မှာနေတာပါ။ GKS scholar နဲ့လာတဲ့ ကျောင်းသားတွေက TOPIK 3 မရခင်ထိ ကျောင်း အဆောင်မှာပဲနေရပါတယ်။ မိမိပိုက်ဆံနဲ့ Language program နဲ့လာကြတဲ့ ကျောင်းသားတွေကိုလည်း ကျောင်းအများစုက ပထမ ၃ လ သို့မဟုတ် ၆ လအထိ ကျောင်းအဆောင်မှာနေရမယ်ဆိုတဲ့ စည်းကမ်းချက်ရှိတတ်ပါတယ်။ ကျောင်းအဆောင်တွေက ၂ ယောက်ခန်း ၃ ယောက်ခန်း ဆိုပြီးရှိကြပါတယ်။ အဆောင်လခ ကတော့ ၂ သိန်း ကနေ ၃ သိန်း ဝန်းကျင်ထိ ရှိတတ်ပါတယ်။ အဆောင်ခ အတိအကျကိုတော့ ကိုယ်တက်မဲ့ ကျောင်းရဲ့ website မှာ ဝင်ကြည့်ြကပါ။ International ကျောင်းသားတွေနေတဲ့ ကျောင်းဆောင်အများစုက ဘုံသုံး Kitchen ပါပါတယ်။ ကျောင်းဆောင်နေတာရဲ့ ကောင်းကျိုးကတော့ အဆောင်ခပေးပြီးရင် ရေဖိုး၊ မီးဖိုး၊ Gas ဖိုးတွေတွက် ပူစရာမလိုတာရယ် ကျောင်းဝန်းထဲမှာရှိတဲ့အတွက်ကြောင့် အတန်းတက်ဖို့သွားရလာရ နီးတာ စရောက်ရောက်ချင်း သူငယ်ချင်းရဖို့ လွယ်တာတွေပါ။ ဒါပေမဲ့ ကျောင်းဆောင်တွေက အဆောင်ပိတ်ချိန်ရှိတာ၊ အပြင်မှာထွက်အိပ်ချင်တဲ့အခါ ခွင့်တိုင်ရတာ၊ မီးဖိုချောင်မျှသုံးရတာတွေတော့ရှိပါတယ်။

ဒုတိယ တစ်ခုကတော့ 원롬 ( one room ) လို့ခေါ်တဲ့ တစ်ယောက်ခန်းလေးတွေ ကျောင်းနားပတ်ဝန်းကျင်မှာ ငှါးနေတာပါ။ ဒီအခန်းလေးတွေငှါးနေရင်တော့ စပေါ်ငွေ ၁၀ သိန်း၊ သိန်း ၂၀ စသည်ဖြင့် စပေါ်တင်ရပါတယ်။ အခန်းပြန်အပ်တဲ့အခါကျ ပြန်ရပါတယ်။ ကိုယ်နေမဲ့ မြို့
ပေါ်မူတည်ပြီး အခန်းခစျေးတွေ ကွာခြားမှုရှိပါမယ်။ ဆိုးလ် မြို့ပေါ်ကအခန်းတွေကတော့ အရမ်းကျဉ်းပြီး စျေးကြီးပါတယ်။ တစ်လကို ဝမ် ၄ သိန်းလောက်က စရှိတတ်ပါတယ်။ ဆိုးလ် မဟုတ်တဲ့ တခြားမြို့က အခန်းခတွေကတော့ ဝမ် ၂ သိန်းခွဲလောက်ကစပြီး ဝမ် သုံး လေးသိန်း ထိ ရှိပါတယ်။ ရေဖိုး၊ မီးဖိုး သပ်သပ်ဆောင်ရတဲ့ အိမ်တွေလည်းရှိသလို အိမ်လခထဲ တစ်ခါတည်းပါပြီးသားအခန်းတွေလည်းရှိပါတယ်။ ခုနောက်ပိုင်းလာတဲ့ မြန်မာကလေးတွေ တစ်ခန်းကို ၂ ယောက် ၃ ယောက် share နေကြတာ တွေ့ပါတယ်။ ကိုယ်နဲ့ အဆင်ပြေတဲ့လူရှိလို့ share နေကြရင် အိမ်စားရိတ် အတော်သက်သာပါမယ်။ 원롬 အခန်းတွေကိုတော့ ဒီရောက်ပြီးမှ 부동산 လို့ခေါ်တဲ့ real estate တွေသွားပြီး ကိုယ့်စိတ်ကြိုက်လိုက်ကြည့်ပြီး ငှါးနေတာ ပိုအဆင်ပြေပါတယ်။ Application တွေကနေ ကြည့်လို့ရပေမဲ့ ပုံထဲနဲ့ တကယ့်အပြင်က တော်တော်လေးကွာတာမို့ အပြင်မှာ လိုက်ကြည့်ပြီးငှါးတာက ပိုအဆင်ပြေပါတယ်။ မလာခင် ကိုယ်နေမဲ့ ပတ်ဝန်းကျင်က အခန်းစျေးလေးတွေ ပုံစံလေးတွေ သိချင်ရင် 직방 ဆိုတဲ့ App လေးမှာ ကြိုပြီးဝင်ကြည့်ထားလို့ရပါတယ်။ https://apps.apple.com/app/id503098735

ချာလီ့အနေနဲ့အကြံပေးရရင်တော့ ပထမဆုံး ၃ လကနေ ၆ လကို ကျောင်းကအဆောင်မှာအရင်နေကြည့်ပြီး ပတ်ဝန်းကျင်နဲ့ နေသားကျလာပြီ သူငယ်ချင်းလေးတွေ ရလာပြီးဆိုမှ အပြင်မှာ ထွက်နေသင့်တယ်လို့ မြင်တယ်ပေါ့နော်။

ကိုရီးယားကို လာဖို့ ခေါင်းအစ ခြေအဆုံး စားရိတ်ငြိမ်း စကော်လာဆိုရင် GKS ပါပဲ အစိုးရကပေးတဲ့ စကော်လာဖြစ်လို့ Visa ကိစ္စဆိုလဲ...
12/02/2024

ကိုရီးယားကို လာဖို့ ခေါင်းအစ ခြေအဆုံး စားရိတ်ငြိမ်း စကော်လာဆိုရင် GKS ပါပဲ အစိုးရကပေးတဲ့ စကော်လာဖြစ်လို့ Visa ကိစ္စဆိုလဲ ဒီဖက် government ကပို့ပေးတဲ့ invitation letter တစ်စောင်နဲ့ ကိစ္စပြတ်ပါတယ်။ ခေါင်းအစ ခြေအဆုံးဆိုတဲ့အတိုင်း ရသွားပြီးလို့ မြန်မာသံရုံးက Visa ကြေးကအစ ဒီရောက်ပြီး Visa သက်တမ်းတိုးတာတွေထိ free ပါ။ လေယာဉ်ခ အသွားအပြန်၊ ကျောင်းလခ၊ နေထိုင်စားရိတ် အစအဆုံး အိမ်ကပြန်တောင်းစရာမလိုအောင် ထောက်ပံ့ပါတယ်။ (အသုံးကြမ်းလို့ပြန်တောင်းရရင်တော့ မသိဘူးပေါ့နော်)

ဂျပန်တို့ ကိုရီးယားတို့က ဘာသာစကားမှာ foreigners တွေကို လိုက်မညှိပေးပါဘူး ကိုယ်ကသူတို့ဆီသွားတာဖြစ်တဲ့အတွက် သူတို့ စကားကို ကိုယ်က လိုက်သင်ပြီး နေနိုင်မှ ပိုနေပျော်ပါတယ်။ GKS ရဲ့ ကောင်းတဲ့ အချက်က language program တစ်နှစ် support ပေးတာပါ။ တစ်နှစ်အတွင်း စိတ်ပါပါနဲ့ လေ့လာရင် ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သွားပါတယ်။ တချို့က ဒီတစ်နှစ်ကို အချိန်ပုပ်တယ် ထင်နိုင်ပေမဲ့ ချာလီကတော့ ခုနေခဲ့တဲ့ ၃ နှစ်မှာ ဘာသာစကားတက်ခဲ့ရတဲ့ ပထမတစ်နှစ်ကိုအပျော်ခဲ့ဆုံးပါ။

GKS က တစ်နှစ်ကို ၂ ကြိမ် undergraduate အတွက် တစ်ခါ graduate programs အတွက်တစ်ခါ ၂ ခါခေါ်ပါတယ်။ ချာလီက Master အတွက်ရခဲ့တာဆိုတော့ Graduate program တွက်ဦးတည်ပြီးပဲပြောလိုက်မယ်နော်။ အရင်အပတ်က 2024 Graduate program အတွက် Guidelines ထွက်ပါတယ်။ ဒီနှစ် မြန်မာ အတွက်
Embassy track Quota 17 ယောက်နဲ့ University track အတွက် 61 ယောက်တောင်ပေးပါတယ် guidelines သေချာဖတ်ပြီး ပြင်လို့ရပါပြီ။ အရင်နှစ်တွေထက် အပြောင်းအလဲလေးတွေ နည်းနည်းရှိတာမို့ guidelines သေချာလေးဖတ်သင့်ပါတယ်။

1️⃣ What is GKS ?
Global Korea Scholarship ပါ Korea မှာ ရှိတဲ့ NIIED ဆိုတဲ့ organization က နိုင်ငံတကာက ကျောင်းသားတွေအတွက် Undergraduate & Graduate programs အတွက်ပေးတဲ့ Fully funded Scholarship ပါ ...🍀🍀
https://www.facebook.com/101745031516018/posts/122315592792295/

2️⃣ How many tracks & what are they ?
ဒီ Scholar ကိုလျှောက်မယ် ဆို University track ( တက္ကသိုလ် တိုက်ရိုက်လျှောက်တာ) နဲ့ Embassy track (သံရုံးက လျှောက်တာ ဆိုပြီး လမ်းကြောင်း ၂ ခုရှိပါမယ် ချာလီက university track နဲ့လျှောက်ခဲ့တာပါ ...🍀🍀
❇️For university track
https://www.facebook.com/101745031516018/posts/123726519317869/
❇️ For Embassy track
https://www.facebook.com/101745031516018/posts/124219885935199/

ချာလီလျှောက်တုန်းက R&D program မရှိခဲ့ပါဘူး။ မနှစ်ကစပြီးပါလာပြီးတော့ total အယောက် ၁၀၀ ခေါ်ခဲ့ပါတယ်။ ဒီနှစ်မှာ အယောက် ၃၀၀ ခေါ်မှာပါ ဘယ်နိုင်ငံ ဘယ် နှစ်ယောက် သတ်မှတ်ထားတာမျိုးမရှိတာကြောင့် chance များပါတယ်။ ဒီ program အတွက် သတ်မှတ်ထားတဲ့ ကျောင်းနဲ့ မေဂျာတွေကိုတော့ guidelines မှာသေချာဖတ်ပေးပါ။

3️⃣ About language program

Topik level 5 or 6 ရှိမထားတဲ့လူတိုင်း both master & PhD candidates အကုန် language program တစ်နှစ်တက်ရမှာဖြစ်ပါတယ်။ TOPIK ရှိပြီးသားလူတွေကတော့ တစ်ခါတည်း Master or PhD အတန်းတက်ရောက်ရမှာပါ။

4️⃣ What are the requirements ?
✔️Academic Transcript ( GPA ကောင်းဖို့လိုပါတယ်)
✔️Personal Statement (ကိုယ့်ကို တစ်ခါမှမမြင်ဖူးတဲ့ လူတစ်ယောက် က ကိုယ့် ကို scholar ပေးချင်လာအောင်ရေးရမှာမို့ impression ရအောင် ကိုယ့် skills တွေကို သေသေချာချာရေးပြသင့်ပါတယ်)
✔️Statement of Purpose ( ကိုယ်ရွေးတဲ့ မေဂျာရဲ့ goal of study တွေ study plan တွေရေးရမှာပါ ဒီမှာလဲ ကိုယ့် ရဲ့ aim ကို ပေါ်လွင်အောင်ရေးပြပြီး ဘယ်လို ပြန် apply လုပ်မလဲ ရေးပြသင့်ပါတယ်)
✔️Letters of Recommendations (final year thesis Supervisor ရယ် ကိုယ်နဲ့ ရင်းနှီးတာကြာပြီဖြစ်တဲ့ ကိုယ်နဲ့ရင်းနှီးတဲ့ဆရာမ တွေဆီကတောင်းသင့်ပါတယ်)
✔️Certificates of Language Proficiency/ Publications/ Awards (ဒါက optional ပါ ကျောင်း အလိုက် လိုတာ မလိုတာ ကွာနိုင်ပါတယ် ပါခဲ့ရင်တော့ ကိုယ့် application ပိုပြီး strong ဖြစ်တာပေါ့နော်)
Guidelines မှာလဲ အသေးစိတ်ဖော်ပြထားပါတယ် သေချာဖတ်ကြည့်ပါ ( ချာလီ လျှောက်တုန်းက language certificates အတွက်အမှတ်ပိုပေးတာမျိုးမရှိပေမဲ့ ခုနှစ် guidelines မှာ 10% ပိုပေးမယ်လို့ပါလာပါတယ်)
https://www.facebook.com/101745031516018/posts/122621039428417/

5️⃣References & websites
✔️ https://www.studyinkorea.go.kr
(Study in Korea | run by Korean Government ဒီ ထဲ ဝင်ကြည့်ရင် လိုအပ်တာ အကုန် ရှိပါတယ်)

✔️ https://m.facebook.com/story.php?story_fbid=510593206372612&id=146073719491231 ( 2019 Doctoral program ရဲ့ successful candidate အစ်မ Aein Mon ရဲ့ sharing post လေးပါ တော်တော်ပြည့်စုံပါတယ်)
✔️ https://www.facebook.com/Caffe-Latte-101745031516018/ (Caffe Latte page မှာလဲ ဝင်လေ့လာကြည့်ပါ တော်တော်ပြည့်ပြည့်စုံစုံရှင်းပြထားပါတယ်)
✔️ https://www.facebook.com/groups/218840618574476/?ref=share (ဒီ group က GKS လျှောက်ကြတဲ့ international က ကျောင်းသားတွေ ဖွဲ့ထားတဲ့ group ပါ )

အားလုံး ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းပေါ် ကို အခက်ခဲ မရှိ အဆင်ပြေပြေ လျှောက်လှမ်းနိုင်ကြပါစေနော် ...🍀❣️
မရှင်းတာရှိရင်လဲ ထပ်မေးထားပါ အားတဲ့ခါဖြေပေးထားမယ် ...🍀🍀
ယူသုံး ထားတဲ့ post တွေ page တွေအားလုံး ရဲ့ ပိုင်ရှင်တွေကို credit ပေးပါတယ်နော် ...❣️❣️
🍀

Address


Website

Alerts

Be the first to know and let us send you an email when 한국생활 에피소드 - Episodes of Korean Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share