NextStep Travel and Tourism

NextStep Travel and Tourism မြန်မာလူမျိုးများလွတ်လပ်စွာခရီးသွားနိုင်ရမည်။
Global Visa Services Let me help you take the next step in your global adventure!

Having traveled to numerous countries and experienced diverse cultures, I understand firsthand the excitement and challenges of traveling abroad. My passion for travel and my commitment to helping others navigate their immigration journeys drive me to provide personalized, reliable service to every client.

🇰🇿 Kazakhstan ဗီဇာလျှောက်ရင် လိုတဲ့ LOI ဆိုတာ ဘာလဲ? ကိုယ့်ဘာသာ လျှောက်လို့ရောရလား?———————————————————————ယူအေအီးကနေ Cent...
16/09/2026

🇰🇿 Kazakhstan ဗီဇာလျှောက်ရင် လိုတဲ့ LOI ဆိုတာ ဘာလဲ? ကိုယ့်ဘာသာ လျှောက်လို့ရောရလား?
———————————————————————
ယူအေအီးကနေ Central Asia ရဲ့ သဘာဝရှုခင်းတွေကို သွားကြည့်ချင်လို့ Kazakhstan ခရီးစဉ် ပြင်တော့မယ်ဆိုရင် မြန်မာ Passport ကိုင်ထားသူတွေအတွက် LOI ဆိုတဲ့ စာရွက်တစ်ရွက် မဖြစ်မနေ လိုအပ်ပါတယ်။

LOI နဲ့ Visa ဘာကွာတာလဲ?

LOI (Letter of Invitation): LOI ဆိုတာ မိမိဘာသာ တိုက်ရိုက် လျှောက်လို့မရပါဘူး။ Kazakhstan မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ Local Agency ကနေ စပွန်ဆာ (Sponsor) ပေးပြီး အစိုးရ ဌာနထံ လျှောက်ထားပေးမှ အစိုးရက ထုတ်ပေးတဲ့ "ဖိတ်ခေါ်စာ" ဖြစ်ပါတယ်။
ဒီ LOI အတည်ပြုချက် ကျလာတော့မှ ဗီဇာ ဆက်လျှောက်လို့ရတာပါ (LOI ရဲ့ သက်တမ်းက ရက်ပေါင်း ၉၀ အထိ ရပါတယ်)။

Visa: LOI ရလာပြီဆိုရင်တော့ နိုင်ငံထဲ ဝင်ရောက်ဖို့ e-Visa ကို ဆက်လျှောက်ရတာပါ (Visa ရဲ့ နေထိုင်ခွင့် သက်တမ်းကတော့ ရက်ပေါင်း ၃၀ ပါ)။

LOI ရဖို့ Kazakhstan ဒေသခံ အေဂျင်စီနဲ့ ချိတ်ဆက်တာရော၊ အစိုးရဆီက ဗီဇာ လျှောက်တာပါ သီးသန့်စီ လုပ်နေရရင် အချိန်လည်း ကုန်၊ အဆင့်ဆင့် အလုပ်ရှုပ်နိုင်ပါတယ်။

ဒါကြောင့် 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 မှာ LOI+ Visa ရရှိသည်အထိ တစ်နေရာတည်းမှာ အပြီးအစီး ဆောင်ရွက်ပေးမယ့် One-Stop Service စီစဉ်ပေးထားပါတယ်။

စာရွက်စာတမ်း အရှုပ်အရှင်းတွေ လုံးဝ ခေါင်းစားမခံဘဲ Kazakhstan ခရီးစဉ်ကို အဆင်ပြေပြေ ထွက်ချင်တယ်ဆိုရင် 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ရဲ့ 𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 ကို အခုပဲ လှမ်းခဲ့တော့နော်။ 💬
———————————————————————
𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 — +𝟗𝟕𝟏 𝟓𝟐 𝟐𝟑𝟎 𝟕𝟑𝟒𝟏
𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 — (𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 သို့ စာပို့ရန်)
𝐎𝐟𝐟𝐢𝐜𝐞 — 𝐑𝐨𝐨𝐦 𝟑𝟖, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫, 𝐈𝐁𝐈𝐒 𝐇𝐨𝐭𝐞𝐥 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫, 𝐀𝐥 𝐑𝐢𝐠𝐠𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐃𝐮𝐛𝐚𝐢
𝐃𝐚𝐲𝐬 — 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲 | 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟕:𝟎𝟎 𝐏𝐌

🏔️ဒူဘိုင်းကနေ ၄ နာရီကျော်လောက် ပျံသန်းရုံနဲ့ နှင်းတောင်ရှုခင်းတွေနဲ့ စိမ်းပြာရောင် ရေကန်ကြီးတွေဆီ အပန်းဖြေနိုင်မယ့် Tash...
15/09/2026

🏔️ဒူဘိုင်းကနေ ၄ နာရီကျော်လောက် ပျံသန်းရုံနဲ့ နှင်းတောင်ရှုခင်းတွေနဲ့ စိမ်းပြာရောင် ရေကန်ကြီးတွေဆီ အပန်းဖြေနိုင်မယ့် Tashkent (Uzbekistan) ခရီးစဉ် ! 🇺🇿
———————————————————————
Central Asia ရဲ့ ရှေးဟောင်း Silk Road အငွေ့အသက်တွေအပြင် Amirsoy တောင်တန်းကြီးရဲ့ သဘာဝလေကောင်းလေသန့်ကို အပြည့်အဝ ခံစားနိုင်မယ့် Tashkent (၄ ညအိပ် ၅ ရက်) Land Package
———————————————————————

Tashkent မြို့တွင်း သမိုင်းဝင်နေရာတွေရော၊ သဘာဝတောင်ပေါ်ရှုခင်းတွေပါ အစုံအလင် လည်ပတ်နိုင်မယ့် ဒီခရီးစဉ်ကို အေးအေးဆေးဆေး စိတ်ချလက်ချ အပ်နှံနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

ဒီ ၅ ရက်တာမှာ ဘာတွေ ပါဝင်မလဲဆိုရင်

-တာရှကန့်မြို့ရှိ 4-Star Hotel မှာ မနက်စာအပါ (၄) ည အပြည့် တည်းခိုခွင့်

-ရှုခင်းအရမ်းလှတဲ့ Amirsoy Mountain တောင်ပေါ်ခရီးစဉ်နဲ့ စိမ်းပြာရောင် Charvak Lake ဆီ အလည်ခရီး

- သမိုင်းဝင် Khast Imam Complex၊ Barak-Khan Madrasah၊ Amir Timur Square နဲ့ စည်ကားတဲ့ Chorsu Bazaar မြို့တွင်းလည်ပတ်ခွင့်

- လေဆိပ် အကြို/အပို့နဲ့ ခရီးစဉ်တစ်လျှောက် သွားလာရေး ကားအကုန်လုံး အင်္ဂလိပ်စကားပြော Driver

- Travel Insurance (ခရီးသွားအာမခံ) ပါ အပြီးအစီး ⚠️

ဒီ Package ဟာ Land Package သီးသန့်ဖြစ်တာကြောင့် အသွားအပြန် လေယာဉ်လက်မှတ် (Return / Onward Tickets) နဲ့ visa on arrival fee မပါဝင်ပါဘူး။

-လက်မှတ်ကို ကိုယ့်စိတ်ကြိုက် လွတ်လပ်စွာ ဝယ်ယူနိုင်သလို၊ NextStep ကနေ အဆင်ပြေဆုံး လက်မှတ်ကို လည်း ကူညီရှာဖွေ booking လုပ်ပေးပါတယ်။
ခရီးစဉ်အသေးစိတ်ကို 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ရဲ့ 𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 မှာ အခုပဲ လာရောက် မေးမြန်းတိုင်ပင်နိုင်ပါပြီခင်ဗျာ။ 💬———————————————————————
𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 — +𝟗𝟕𝟏 𝟓𝟐 𝟐𝟑𝟎 𝟕𝟑𝟒𝟏𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 — (𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 သို့ စာပို့ရန်)𝐎𝐟𝐟𝐢𝐜𝐞 — 𝐑𝐨𝐨𝐦 𝟑𝟖, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫, 𝐈𝐁𝐈𝐒 𝐇𝐨𝐭𝐞𝐥 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫, 𝐀𝐥 𝐑𝐢𝐠𝐠𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐃𝐮𝐛𝐚𝐢𝐃𝐚𝐲𝐬 — 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲 | 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟏𝟎:𝟎𝟎𝐏𝐌

🇦🇪 ယူအေအီးကို Visit Visa နဲ့ လာဖို့ စဉ်းစားနေရင် (၃၀) ရက် ဗီဇာ လျှောက်မလား၊ (၆၀) ရက် ဗီဇာ လျှောက်ရမလား——————————————————...
15/09/2026

🇦🇪 ယူအေအီးကို Visit Visa နဲ့ လာဖို့ စဉ်းစားနေရင် (၃၀) ရက် ဗီဇာ လျှောက်မလား၊ (၆၀) ရက် ဗီဇာ လျှောက်ရမလား
———————————————————————
မြန်မာပြည်က မိဘဆွေမျိုးတွေကို အလည်ခေါ်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင် အလုပ်လာရှာဖို့ပဲဖြစ်ဖြစ် Visit Visa လျှောက်တော့မယ်ဆိုရင် လူတော်တော်များများက ကုန်ကျစရိတ် သက်သာမယ်ထင်ပြီး (၃၀) ရက် ဗီဇာကိုပဲ အရင် ရွေးတတ်ကြပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့... ယူအေအီးကို ရောက်လာပြီးမှ အလုပ်အင်တာဗျူးတွေ စောင့်ရတာ၊ ကိစ္စမပြီးပြတ်လို့ ရက်တိုးရတာမျိုး ဖြစ်လာရင် (၃၀) ရက်ဗီဇာကနေ သက်တမ်းထပ်တိုးရတဲ့ စရိတ်က မူလကတည်းက (၆၀) ရက် ဗီဇာ တစ်ခါတည်း ယူတာထက် အများကြီး ပိုကုန်ကျတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ခရီးစဉ်ရည်ရွယ်ချက်က ရက်တို အလည်အပတ် သက်သက် မဟုတ်ဘူးဆိုရင် အစကတည်းက (၆၀) ရက် ဗီဇာကို ရွေးချယ်တာက အချိန်ရော ငွေကြေးပါ ပိုပြီး သက်သာစေမှာပါ။

𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦 မှာဆိုရင်တော့ —

ကိုယ်နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် (၃၀) ရက် , (၆၀) ရက် Visit Visa တွေကို စာရွက်စာတမ်း အမှားအယွင်း မရှိစေဘဲ အမြန်ဆုံး စိစစ် လျှောက်ထားပေးနေပါတယ်။

ဗီဇာကိစ္စ ဘာမှ ခေါင်းမရှုပ်ရဘဲ စိတ်အေးချမ်းသာစွာနဲ့ အဆင်ပြေချောမွေ့အောင် အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးတာမို့ 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ရဲ့ 𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 ကို အခုပဲ လာရောက် တိုင်ပင်ဆွေးနွေးလိုက်ပါနော်။ 💬
———————————————————————
𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 — +𝟗𝟕𝟏 𝟓𝟐 𝟐𝟑𝟎 𝟕𝟑𝟒𝟏
𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 — (𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 သို့ စာပို့ရန်)
𝐎𝐟𝐟𝐢𝐜𝐞 — 𝐑𝐨𝐨𝐦 𝟑𝟖, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫, 𝐈𝐁𝐈𝐒 𝐇𝐨𝐭𝐞𝐥 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫, 𝐀𝐥 𝐑𝐢𝐠𝐠𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐃𝐮𝐛𝐚𝐢
𝐃𝐚𝐲𝐬 — 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲 | 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟕:𝟎𝟎 𝐏𝐌

[ 𝟏,𝟑𝟓𝟎 𝐀𝐄𝐃 ] တည်းနဲ့ Visit Visa သက်တမ်းတိုးပြီး ဒူဘိုင်းဗီဇာ (𝐃𝐮𝐛𝐚𝐢 𝐕𝐢𝐬𝐚) အသစ် ပြန်ယူကြစို့!———————————————————————လက်ရ...
14/09/2026

[ 𝟏,𝟑𝟓𝟎 𝐀𝐄𝐃 ] တည်းနဲ့ Visit Visa သက်တမ်းတိုးပြီး ဒူဘိုင်းဗီဇာ (𝐃𝐮𝐛𝐚𝐢 𝐕𝐢𝐬𝐚) အသစ် ပြန်ယူကြစို့!

———————————————————————

လက်ရှိ Visit Visa သက်တမ်းကုန်တော့မလို့ Dubai visit ဗီဇာအသစ် ဆက်တိုးချင်ပေမယ့် လေယာဉ်စရိတ်တွေ များနေလို့ စဉ်းစားနေပါသလား?

ငွေအများကြီး အကုန်အကျမခံချင်သူတွေအတွက် အဆင်အပြေဆုံးနဲ့ စရိတ်အသက်သာဆုံးဖြစ်မယ့် 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ရဲ့ 𝐁𝟐𝐁 (𝐁𝐮𝐬-𝐭𝐨-𝐁𝐮𝐬) 𝐕𝐢𝐬𝐚 𝐑𝐮𝐧 အစီအစဉ်က အဆင်သင့်ရှိနေပါတယ်ဗျာ။ အဓိက အားသာချက်ကတော့ ဗီဇာလဲပြီးတာနဲ့ ဒူဘိုင်းဗီဇာ (𝐃𝐮𝐛𝐚𝐢 visit 𝐕𝐢𝐬𝐚) အသစ်ကိုသာ သီးသန့် ပြန်ရမှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ် [ 𝟏,𝟑𝟓𝟎 𝐀𝐄𝐃 ] အပြီးအစီးထဲနဲ့ အောက်ပါ ဝန်ဆောင်မှုတွေ အစအဆုံး ပါဝင်မှာပါနော်။

ဗီဇာလဲခရီးစဉ်တွင် အစအဆုံး ပါဝင်မှုများ:

🚌 Transport — အသွားအပြန် စီးနင်းရ သက်တောင့်သက်သာရှိမယ့် ဘတ်စ်ကားလက်မှတ်။

🛂 Visas — Oman (၁၀) ရက် Visa နှင့် UAE ရက် (၆၀) Visit Visa (Dubai)။

📝 Border Fees — နယ်စပ်ဖြတ်သန်းခများအားလုံး အပြီးအစီး။

🛏️ Accommodation — အိုမန်တွင် ခေတ္တတည်းခိုရန် သန့်ရှင်းသပ်ရပ်သော Bed Space (1 Day)။

အပိုကုန်ကျစရိတ် လုံးဝ ထပ်ပေးစရာမလိုဘဲ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေတာမို့ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်ဗျ။

ငွေပေးချေမှုကိုလည်း 𝐂𝐚𝐬𝐡, 𝐁𝐚𝐧𝐤 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫 သို့မဟုတ် အရစ်ကျစနစ် (𝐈𝐧𝐬𝐭𝐚𝐥𝐥𝐦𝐞𝐧𝐭 𝐏𝐥𝐚𝐧) ဖြင့် အေးအေးဆေးဆေး ခွဲပြီး ပေးချေနိုင်ပါတယ်နော်။

Overstay ဒဏ်ကြေးတွေ မတက်လာခင် ကိုယ့်အတွက် အတန်ဆုံးလမ်းကြောင်းကို ရွေးချယ်ပြီး 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ဆီကို အခုပဲ လှမ်းဆက်သွယ်လိုက်ပါဗျာ။ 📲

———————————————————————

𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦
𝐖𝐡𝐚𝐭𝐬𝐀𝐩ps — +𝟗𝟕𝟏 𝟓𝟐 𝟐𝟑𝟎 𝟕𝟑𝟒𝟏
𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 — (𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 သို့ စာပို့ရန်)
𝐎𝐟𝐟𝐢𝐜𝐞 — 𝐑𝐨𝐨𝐦 𝟑𝟖, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫, 𝐈𝐁𝐈𝐒 𝐇𝐨𝐭𝐞𝐥 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫, 𝐀𝐥 𝐑𝐢𝐠𝐠𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐃𝐮𝐛𝐚𝐢
𝐃𝐚𝐲𝐬 — 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐅𝐫𝐢𝐝𝐚𝐲 | 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
𝐖𝐞𝐞𝐤𝐞𝐧𝐝𝐬 — 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 & 𝐒𝐮𝐧𝐝𝐚𝐲 | 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟕:𝟎𝟎 𝐏𝐌

#𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩𝐓𝐫𝐚𝐯𝐞𝐥 #𝐁𝟐𝐁𝐕𝐢𝐬𝐚𝐂𝐡𝐚𝐧𝐠𝐞 #𝐃𝐮𝐛𝐚𝐢𝐕𝐢𝐬𝐚 #𝐕𝐢𝐬𝐢𝐭𝐓𝐨𝐕𝐢𝐬𝐢𝐭 #𝐕𝐢𝐬𝐚𝐑𝐞𝐧𝐞𝐰𝐚𝐥 #𝐎𝐦𝐚𝐧𝐕𝐢𝐬𝐚𝐑𝐮𝐧 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐈𝐧𝐔𝐀𝐄 #𝐕𝐢𝐬𝐚𝐒𝐞𝐫𝐯𝐢𝐜𝐞 #𝐀𝐟𝐟𝐨𝐫𝐝𝐚𝐛𝐥𝐞𝐕𝐢𝐬𝐚

🌊 [ 190 AED ] တည်းနဲ့ ဒူဘိုင်းကနေ အသွားအပြန် ကားအကြိုအပို့ပါဝင်တဲ့ Fujairah Luxury Yacht (ရွက်လှေ) ခရီးစဉ်! 🛥️——————————...
10/09/2026

🌊 [ 190 AED ] တည်းနဲ့ ဒူဘိုင်းကနေ အသွားအပြန် ကားအကြိုအပို့ပါဝင်တဲ့ Fujairah Luxury Yacht (ရွက်လှေ) ခရီးစဉ်! 🛥️
———————————————————————
ပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့တိုင်းမှာ စိတ်အေးလက်အေး အနားယူချင်သူတွေအတွက် Fujairah က Dibba ပင်လယ်ပြင်မှာ ရွက်လှေ (Luxury Yacht) စီးရင်း အချိန်ဖြုန်းလို့ရမယ့် ခရီးစဉ်လေး လာပါပြီ။

ဒီခရီးစဉ်လေးက မနက် (၈:၀၀) နာရီ Welcome Drink နဲ့ စတင်မှာဖြစ်ပြီး နေ့လည် (၂:၃၀) နာရီအထိ ကြာမြင့်မှာဖြစ်လို့ (၅) နာရီတိတိ Yacht ပေါ်မှာ အပြည့်အဝ အနားယူနိုင်မှာပါ။

190 AED ထဲမှာ ဘာတွေ အပြီးအစီး ပါဝင်မလဲ
✅ Transportation: ဒူဘိုင်းကနေ အသွားအပြန် ကားအကြိုအပို့ (အခမဲ့) ပါဝင်ပါတယ်။
✅ Water Activities: ရေပေါ်ဆော့ကစားစရာတွေဖြစ်တဲ့ Banana Boat Ride၊ Speed Boat Ride၊ Kayaking (လှေလှော်ခြင်း)၊ ငါးမျှားခြင်း၊ ရေကူးခြင်းနဲ့ ရေအောက်ကြည့်မှန် (Snorkeling) အစုံအလင် ပါဝင်ပါတယ်။ လိုအပ်တဲ့ Life Jackets နဲ့ Snorkeling Kit တွေကိုလည်း အခမဲ့ သုံးစွဲနိုင်ပါတယ်။
✅ Food & Beverages: အစားအသောက်အတွက် Buffet နေ့လည်စာ (ကြက်သားဟင်း၊ ငါးကြော်၊ ဘီယာနီ၊ ခေါက်ဆွဲ၊ သစ်သီးစုံ အစရှိသည်) ကို သုံးဆောင်နိုင်ပါတယ်။ ဒါ့အပြင် ရေ၊ အချိုရည်၊ လက်ဖက်ရည်၊ ကော်ဖီနဲ့ သရေစာ (Snacks) တွေကိုလည်း လိုသလောက် (Unlimited) သောက်သုံးနိုင်ပါတယ်။
✅ Entertainment: Yacht ပေါ်မှာ Music System ပါဝင်ပြီး ကိုယ်နှစ်သက်ရာ သီချင်းတွေကိုလည်း USB/CD ကနေတစ်ဆင့် ဖွင့်နိုင်ပါတယ်။

⚠️ ခရီးသွားမယ့်သူများ ကြိုတင်သိထားရန် အချက်များ:
ခရီးစဉ်သွားမယ့်နေ့မှာ မူရင်း Passport သို့မဟုတ် Emirates ID ကို မဖြစ်မနေ ယူဆောင်လာရပါမယ်။
ရေကူးပြီးရင် လဲလှယ်ဝတ်ဆင်ဖို့ အဝတ်အစား အပို ယူဆောင်လာဖို့ အကြံပြုပါရစေ။
ခရီးစဉ်အတွင်း အရက်သေစာ သောက်စားခြင်းကို လုံးဝ (လုံးဝ) ခွင့်မပြုပါဘူး။
ရာသီဥတု အခြေအနေပေါ် မူတည်ပြီး ခရီးစဉ် အပြောင်းအလဲ ရှိနိုင်ပါတယ်။
တချို့ရက်များမှာ Yacht အစား dhow cruise နဲ့အစားထိုးနိုင်ပါတယ်။
ဒီလို အရာအားလုံး အပြီးအစီး ပါဝင်တဲ့ ခရီးစဉ်ကိုမှ 190 AED တည်းနဲ့ သွားလို့ရမှာမို့ နေရာမပြည့်ခင် 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ရဲ့ 𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 ကို အခုပဲ လှမ်းဆက်သွယ်လိုက်တော့နော်! 💬———————————————————————
𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩
— +𝟗𝟕𝟏 𝟓𝟐 𝟐𝟑𝟎 𝟕𝟑𝟒𝟏
𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 — (𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 သို့ စာပို့ရန်)
𝐎𝐟𝐟𝐢𝐜𝐞 — 𝐑𝐨𝐨𝐦 𝟑𝟖, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫, 𝐈𝐁𝐈𝐒 𝐇𝐨𝐭𝐞𝐥 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫, 𝐀𝐥 𝐑𝐢𝐠𝐠𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐃𝐮𝐛𝐚𝐢
𝐃𝐚𝐲𝐬 — 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲 | 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟕:𝟎𝟎 𝐏𝐌
NextStepTravel

✈️ သတင်းကောင်း!  MAI ရဲ့ ရန်ကုန် - ဒူဘိုင်း တိုက်ရိုက်လေယာဉ် (Direct Flight) တွေ မကြာခင်မှာ  ပြန်လည်ပြေးဆွဲတော့မှာ ဖြစ်ပ...
09/09/2026

✈️ သတင်းကောင်း! MAI ရဲ့ ရန်ကုန် - ဒူဘိုင်း တိုက်ရိုက်လေယာဉ် (Direct Flight) တွေ မကြာခင်မှာ ပြန်လည်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။ 🇲🇲🇦🇪
———————————————————————
အရင်က ရန်ကုန်ကနေ ဒူဘိုင်းကို လာမယ်ဆိုရင် ထိုင်း၊ မလေးရှား၊စင်ကာပူ စတဲ့ တခြားနိုင်ငံတွေမှာ လေယာဉ်ပြောင်းစီးဖို့ (Transit) နာရီချီ စောင့်ခဲ့ရပေမယ့်၊ အခုရန်ကုန်ကနေ ဒူဘိုင်းကို အချိန်တိုအတွင်း သက်တောင့်သက်သာ တိုက်ရိုက် လာလို့ရသွားပါပြီ။

လေယာဉ်ပြောင်းစီးရတဲ့ ဒုက္ခမရှိတော့တဲ့အတွက် အထူးသဖြင့် မြန်မာပြည်ကနေ လူကြီးမိဘတွေ၊ ကလေးငယ်တွေနဲ့ ခရီးသွားမယ့်သူတွေ၊ ခေါင်းမရှုပ်ချင်တဲ့ သူတွေအတွက် အရမ်းကို အဆင်ပြေသွားမယ့် သတင်းကောင်းလေးပဲ ဖြစ်ပါတယ်။

လာမယ့် ဆောင်းတွင်း ပိတ်ရက်တွေမှာ မြန်မာပြည်က မိသားစုတွေကို ဒူဘိုင်း အလည်ခေါ်ဖို့ စဉ်းစားနေတဲ့သူတွေ ကြိုတင်ပြင်ဆင်နိုင်အောင် ဗဟုသုတအနေနဲ့ သတင်းကောင်းပါး မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
———————————————————————
𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 — +𝟗𝟕𝟏 𝟓𝟐 𝟐𝟑𝟎 𝟕𝟑𝟒𝟏
𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 — (𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 သို့ စာပို့ရန်)
𝐎𝐟𝐟𝐢𝐜𝐞 — 𝐑𝐨𝐨𝐦 𝟑𝟖, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫, 𝐈𝐁𝐈𝐒 𝐇𝐨𝐭𝐞𝐥 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫, 𝐀𝐥 𝐑𝐢𝐠𝐠𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐃𝐮𝐛𝐚𝐢
𝐃𝐚𝐲𝐬 — 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲 | 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟕:𝟎𝟎 𝐏𝐌

𝐂𝐚𝐧𝐜𝐞𝐥𝐥𝐚𝐭𝐢𝐨𝐧 𝐕𝐢𝐬𝐚 ကနေ 𝐕𝐢𝐬𝐢𝐭 𝐕𝐢𝐬𝐚 ကို [ 𝟖𝟓𝟎 𝐀𝐄𝐃 ] တည်းနဲ့ အပြီးအစီး ပြောင်းကြမယ်!———————————————————————"အလုပ်ဗီဇာ Cancel...
09/09/2026

𝐂𝐚𝐧𝐜𝐞𝐥𝐥𝐚𝐭𝐢𝐨𝐧 𝐕𝐢𝐬𝐚 ကနေ 𝐕𝐢𝐬𝐢𝐭 𝐕𝐢𝐬𝐚 ကို [ 𝟖𝟓𝟎 𝐀𝐄𝐃 ] တည်းနဲ့ အပြီးအစီး ပြောင်းကြမယ်!
———————————————————————
"အလုပ်ဗီဇာ Cancel ဖြစ်သွားလို့ Overstay ဒဏ်ကြေးတွေ တက်လာမှာ စိတ်ပူနေပြီလား?"

ငွေအများကြီး အကုန်အကျမခံဘဲ စရိတ်သက်သက်သာသာနဲ့ ဗီဇာအသစ် လဲချင်တဲ့ မိတ်ဆွေတို့အတွက် 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 က အဆင်သင့်ရှိနေပါပြီ။

𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ရဲ့ 𝐁𝟐𝐁 (𝐁𝐮𝐬 𝐭𝐨 𝐁𝐨𝐫𝐝𝐞𝐫) အိုမန်နယ်စပ် ဗီဇာပြောင်းမယ့် အစီအစဉ်မှာ ဘာတွေ အားသာချက်ရှိမလဲ?

✅ 𝐀𝐥𝐥-𝐈𝐧𝐜𝐥𝐮𝐬𝐢𝐯𝐞 (အပြီးအစီး): အသွားအပြန် ဘတ်စ်ကားလက်မှတ်၊ အိုမန် (၁၀) ရက် ဗီဇာ၊ ယူအေအီး (၆၀) ရက် Visit Visa အပြင် နယ်စပ်ဖြတ်သန်းခတွေအားလုံး ၈၅၀ 𝐀𝐄𝐃 ထဲမှာ အကုန်အပြီးအစီး ပါဝင်ပါတယ်။

✅ 𝐍𝐨 𝐃𝐞𝐩𝐨𝐬𝐢𝐭 (စပေါ်ငွေ လုံးဝမလို): ဗီဇာအတွက် အပိုကုန်ကျစရိတ်နဲ့ Deposit လုံးဝ (လုံးဝ) ထပ်ပေးစရာမလိုဘဲ ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှု ရယူနိုင်ပါတယ်။

✅ 𝐑𝐞𝐥𝐢𝐚𝐛𝐢𝐥𝐢𝐭𝐲 (စိတ်ချရမှု): ဒူဘိုင်းရုံးခန်းကနေ အစအဆုံး တာဝန်ယူပေးမှာဖြစ်လို့ ဘာမှစိတ်ပူစရာမလိုဘဲ အမှားအယွင်းမရှိ အေးအေးဆေးဆေး သွားရောက်နိုင်ပါတယ်။

ငွေပေးချေရာမှာလည်း မိမိအဆင်ပြေရာ 𝐂𝐚𝐬𝐡 (ရုံးခန်းလူကိုယ်တိုင်လာရောက်ပေးချေမှု)၊ 𝐁𝐚𝐧𝐤 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫 သို့မဟုတ် 𝐓𝐚𝐦𝐚𝐫𝐚 အရစ်ကျစနစ် ဖြင့် အေးအေးဆေးဆေး ခွဲပြီး ပေးချေနိုင်ပါတယ်ဗျ။

ဒဏ်ကြေးတွေ မတက်ခင်၊ စိတ်ပူစရာတွေ မများခင် ရက်မကျော်ဘဲ ဗီဇာအသစ်ကို အမြန်ဆုံးပြောင်းထားဖို့ 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ဆီကို အခုပဲ လှမ်းဆက်သွယ်လိုက်ပါဗျာ။
———————————————————————
𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 — +𝟗𝟕𝟏 𝟓𝟐 𝟐𝟑𝟎 𝟕𝟑𝟒𝟏
𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 — (𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 သို့ စာပို့ရန်)
𝐎𝐟𝐟𝐢𝐜𝐞 — 𝐑𝐨𝐨𝐦 𝟑𝟖, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫, 𝐈𝐁𝐈𝐒 𝐇𝐨𝐭𝐞𝐥 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫, 𝐀𝐥 𝐑𝐢𝐠𝐠𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐃𝐮𝐛𝐚𝐢
𝐃𝐚𝐲𝐬 — 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲 | 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟕:𝟎𝟎 𝐏𝐌

🌿 September လက Salalah ကိုသွားဖို့ နောက်ဆုံးအချိန် ရောက်နေပြီဆိုတာ သိပြီးပြီလား? 🇴🇲🏃‍♂️———————————————————————Middle Eas...
09/09/2026

🌿 September လက Salalah ကိုသွားဖို့ နောက်ဆုံးအချိန် ရောက်နေပြီဆိုတာ သိပြီးပြီလား? 🇴🇲🏃‍♂️
———————————————————————
Middle East တစ်ခုလုံး ပူပြင်းနေတဲ့အချိန်မှာ အိုမန်နိုင်ငံက Salalah မြို့လေးကတော့ ရေတံခွန်တွေ၊ စိမ်းစိုနေတဲ့ တောင်တန်းတွေနဲ့ တကယ့်ကို ထူးခြားတဲ့ နေရာလေးပါ။

ဒီလို သဘာဝအလှတရားတွေကို အချိန်တိုင်း မြင်ရတာ မဟုတ်ပါဘူး။ "Khareef Season" လို့ခေါ်တဲ့ ဒီစိမ်းစိုတဲ့ ရာသီဥတုက September လကုန်တာနဲ့ အဆုံးသတ်သွားတော့မှာပါ။

October , November လဘက် ကူးသွားတာနဲ့ ဒီအစိမ်းရောင် တောင်တန်းတွေက တဖြည်းဖြည်း ခြောက်သွေ့သွားတော့မှာမို့၊ အခု September လက ဒီနှစ်အတွက် အလှဆုံး အချိန်တွေကို မြင်တွေ့ရမယ့် နောက်ဆုံး အခွင့်အရေးပါပဲ။

ဒီနှစ်အတွက် Salalah ရဲ့ အလှဆုံး နေရာတွေကို အချိန်တိုအတွင်း ပြည့်ပြည့်စုံစုံ လည်ပတ်နိုင်အောင် 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦 ကနေ Bus၊ ဟိုတယ်၊ ကားအကြိုအပို့ နဲ့ လည်ပတ်မယ့် နေရာ (Tours) တွေကို အပြီးအစီး စီစဉ်ပေးနေပါပြီ။

✅ 𝐏𝐚𝐜𝐤𝐚𝐠𝐞 𝐈𝐧𝐜𝐥𝐮𝐬𝐢𝐨𝐧𝐬 (အပြီးအစီး ဘာတွေပါမလဲ?)
• Salalah မှာ ဟိုတယ်တည်းခိုခွင့် (Samharam / Hamdan Plaza သို့မဟုတ် အလားတူ Standard Room)။ (ကျန်ညများမှာ ခရီးသွားနေမှာဖြစ်ပါတယ်။)
• UAE - OMAN - UAE အသွားအပြန် Luxury Bus ဖြင့် သက်တောင့်သက်သာ ပို့ဆောင်ပေးခြင်း။
• ခရီးသွားစဉ် စိတ်အေးရအောင် ခရီးသွားအာမခံ (Comprehensive Travel Insurance)။
•oman ဗီဇာ (Visa & Border Assistance)။
• Full Board Meals (ဟိုတယ် အစားအသောက်) နဲ့ နေ့စဉ်သောက်ရေသန့် (Daily Bottled Water)။
• တစ်လမ်းလုံး လိုလေသေးမရှိ ဂရုတစိုက် လိုက်ပါဆောင်ရွက်ပေးမည့် Full time Tour Manager။

ခရီးစဉ် ကုန်ကျစရိတ်ကိုလည်း တစ်ခါတည်း အကုန်ပေးစရာမလိုဘဲ Tabby သို့မဟုတ် Tamara သုံးပြီး အရစ်ကျ (Installments) အေးအေးဆေးဆေး ခွဲပေးလို့ရတော့ Budget အတွက်လည်း ခေါင်းစားစရာ မလိုတော့ဘူးပေါ့။

ဒီနှစ်အတွက် နောက်ဆုံး Khareef Season လေးကို မလွတ်သွားအောင် 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ရဲ့ 𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 ကို အခုပဲ အမြန်ဆုံး ဆက်သွယ်လိုက်တော့နော်! 💬
———————————————————————
𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 — +𝟗𝟕𝟏 𝟓𝟐 𝟐𝟑𝟎 𝟕𝟑𝟒𝟏
𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 — (𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 သို့ စာပို့ရန်)
𝐎𝐟𝐟𝐢𝐜𝐞 — 𝐑𝐨𝐨𝐦 𝟑𝟖, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫, 𝐈𝐁𝐈𝐒 𝐇𝐨𝐭𝐞𝐥 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫, 𝐀𝐥 𝐑𝐢𝐠𝐠𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐃𝐮𝐛𝐚𝐢
𝐃𝐚𝐲𝐬 — 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲 | 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟕:𝟎𝟎 𝐏𝐌

✈️ UAE Resident Visa ရှိရုံနဲ့ သွားလို့ရတဲ့ နိုင်ငံတွေအကြောင်း သိပြီးပြီလား?  🌍———————————————————————ယူအေအီး (UAE) မှာ ...
07/09/2026

✈️ UAE Resident Visa ရှိရုံနဲ့ သွားလို့ရတဲ့ နိုင်ငံတွေအကြောင်း သိပြီးပြီလား? 🌍
———————————————————————
ယူအေအီး (UAE) မှာ နေထိုင်ခွင့် Resident Visa ရှိထားတာက Georgia, Armenia, Azerbaijan, Maldives လို နိုင်ငံတွေကိုပါ အလွယ်တကူ ခရီးထွက်နိုင်ဖို့ အများကြီး အထောက်အကူပြုပါတယ်။

စာရွက်ပေါ်မှာ Visa-Free (သို့) Visa-on-Arrival လို့ ဆိုပေမယ့် လက်တွေ့ လေဆိပ်ရောက်တဲ့အခါ သိထားသင့်တဲ့ အချက်တွေကတော့ -

🇬🇪 Georgia နဲ့ 🇦🇲 Armenia:
UAE Resident တွေအတွက် Visa-Free or Visa on arrival ရတယ်ဆိုပေမယ့် လေဆိပ်ရောက်တဲ့အခါ လူဝင်မှုကြီးကြပ်ရေး (Immigration) ရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကပါ။ တချို့ Passport ကိုင်ဆောင်ထားသူတွေဆိုရင် UAE Resident Visa ရှိနေရင်တောင် လေဆိပ်ကနေ အဝင်မခံဘဲ လှည့်ပြန်ရတဲ့ (Rejection Rate) အရမ်းများပါတယ်။

🇺🇿 Uzbekistan နဲ့ 🇰🇬 Kyrgyzstan:
ဆောင်းတွင်းမှာ နှင်းတောင်တန်းတွေ သွားကြည့်ချင်သူတွေအတွက် အရမ်းသင့်တော်ပါတယ်။ UAE Resident တွေအတွက် E-Visa ဒါမှမဟုတ် Visa-Free အလွယ်တကူရနိုင်ပြီး Immigration ကလည်း ဝင်ရထွက်ရ ပိုလွယ်ကူပါတယ်။

🇦🇿 Azerbaijan:
UAE Resident တွေအတွက် Visa-on-Arrival အလွယ်တကူ ရပါတယ်။ ဒါပေမယ့် Emirates ID အပြင် မိမိရဲ့ UAE Visa Page ကိုပါ စာရွက် (Print) ထုတ်သွားဖို့ လိုပါတယ်။

🇲🇻 Maldives:
သူကတော့ ဘာ Passport ပဲကိုင်ထားကိုင်ထား အားလုံးအတွက် Visa-on-Arrival ပေးတာမို့ အေးအေးဆေးဆေးနဲ့ အလွယ်ကူဆုံး သွားလို့ရတဲ့ နိုင်ငံပါ။

💡 လေဆိပ်မှာ အလှည့်မခံရအောင် ဘယ်လို ကြိုတင်ပြင်ဆင်မလဲ?
Visa-Free နိုင်ငံပဲဖြစ်ဖြစ်၊ လေဆိပ်က Immigration ကနေ အဓိက တောင်းကြည့်တတ်တာ (၃) ခု ရှိပါတယ်။
၁။ အသွား/အပြန် လေယာဉ်လက်မှတ် (Confirmed Return Tickets)။
၂။ ခရီးစဉ်တစ်လျှောက်လုံးစာ တည်းခိုမယ့် ဟိုတယ် Booking။
၃။ လုံလောက်တဲ့ ငွေကြေး (Cash သို့မဟုတ် Credit Card) ပြသနိုင်မှု။

𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦 မှာဆိုရင်တော့ လေဆိပ်မှာ အခက်အခဲမဖြစ်အောင် Customer ရဲ့ Passport Nationality ကို အရင်ဆုံး သေချာစစ်ဆေးပြီးမှ အဆင်ပြေမယ့် ခရီးစဉ်ကို အကြံပြုပေးတာပါ။

ကျွန်တော်တို့ရဲ့ Group Tour Package တိုင်းကလည်း လေယာဉ်လက်မှတ်နဲ့ ဟိုတယ် အပြီးအစီး ပါဝင်ပြီးသားမို့ Immigration မှာ အလွယ်တကူ ပြသနိုင်ပြီး စိတ်အေးချမ်းသာစွာ သွားနိုင်ပါတယ်။

ကိုယ့် Passport နဲ့ ဘယ်နိုင်ငံတွေကို လွယ်လွယ်ကူကူ သွားလို့ရလဲ သိချင်တယ်ဆိုရင်တော့ 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ရဲ့ 𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 ကို အခုပဲ လာရောက် မေးမြန်းနိုင်ပါပြီ။
———————————————————————
𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 — +𝟗𝟕𝟏 𝟓𝟐 𝟐𝟑𝟎 𝟕𝟑𝟒𝟏
𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 — (𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 သို့ စာပို့ရန်)
𝐎𝐟𝐟𝐢𝐜𝐞 — 𝐑𝐨𝐨𝐦 𝟑𝟖, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫, 𝐈𝐁𝐈𝐒 𝐇𝐨𝐭𝐞𝐥 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫, 𝐀𝐥 𝐑𝐢𝐠𝐠𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐃𝐮𝐛𝐚𝐢
𝐃𝐚𝐲𝐬 — 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲 | 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟕:𝟎𝟎 𝐏𝐌

🎉 UK Visit Visa Approved 🇬🇧✨———————————————————————UK လို ဗီဇာမျိုးက Bank Statement ကအစ စာရွက်စာတမ်း ပြင်ဆင်ရတဲ့အပိုင်းမ...
06/09/2026

🎉 UK Visit Visa Approved 🇬🇧✨
———————————————————————
UK လို ဗီဇာမျိုးက Bank Statement ကအစ စာရွက်စာတမ်း ပြင်ဆင်ရတဲ့အပိုင်းမှာ အနည်းငယ် ရှုပ်ထွေးပြီး သေချာဖို့လိုပေမယ့်၊ လိုအပ်တဲ့ Document တွေကိုစနစ်တကျ အကောင်းဆုံး ပြင်ဆင် လျှောက်ထားပေးခဲ့လို့ အခုလို အတူတူ (၂) ယောက်လုံး ဗီဇာအောင်မြင်သွားတာ ဖြစ်ပါတယ်။

𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ရဲ့ ဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံပေးခဲ့တဲ့ Customer နှစ်ဦးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။ လန်ဒန်မြို့ကြီးမှာ ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

ကိုယ့်အနေနဲ့ ယူအေအီး (UAE) ကနေ UK, Europe ဒါမှမဟုတ် အခြား Third Country တွေကို အလည်အပတ်သွားဖို့ ဗီဇာလျှောက်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ အကြံပြုချက်တွေနဲ့ စာရွက်စာတမ်း ပြင်ဆင်ရမယ့် ကိစ္စတွေကို 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ကနေ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

ဗီဇာကိစ္စတွေအတွက် အသေးစိတ် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 ရဲ့ 𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 ကို အခုပဲ လာရောက်ဆက်သွယ်လိုက်ပါနော်။
———————————————————————
𝐍𝐞𝐱𝐭𝐒𝐭𝐞𝐩 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 — +𝟗𝟕𝟏 𝟓𝟐 𝟐𝟑𝟎 𝟕𝟑𝟒𝟏
𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 — (𝐏𝐚𝐠𝐞 𝐈𝐧𝐛𝐨𝐱 သို့ စာပို့ရန်)
𝐎𝐟𝐟𝐢𝐜𝐞 — 𝐑𝐨𝐨𝐦 𝟑𝟖, 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫, 𝐈𝐁𝐈𝐒 𝐇𝐨𝐭𝐞𝐥 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫, 𝐀𝐥 𝐑𝐢𝐠𝐠𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐃𝐮𝐛𝐚𝐢
𝐃𝐚𝐲𝐬 — 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲 | 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟕:𝟎𝟎 𝐏𝐌

Address

Dubai

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00

Alerts

Be the first to know and let us send you an email when NextStep Travel and Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NextStep Travel and Tourism:

Shortcuts

Share

Category