24/03/2026
ဒါနန်း - ဟွေအန်း - ဘာနာဟေးလ်
(၂)ညအိပ် (၃)ရက် ခရီးစဉ် - (350USD)
🐦Early Bird Discount - 15% Off😊
💥 ခရီးစဉ်တွင် ပါ၀င်သည့်လည်ပတ်မည့်နေရာများ
-ဗီယက်နမ်၏ Icon ဖြစ်သော Ba Na Hills (ရွှေလက်ဝါးတံတား) တွင် တစ်ရက်လည်ပတ်ခြင်း။
-ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Hoi An (ဟွေအန်း) ရှေးဟောင်းမြို့တော်၏ မီးပုံးညအလှကို ခံစားခြင်း။
-ဒါနန်းမြို့၏ အထင်ကရ Dragon Bridge (နဂါးတံတား) မီးမှုတ်ရှိုး ကြည့်ရှုခြင်း နှင့် ဟန်မြစ်ကမ်းတစ်လျှောက်သွားရောက်လည်ပတ်ခြင်း။
-Ngũ Hành Sơn (Marble Mountains - ငါးပွင့်ဆိုင်တောင်): ထုံးကျောက်တောင်ကြီး ၅ လုံးဖြင့် ဖွဲ့စည်းထားသော သဘာဝ masterpiece ကို သွားရောက်ပြီး တောင်ပေါ် ရှိ ရှေးဟောင်းဘုရားကျောင်းများ၊ လိုဏ်ဂူများသို့သွားရောက်လည်ပတ်ခြင်း။
-My Khe Beach: ကမ္ဘာ့အလှဆုံး ကမ်းခြေ ၆ ခုအနက် တစ်ခုအဖြစ် သတ်မှတ်ထားခြင်းခံရသော မိုင်ခီကမ်းခြေတွင် လမ်းလျှောက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း (ရေကူးလိုပါက ကူးနိုင်ပါသည်)။
-Son Tra Peninsula : တောင်ပေါ်ရှိ Linh Ung Pagoda သို့ သွားရောက်ပြီး ဗီယက်နမ်တွင် အမြင့်ဆုံးဖြစ်သော Lady Buddha (၆၇ မီတာအမြင့်ရှိ) ကို ဖူးမြော်ပါမည်။ တောင်ပေါ်မှ ဒါနန်းပင်လယ်အော် တစ်ပြင်လုံးရဲ့အလှနဲ့ ဒါနန်းမြို့ရဲ့အလှကို ငေးမောခံစားနိုင်ပါသည်။
-Shopping at Han Market: ဒါနန်းမြို့၏ အစည်ကားဆုံး ဟန်စျေးတွင် ဗီယက်နမ် ကော်ဖီ၊ သီဟိုဠ်စေ့၊ အခြောက်အခြမ်းများနှင့် အမှတ်တရပစ္စည်းများကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပြီး ဗီယက်နမ် နာမည်ကြီး ကြက်ဆီထမင်း (Com Ga) နှင့် ဒါနန်းမြို့ရဲ့ အထင်ကရအစားအစာဖြစ်တဲ့ Mì Quảng (ဗီယက်နမ်ခေါက်ဆွဲ) ကို သွားရောက်သုံးဆောင်ကြပါမည်။
✅ ခရီးစဥ် package တွင် ပါဝင်မည့်အရာများ
-ဒါနန်းမြို့ရှိ ကြယ် 3 ပွင့် ဟိုတယ် (2 ည) (Twin Sharing)
-ခရီးစဉ်တစ်လျှောက်လုံး အသုံးပြုမည့် ကားခ
-မြန်မာစကားပြော Tour Guide & ဗီယက်နမ်နှင့် အင်္ဂလိပ်စကားပြော Vietnamese Local Tour Guide
-ခရီးစဉ်ဇယားပါ ဝင်ကြေးများ အားလုံး (Ba Na Hills Cable Car & Fantasy Park Entry, Marble Mountains, Hoi An Ancient Town, Hoi A Boat Entry)
-(Sea Food Buffet with Sea View 1ကြိမ်)
-ခရီးသွားအာမခံ + Local Sim Card
-ရေသန့် (တစ်နေ့လျှင် ၁ ဘူး) + towel
-ဟိုတယ်မှ လေဆိပ်သို့အကြိုအပို့
❌ ခရီးစဥ် packageတွင် မပါဝင်သည့်အရာများ:
-ဟိုတယ်တွင် တစ်ယောက်တည်းနေလိုပါက ထပ်ဆောင်းခ (Single Supplement)
-ကိုယ်ပိုင်သုံးစရိတ်များနှင့် ခရီးစဉ်တွင် မပါဝင်သော အစားအစာများ
-Fantasy Park အတွင်းရှိ အချို့သော Coin/Fee ပေးရသော ဂိမ်းများ
⚠️ သတိပြုရန်: ခရီးစဉ်ဇယားသည် ရာသီဥတုနှင့် လေယာဉ်အချိန်ဇယားပေါ်မူတည်၍ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါသည်။