17/08/2019
ဆစ်ဒနီ မှာဘယ်လိုလည်ကြမလဲ🇦🇺🇦🇺🇦🇺
*********************************
ဆစ်ဒနီလေဆိပ်သို့စစရောက်ချင်း ပထမဦးဆုံး လုပ်ဆောင်ရမယ့် အရာကတော့ Travel Sim ကဒ်ကိုဝယ်ပြီးလိုအပ်တဲ့ Application တွေကို Download လုပ်ရပါမယ်🤣🤣🤣Travel Sim ဝယ်တဲ့အခါ တစ်ပတ်၊နှစ်ပတ်လောက်နေမယ့်သူတွေအတွက်ကတော့ 20GB Planလောက်ဝယ်ပြီးအေးဆေးသုံးလို့ရပါတယ်😅😅Australia မှာVirgin , Telstra , Optus and Vodafone စတဲ့ အဓိက Network Provider လေးခုရှိပြီး Adminကတော့ Boost Plus Simcard ကိုသုံးပါတယ်😆😆 Boost+ Simcard က Australiaရဲ့အကောင်းဆုံး Network Provider ဖြစ်တဲ့ Telstra ရဲ့ Network ကိုမှတဆင့်ပြန်လည်ဝယ်ယူပြီး ဖြန့်ကျက်ထားတယ့် အပြင်ဈေးနှုန်းကလဲ Telstra ထက်ပိုပြီးသက်သာပါတယ် 35GB with Unlimited Local Call & Message ကိုမှ 30AUD ဘဲပေးရပါတယ်😍😍ပထမဦးဆုံး မဖြစ်မနေသွင်းထားရမယ့် Applicationကတော့ Google Mapsပါ Google Maps မှာ Attraction Nearby,Nearest Restaurants ရှာတာ တွေအပြင် Sydneyတစ်မြို့လုံးမှာရှိတဲ့ Traffic လမ်းကြောင်းတွေကိုပါ တိုက်ရိုက်ကြည့်ရှုနိုင်ပါသေးတယ်☺️☺️ Offline သုံးချင်တဲ့သူတွေအတွက်ကတော့ "Tripview Lite" ဆိုတဲ့ Application လေးကို Downloadလုပ်ပြီး Offline သုံးလို့ရပါသေးတယ်(Google Mapsလိုမျိုးတော့ရှင်းလင်းပြီးအသေးစိတ်ကျကျမြင်ရမှာမဟုတ်ပါဘူး)😁 ပြီးရင်နောက်ထပ်လုပ်ဆောင်ရမယ့်အရာကတော့ Sydneyတစ်မြို့လုံးမှာရှိတဲ့ Transportationအကုန်လုံးကိုစီးနင်းနိုင်တဲ့ Opal Travel Card ကိုဝယ်ယူရပါမယ်☺️Opal Card ဖြင့် Sydney Metro(Train) , Bus စတာတွေအပြင် Water Ferrys တွေကိုပါစီးနင်းနိုင်ပါသေးတယ်😊Admin ကတော့ပျင်းရင် Water Ferrys ကို Circular Quay ကနေပတ်စီးနေတာဘဲ🤣🤣🤣