Kaung Kaung Travel and Tour

Kaung Kaung Travel and Tour Travel And Tous Family

09/09/2021

ကဲ့ကဲ့ Hoodies ခက်မိုက်မိုက်ဝတ်သူများအတွက် Page လင်ပေးလိုက်ပါပြီနော် ❤️

https://www.facebook.com/Vintage-102423488855295/

Thrift & Consignment Store

16/07/2021

YBSခရီးသွားမိဘညီအစ်အကိုမောင်နှမများခင်ဗျာ
17.07.2021 မှ 25.07.2021ရက်နေ့ အထိ အောက်ဖော်ပြပါ ယာဥ်လိုင်းများမထွက်ပါကြောင်း အသိပေးအပ်ပါသည်။

YBS-2 (ယုဇနဥယျာဥ်မြို့တော်-အောင်မဂ်လာအဝေးပြေး)
YBS-3 (ယုဇနဥယျာဥ်မြို့တော်-ဆူးလေမြို့တော်ခန်းမ)
YBS-4 (ယုဇနဥယျာဥ်မြို့တော်-ဗိုလ်ချုပ်စျေး)
YBS-7 (ကားကြီးဂိတ်-ဆူးလေပန်းခြံ(ယခု-ပန်းဆိုးတန်း))
YBS-7 (နတ်စင်-ဆူးလေပန်းခြံ(ယခု-ပန်းဆိုးတန်း))
YBS-8 (၁၆၈ရပ်ကွက်-လသာ)
YBS-10 (ဒဂုံတက္ကသိုလ်-အစိမ်းဂိတ်(သာကေတ))
YBS-11 (အောင်မဂ်လာအဝေးပြေး-လသာ)
YBS-15 (ဒဂုံတက္ကသိုလ်-ပြည်လမ်း-ဒညင်းကုန်း-ရွှေပေါက္ကံ-ဒဂုံတက္ကသိုလ်)
YBS-15 (ဒဂုံတက္ကသိုလ်-ရွှေပေါက္ကံ-ဒညင်းကုန်း-ပြည်လမ်း-ဒဂုံတက္ကသိုလ်)
YBS-17 (ရွှေပေါက္ကံ(ဆင်ဖုံ)-ဒဂုံဧရာအဝေးပြေး)
YBS-20 (ဒဂုံဧရာအဝေးပြေး-သခင်မြပန်းခြံ)
YBS-24 (ဒဂုံတက္ကသိုလ်-ဗိုလ်တထောင်ဘုရား)
YBS-26 (ဒဂုံတက္ကသိုလ်-ဗိုလ်တထောင်ဘုရား)
YBS-28(ဒဂုံတက္ကသိုလ်-ဆူးလေမြို့တော်ခန်းမ)
YBS-29(ရွှေပေါက္ကံတံတားထိပ်-ဆူးလေမြို့တော်ခန်းမ)
YBS-32 (ထောက်ကြန့်-ရေကြောင်းတက္ကသိုလ်(သန်လျင်))
YBS-36 (ထောက်ကြန့်-ဆူးလေမြို့တော်ခန်းမ)
YBS-36 (အောင်မဂ်လာအဝေးပြေး-ဆူးလေမြို့တော်ခန်းမ)
YBS-36 (ရွှေပေါက္ကံ-ဆူးလေမြို့တော်ခန်းမ)
YBS-40 (လိန်ကုန်း(ရွှေပြည်သာ)-သခင်မြပန်းခြံ)
YBS-56 (သခင်မြပန်းခြံ-သခင်မြပန်းခြံ)
YBS-58 (သခင်မြပန်းခြံ-သခင်မြပန်းခြံ)
YBS-59 (သိမ်ကျောင်းလမ်းဆုံ-သခင်မြပန်းခြံ)
YBS-62 (ဒဂုံတက္ကသိုလ်-ဟံသာဝတီ)
YBS-65 (အိမ်မည်းကြီး-ဗိုလ်တထောင်ဘုရား)
YBS-78 (ကွန်ပျူတာတက္ကသိုလ်-ရန်ကုန်ဘူတာကြီး)
YBS-82 (ဒဂုံဧရာအဝေးပြေး-လင်းစဒေါင်း)
YBS-83 (ဒဂုံဧရာအဝေးပြေး-ရွှေလီလမ်း(တောင်ဒဂုံ))
YBS-93 (အနောက်ပိုင်းတက္ကသိုလ်-ရန်ကုန်ဘူတာကြီး)
YBS-94 (ကွန်ပျူတာတက္ကသိုလ်-ရန်ကုန်ဘူတာကြီး)
YBS-97 (ထောက်ကြန့်-စီးပွားရေးတက္ကသိုလ်)
YBS-97 (စီးပွားရေးတက္ကသိုလ်-ရန်ကုမ်ဘူတာကြီး)
YBS-98 (ဒဂုံဧရာအဝေးပြေး-လင်းစဒေါင်း)
YBS-99 (ဒဂုံဧရာအဝေးပြေး-ရွှေလီလမ်း(တောင်ဒဂုံ))

****အုံနာကားများ နှင့် ကျန်ယာဥ်လိုင်းများကို စုံစမ်းပေးထားပါသည်*****

***** YBS-87 (ဒဂုံတက္ကသိုလ်-မဟာမြိုင်-ဆူးလေမြို့တော်ခန်းမ)
YBS-87 (ဒဂုံတက္ကသိုလ်-မဝတ-ဆူးလေမြို့တော်ခန်းမ)
YBS-88 (ဒဂုံတက္ကသိုလ်-ဒညင်းကုန်းလမ်းဆုံ )
ယာဥ်လိုင်းများထွက်ပါမည် *****

ကျေးဇူးတင်ပါတယ်
ီးသွားများအသံ_Admins_Team_

The birth of your dearest child has just arrived ❤ Happy Birthday My Girl. Wish You a Beautiful and Creative life.May Al...
16/05/2021

The birth of your dearest child has just arrived ❤ Happy Birthday My Girl. Wish You a Beautiful and Creative life.May All Of Your Dream and Wishes Come True.
Happy Birthday Chuu 🔥

Paing Takhon has been arrested by the military at 5:00 am this morning. The police in 8 cars came to his house in Yangon...
08/04/2021

Paing Takhon has been arrested by the military at 5:00 am this morning. The police in 8 cars came to his house in Yangon where he was taking medicine treatment, and arrested him. Before that he was hiding away from his house Beacuse of his polical activity. But his health condition became worse and he couldn't help but had to come back to his house and took the treatment. But soon the police came.

"Paing Takhon has been arrested by the police and soldiers at 5 am this morning at his house in North Dagon(a township in Yangon). Please speak out more for him. His health condition is bad right now. Please wish for him," his sister, May Chit Thway posted on Facebook

Twitter / IGမှာအောက်က hashtagsတွေနဲ့ speak out လုပ်ပေးကြပါဦး 😭



  News ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း CRPH ကြေညာ
31/03/2021

News
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း CRPH ကြေညာ

မြေနီကုန်းမှာပါ အဲ့တာ မွေးခါနီး ဖွားခါနီး ကိုယ်ဝန်သည်ပါ ဘယ်လိုယုတ်မာလဲဆိုတာ ကမ္ဘာကသိအောင် လုပ်ကြပါ 💪🏻💪🏻Photo Crd  #စစ်အာ...
27/02/2021

မြေနီကုန်းမှာပါ အဲ့တာ မွေးခါနီး ဖွားခါနီး ကိုယ်ဝန်သည်ပါ ဘယ်လိုယုတ်မာလဲဆိုတာ ကမ္ဘာကသိအောင် လုပ်ကြပါ 💪🏻💪🏻
Photo Crd

#စစ်အာဏာရှင်ကျဆုံးပါစေ

သူငယ်ချင်းတွေနဲ့ခရီးမသွားခင်..ကြိုတင်ပြင်ဆင်သင့်သည့်အချက်များ❗❗❗❗❗❗❗❗❗ခရီးသွားမယ်စတိုင်ပင်တာနဲ့ပထမဆုံးနှစ်ဖွဲ့ခွဲပါတယ်.....
15/01/2021

သူငယ်ချင်းတွေနဲ့ခရီးမသွားခင်..ကြိုတင်ပြင်ဆင်သင့်သည့်အချက်များ
❗❗❗❗❗❗❗❗❗

ခရီးသွားမယ်စတိုင်ပင်တာနဲ့ပထမဆုံးနှစ်ဖွဲ့ခွဲပါတယ်..မိန်းခလေးတွေက မရောက်ဖူးတဲ့နေရာတွေသွားချင်တယ် ဓာတ်ပုံလေးဆိုရင် လှလှပပလေးရိုက်ချငိတယ် အဝတ်အစားဆို ဘာဝတ်မယ် ဘယ်လိုလေးကောင်းတယ်ကြိုတင်ပြင်ဆင်ကြပါတယ်....ဟော ယောက်ျားလေးအဖွဲ့က ထဖောက်ပါပြီ မျက်စိရူပ်နားရူပ်နဲ့ ဟိုဝင်ဒီထွက်တွေသိပ်မလိုချင်နားအေးပါးအေး ရေကူးလိုက်အပန်းဖြေလိုက်...ဇိမ်ကျတဲ့ကမ်းခြေမှရွေးချင်ပါသတဲ့....

ကိုယ်တွေအဖွဲ့ကတေါ့တစ်ယောက်တမျိုးမရိုးရအောင် တစ်ယောက်က ကလော တစ်ယောက်က ပုဂံ တစ်ယောက်က တိမ်ပင်လယ်နဲ့. ပြောပေမဲ့နောက်ဆုံးရောက်သွားမှာကတော့ မဲများတဲ့သူအနိုင်ပါ...
ခရီးသွားမယ်ဆိုတာနဲ့ ပထမဆုံးမျက်စိနောက်တာ ကိုယ်တွေအဖွဲ့ထဲက coupleတွေပါ.(ကိုယ်ကFAကိုး)အားကျရုံမှတပါး😁😁. ...ဆငိတူဝတ်မယ် ဘယ်လိုအကျီတွေဝယ်ရမယ် ဘာညာဘာညာပေါ့.....ကဲဒါဆိုရင်တော့ကိုယ်တွေအဖွဲ့ခရီးမသွားခင်ကြိုတင်ပြင်ဆင်မဲ့ အချက်လေးတွေပြောပြပေးပါမယ်နော်..

✅(1)စုရပ်ကို နာရီဝက်လောက်ကြိုချိန်းပါ
သူငယ်ချင်းတွေစုပြီးခရီးသွားမယ်ဆိုရင် လူစုမဲ့နေရာကို ကားမထွက်ခင် နာရီဝက်လောက်ကြိုချိန်းပါ ဖုန်းတဂွမ်ဂွမ်ကြိုဆက်ထားပါ 😁

✅(2)ပုံမှန်ထပ်အိမ်ကစောထွက်ပါ
အများပြည်သူရုံးပိတ်ရက်တွေ ခရီးသွားမယ်ဆိုရင်တော့ မိမိအိမ်မှ ပုံမှန်ထက်ပိုစောထွက်ပါ..ဒါမှသာ.လမ်းခရီးမှာ ကားပိတ်တာမျိုးတွေ နည်းနည်းသက်သာမှာနော်

✅(3)Hotelကိုမသွားခင်ကြိုတင်bookingတင်ပါ
နောကိတခုကိုယ်တည်းမဲ့ဟိုတယိသေချာရွေးပါ..ဘယ်ခရီးသွားသွား ပါ...အဖွဲ့ထဲမှာကိုယိက ဦးဆောင်တဲ့သူဆိုရင်ပိုပြီးသေချာ အသေးစိတ်စီစဉ်ပေးရပါတယ် ကားလက်မှတ်ဟိုတယိ ကိုယ်သွားမဲ့ နေရာရဲ့ လိုအပ်တဲ့ လမ်းခရီးစရိတ်တွေကို ကြိုတွက်ချက်ထားပါနော် ပြီးတော့ကိုယ်သွားလည်မဲ့နေရာတွေကို မသွားခင်ထဲက ကြိုစုံစမ်းထားတာအကောင်းဆုံးပါ.

✅(4)Double checkလုပ်ပါ
ကိုယ့်အဖွဲ့ထဲမှာကိုယ်ဟာ ဦးဆောင်ပြီးသွားမယ်ဆိုရင် ခရီးမသွားခင် ကားလက်မှတ်ဟိုတယ် တဆင့်သွားမဲ့ကယ်ရီက အစ တစ်ခေါက်ပြန်စစ်ဆေးပါ.....

✅(5)ငွေကြေးအပိုယူသွားပါ..
ကိုယ်တွေအဖွဲ့ခရီးသွားမှာက ဘယ်လိုပဲbudgetဖြစ်ပါစေ ကိုယ်သတ်မှတ်ထားတဲ့ငွေကြေးထက်ပိုကုန်ကျတာများပါတယ်(အပိုယူသွားတာကမမှားပါဘူးနော်)
ေတာ့ သူငယ်ချင်းတွေခရီးသွားရင် ကြုံရတဲ့အချက်အလက်လေးတွေသိသလောက်ဝေမျှပေးတာပါရှင့်...
လိုအပ်ချက်တစ်စုံတစ်ရာများရှိခဲ့ရင်လည်း ချစ်တဲ့ အမြင်လေးနဲ့ပဲကြည့်ပေးပါနော်....
#သူငယ်ချင်းတွေနဲ့ခရီးသွားတာကို အမှတ်တရလေးတွေရှိရင်လည်း commentမှာရေးသွားလို့ရတယ်နော်..
#ခုတော့covidကြောင့် အိမ်ထဲမှာခဏနားနေရပေမဲ့ ခရီးသွားခွင့်တွေ ပြန်ရလာတဲ့အခါ ချစ်တဲ့သူငယ်ချင်းတွေနဲ့ခရီးများများသွားနိုင်ကြပါစေနော်...

by kaung

ရှင်အဇ္ဇဂေါဏဘုရားရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ၏ တောင်ဘက် သာယာဝတီမင်း ခေါင်းလောင်းကြီးနှင့် ပြည်တော်ပြ...
04/01/2021

ရှင်အဇ္ဇဂေါဏဘုရား

ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ၏ တောင်ဘက် သာယာဝတီမင်း ခေါင်းလောင်းကြီးနှင့် ပြည်တော်ပြန်ဘုရားအနီးမှ ရှင်အဇ္ဇဂေါဏတန်ဆောင်းတွင် တည်ထားသော ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဇဂေါဏ တန်ဆောင်းသည် နောင်တော်ကြီး စေတီ၏ တောင်ဘက်မုခ်ဦးတန်ဆောင်း ဖြစ်သည်။ ထိုတန်ဆောင်း၏ မူလဒါယကာမွာ သာယာဝတီမင်းလက်ထက် ရန်ကုန်ဝန် ဦးညိုဖြစ်၍ ၁၈၃၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ နှောင်းပိုင်းတွင် ပြုပြင်မွမ်းမံသူ အလှူရှင်တို့ကို အစွဲပြု၍ ဦးဘသောင်း ဒေါ်သီတန်ဆောင်းဟု ခေါ်ကြသည်။ ထိုတန်ဆောင်းတွင် ရှင်အဇ္ဇဂေါဏ သာသနာပြုအသင်း တည်ရှိသည်။

ရှင်အဇ္ဇဂေါဏတန်ဆောင်းကြီးနှင့် ရှင်အဇ္ဇဂေါဏ ရုပ်ပွားတော် နောက်ခံသမိုင်းကို ဆရာပါရဂူ၏ လေးဆူဓာတ်ပုံ ရွှေတိဂုံတွင် တင်ပြပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
ယခင်က ဤတန်ဆောင်းသည် ယခုကဲ့သို့ နောင်တော်ကြီးစေတီတော် ပလ္လင်တော်နှင့် မြောက်ဘက်က ဆက်၍မနေဘဲ ခပ်ကွာကွာရှိကြောင်း၊ နောင်တော်ကြီးစေတီ ဗုဒ္ဓဟူးထောင့် စေတီရံကို ညောင်ပင်မျို၍ ဖြိုဖျက်ပြင်ရာတွင်မှ ဆက်သွားကြောင်း နိဗ္ဗာန်ဆော် ဦးအေးဘက ရှင်းပြသည်။ ဤတန်ဆောင်း၏ သိရသမျှ အေစာဆုံး ဒါယကာမွာ သာယာဝတီမင်းလက်ထက် ရန်ကုန်ဝန် ဦးညိုဖြစ်ပြီး ၁၈၃၆ ခုနှစ်တွင် ဆောက်ကြောင်း၊ ရပ်တော်မူကိုယ်တော်များ အများအပြားရှိကြောင်း၊ THB (1895) တွင် ဆိုသည်။ အဇ္ဇဂေါဏ ရုပ်ပွားတော်အကြောင်း မဖော်ပြ။ ယခု ရပ်တော်မူများ၏ ကျောဘက်ရှိ ရုပ်ပွားတော်များမှာ ၁၈၉၅ ခုနှစ် နောက်မှ လုပ်သည်ဟု ထင်ရသည်။ မျက်လုံးတစ်ဖက်ကျဉ်း တစ်ဖက်ကျယ် ရုပ်ပွားတော်မှာ တန်ဆောင်း ပထမဆောက်ချိန်တွင် မရှိသေး။ နှောင်းလူများက ထုလုပ်သည်ု ပြောသံကြားဖူးသည်။ မည်သည့်နှစ်တွင် ထုလုပ်သည်ဟု အတိအက် မသိရသော်လည်း ၁၉၄၈ ခုနှစ်တွင်ကား ရှိနှင့်နေပြီ။
ထိုတန်ဆောင်း၏ မြောက်ဘက်နံရံတွင် ထိုင်တော်မူ ရပ်တော်မူ ရုပ်ပွားတော်များ အများအပြားပင် ရှိသည်။ ထိုဆင်းတုများအနက် အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော် သုံးဆူ ရှိသည်။ ထိုသုံးဆူသည် ထုလုပ္ပုံ လက်ရာနှင့် အသွင်အပြင် အဆင်းတော်များ ခြားနားသကဲ့သို့ မူလကုသိုလ်ရှင်များလည်း မတူကြချေ။ ထိုသုံးဆူအနက် အံ့ဖွယ် (၅) ရှင်အဇ္ဇဂေါဏဘုရား ဟူသည်မှာ တန်ဆောင်း၏ အနောက်မြောက်ထောင့် (ရာဟုထောင့်) မွ ဆင်းတုတော်ဖြစ်သည်။ အလယ်မှ ဆင်းတုတော် မဟုတ်ပေ။ အလယ်မှ ဆင်းတုတော်မှာ အင်းဝဦးအောင် ဆင်းတုတော်ဖြစ်၍ အရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်) မွ ဆင်းတုသည် အင်းဝိဇ္ဇာဆင်းတုတော် ဖြစ်သည်။

😳ပိတ်ရက် ၄ ရက်မှာ ခရီးမသွားလိုက်ရလို့ စိတ်မကောင်းဖြစ်နေလား😁😉ဒါဆိုရင်တော့ ဒီခရီးစဉ်လေးကို Joinလိုက်တော့ အနည်းဆုံး လူ ၄ယော...
08/08/2020

😳ပိတ်ရက် ၄ ရက်မှာ ခရီးမသွားလိုက်ရလို့ စိတ်မကောင်းဖြစ်နေလား😁
😉ဒါဆိုရင်တော့ ဒီခရီးစဉ်လေးကို Joinလိုက်တော့ အနည်းဆုံး လူ ၄ယောက်ရှိတာနဲ့ ဒီခရီးစဉ်လေး ကို Join လို့ရပီနော် ..
✌မင်မင်က ဘယ်ကိုခေါ်သွားမလဲဆိုတော့ …
…🏔ကြာအင်းတောင်- တောင်ဝိုင်း -သဘာဝရေလိူဏ်ဂူ ကျောက်ကလပ် နေ့ချင်းပြန် ခရီးစဉ်
➡တစ်ဦးလျှင် -၄၅၀၀၀ကျပ်
👭🙆Coupleတွေပဲ Roမလား မိသားစုလိုက်ပဲ လိုက်မလား Photo Serviceကတော့Readyပဲနော်
✅ဘယ်ရက်ထွက်မလဲဆိုရင်
✅အပတ်စဉ် သောကြာနေ့ တိုင်း
✅ဘယ်တွေသွားမလဲဆိုရင်တော့ ..
🏔2020မှာHit အဖြစ်ဆုံး တိမ်တွေနဲ့ အနီးကပ် ထိတွေ့၇မဲ့ ကြာအင်းတောင်
💁သဘာ၀ အလျောက်ဖြစ်ပေါ်နေတဲ့ ဂူထဲမှာ လှေစီးကြမယ် ( ဆဒ္ဒန်ဂူမဟုတ်တဲ့ သဘာဝရေလိူဏ်ဂူလေးကိုမင်မင်ကခေါ်သွားမှာ)
✌မိုးမျှော်တံတားနဲ့ မှ ဓာတ်ဖမ်းချင်ပါတယ်ဆိုတဲ့ ကိုကို မမတွေ အတွက် တောင်ဝိုင်းတောင်( တောင်ပေါ်တက်ဖို့ လမ်းတဝက်မှာ မောနေရင်လည်း မပူနဲ့ ရုပ်ချော သဘောကောင်းတဲ့ Tour Leaderလေးကတွဲခေါ်သွားမှာပါနော် 😁
➡ဘားအံမြို့ရဲ့ Land mark ဖြစ်တဲ့ ကျောက်ကလပ်
➡ရေပူစမ်းမှာရေစိမ်ရင်း ဓာတ်ဖမ်းရမဲ့ ဘုရင့်ညီဂူ
ပြီးတော့ အချိန်ပိုရင်လည်း ပိုသလို လမ်းကဘုရားတွေကိုလည်း ဝင်ပို့ပေးဦးမှာဆိုတော့ ဘာလိုသေးလဲပေါ့နော်
ဖုန်းလေးသာခေါ်လိုက် ခရီးသွားဖို့ သေချာသလောက်ဖြစ်နေပြီနော်..😍
😍💁Company Tripတွေရယ် မိသားစု အပန်းဖြေ ခရီးပဲသွားမလား သူငယ်ချင်းတွေပဲစုပြီး ခရီးသွားမလား Coupleတွေပဲro မလား FAတွေဆိုလည်း မပူပါနဲ့လေ ခရီးတွေဘာတွေသွားရင်းနဲ့ Rsတောင်ဖြစ်သွားနိုင်ပါတယ်
စိတ်ပါဝင်စားလို့ bookingတင်ချင်တယ်ဆိုရင်တော့ .
09 760 760 158 ကို ဆက်သွယ်နိုင်ပါတယ်ရှင့် .
credit

ဇင်းကျိုက်ရေတံခွန် ယာယီပိတ်ထားပါသည်။ -Crd
08/08/2020

ဇင်းကျိုက်ရေတံခွန် ယာယီပိတ်ထားပါသည်။

-Crd

23/07/2020

ကျန်မာရေးအတွက်နော် အသဲတို့ ♥️💯

ပုဂံဒေသ ဟိုတယ် (၈ လုံး) ပြန်ဖွင့်လှစ်ခွင့်ရရှိပုဂံအခြေစိုက်ဟိုတယ်များမှ Covid-19 အလွန် ပြန်လည်ဖွင့်လှစ်လိုသည့်အတွက် တင်ပ...
16/06/2020

ပုဂံဒေသ ဟိုတယ် (၈ လုံး) ပြန်ဖွင့်လှစ်ခွင့်ရရှိ

ပုဂံအခြေစိုက်ဟိုတယ်များမှ Covid-19 အလွန် ပြန်လည်ဖွင့်လှစ်လိုသည့်အတွက် တင်ပြထားသည့် ဟိုတယ်များထဲမှ ဟိုတယ်၈ လုံးအား ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန ( ပုဂံ) မှ လက်ထောက်ညွန်ကြားရေးမှုး ဦးဝင်းအောင်က Travelling journal သို့ပြောသည်။

"ဟိုတယ်၈ လုံးကို ဖွင့်ခွင့်ပေးလိုက်ပါပြီ။ စာထွက်လာပါပြီ။ ထောက်ခံချက်လတ်မှတ်ကိုတော့ မကြာခင်ပို့ပေးမှာဖြစ်ပါတယ်"ဟု ၄င်းက ပြောသည်။

ဖွင့်လှစ်ခွင့်ရသည့်ဟိုတယ် များမှာ Regency Hotel ၊ Heritage Hotel ၊Aureum Hotel ၊
Royal Palace ၊Shwe Nadi Guest house၊
Amata Boutique House ၊Sky Palace Hotel
နှင့် Areindmar Hotel တို့ဖြစ်ကြောင်းသိရသည်။

ကျန်ရှိနေသည့်ဟိုတယ်၁၄ လုံးမှာလည်း သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရရှိရန်စောင့်ဆိုင်းနေကြောင်းသိရသည်။ လက်ရှိတွင် ပုဂံအခြေစိုက် ဟိုတယ်ခရီးလိုင်စင်ရထားသည့် ဟိုတယ် အလုံးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။


journal

credit

😍ချစ်သူနဲ့ Romantic ဆန်ဆန် New yearကိုဖြတ်သန်းချင်ရင် တန်လွန်းတဲ့ New Year Early bird Promotion ပုဂံအလန်းစား package 75,...
16/01/2020

😍ချစ်သူနဲ့ Romantic ဆန်ဆန် New yearကိုဖြတ်သန်းချင်ရင် တန်လွန်းတဲ့ New Year Early bird Promotion ပုဂံအလန်းစား package 75,000ကျပ်.....

😮😮ဒီ package လေးမှာ New year 30,31 ကို ပုဂံက3starအဆင့်ရှိတဲ့ ဟိုတယ်မှာ နှစ်ညတာ တည်းခိုခွင့်ပါတယ်ဆိုတာ သိပြီးသွားပြီလား❓❓

👉ဒီPackageလေးကို ဝယ်ယူဖို့ ပထမဆုံးဘာတွေလိုအပ်မလဲ မင်မင်က ရှင်းပြပေးပါ့မယ် နော်...🤗🤗
စိတ်တူကိုယ်တူ ခရီးသွားဖော် လူနှစ်ဦးပဲလိုအပ်ပါတယ်နော်

👉ဒီ 75000 packageလေးမှာဘာတွေပါဝင်မလဲ❓
အသွားအပြန် Scania Expressကားလက်မှတ်+ဟိုတယ် ၂ညအိပ်+ဟိုတယ်ရဲ့မနက်စာ breakfast +ကားဂိတ်ဟိုတယ်အကြိုအပို့+ရန်ကုန် မြို့တွင်း Ferry serviceလေးပါ ပါဝင်ပါတယ်ရှင့်

👉ရန်ကုန်--ပုဂံကားကိုဘယ်မှာသွားစီးရမလဲ❓
အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကနေသွားစီးရပါမယ်..
မိမိရဲ့ နီးစပ်ရာမှတ်တိုင်နဲ့အနီးဆုံးကို Ferry လမ်းကြောင်းတစ်လျှောက်ကြိုပေးသွားမှာဖြစ်ပါတယ်နော်😍🤗

👉ပုဂံရောက်ရင် ဟိုတယ်ကို ဘယ်လိုသွားရမလဲ...❓
ပုဂံရွှေပြည်ကားဝင်းကနေ ဟိုတယ် တိုက်ရိုက် ferryအကြိုအပို့လေးပါဝင်ပီးသားပါနော်🚃🚃

🤔😍ပုဂံရဲ့အလှကိုတစ်ဝကြီးခံစားနိုင်ဖို့ ဘယ်နေရာတွေလည်ရမလဲဆိုတာစဉ်းစားနေရမယ်ဆိုရင်တော့ Mini tourရဲ့တုတ်တုတ် serviceလေးရှိတယ်နော်..
ပုဂံ full day sightseeing--25000
ပုပ္ပါး +ပုဂံ sightseeing---35000
စွယ်တော်လေးဆူ+ပုဂံsightseeing ---30000ပါရှင့်

🏍🛵ကိုယ့်ချစ်သူလေးနဲ့မို့ Ebikeလေးနဲ့တနေကုန်လည်မလား 8000ကျပ်ဝန်းကျင်ပဲရှိပါတယ်နော်
🚗🚖တုတ်တုတ်နဲ့မလည်ချင်ဘူး ကားနဲ့မှလည်ချင်တဲ့ ဧည့်သည်တွေအတွက်လည်း အထူးဝန်ဆောင်မူပေးပါတယ်ရှင်..

💁ပုဂံရောက်ရင် အစားအသောက်အတွက် လားစိတ်မပူပါနဲ့
အစားတစ်လိုင်းတွေလမ်းညွှန်က🍝🍜😉😉
😮ပုဂံမြို့သစ်ထဲက မာလာသီင်္ဂီအဝစား ဘူဖေးမှ ၄၀၀၀ကျပ် ပြီးတော့ရွှေစည်းခုံ ဘုရားနားက နုဝါမြန်မာဘူဖေးထမင်းဆိုင် ၄၀၀၀ကျပ် သရပါတံခါးနားက သရပါ (၃)မြန်မာထမင်းဆိုင် 2500ဝန်းကျင်နော် အခြားစျေးနူန်းသင့်တင့်တဲ့ဆိုငိလေးတွေလဲရှိပါတယ်နော် ပုဂံရောက်ရင် ရွှေစည်းခုံဘုရားနားက ဇီးပင်ရိပ်အကြော်ဆိုင်လေးနဲ့ လောကနန္ဒာဘုရားနားက မာလာဟင်းကောင်းကောင်းမှစားချင်သူတွေအတွက် ဒီဆိုင်လေးတွေကို မေ့ထားလို့မရဘူးနော်..🤗😍

ကဲ👉....New year ပုဂံမှာကိုယ့်ချစ်ရသူတွေနဲ့အချိနိတွေကုန်ဆုံးချငိတယ်ဆိုရင်တော့ ဒီအလန်းစားpackageလေးကိုသာ သတိရလိုက်ပါ😍😍

💁New year နီးမှ ကားမရ ဟိုတယ်မရ မဖြစ်ရလေအောင် အမြန်သာကြိုတင် bookingတင်နိုင်ပါပီနော်..
ဆက်သွယ်ရန်📞📞 09693585693

ကြားညုပ်ခံရလိမ့်မယ်နော်Attention Plz #
07/01/2020

ကြားညုပ်ခံရလိမ့်မယ်နော်
Attention Plz #

"သမိုင်းကိုသိသိနဲ့ မအမိပါစေနဲ့နော်''တစ်ကမ္ဘာလုံးက ဒီဇင်ဘာ ၃၁ရက် ည ၁၂ နာရီဆိုရင် HAPPY NEW YEAR  လို့ ဝိုင်း အော်ပြီး ပျေ...
30/12/2019

"သမိုင်းကိုသိသိနဲ့ မအမိပါစေနဲ့နော်''

တစ်ကမ္ဘာလုံးက
ဒီဇင်ဘာ ၃၁ရက်
ည ၁၂ နာရီဆိုရင်
HAPPY NEW YEAR လို့
ဝိုင်း အော်ပြီး
ပျော်ကြတဲ့ ညတစ်ညပေါ့နော် ့့့

မြန်မာတွေမေ့နေတာက
ဒီဇင်ဘာ (31) ဆိုတာ
ဒို့မြန်မာတစ်နိုင်ငံလုံး
နှစ်ပေါင်းများစွာ
သူ့ကျွန်ဘဝ စရောက်ရတဲ့
နေ့လေးဆိုတာလည်း
သတိရစေလိုပါတယ်

"Happy new year"ညအချိန်ဟာ
မြန်မာလူမျိုးတို့အတွက်
အခါးသီးဆုံး
ပျော်ရွှင်မှုတွေ ပျောက်ဆုံးတဲ့
"ည"ပါပဲ

မြန်မာလူမျိုးနဲ့မြန်မာနိုင်ငံကြီးကို
သူတို့ကျွန်စာရင်း
သွင်းပြီးကြောင်း
အသိပေးအကြောင်းကြားတဲ့
စာကို ဝမ်းသာအားရ
အင်္ဂလန်ဘုရင်မကြီးထံ
နှစ်ကူးလက်ဆောင်အဖြစ်
ဆက်သခဲ့တဲ့ သမိုင်း
သက်သေလေးကို
ပြန်မျှော်ကြည့်မိရင်

Happy New Year
ဆိုတာ မြန်မာတို့အတွက်

Happy New Year ဆိုတာ
မြန်မာတို့အတွက်

#သူ့ကျွန်ဘဝစရောက်တဲ့နေ့ဆိုတာ
#အမှတ်ရပေးပါ

့့့ ? ့့့
(Dr.ဝင်းဝင်းသော်တာ)

Crd

MRTV က ကြေငြာသွားပါပြီတထောင်တန် အသစ်ပါအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူထုတ်ဝေမည်နေပြည်တော် ...
20/12/2019

MRTV က ကြေငြာသွားပါပြီ
တထောင်တန် အသစ်ပါ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူထုတ်ဝေမည်

နေပြည်တော် ၂၀ ဒီဇင်ဘာ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူပုံစံသစ်အမျိုးမျိုးကို ထုတ်ဝေရန်ဆောင်ရွက်လျက်ရှိရာ တစ်ထောင်ကျပ်တန်ပုံစံသစ် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင်ထုတ်ဝေပါမည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူအရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာ အနံ ၇၀ မီလီမီတာ ရှိပါသည်။ ငွေစက္ကူသည် ပေါ်လွင်သော အပြာရောင်ရှိပြီး ငွေစက္ကူ၏အပေါ်ဘက်တွင် "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတန်း ရိုက်နှိပ်ထားပါသည်။

တစ်ထောင်ကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသားဖြင့် "တစ်ထောင်ကျပ်" ဟု ဖော်ပြထားပါသည်။ ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။

ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက် မြှုပ်နှံထည့်သွင်းထားပါသည်။ ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားပါသည်။

တစ်ထောင်ကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် လွှတ်တော်အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ " CENTRAL BANK OF MYANMAR" စာတန်း အောက်ပိုင်း၌ "ONE THOUSAND KYATS" ဟူသော စာတန်းများ ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။

လက်ရှိသုံးစွဲလျက်ရှိသော တစ်ထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

Credit Org;

19/12/2019

#မြန်မာနိုင်ငံမှာ_ခရီးသွားလာခွင့်ပိတ်ပင်ထားသော မြို့များ

မြန်မာနိုင်ငံထဲမှာ နိုင်ငံခြားသားတွေအတွက် ထပ်ပြီးကန့်သတ်လိုက်တဲ့ လုံခြုံရေးအရ
သွားလာခွင့်မရှိတဲ့ဒေသတွေနဲ့ ခွင့်ပြုချက်ယူပြီးသွားရမယ့်နေရာတွေကို
ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၅)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီနေရာတွေကို ခရီးသွားကုမ္ပဏီတွေ၊ ဧည့်လမ်းညွှန်တွေ၊ ခရီးသွားဧည့်တွေအနေနဲ့
ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့နဲ့ ခရီးစဉ်အလိုက်ဘေးကင်းလုံခြုံရေးအတွက်
ပူးပေါင်းဆောင်ရွက်ပေးဖို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

#လုံခြုံရေးအတွက်ကန့်သတ်လိုက်တဲ့ဒေသတွေကတော့

#ကချင်ပြည်နယ်၊

ပူတာအိုမြို့နယ်က ပမ္မတီး၊ နမ် ရှယ်ကော၊ မုံငူရ်၊ ဆန်ဒမ်း၊ အထက်ဆန်ဂေါင်၊ ဝါဆန်ဒမ်း၊
ဇီယာဒမ်းကျေးရွာတွေကို သွားလာခွင့်ကန့်သတ် လိုက်တယ်လို့ သိရပါတယ်။

#ချင်းပြည်နယ်က

ပလက်ဝမြို့နယ်ကို သွားလာခွင့်မပြုပဲ

#စစ်ကိုင်းတိုင်းဒေသကြီး၊

ဗန်းမောက်မြို့နယ်က အင်း ပေါက်၊ ခေါင်းတုံး၊ လေသာကုန်း၊ ဘူးတောင်း၊ နန့်အာ၊ နန့်ခင်၊ နန့်မား၊
မိုးတေ၊ နားနန့်ထွန်၊
နန်းယွန်းမြို့နယ် ထဲက တိုက်တီး၊ တကား၊ လုံမတ်၊ ကဲဆန်၊ ကျန်းဒုံး၊ လခြမ်း၊ လုံယုန်း၊ ကန်ကော၊
သန်းမန်းကျေးရွာတွေကို သွားမယ်ဆိုရင် ခွင့်ပြုချက်တောင်းခံရမယ်လို့ သိရပါတယ်။

#မန္တလေးတိုင်းဒေသကြီးမှာတော့

မိုးကုတ်၊ သပိတ်ကျင်း၊
ပြင်ဦးလွင်မြို့နယ်က
ကျွန်းတိုင်၊ ညောင်တုန်း၊ သပြေချောင်၊ မိုးကြိုးပစ်၊ ပုတီးကုန်း၊ နောင်ပိန်၊ မဲတောကျေးရွာတွေကိုတော့
မြို့ပေါ်အတွက်ခွင့်ပြုပြီး မြို့ပြင် အတွက် ခွင့်ပြုချက်တောင်းခံရမယ်လို့ သိရပါတယ်။

#ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာတော့

နမ္မတူမြို့နယ်၊ နမ့်ဆန်မြို့နယ်တွေကို မြို့တွင်းခွင့်ပြုပြီး
မြို့ပြင်ကိုကန့်သတ် ထားသလို

#ရှမ်းပြည်နယ်(အရှေ့ပိုင်း)က

လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ ကျေးသီးမြို့ နယ်၊ မိုင်းနောင်မြို့၊
မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့၊ မိုင်းယန်မြို့နယ်တွေကို သွားလာခွင့်ကန့်သတ်လိုက်ပါတယ်။

#ရခိုင်ပြည်နယ်မှာတော့

ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေကို သွားလာခွင့်ပိတ်ပင်လိုက်ပြီး

#ရန်ကုန်တိုင်းဒေသကြီး၊

ကိုကိုးကျွန်းကိုလည်း သွားလာခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
origianl uploder

" ကျောက်ဂူဥမင် "ပုဂံ နရပတိစည်သူမင်းလက်ထက် “ပဏ္ဍိတ”အမည်ရှိသော မထေရ်မြတ်သည် မိမိ၏ သီလစင်ကြယ်ကြောင်း ဓားသွေးကျောက်နှင့် ဓား...
15/12/2019

" ကျောက်ဂူဥမင် "

ပုဂံ နရပတိစည်သူမင်းလက်ထက် “ပဏ္ဍိတ”အမည်ရှိသော မထေရ်မြတ်သည် မိမိ၏ သီလစင်ကြယ်ကြောင်း ဓားသွေးကျောက်နှင့် ဓားမကို ဧရာဝတီမြစ်၌ အဓိဋ္ဌာန်ပြု၍ ချရာတွင် ကျောက်နှင့်ဓားမပါ ရေ၌ ကူးသွားသည်ဆိုသော ဥဒါန်းစကားဖြင့် ကျောက်ကူးဓားမပါဟု အမည်ပေါ်ခဲ့တယ်လို့ မှတ်သားရပါတယ်။ ထိုမထေရ်မြတ်အတွက် နရပတိစည်သူ မင်းကြီးက သက္ကရာဇ် ၅၅၀တွင် ချောက်ကမ်းပါးတွင် ဥမင်တူး၍ လှူဒါန်းခဲ့ကြောင်း၊ ကျောက်ကူးသွားသည်ကို အစွဲပြု၍ ကျောက်ကူးဥမင် (ကျောက်ဂူဥမင်) ဟု ခေါ်ကြောင်း လေ့လာသိရှိရပါတယ်။

ကျောက်ဂူဥမင်ဘုရားကို (၁၁) ရာစုတွင် နရပတိစည်သူမင်း ကတည်ထားခဲ့ပါတယ်။ကျောက်ဂူဥမင်သည် သဲကျောက် ကမ်းပါးယံကို ထွင်း၍ အုတ်နှင့်ကျောက် ရော၍ ဥမင် တည်ဆောက် ထားခြင်းဖြစ်ပါတယ်။ ကျောက်ဂူဥမင် တိုက်မ မြေညီထပ်တွင် အတွင်း အပြင် ကျောက်အုတ်များဖြင့် တည်ဆောက် ထားပြီး အဆင့် သုံးဆင့်ရှိပါတယ်။။ အပေါ်ပိုင်း နှစ်ဆင့်မှာ ရိုးရိုးမြေအုတ် များဖြင့် တည်ဆောက် ထားပါတယ်။

ဥမင်၏ မြောက်ဘက်တွင် အဝင်မုခ်၊ အာရုံခံခန်းမ ရှိပြီး မြောက်ဘက် မျက်နှာမူနေသည့် သဲကျောက်ဖြင့် ထုလုပ် ထားသည့် ဗုဒ္ဓရုပ်ဆင်းတု ရှိပါတယ်။ရုပ်ပွားဆင်းတု၏ အရှေ့၊ အနောက်နှင့် မြောက်ဘက်တွင် စင်္ကြလမ်းများ ရှိပါသည်။ ဥမင်အတွင်းသို့ ဆင်းတုတော်၏ အရှေ့ အနောက် ခုံးဖြောင့် ပေါင်းကူး ဝင်ပေါက်မှ ဥမင်လိုဏ်ခေါင်း အတွင်း ဝင်ရောက်နိုင်ပါသည်။ ဥမင် လိုဏ်ခေါင်းအတွင်း ဝင်္ကပါသဖွယ် ထောင့်ချိုးများဖြင့် ဖောက်လုပ်ထားပြီး ဝင်္ကပါလမ်း၌ ကမ္မဌာန်း ဘာဝနာ တရား အားထုတ်ရန် အခန်းကျဉ်းများ ရှိပါသည်။ ဥမင်၏ အရှေ့ နှင့် မြောက်ဘက် မျက်နှာတွင် ပြတင်းပေါက်များ ရှိသည်။ ဥမင်လိုဏ်ခေါင်း အတွင်း အလင်းရောင် ရရန် ရောင်လင်း ပေါက်များ ဖောက်ထားသည်ကိုလည်း လေ့လာသိရှိရပါတယ်။

ကျောက်ဂူဥမင် အတွင်းရှိ ပဓာနဗုဒ္ဓရုပ်ပွား ဆင်းတုတော် ကြီး ရှိသည့် ဂန္ဓကုဋီတိုက် နံရံ အောက်ပိုင်းတွင် နံရံ ဆေးရေး ပန်းချီများ ရှိပါသည်။ ဆင်းတုတော်ကြီးရှေ့တွင် ဂူ၏ အာရုံခံ ခန်းမကြီးကို သုံးဆယ့်နှစ်ပေ မြင့်သော ကြီးမားသော ကျောက်အုတ်စီ တိုင်မကြီး နှစ်ခုက ထောက်ထားပြီး အမိုးပေါင်းကူးဒေါက်အဖြစ် တည်ရှိနေပါသည်။ ယင်းတို့၏ အောက်ခြေ ပတ်လည်တွင် အလွန်လှပသော ကျောက်ပန်းခက်များ ထွင်းထားပါသည်။ ကျောက်ဂူ တိုက်မအတွင်း အရှေ့၊ အနောက်နှင့် မြောက်နံရံတွင် နံရံမုခ် ကပ်သုံးတန်း ရှိပြီး နံရံမုခ်ကပ် (၄၉)ခု ရှိပါသည်။ ထိုနံရံမုခ်ကပ်များတွင် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ နှင့် ဗုဒ္ဓဝင်ခန်း ဆိုင်ရာ ကျောက်ဆစ်ရုပ်ထု များရှိသည်။ ကျောက်ဂူဥမင်၏ အဝင်မုခ် လက်ဝဲလက်ယာ ထောင့်ချိုးများတွင် အလွန်လှပသော ကျောက်ဆစ်လက်ရာ ဘီလူးရုပ်၊ မိန်းမရုပ်၊ ကြာပန်းများ အကြား ကိန္နရီ ကိန္နရာရုပ်၊ နတ်ရုပ်၊ ခြင်္သေ့၊ ကျား၊ သမင်၊ ယုန်ရုပ်များကို ကျောက်အုတ် များစီ၍ ထွင်းထု ထားသည်ကိုလည်း တွေ့မြင်နိုင်ပါတယ်။

Photo Credit Royal Bagan Hotel

--------------------------------------------
✳️ Travel Season Promotion Link ✳️
https://www.facebook.com/114369366663044/posts/125522015547779/

Address

Yagon, NSW

Telephone

+959760760158

Website

Alerts

Be the first to know and let us send you an email when Kaung Kaung Travel and Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Kaung Travel and Tour:

Share

Category