
18/08/2025
လူ့ဘဝရဲ့ အရေးကြီးတဲ့ အချိန်လေးတစ်ခု -
🎓 လူရယ်လို့ ဖြစ်လာရင် ပထမဆုံး အရွယ်ကနေစပြီး အရင်ဆုံးလုပ်ရတဲ့ အလုပ်ကတော့ သင်ယူရခြင်းပါပဲ ... လူသားတို့ဘဝမှာ သင်ယူခြင်းတွေဟာ ဘယ်တော့မှ အဆုံးသတ်မသွားပါဘူး ... တိုးတက်ကောင်းမွန်တဲ့ ဘဝတွေ ဖန်တီးဖို့အတွက် စဥ်ဆက်မပြတ်သင်ယူနေကြရပါတယ် ... သင်ယူမှုတွေ ရပ်တန့်သွားရင် တိုးတက်မှုတွေလဲ ရပ်တန့်သွားပါတယ် ...
🌟 အဲ့တော့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံပညာကို သင်ယူကြရတဲ့ အရွယ် - ဆယ်ကျော်သက်ရွယ် အထက်တန်းကျောင်းတက်ရောက်ရတဲ့ ၃-၄ နှစ်ကာလဟာ လူတယောက်ရဲ့ တစ်သက်တာမှာ အရေးကြီးဆုံး အချိန်ကာလတခုပါ။
🔥 ဘာကြောင့် ဒီအချိန်က အရေးကြီးလဲ?
🧠 ဦးနှောက်ဖွံ့ဖြိုးမှု ပီးမြောက်ခြင်း
• စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု ရရှိတဲ့ အချိန်
• တွေးခေါ်မှုစွမ်းရည် အပြည့်အဝ ဖွံ့ဖြိုးတဲ့ အချိန်
• ဆုံးဖြတ်ချက်ချမှတ်မှု ကျွမ်းကျင်လာတဲ့ အချိန်
🎯 အနာဂတ်ရဲ့ အခြေခံချမှတ်ခြင်း
• တက္ကသိုလ်ဝင်ခွင့် ရရှိမှုအတွက် အဆုံးအဖြတ်ကာလ
• အလုပ်အကိုင်ရွေးချယ်မှုအတွက် အခြေခံအုတ်မြစ်
• ဘဝရည်မှန်းချက်များ ပုံသွင်းတဲ့ အချိန်
👥 လူမှုရေးကွန်ယက် တည်ဆောက်ခြင်း
• တစ်သက်တာ မိတ်ဆွေများ ရရှိတဲ့ အချိန်
• ပူးပေါင်းဆောင်ရွက်မှု သင်ယူတဲ့ အချိန်
• လူမှုရေးကျွမ်းကျင်မှု ဖွံ့ဖြိုးတဲ့ အချိန်
💡 အဲ့ဒီလို မိမိတို့ရဲ့သားငယ် သမီးငယ်လေးတွေ ရဲ့ အရေးကြီးတဲ့ အချိန်ကာလ အတွက် ပညာရေးရွေးချယ်မှုဟာတသက်တာထိရောက်မှုရှိတဲ့ရင်းနှီးမြှုပ်နှံမှုတခုပါ။
ယခုလက်ရှိ အခြေအနေတွေအရ နိုင်ငံတကာမှာ ကျောင်းသွားတက်ဖို့ အနည်းငယ် တင်းကျပ်မှုတွေ ခက်ခဲမှုတွေ ရှိနေပါတယ် ...
ကနေဒါ ကွီဘက် မွန်ထရီရယ် EMSB ရဲ့ အထက်တန်းကျောင်းတွေမှာ လာတက်မယ်ဆိုရင်တော့ အခွင့်အလမ်းတွေက လက်ကမ်းကြိုနေပါသေးတယ် ...
ဒါပေမဲ့ အနည်းဆုံး ၁ နှစ်တော့ ကြိုတင် ပြင်ဆင်မှုလေးတွေ လုပ်ဖို့ လိုအပ်ပါတယ် ... ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲ ... ဘာအခွင့်အရေးတွေရမလဲ ... ဘာကြောင့် မွန်ထရီရယ် EMSB မှာ လာတက်သင့်သလဲ ... ဆိုတာလေးတွေကို ဆက်လက် တင်ပြဆွေးနွေးပေးသွားပါမယ် ... like & share နဲ့ follow လေး လုပ်ထားပေးကြပါနော် ... ကျေးဇူးတင်ပါတယ် ...