09/11/2023
Things to settle right after you landed to Canada
1. To get study permit
မင်မင်တို့ ကနေဒါကို student visa နဲ့ စဝင်လာပြီဆိုတာနဲ့ immigration officer က လိုအပ်တာတဲ့စာရွက်စာတမ်းတွေ စစ်ပါတယ်၊ စစ်ပြီးပြီဆိုတာနဲ့ နောက်ထပ် immigration office ထဲသွားပြီး အထဲမှာ ပါလာတဲ့စာရွက်စာတမ်းတွေကို ထပ်ရပါတယ်၊ အထဲမှာ ကိုယ်လိုသူလိုတွေ အများကြီးပါ။ ထပ်ပြီးလို့ study permit ရပြီဆိုတာနဲ့ ကိုယ့်နာမည်ခေါ်ပြီးပေးပါလိမ့်မယ်။
2. To apply local SIM card
အသုံးများတဲ့ဖုန်းလိုင်းတွေကတော့ Telus, Fido, Freedom, Bell and many more
မင်မင်ကတော့ SIN မလျှောက်ခင်/ဘဏ်အကောင့်မဖွင့်ခင် SIM card အရင်ဝယ်ဖို့အားပေးပါတယ်၊ အဲတာမှာ contact number ဖြည့်ဖို့လွယ်တာမို့လို့ပါ၊
3. To apply SIN (Social Insurance Card)
SIN ကတော့ normal visitor တွေကလွဲရင် migrate လုပ်ဖို့ဝင်လာတဲ့လူတွေအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် international student တွေ ရောက်တာနဲ့ part time လုပ်ဖို့ အားခဲထားတဲ့လူတွေအတွက် အရမ်းအရေးကြီးပါတယ်။ SIN number မရှိဘဲ ဘယ်အလုပ်ရှင်မှ အလုပ်မခန့်ပါဘူးနော်။ SIN လျှောက်တာ တစ်ရက်ဘဲကြာပါတယ်။ နီးစပ်ရာ Canada service centre မနက်စောစော သွားတန်းစီ or booking လုပ်ပြီးသွားရင် နေ့ချင်း SIN number ရပါတယ်။ SIN number ရပြီးဆိုတာနဲ့ တရားဝင်လုပ်လို့ရပါပြီ။ SIN card ကိုတော့ တစ်လအတွင်း စာတိုက်က ပို့ပေးပါလိမ့်မယ်။
4. To buy transit card(transportation card)
ကားမဝယ်ရသေးရင် ကားဝယ်ဖို့အစီအစဉ်မရှိသေးရင် public transportation card ဝယ်ဖို့တော့လိုပါတယ်နော်။ ဘယ်သွားသွား Uber(taxi) ဖိုးပေးရရင် မသက်သာဘူး😅
5. To apply MSP (Medical Services Plan)
MSP ကလဲ မလျှောက်မဖြစ်လျှောက်ရမဲ့ထဲပါပါတယ်။ အနောက်နိင်ငံတော်တော်များများက insurance က by law အရ မရှိမဖြစ်ပါဘဲ၊ အပေါ်က SIN,telephone number and residential house address ရှိပြီဆိုရင်တော့ MSP ရောက်လို့ရပါတယ်။ လျှောက်ပြီးလျှင် MSP card ရဖို့ up to 3 months ကြာပါတယ်။ အဲကြောင့် ရောက်ပြီချိန်နဲ့ MSP card မရခင်ကြာ ၃လကို private insurance ဝယ်ရပါတယ်နော်။
6. To open the bank account
SIN number, telephone number and residential address လဲရှိပြီဆိုရင် bank account ဖွင့်လို့ရပါပြီ။ နီးစပ်ရာ bank ကို walk in ဘဲဖြစ်ဖြစ် appointment ယူပြီးဘဲဖြစ်ဖြစ်သွားလို့ရပါတယ်နော်
အသုံးများတဲ့ ဘဏ်တွေကတော့ RBC, Scotiabank, TD bank, BMO and CIBC တွေပါ
No. 2,3 & 6 ကို လျှောက်အတွက် Study permit (No. 1) & passport က မပါမဖြစ်ယူကိုယူသွားရပါမယ်နော်။
အခုတော့ ဒီလောက်ပါဘဲ။ နောက်မှ တစ်ခြားလိုအပ်ချက်တွေ ရှယ်ပေးပါမယ်နော်။