Zuu & Hein Travel and Tour

Zuu & Hein Travel and Tour Zuu&Hein Travel Tour Japan is a travel agency who helps your travel life to be enjoyful and easier.

09 .06.2025   မှ   14 .   06. 2025 အထိ Japan  ခရီးစဉ် 5 ညအိပ်  6 ရက် ခရီးစဉ် Package ကို အစအဆုံး ကို အသုံးပြုပေးသော Sing...
14/06/2025

09 .06.2025 မှ 14 . 06. 2025 အထိ

Japan ခရီးစဉ် 5 ညအိပ် 6 ရက်

ခရီးစဉ် Package ကို အစအဆုံး

ကို အသုံးပြုပေးသော

Singapore မှ လာလည်ပေးကြသော

အကို ၊ အမ နှင့်သားသား မိသားစု အားလုံး

တစ်ဦးချင်း တယောက်ချင်းဆီကို အထူးပင်

ကျေးဇူးတင်ရှိပါတယ်ရှင် 💕💕

🇯🇵🇯🇵Welcome to Japan 🇯🇵🇯🇵

💕ဂျပန်နိုင်ငံ ခရီးသွားဝန်ကြီးဌာန အသိအမှတ်ပြု💕

💕Outboun and Inbound လိုင်စင်ရ💕

ဂျပန်နိုင်ငံရောက် မြန်မာလူမျိုးဦးစီး

တည်ထောင် ဖွင့်လှစ်ထားသော

🇯🇵🇯🇵Travel & Tourကုမ္ပဏီ 🇲🇲🇲🇲

License No:
東京都知事登録旅行業第2-4788号
東京都知事登録旅行業者代理業第11287号
東京都知事登録旅行サービス手配業第 20344号

တောင်တန်းအလှ သဘာဝနဲ့ ပင်လယ်ကမ်းခြေ ရသ ကို တပြိုင်တည်းရရှိစေတဲ့ ဂျပန်ပြည်ရဲ့ ရှားရှားပါးပါးIZU ကျွန်းသွား ခရီးစဉ်…🏖️🌄IZU ...
09/06/2025

တောင်တန်းအလှ သဘာဝနဲ့ ပင်လယ်ကမ်းခြေ ရသ ကို တပြိုင်တည်းရရှိစေတဲ့ ဂျပန်ပြည်ရဲ့ ရှားရှားပါးပါး
IZU ကျွန်းသွား ခရီးစဉ်…🏖️🌄
IZU ကျွန်းဆွယ် ဆိုတာ ပစိဖိတ်သမုဒ္ဒရာ ကြီးထဲကို ထိုးထွက်နေတဲ့ ဂျပန်ပြည်ရဲ့ကျွန်းဖြစ်ပြီးတော့
သူ့အကြောင်းပြောမယ်ဆိုရင် အနီးအနားက မီးတောင်တွေ ရေပူစမ်းတွေ အကြောင်းကို ချန်ထားလို့မရပါဘူး။
ငါးဖမ်းရွာ တွေ ၊ လတ်ဆတ်တဲ့ ပင်လယ်စာ အကင်ဆိုင်၊ hot pot ဆိုင်တွေ ရှိပြီး အေးချမ်းလှပတဲ့ ကမ်းခြေဖြစ်ပါတယ်။ Dogashima Marine Cruise စီးရင်း ကမ်းခြေ တလျှောက် လှပတဲ့သဘာဝတရားဆီမှာ အမှတ်တရ အချိန်တွေ ဖန်တီးနိုင်ပါတယ်။
IZU Area ရဲ့ ကမ္ဘာကျော် Omuro တောင် ကိုလည်း မဝင်လို့မရဘူးနော် ။ ခုလို July ဆို တတောင်လုံး အစိမ်းရောင်လွှမ်းပြီး လက်ဖက်ရည်ပန်းကန်လုံးကို မှောက်ချထားသလို တိတိပပ ဝိုင်းဝိုင်းစက်စက် ပုံစံကျနေတဲ့ အလှပဆုံး မီးတောင်ဟောင်းကြီးဖြစ်ပါတယ်။
တောင်ထိပ်မှာ ချိုင့်ဝှမ်းခွက်လေးနဲ့မို့ ဂျပန်ထမင်းပန်းကန်လုံး တောင်လို့လဲ သိကြပါတယ်။
ဒီတောင်ကြီးပေါ်ကနေ Panoramic View နဲ့ကြည့်လိုက်ရင် Fuji တောင် ၊Izu Area ၊ နဲ့ Izu ကျွန်းစုတွေ ထိမြင်ရပါတယ်။
ဒီလို တသက်မမေ့စရာ တောင်ပေါ်ရှုမျှော်ခင်းတွေ၊ ကမ်းခြေအလှတွေ တစုတည်းရှိတဲ့ IZU Area ကို သွားရောက်လည်ပတ်ချင်ရင်တော့
Zuu&Hein Tour Japan မှ
Tokyo- Fuji တောင်-Izu Area- Hakone ရေပူစမ်းဒေသ တွေထိ လိုက်ပါပို့ဆောင်ပေးနေပါပြီ။
မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည်များသာမက ကမ္ဘာအနှံ့မှ မြန်မာလူမျိုးများ ဂျပန်နိုင်ငံတခွင် လည်ပတ်လိုပါက တာဝန်ယူစီစဉ်ပေးနေတဲ့။ Zuu&Hein Tour Japan ဖြစ်ပါတယ်။🇯🇵
ခရီးသွားဧည့်သည်များစိတ်ကြိုက် သွားရောက်လည်ပတ်လိုတဲ့ ခရီးစဉ်များကို စိတ်တိုင်းကျအဆင်ပြေသည်အထိ လိုက်ပါဆောင်ရွက်ပေးမှာဖြစ်လို့ အသေးစိတ်စုံစမ်းလိုပါက ကောမန့်မှာ ဖြစ်စေ
Page Messenger မှာဖြစ်စေ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ် ရှင်။ 🤗
Zuu&Hein နဲ့အတူ
ဂျပန်နိုင်ငံ ခရီးစဉ်များကို အလှပဆုံး အမှတ်တရအဖြစ် ဖန်တီးလိုက်ရအောင် 🧳




July လထဲမှာ ဂျပန်ကို ခရီးသွားဖို့ အစီအစဉ်ရှိထားရင်ဘယ်အရာတွေ စောင့်ကြိုနေမလဲ ဆိုတာZuu&Hein နဲ့ အတူ သွားကြည့်ကြမယ်နော်June...
06/06/2025

July လထဲမှာ ဂျပန်ကို ခရီးသွားဖို့ အစီအစဉ်ရှိထားရင်
ဘယ်အရာတွေ စောင့်ကြိုနေမလဲ ဆိုတာ
Zuu&Hein နဲ့ အတူ သွားကြည့်ကြမယ်နော်
June လက‌နေ August လဟာဆိုရင် ဂျပန်နိုင်ငံရဲ့
နွေရာသီ ဖြစ်တဲ့အတွက် နေရာအနှံ့မှာ ဒေသအလိုက် ပွဲတော်တွေနဲ့ စည်စည်ကားကား ရှိနေကြပါတယ်။
🇯🇵☀️🎐
🗼အထူးသဖြင့် မြို့တော်တိုကျိုမှာ Summer Sales တွေ အပြိုင်အဆိုင်ချနေပြီးတော့ Rooftop Beer Garden တွေလည်း ပွင့်လင်းရာသီ
ပီသစွာ ဖွင့်နေကြပါပြီ။🍻
Sumidagawa မီးပန်းလွှတ်ပွဲတော် ကိုလည်းနွှဲရမှာပါ။
🏔️ဖူဂျီတောင်ရဲ့တောင်တက်ရာသီ ကိုလည်း July လမှာ တရားဝင်ဖွင့်လှစ်တာဖြစ်လို့ တောင်တက်ခရီးသွားများအတွက်အခွင့်ကောင်းပါပဲ။
🏝️ကမ်းခြေမှာအပန်းဖြေလိုသူတွေအတွက်
နာမည်ကျော် IZU Peninsula မှာ သဘာဝရဲ့အလှပကို ကြည်စင်တဲ့ကောင်းကင်ကြီးအောက်မှာတဝကြီးခံစားလို့ရပါပြီ။
🌄သမိုင်းဝင် သက်တမ်းရင့် Hakone ရေပူစမ်း တခွင်မှာ ဆိုရင်လည်း စိမ်းလန်းတောက်ပ နေတဲ့ ရှုမျှော်ခင်း တွေနဲ့ Fuji တောင်ကြီးရဲ့ အလှ ကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်သလို တောင်ကြားအလှ ‌ကို Ropeways စီးရင်း ခံစားလို့ကောင်းတဲ့ အချိန်ပါနော်။
🎎Classic Japan ပြည်ဖြစ်တဲ့ ကျိုတိုမှာတော့ တနိုင်ငံလုံးမှာ နာမည်အကြီးဆုံး ဖြစ်တဲ့ Gion Matsuri
ကျင်းပကြမှာပါ။ ကြုံတောင့်ကြုံခဲမို့ လက်မလွတ်စေနဲ့နော်။
ဒါတင်မကသေးဘူးနော်
Gravity အပြင်ဘက်ခုန်ထွက်ချင်သူများအတွက် 🍃မြို့ပြရဲ့အဝေး Hokkaido လာဗင်ဒါလွင်ပြင်မှာ
အိမ်မက်ကမ္ဘာ သီးသန့်တည်ဆောက်ပြီး နစ်မျောခံစားနိုင်ပါသေးတယ်။ July လ ဟာ လာဗင်ဒါပန်းတွေ အလှဆုံးပွင့်တဲ့ရာသီပါတဲ့။
ဒီလောက်ဆိုရင် July လထဲ ခရီးသွားချင်သူများအတွက် ဂျပန်နိုင်ငံရဲ့ နေရာကောင်းလေးတွေ သိသွားကြပြီထင်ပါတယ်နော်။
Traveller များခရီးသွားမယ်ဆိုရင် ပေါ့ပေါ့ပါးပါး
အဝတ်အစား များဝတ်ဆင်လို့ရပါတယ်။သွားလေရာ သောက်ရေသန့်ဘူးလေး ဆောင်သွားပါနော်။
July အစောပိုင်းဆိုရင် အချို့နေရာ တွေ မိုးရွာချင်ရွာတတ်လို့ Raincoat အပေါ့စားလေး တထည်ဆောင်ထားလည်းမမှားပါဘူးရှင်။
ဒေသအလိုက် နွေရာသီပွဲတော်တွေ မှာ ဝင်နွှဲချင်ရင်
နွေရာသီကီမိုနို လေး ထည့်လာခဲ့လို့ရပါတယ်။
ဓါတ်ပုံရိုက်တဲ့အခါ ဖက်ရှင်ကျသလို၊ ဒေသခံတွေနဲ့လည်း တသားတည်းလိုခံစားရပါတယ်။
တစ်ခုသတိထားရမှာက ဒီလိုအချိန်ဟာ ခရီးသွားရာသီ၊ဂျပန်နိုင်ငံရဲ့ ကျောင်းပိတ်ချိန် ဖြစ်နေလို့
ဟိုတယ် Booking၊ ဝင်ခွင့်လက်မှတ်တွေ မှာ လူများ အလုပ်များကြတဲ့အတွက် ကြိုတင် ဝယ်ယူထားမယ်ဆိုရင် ပိုအဆင်ပြေပါတယ်နော်။
Zuu&Hein Tour Japan နဲ့ ချိတ်ဆက်ထားမယ်ဆိုရင်တော့ အစစအရာရာ နှောင့်နှေးကြန့်ကြာမှုမရှိရအောင် ခရီးစဉ်တလျှောက် စီစဉ်ပေးမှာ ပါနော်။
ခရီးစဉ်အသေးစိတ် ကိုသိရှိလိုပါက
Page Messenger သို့ဖြစ်စေ Comment မှာဖြစ်စေ
မေးမြန်းနိုင်ပါတယ်။
Zuu&Hein နဲ့အတူ
ဂျပန်နိုင်ငံ ခရီးစဉ်များကို အလှပဆုံး အမှတ်တရအဖြစ် ဖန်တီးလိုက်ရအောင် 🧳




တနေ့ကျရင်အဆုံးမရှိတဲ့ လာဗင်ဒါပန်းခင်းကြီးဆီ ရောက်အောင်သွားမယ်ဆိုတဲ့ အိပ်မက်တွေကိုအခုပဲ အကောင်အထည်ဖော်လိုက်ပါ။ 💜ဟိုကိုင်း...
03/06/2025

တနေ့ကျရင်
အဆုံးမရှိတဲ့ လာဗင်ဒါပန်းခင်းကြီးဆီ ရောက်အောင်သွားမယ်ဆိုတဲ့ အိပ်မက်တွေကို
အခုပဲ အကောင်အထည်ဖော်လိုက်ပါ။ 💜
ဟိုကိုင်းဒိုး မှာရှိတဲ့ Farm Tomita မှာ
Juneနှောင်းပိုင်းကနေ August ထိ က
ခရမ်းရောင်လာဗင်ဒါတွေ ပင်လယ်ကြီးလို အတောမသတ်ပွင့်ကြတဲ့ ရာသီ ဖြစ်လို့
အသက်ရှုမှားအောင် လှပနေကြပါပြီ။
Lavender တွေအပြင် Farm Tomita ရဲ့ထူးခြားချက်က သက်တံ့ရောင်စုံလို ပန်းခင်းလွင်ပြင်ကြီး အဖြစ် Irodori Field လည်း ရှိပြီး July လထဲမှာ အလှဆုံးပါပဲရှင်💓
Zuu&Hein Tour Japan အနေနဲ့ဟိုကိုင်းဒိုး ရဲ့ လာဗင်ဒါ ပန်းခင်းကြီးအပါအဝင်
🌸လေးရာသီလုံးလှပတဲ့ အကြီးဆုံးရေပူစမ်း Jozankei Onsen
🌸ရာသီအလိုက် ပွဲတော်တွေနဲ့ မပြတ်စည်ကားတဲ့ Odori Park
🌸20ရာစုအစောပိုင်းတည်းက ဖောက်လုပ်ထားတဲ့ Otaru Canal
🌸Aoao Sapporo Aquarium နဲ့
🌸Shopaholic လေးများအတွက် Sapporo Factory Outlet
🌸Mount Moiwa ရဲ့ ရင်သပ်ရှုမောဖွယ် Sightseeing နဲ့
အခြားအခြားသော Hokkaido ရဲ့ Historical Landmark တွေ ကိုစုံနေအောင်ပို့ဆောင်
ပေးသွားအုံးမှာဖြစ်ပါတယ်။
ပြီးတော့ မြို့တော် တိုကျို ရဲ့အထင်ကရ နေရာတွေကို လည်း ချန်မထားရဘူးနော်။
၇ညအိပ် ၈ရက် ခရီးနဲ့ တဝကြီးစိတ်ကြိုက် လည်ပတ်ရအုံးမှာဆိုတော့
Tokyo-Hokkaido-Tokyo ခရီးစဉ်လေးနဲ့ တသက်မမေ့နိုင်စရာ အပန်း‌ဖြေ ခရီးစဉ်လေး စတင်ဖို့
Zuu&Hein Tour Japan ကို အခုပဲ ဆက်သွယ်လိုက်ပါတော့ရှင်။
ခရီးစဉ်အသေးစိတ် ကိုသိရှိလိုပါက
Page Messenger သို့ဖြစ်စေ Comment မှာဖြစ်စေ
မေးမြန်းနိုင်ပါတယ်။
Zuu&Hein နဲ့အတူ
ဂျပန်နိုင်ငံ ခရီးစဉ်များကို အလှပဆုံး အမှတ်တရအဖြစ် ဖန်တီးလိုက်ရအောင် 🧳





“ဂျပန်ကိုပထမဆုံး လာလည်မှာဆိုတော့နာမည်ကြီးတဲ့ Iconic Destinations တွေ စုံအောင်သွားချင်တာ” ဆိုတဲ့ဧည့်သည်များအတွက် 🥰Tokyo- ...
01/06/2025

“ဂျပန်ကိုပထမဆုံး လာလည်မှာဆိုတော့
နာမည်ကြီးတဲ့ Iconic Destinations တွေ စုံအောင်သွားချင်တာ” ဆိုတဲ့ဧည့်သည်များအတွက် 🥰

Tokyo- Osaka – Nara – Kyoto – Fuji –Tokyo
🏔️6 Night 7 Day Tour Package ‌လေးက
အသင့်တော်ဆုံးပါနော်...

ကဲ ခရီးစဉ်တဖြတ်တိုင်းမှာ ဘယ်လိုတောင်
စိတ်လှုပ်ရှားစရာ အတွေ့အကြုံအသစ်တွေ ရမှာလဲ…
ကြည့်ကြရအောင်🤗
ပုံလေးတွေကြည့်ပြီး ကိုယ်တိုင် သွားရောက် လည်ပတ်ချင်တယ် ဆိုရင်တော့

🇯🇵𝐓𝐨𝐤𝐲𝐨- 𝐎𝐬𝐚𝐤𝐚 - 𝐍𝐚𝐫𝐚 - 𝐊𝐲𝐨𝐭𝐨 - 𝐅𝐮𝐣𝐢 - 𝐓𝐨𝐤𝐲𝐨
6 Night 7 Day Tour Package
❤️USD 1,700
🔸Meal (Lunch, Dinner)
🔸4-star Hotel
🔸Daily Breakfast
🔸Entrance Fees
🔸 Transportation (Car,Bullet Train)
🔸Kimono Dress
🔸Visa Service စတဲ့ ဝန်ဆောင်မှုတွေ အပါအဝင်
Zuu&Hein က လိုလေသေးမရှိ
အစအဆုံးစီစဉ်ပေးမှာဖြစ်ပါတယ်။
📌Air Ticket အတွက် ကျသင့်ငွေ မပါဝင်ပါ။

ခရီးစဉ်အသေးစိတ် ကိုသိရှိလိုပါက
Page Messenger သို့ဖြစ်စေ Comment မှာဖြစ်စေ
မေးမြန်းနိုင်ပါတယ်။
Zuu&Hein နဲ့အတူ
ဂျပန်နိုင်ငံ ခရီးစဉ်များကို အလှပဆုံး အမှတ်တရအဖြစ် ဖန်တီးလိုက်ရအောင် 🧳




ခရီးသွားဧည့်သည်တစ်ယောက်က ပြောဖူးတာလေးပါ။ကျိုတို မြို့ရဲ့ လမ်းမတွေထက်မှာ ကီမိုနိုနဲ့ လမ်းလျှောက်ရတဲ့အခိုက်အတန့်ကို Pause ...
24/05/2025

ခရီးသွားဧည့်သည်တစ်ယောက်က ပြောဖူးတာလေးပါ။
ကျိုတို မြို့ရဲ့ လမ်းမတွေထက်မှာ ကီမိုနိုနဲ့ လမ်းလျှောက်ရတဲ့အခိုက်အတန့်ကို Pause လုပ်ပြီး သတိရတိုင်း ပြန်ခံစားချင်မိတယ်တဲ့

ဒါကတကယ့်ကို သိသာမြင်သာတဲ့ ဂျပန်ရိုးရာအငွေ့အသက်တွေရဲ့ လွှမ်းမိုးမှုတစ်ခုပါပဲ။

ဂျပန်နိုင်ငံလို့ ပြောလိုက်တာနဲ့ ခေတ်မီစက်ပစ္စည်းတွေ၊ နောက်ဆုံးပေါ်နည်းပညာတွေ၊ ကျည်ဆံရထား၊ မိုးမျှော်တိုက်တာနဲ့ စက်ရုပ်တွေပဲ မြင်နေရင်

အခြားဘက်တခြမ်းမှာ ဂျပန်လူမျိုးတွေ ယနေ့ထက်တိုင်
တန်ဖိုးထားကာကွယ်ထိန်းသိမ်းထားတဲ့ရိုးရာအစဉ်အလာတွေ ယဉ်ကျေးမှုသမိုင်းကြောင်းတွေ က ခိုင်ခိုင်မာမာရှိနေပါတယ် ဆိုတာ ကို ကျိုတို မြို့ကသက်သေပြနေပါတယ်။

ငယ်ငယ်ကကြည့်ဖူးခဲ့တဲ့ အိုရှင်း ဇာတ်ကားထဲက
ဇာတ်ဝင်ခန်းတွေကို အသဲစွဲခဲ့သူတွေအဖို့ တနေ့မှာ ဂျပန်နိုင်ငံရဲ့ နှလုံးသားကို ခံစားကြုံကြိုက်
ကြည့်လိုက်မယ်လို့ စိတ်ကူးအိပ်မက် ရှိထားရင် ကျိုတိုမြို့ကို လှမ်းလာခဲ့ပါနော်။ (ပုံလေးတွေကို ထောက်ပြီး ဆက်ဖတ်ကြည့်ပေးနော်)






“လာတဲ့အခါ ဧည့်သည် … ပြန်တဲ့အခါ မိတ်ဆွေ”ဒါက Zuu & Hein ရဲ့ 企業理念 (Philosophy) ပါ။ခရီးသွားတွေဟာ ဂျပန်နိုင်ငံကို Zuu & Hein ...
20/05/2025

“လာတဲ့အခါ ဧည့်သည် … ပြန်တဲ့အခါ မိတ်ဆွေ”
ဒါက Zuu & Hein ရဲ့ 企業理念 (Philosophy) ပါ။
ခရီးသွားတွေဟာ ဂျပန်နိုင်ငံကို Zuu & Hein ရဲ့ ဧည့်သည်တစ်ဦးလို ရောက်ရှိလာခဲ့ပေမယ့် ခရီးစဉ်ပြီးလို့ ပြန်ကြတဲ့အခါ Zuu & Hein ရဲ့မိတ်ဆွေတွေအဖြစ် ခင်မင်ရင်းနှီးသွားကြတာက တန်ဖိုးထားရတဲ့ အမှတ်သင်္ကေတတစ်ခုပါပဲ။🥰
လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ အဆင်ပြေစေဖို့ ခရီးစဉ်တိုင်းမှာ စေတနာအပြည့်နဲ့ဂရုတစိုက်ရှိတာကြောင့်လည်း မိတ်ဆွေတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိနေတာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိခဲ့ပါပြီရှင့်။👍
ဂျပန်ရောက်မြန်မာလူမျိုးကိုယ်တိုင်ဦးစီးဖွင့်လှစ်ထားပြီး
ဂျပန်နိုင်ငံရဲ့ တရားဝင်ခရီးသွားလုပ်ငန်းလိုင်စင် (Outbound and Inbound) ရရှိထားတာကြောင့် VISA အစ Air Ticket, Hotel နဲ့ Transportation အဆုံး ခရီးစဉ်တစ်လျှောက် လိုလေသေးမရှိရအောင် ဝန်ဆောင်မှုပေးနိုင်တာလည်း Zuu & Hein ပါပဲ။🇯🇵
ဒါကြောင့် ပြန်တွေးကြည့်တိုင်း ကြည်နူးရမယ့် ဂျပန်နိုင်ငံရဲ့ အမှတ်တရကောင်းလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ Zuu&Hein ကိုသာ ရွေးချယ်ပါရှင်… 💯



ရိုးရာ ဟိုက္ကုကဗျာ လေးလို မိုးရေစက်တွေကြားက ကမာကူရ ဆီသွားမယ်…တကယ်လို့ ကိုယ်က ခရီးသွားရတာကို နှစ်သက်တယ်။ လူစုလူဝေး‌တွေ၊ လ...
19/05/2025

ရိုးရာ ဟိုက္ကုကဗျာ လေးလို
မိုးရေစက်တွေကြားက ကမာကူရ ဆီသွားမယ်…

တကယ်လို့ ကိုယ်က ခရီးသွားရတာကို နှစ်သက်တယ်။ လူစုလူဝေး‌တွေ၊ လူအုပ်လိုက်ကြီး ရှုပ်ထွေးတိုးဝှေ့ နေရတာကို ရှောင်ချင်တယ်ဆိုရင် အခုလိုအချိန် က အကောင်းဆုံးပါပဲ။

အထူးသဖြင့် သဘာဝတရားကိုအကောင်းဆုံးခံစားနိုင်တဲ့ ၊
စိတ်‌တွေအေးချမ်းပြီး တဖန်ပြန်လည်နုပျိုလန်းဆန်းစေတဲ့
ကမာကူရ ဘက်ကိုခရီးထွက်မယ် ဆိုရင် အခုလို မိုးဦးကျ အချိန်မှာ ဂျပန်စတိုင်ထီး အကြည်လှလှလေး
တစ်လက်/ အပေါ့စား Raincoat လေးတစ်ထည် လိုလိုမယ်မယ်ထည့် ပြီး စိတ်အေးလက်အေး အလည်အပတ် ထွက်သင့်ပါတယ်နော်။

တိုကျိုကနေ လျှပ်စစ်ရထား Enoden စီးသွားလို့ တစ်နာရီလောက်ကြာရင် ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေက ကမာကူရမြို့ကိုရောက်ပါပြီ။

ကားနဲ့လည်းသွားလို့ရပေမဲ့ Tokyo -Kamakura ရထားလမ်းတလျှောက်က View အတော်လှလို့ Recommend ပေးပါတယ်။

ကမာကူရရောက်ရင် မဖြစ်မနေ လည်ပတ်သင့်တဲ့နေရာတွေက တော့

1. Hasedera Temple
မိုးဦးကျမှာ ပွင့်လာတဲ့ Hydrangea (Aji Sai) ပန်းရောင်စုံတွေ နဲ့ လှပအေးချမ်းတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်ပါတယ်။ ကြီးမားတဲ့ သစ်သားဆင်းတုတော်စံပယ်လျက်ရှိပြီး၊ ဘုရားကျောင်းဝန်း တခွင်မှာ သစ်ပင် ပန်းမာလ် ရေကန် ၊ရေကျသံ လေးတွေနဲ့ စိတ်ကို ပကတိငြိမ်းချမ်းစေပါတယ်။ အဲဒီကနေ ပစိဖိတ်သမုဒ္ဒရာ ရဲ့ အလှကို ကုန်းမြင့်ပေါ်ကနေ ကြည့်ရှုခံစားနိုင်ပါတယ်။ ထန့်စမ်းဂူလိုမျိုး ရဟန်းတပါးကျင့်စဉ်အားထုတ်ရာ ဂူလည်းရှိပါသေးတယ်။

2. The Great Buddha (Daibutsu)

ကမာကူရဆုတောင်းပြည့်ဘုရားလို့ မြန်မာတွေ အားလုံးသိကြတဲ့ ကြေးသွန်းရုပ်ပွားတော်ကြီး ကိုတော့ မဖြစ်မနေဝင်ဖူးပါနော်။ ဂျပန်နိုင်ငံရဲ့ iconic ဖြစ်ပြီး ၁၁မီတာ အမြင့်ရှိတဲ့ အမိုးအကာ မရှိ တရားထိုင်နေဟန် ဗုဒ္ဓရုပ်ပွားတော်ကြီးပါ။ အမိုးအကာ တည်ဆောက်ပေးထားရင်ရာသီဥတုပြင်းထန်မှုဒဏ်‌
ကြောင့် မကြာခဏ ပျက်စီးရတယ်လို့လည်း ပြောကြပါတယ်။ ဘုရားအတွင်းဘက်ကိုယ်ထဲမှာ ပြခန်းတည်ရှိပြီး ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။ ဘုရားမဖူးမီ လက်ဆေးရန် ခံတွင်းသန့်စင် ရန် ဝါးလုံးလေးတွေက ကျဆင်းနေတဲ့ ရေ ကို အသုံးပြုကြပါသေးတယ်။

3.Komachi Street

Kamakura Station နားက Komachi Street မှာ အလွန်ချစ်စရာကောင်းတဲ့ အမှတ်တရပစ္စည်းဆိုင်တွေ တွေအပြည့်ပါပဲ။အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေ၊ handmade ဆိုင်တွေက မြင်တာနဲ့ လိုချင်စရာ ဝယ်ချင်စရာတွေချည်းပဲမို့ဟိုဟိုဒီဒီလျှောက်
ကြည့်ခဲ့ပါအုံး။ဒေသစာ ၊ Street Food နဲ့ ရိုးရာမုန့်ချို တွေကိုလည်း ဈေးတန်းမှာ မြည်းစမ်း လို့ရပါတယ်။

4. Yuigahama Beach
လျှောက်လည်ရတာ မောလာတဲ့အခါ အပြန်မှာ အချိန်ရရင် ကမ်းခြေမှာ လမ်းလျှောက်ရင်း ၊ ကော်ဖီဆိုင်လေးမှာ ထိုင်ရင်း ပစိဖိတ် သမုဒ္ဒရာကြီးရဲ့ အလှကို ငေးမော လို့ရပါသေးတယ်။

အသက်ဝင်နေတဲ့ ဟိုက္ကုကဗျာလေး ထဲမှာ လမ်းလျှောက်နေရသလိုမျိုး၊

မိုးနေ့တစ်နေ့မှာ ကမာကူရ ကို သွားဖြစ်အောင်သွားကြည့်လိုက်ဖို့
Zuu&Hein Tour Japan က ဖိတ်ခေါ်လိုက်ပါတယ်။

Zuu&Hein ဆိုတာ ဂျပန်နိုင်ငံခရီးသွားဝန်ကြီးဌာနအသိအမှတ်ပြု Outbound and Inbound လိုင်စင်ရ တရားဝင် ခရီးသွားအေဂျင်စီ ဖြစ်ပါတယ်။
ဂျပန်ရောက်မြန်မာလူမျိုးဦးစီးတည်ထောင် ထားပြီး ဂျပန်ခရီးစဉ်အလည်အပတ်အတွက်ဆိုရင်
မြန်မာနိုင်ငံမှ ဧည့်သည်များသာမက ကမ္ဘာအရပ်ရပ်မှ မြန်မာဧည့်သည်များကိုပါ လိုလေးသေးမရှိ ပို့ဆောင်ပေးနေတာကြောင့် စိတ်ချယုံကြည်စွာ ဆက်သွယ်လိုက်ပါနော်။

Zuu&Hein Tour Japan နဲ့အတူ
ဂျပန်နိုင်ငံ ခရီးစဉ်များကို အလှပဆုံး အမှတ်တရအဖြစ် ဖန်တီးလိုက်ရအောင်





#ကမာကူရခရီးစဉ်

အိုဆာကာလို့ ဆိုလိုက်ရင် Kitchen of Japan ရယ်လို့ နာမည်ကြီးပြီးသားပါ။ဘယ်နေရာရောက်ရောက် အစားအသောက် အသစ်အဆန်းလေးတွေ ခုံမင်တ...
18/05/2025

အိုဆာကာလို့ ဆိုလိုက်ရင်
Kitchen of Japan ရယ်လို့ နာမည်ကြီးပြီးသားပါ။

ဘယ်နေရာရောက်ရောက် အစားအသောက် အသစ်အဆန်းလေးတွေ ခုံမင်တတ်သူရယ် ၊
Night life Enjoyer လေးတွေရယ်အတွက်

ဂျပန်ရောက်ရင်နီယွန်မီးရောင်စုံတွေ ထိန်ထိန်ညီးနေတဲ့
အိုဆာကာ ည ကို ဖြတ်သန်းပြီးမှ တန်ပါလိမ့်မယ်။

မမေ့နိုင်စရာ အိုဆာကာ ညကိုစတင်ဖို့

ပထမဦးဆုံး
Umeda Sky Building (သို့မဟုတ်)
Abeno Harukas Building ပေါ်ကဖြစ်ဖြစ် တမြို့လုံးရဲ့ Panoramic view ကို ဆည်းဆာအလှနှင့်အတူ ခံစားငေးမော ရင်း ဓါတ်ပုံလှလှလေး ရိုက်ထားလိုက်ပါနော်။

နေမင်းကြီးနှုတ်ဆက်ချိန်မှာပဲ နီယွန်မီးတွေ လင်းလက်တောက်ပ နေတဲ့ အိုဆာကာရဲ့ ညကစတင်သက်ဝင်လို့လာပါပြီ။

မဖြစ်မနေသွားရမှာက Namba Station အနီးက Dotonbori ဆီသို့ပါပဲ။
အိုဆာကာရဲ့ အစည်ကားဆုံး လမ်းဖြစ်ပြီးတော့ နာမည်ကြီး Restaurant တွေ ၊ Street Food ဆိုင်တွေ စုံစုံလင်လင် နဲ့ မို့ တဆိုင်ဝင်တဆိုင်ထွက် စိတ်ကြိုက်စားလို့ရပါပြီ။

စားစရာတွေ အများကြီး ရှိတဲ့အထဲကမှ စားကိုစားကြည့်သင့်တာလေးတွေကတော့

လူကြိုက်များတဲ့
Takoyaki_ ရေဘဝဲလုံးကြော်
Okonomiyaki သူကPancakes ကိုမှ ဝက်သား၊ ရေဘဝဲ၊ပုစွန် စတဲ့ နှစ်သက်ရာ အသားတွေ ပြည့်နှက်ပြီး အရသာရှိလှပါတယ်။
Kushikatsu အသား၊ အသီးအရွက် အကြွပ်ကြော်
Yakiniku_တကိုက်စာ အသား၊ အသီးအရွက်လေးတွေကို ကိုယ်တိုင်အကင်ဗန်းလေးနဲ့ ကင်စားရတာမျိုး
Ramen_ ဂျပန်ရောက်မှတော့ Ramen ခေါက်ဆွဲစစ်စစ်စားကိုစားသင့်တာပေါ့
Wagyu Beef- နူးညံ့ပြီးအဆီတွေပြည့်ပြီး အရသာရှိတဲ့ အမဲလွှာ ကို Shabu Shabu ဆိုင်တွေမှာ ရနိုင်ပါတယ်။

စတဲ့စတဲ့ နာမည်ကျော် အစားအစာတွေကို Restaurant မှာဖြစ်ဖြစ်၊ Street Food Stall တွေမှာဖြစ်ဖြစ် စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်။

လတ်လတ်ဆတ်ဆတ်Sushi ဆိုင်၊ ပင်လယ်စာဆိုင် ၊
တွေကလည်း ဒုနဲ့ဒေးပါပဲ။ အစားပြီးတော့ အသောက်တလိုင်းလေးတွေလည်း Bar Hopping လုပ်ချင်ရင် Standing Bar တွေ Pub တွေ ကစုံမှစုံပါပဲ။

ဒါတင်ပဲလား …?
Shopping ထွက်ချင်သေးတယ်ဆိုရင် အလွန်တရာမှ နီးတဲ့ Shinsaibashi Shopping Street မှာ Tourists တွေအတွက် Tax Free နဲ့ဈေးဝယ်လို့ရပါတယ်တဲ့ ဘာလိုသေးလဲနော်။

လျှောက်လည်စားသောက် ဈေးဝယ်ပြီး ညဉ့်ဘယ်လောက်နက်နက် ညလုံးပေါက်ဖွင့်တဲ့ 24/7 Ramen NightCap ဆိုင်တွေ ရှိတာကြောင့်

စိတ်ကြိုက်ပျော်ပြီးကဲပြီးလို့ Ramen ခေါက်ဆွဲပူပူနွေးနွေးလေးနဲ့ အဆုံးသတ်လိုက်မယ်ဆိုရင်
အိုဆာကာ Nightlife လေးက သိပ်ကိုပြည့်စုံလှပသွားပါပြီ။

ဂျပန်စတိုင် Nightlifeထဲမှာမှ အစားအသောက်တွေစုံလင်အရသာရှိပြီး ပိုမိုဖော်ရွေကြတဲ့ Osaka မှာ ပျော်စရာအကောင်းဆုံး အတွေ့အကြုံတွေ ခံစားရယူလိုက်ဖို့

Zuu&Hein Tour Japan ကိုသာ ဆက်သွယ်လိုက်ပါနော်။
ဂျပန်နိုင်ငံအနှံInbound Tour များအပြင်၊ Outbound Tour များပါ အစအဆုံး စီစဉ်ဆောင်ရွက်ပေးနိုင်တဲ့
လိုင်စင်ရ တရားဝင် ခရီးသွားအေဂျင်စီ ဖြစ်ပါတယ်ရှင်။

Luxury Tour, Private Tour, Group Tour များကို ခရီးသွားဧည့်သည်များစိတ်ကြိုက် ပြီးပြည့်စုံပြီး ပျော်ရွှင်စရာအတိဖြစ်စေဖို့ တာဝန်ယူ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

Zuu&Hein Tour Japan နဲ့အတူ
ဂျပန်နိုင်ငံ ခရီးစဉ်များကို အလှပဆုံး အမှတ်တရအဖြစ် ဖန်တီးလိုက်ရအောင်






ဂျပန်ပြည်မှာ သဘောကျစရာအကောင်းဆုံးတွေထဲက တစ်ခုက ပန်းပွဲတော်တွေပဲဖြစ်ပါတယ်။ရာသီအလိုက် ပွင့်တဲ့ပန်းတွေကို တကူးတက ထိုင်ကြည့်...
17/05/2025

ဂျပန်ပြည်မှာ သဘောကျစရာအကောင်းဆုံးတွေထဲက တစ်ခုက ပန်းပွဲတော်တွေပဲဖြစ်ပါတယ်။
ရာသီအလိုက် ပွင့်တဲ့ပန်းတွေကို တကူးတက ထိုင်ကြည့်ပြီး မိသားစုလိုက် အပန်းဖြေကြပြီး၊
သဘာဝတရားကို ချစ်ခင်ခံစားဖို့ အချိန်ပေးကြပါတယ်။

လူသိများတဲ့ ချယ်ရီပန်းပွဲတော် လိုပဲ နောက်ထပ် ပန်းပွဲတော် တစ်ခုက
Ajisai Matsuri (Hydrangea Festival) ပါ

ပုံပြင်ရာဇဝင်အရ ဂျပန်ဧကရာဇ် တစ်ပါးက သူ့ရဲ့နန်းတွင်းသူလေး တစ်ဦးကို လစ်လျူရှုခဲ့မိတဲ့အတွက် တောင်းပန်တဲ့အနေနဲ့ ပေးခဲ့တဲ့ပန်း ဖြစ်တယ်လို့ သိရပါတယ်။

Ajisai ရဲ့ Flower Language အရ

🌸ရိုးသားစွာတောင်းပန်ဝန်ချခြင်း

🌸စစ်စစ်မှန်မှန် နှလုံးသားလုံးသာကလာတဲ့ ခံစားချက်

🌸ချစ်ခြင်းမေတ္တာ

🌸ငြင်သာသော ပြောင်းလဲမှု တရား ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားကြပါတယ်။

သူ့ရဲ့အဓိပ္ပါယ်နဲ့ လိုက်လျောညီထွေစွာပဲ Hydrangea ပန်းတွေကို ဘုရားကျောင်း၊ ဝတ်ပြုကျောင်းဆောင် တွေနဲ့ကုန်းမြင့် တွေမှာ တခွင်တပြင်ကြီး တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ အဖြူရောင်ဆိုပြီး အရောင်ကွဲတွေရှိပြီး June လ အစပိုင်းလောက်မှာ ပွင့်ကြတာဖြစ်လို့ မကြာခင် Hydrangea ပန်းပွဲတော် ရောက်ရှိတော့မှာဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ပန်းပွဲတော်တွေကို လက်လွတ်မခံသင့်တဲ့အကြောင်းက ကိုယ်သွားလေရာလမ်းတလျှောက် ပန်းလေးတွေကကြိုနေသလို ခံစားရမှာဖြစ်ပြီး ကြည့်လေရာ ပန်းခင်းကြီး နဲ့ မြင်ကွင်းက အိပ်မက်ဆန်တဲ့ ရေဆေးပန်းချီကားတချပ်လို ပါပဲ။
အဲဒီ အခိုက်အတန့်လေးတွေက ငြိမ်းချမ်းလှပပြီး
ဘယ်အရာနဲ့မှမတူတဲ့ ဂျပန်ပြည်ရဲ့ အလှတပါး ဖြစ်နေလို့ပါ။

Hydrangea Festival မှာသွားရောက်လည်ပတ်သင့်တဲ့
နေရာတွေကတော့

⛩️Meigetsu-in Temple (ကမာကူရ)
အပြာရောင်Hydrangeaတွေအ တခြားနေရာထက်ပိုပြီးအများကြီး ပွင့်နေမှာပါ။

⛩️Hasedera Temple (တိုကျို)
ပန်းပွဲတော်နှင့်အတူ ပင်လယ်ကြီးကို လှမ်းမျှော်ငေးနိုင်တဲ့ Hillside ဖြစ်ပါတယ်

⛩️Hakusan Shrine (တိုကျို)
ပန်းပွဲတော်များကို ကျင်းပပေးလေ့ရှိတဲ့ မြို့ရဲ့ကျက်သရေဆောင် နေရာတစ်ခုဖြစ်ပြီး အစားအသောက်၊ ပွဲတော်Activities များနဲ့။ အစည်ကားဆုံး နေရာတစ်ခု ဖြစ်ပါတယ်။

ပွဲတော်လာဧည့်သည်များအနေနဲ့ အတူပါဝင်ဆင်နွှဲချင်တယ်ဆိုရင်
ပေါ့ပါးလှပပြီး ရိုးရှင်းတဲ့ Yukata( နွေရာသီကီမိုနို) ဝတ်ဆင်ခဲ့လို့ရပါတယ်။ ဒေသခံတွေလဲ ဝတ်ဆင်ပြီးဆင်နွှဲကြပါတယ်။

မနက်အစောပိုင်းနဲ့ ညနေခင်း အချိန်တွေ ဆို အလှပဆုံးပါပဲ။ ကင်မရာယူခဲ့ဖို့လုံးဝမမေ့လိုက်ပါနဲ့။

ပွဲတော်မှာ လာရောက်ရောင်းချတဲ့ Local product တွေကို အမှတ်တရအဖြစ်ဝယ်ယူနိုင်သလို ၊ အစားအသောက်ဆိုင်လေးတွေကနေ လည်းမုန့်ဝယ်စားလို့ရပါတယ်။

နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ လူ‌နေမှုဘဝကနေ ခဏတာ ထွက်ခွာခဲ့ပြီး
ငြိမ်သက်အေးချမ်းတဲ့သဘာဝတရားအလှမှာ မြုပ်နှံခံစားချင်ရင် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်နော်။

Zuu&Hein Tour Japan မှ ခရီးစဉ်တလျှောက် အစအဆုံး ကိုယ်တိုင်စီစဉ်စရာမလိုအောင် ဝန်ဆောင်မှုပေးနိုင်ပါတယ်။

ဂျပန်နိုင်ငံခရီးသွားဝန်ကြီးဌာနအသိအမှတ်ပြု
Outbound and Inbound လိုင်စင်ရ တရားဝင် ခရီးသွားအေဂျင်စီ ဖြစ်ပါတယ်။
ဂျပန်ရောက်မြန်မာလူမျိုးဦးစီးတည်ထောင် ထားတာကြောင့် ဂျပန်ခရီးစဉ်အလည်အပတ်အတွက်ဆိုရင်
မြန်မာနိုင်ငံမှ ဧည့်သည်များသာမက ကမ္ဘာအရပ်ရပ်မှ မြန်မာဧည့်သည်များကိုပါ လိုလေးသေးမရှိ ပို့ဆောင်ပေးနေလို့ စိတ်ချယုံကြည်စွာ ဆက်သွယ်လိုက်ပါနော်။

Zuu&Hein နဲ့အတူ
ဂျပန်နိုင်ငံ ခရီးစဉ်များကို အလှပဆုံး အမှတ်တရအဖြစ် ဖန်တီးလိုက်ရအောင် 🧳






住所

173-0022 Nakamachi39/3
Itabashi-ku, Tokyo
173-0022

営業時間

月曜日 09:00 - 17:00
火曜日 09:00 - 17:00
水曜日 09:00 - 17:00
木曜日 09:00 - 17:00
金曜日 09:00 - 17:00
土曜日 09:00 - 17:00
日曜日 09:00 - 17:00

電話番号

+818036922315

ウェブサイト

アラート

Zuu & Hein Travel and Tourがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Zuu & Hein Travel and Tourにメッセージを送信:

共有する

About Us

We are a Myanmar travel agency based in Tokyo, Japan. We can help you arrange your trip nice and easy so you can get 100% relaxation from your vacation or honeymoon or visit. You can get all advice and any assists which you may need for you travel from us. We are one call away. Just DIAL or CLICK send message. Warmly Welcome! Zuu & Hein Travel Tour Japan