10/02/2024
ကျောင်းသားတွေ အမေးများဆုံး မေးခွန်းတစ်ခု‼️
🌻Himawari Myanmar Agency🌻ကို လာစုံစမ်းပြီဆိုရင်
ကျောင်းသားတွေအရင်ဆုံးမေးလေ့ရှိတာက
ဘယ်ကျောင်းကို ရွေးချယ်ရမလဲ?🤔
⚜️ကိုယ့်ရဲ့ အနာဂတ်အတွက် အကောင်းဆုံးအာမခံချက်ရှိတဲ့ ကျောင်းမျိုး ရွေးချယ်ထားမှ ဘဝတစ်ခုလုံး အိုခေစိုပြေမှာဆိုတော့ ဒီမေးခွန်းကလည်း ကျောင်းသားတွေအတွက် မေးသင့်မေးထိုက်တဲ့ မေးခွန်းတစ်ခုပါပဲ။
ဒါကြောင့်မို့လို့ ဒီနေ့မှာ Himawari Myanmar Agencyနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေအကြောင်း ပြောပြပေးချင်ပါတယ်✨
🏫International Study Institute (ISI)
⚜️Internationalဆိုတဲ့အတိုင်း နိုင်ငံအသီးသီးက ကျောင်းသားများစွာကို ဝါရင့်ဆရာကြီး၊ဆရာမကြီးတွေက သင်ကြားပေးလျက်ရှိတာမို့လို့ ပညာရေးအတွက်စိတ်ချရတဲ့အပြင်
ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဘာသာစကားတို့ကိုပါ လေ့လာခွင့်ရမဲ့ ကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ်။
⚜️Takadanobaba (Tokyo), Ikebukuro (Tokyo), Shibuya (Tokyo), Harajuku (Tokyo), Kyoto နဲ့ Naganoစတဲ့ မြို့အသီးသီးမှာလည်း Campusပေါင်းများစွာရှိတဲ့အပြင်
တခြားသောနိုင်ငံတွေက ကျောင်းသားတွေနဲ့လည်း အတူပညာသင်ကြားခွင့်ရမဲ့ ကျောင်းမျိုးမို့လို့ ရွေးချယ်သင့်တဲ့ကျောင်းတစ်ကျောင်းဆိုလည်း မမှားပါဘူး။
🏫TOKYO KOKUSAICHISHIGI Japanese (Tokyo)
တိုကျိုမြို့ပေါ်ဖြစ်တဲ့ Ikebukuro ကနေ 14 မိနစ်သာသွားရပီး မြို့ပါတ်ရထားဖြစ်တဲ့ Yamanote line ကနေပြောင်းစီး ၂ ဘူတာမို့ မြို့ပါတ်ရထားလိုင်းမှာပုနေချင်သူကျောင်းသားလေးတွေအတွက်အရမ်းအဆင်ပြေပါတယ်
🏫HOSANNA ACADEMY TOKYO Japanese Language School
⚜️ဒီကျောင်းလေးကတော့ အချက်အချာကျတဲ့ Shinjukuမြို့နဲ့ (၄၅)မိနစ်သာ ကွာဝေးတဲ့ Fussaမြို့မှာ တည်ရှိပြီး မြို့ကြီးပြကြီးမဟုတ်ပေမဲ့လည်း စားသောက်ဆိုင်တွေ၊
စက်ရုံတွေအများအပြားရှိတဲ့အတွက် အချိန်ပိုင်းအလုပ်လည်း ပေါများတဲ့အပြင် နေထိုင်စားသောက်စရိတ် သက်သာချောင်ချိတဲ့အတွက် ရွေးချယ်သင့်ပါတယ်။
🏫Sunshine Language School (Tokyo)
⚜️မြို့ထဲမှာမှ နေချင်တယ်ဆိုတဲ့ ကျောင်းသားတွေအတွက် ရွေးချယ်သင့်တဲ့ကျောင်းတစ်ကျောင်းဖြစ်သလို Facilityစုံလင်ပြီး အနီးတစ်ဝိုက်ပတ်ဝန်းကျင်ကလည်း ကောင်းမွန်စိတ်ချရပါတယ်။
🏫Sayo Japanese Language School (Sayo)
⚜️Hyogo ခရိုင်၊ Sayoမြို့မှာတည်ရှိပြီး ပညာရေးပိုင်းတင်မက တခြားသော Activitiesတွေ၊Festivalsတွေလည်း မကြာခဏစီစဉ်ကျင်းပပေးတဲ့ ကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့
ဘက်စုံထူးချွန်လာမှာ အသေချာပါပဲ။
🏫Labo Japanese Language Institute (downtown Tokyo)
⚜️Labo Japanese Language Instituteဟာလည်း အချက်အချာကျတဲ့ Tokyoမြို့လည်ခေါင်မှာတည်ရှိတဲ့အတွက် သွားရေးလာရေးအဆင်ပြေချောမွေ့စေတဲ့အပြင် အချိန်ပိုင်းအလုပ်အကိုင်
အခွင့်အလမ်းတွေလည်း ပေါများပါတယ်။
🏫MOKA MIRAI Japanese Language School (Moka City)
⚜️မြို့ပြတွေထက် သာယာအေးချမ်းတဲ့မြို့လေးတွေမှာ ပညာသင်ချင်သူတွေအတွက် သဘာဝအလှတရားတွေနဲ့ အေးချမ်းပြည့်စုံပြီး စတော်ဘယ်ရီထွက်ရှိရာ ဒေသလေးတစ်ခုဖြစ်တဲ့ Mokaမြို့က
ဒီကျောင်းလေးက အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။
🏫Human Academy Japanese Language School (Tokyo, Osaka)
⚜️Tokyo, Osakaစတဲ့ မြို့ပြကြီးတွေပေါ်မှာ ကျောင်းခွဲတွေတည်ရှိပြီး သွားရေးလာရေး၊ စားရေးသောက်ရေး အဆင်ပြေလွယ်ကူစေတဲ့ နေရာတစ်ခုမို့လို့ မြန်မာကျောင်းသားတွေကြားမှာ နာမည်ကြီးတဲ့ ကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ်။
🏫Cheerise Japanese Language Academy (Tsuchiura City)
⚜️2022 Octoberမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး Tokyoမြို့နဲ့ (၄၅)မိနစ်သာ ကွာဝေးတဲ့ Ibarakiခရိုင် Tsuchiuraမြို့မှာ တည်ရှိပါတယ်။
🏫Tokyo Bridge Japanese Language School (Nagareyama)
⚜️Tokyoမြို့နဲ့ ကပ်လျက်တည်ရှိပြီး တစ်ချိန်က ရေကြောင်းပို့ဆောင်ရေးမြို့တစ်မြို့အဖြစ် ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ Chiba ခရိုင်၊Nagaereyama မြို့မှာ ရှိတဲ့ ဒီကျောင်းလေးဟာ ဘာသာစကားအပြင် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကိုပါ လေ့လာခွင့်ရမဲ့ ကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ်။
🏫Tokyo One Japanese Language School (Chiba)
⚜️Chibaမြို့လယ်ခေါင်မှာ တည်ရှိပြီး Chibaဘူတာရုံကို (၁၀)မိနစ်မျှ လမ်းလျှောက်ရုံနဲ့ ရောက်နိုင်တဲ့အပြင်
Tokyo ဘူတာရုံ၊Narita လေဆိပ်တို့နဲ့လည်း နီးတာကြောင့် သွားလာဆက်သွယ်ရေးအတွက် လုံးဝစိတ်ပူစရာမလိုတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
🏫Shurin Japanese Language School (Tokyo)
⚜️Tokyoမြို့ထဲမှာပဲ တည်ရှိပြီး အတန်းတစ်တန်းမှာ ကျောင်းသား(၁၅)ယောက်ဝန်းကျင်သာ သင်ကြားပေးတဲ့ ကျောင်းမျိုးဖြစ်တာကြောင့် ဆရာတွေနဲ့ အနီးကပ်သင်ကြားလေ့လာခွင့်ရနိုင်မှာ အသေချာပါပဲ။
🏫Gakuhou Japanese Language Institute (Tokyo)
⚜️Gakuhou Japanese Language Instituteဟာလည်း Tokyoမြို့ထဲက ကျောင်းတစ်ကျောင်းဖြစ်ပြီး စာတွေ့ပိုင်း၊လက်တွေ့ပိုင်းအပြင် ကျောင်းတွင်းactivitiesများစွာနဲ့ ထိထိရောက်ရောက်သင်ကြားပေးတဲ့
ကျောင်းတစ်ကျောင်းမို့လို့ ရွေးချယ်သင့်တဲ့ကျောင်းထဲမှာ အပါအဝင်ပဲဖြစ်ပါတယ်။
🌻Himawari Myanmar Agency🌻ဟာဆိုရင် စာတွေ့၊လက်တွေ့ပိုင်းအပြင် ကျောင်းသားတွေအတွက် ဘာသာစကား၊ယဉ်ကျေးမှုအစရှိတာတွေပါ သင်ယူလေ့လာခွင့်ရမဲ့ နာမည်ကြီးကျောင်းတွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် ကျောင်းသားတွေအနေနဲ့ ကိုယ်အဆင်ပြေမဲ့ကျောင်းမျိုးကို တစ်နေရာတည်းမှာ ရွေးချယ်လို့ရပါတယ်။
ဒါ့အပြင် ကျောင်းဝင်ခွင့်ကိစ္စရပ်များ၊ဗီဇာကိစ္စရပ်များနဲ့ COEရရှိဖို့ အစအဆုံး ကူညီဆောင်ရွက်ပေးနေတဲ့ Agencyတစ်ခုမို့လို့ ကျောင်းသားတွေအနေနဲ့ရော ၊ ကျောင်းသားမိဘတွေအနေနဲ့ရော
ကျောင်းကိစ္စတွေကြောင့် ခေါင်းရှုပ်ခံနေစရာမလိုဘဲ Himawari Myanmar Agencyရဲ့ 💬Page Messenger💬မှာ အသေးစိတ်စုံစမ်းမေးမြန်းလို့ ရနေပါပြီနော်။