Amarawadi International 合同会社

Amarawadi International 合同会社 Agriculture & Tourism In Japan And Myanmar

17/04/2022
17/09/2017

ကျန်းမာပျော်ရွှင်ကြပါစေ ...။

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်မှုရှိတာကို လူတော်တော်များများ သိကြပေမယ့် တကယ်တမ်း လိုက်နာဖို့တော့ ခက်ခဲတဲ့ အကြောင်းတရားတွေများစွာ လူတိုင်းမှာ ရှိနေကြပါတယ်။

နေ့စဉ်နေထိုင်မှုကိုပဲ ကျန်းမာရေးအတွက်လိုအပ်တာလေးတွေ ကိုယ်တိုင်လုပ်မိရဲ့လားလို့ သတိထားကြည့်ပါ။ တနေ့လိုအပ်ချက် ရေပမာဏ သောက်မိရဲ့လား။ အိပ်ချိန်အပြည့်အဝရရဲ့လား။ လိုအပ်တဲ့ အာဟာရတွေ စားမိရဲ့လား။ ကိုယ်နေ့ စဉ်လှုပ်ရှားမှုပုံစံအနေအထားမှန်ရဲ့လား စသည်ပေါ့နော်။

လူတစ်ဦးတစ်ယောက်ရဲ့ဘဝနေ့စဉ်လှုပ်ရှားမှု နေထိုင်မှု စားသောက်မှုတွေ နေ့စဉ်မှတ်တမ်းလုပ်ထားမယ်ဆိုရင် တချိန်ရောဂါတစ်ခုခုဖြစ်လာရင် ဘာကြောင့်ဆိုတာ သိသာနိုင်မှာပဲနော်။
ဥပမာအားဖြင့် စွန့်ပစ်ရေမြောင်းတွေကို လူရဲ့အူလမ်းကြောင်းအဖြစ် မြင်ကြည့်ရအောင် ..
လူ့ ပါးစပ်က စားချသမျှ အူလမ်းကြောင်းမှ တဆင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ အာဟာရတွေက ရောက်တာဆိုတော့ ကျန်းမာရေးနဲ့ညီညွှတ်တာတွေချည်းသာ လူတွေက စားကြတာမဟုတ်ပဲ မတည့်တာတွေပါ စားမိတော့ ရေမြောင်းမှာ ပုပ်ပွနံစော်အနည်ထိုင် ပတ်ဝန်းကျင်လည်း ထိခိုက် ရေမြောင်းလည်း ပိတ်ဆို့ဖြစ်ကုန်တယ်နော်။ ဒီလိုပါပဲ ခန္ဒာကိုယ်မှာ ရောဂါတွေဆိုတာ တဖြည်းဖြည်း ပျက်စီးချို့ယွင်းမှုကြောင့် ဖြစ်လာရတာပါ။ ဒါကြောင့် နေ့စဉ်ဘဝလှုပ်ရှားမှုတွေကို သတိထားဆောင်ရွက် စားသောက်နေထိုင်သွားမယ်ဆိုရင် သက်တမ်းပြည့်နေထိုင်နိုင်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြင်ပ ပြည်ပနိုင်ငံတွေမှာ လှချင်လို့ နုပျိုလိုလို့ ဝိတ်လျော့့ ဝိတ်ချတာတွေ မလုပ်ကြပဲ တကယ့်ကို လူနေမှုဘဝ ပေါ့ပါးပျော်ရွှင်ကျန်းမာဖို့ အလေးထားဂရုစိုက်လာကြပါတယ်။ ကျန်းမာဖို့ အစားအသောက်များကို ဂရုစိုက်လာကြပါတယ်။ အဟာရပြည့်ဝဖို့ ကြိုးစားပြီး စားသောက်ကြပါတယ်။ ကျန်းမာဖို့ လူနေမှုပုံစံတွေကို ဂရုစိုက် ပြောင်းလဲကြပါတယ်။ ပြောင်းလဲဖို့လည်း ဝိရိယ ဇွဲသန်သန်နဲ့လည်း ကြိုးစားကြပါတယ်။ ကျန်းမာရေးအတွက် စာပေထဲလေ့လာမှုတွေ လုပ်ပြီး ကြိုးစားလာကြပါတယ်။ ဆွေးနွေးပွဲတွေလုပ်ကြပြီး တစ်ဦးနဲ့ တစ်ဦးမျှဝေခြင်းဖြင့် ကူညီကြပါတယ်။ နားလည်တတ်ကျွမ်းတဲ့ ဆရာသမားများရဲ့လမ်းညွှန်မှုကို ယုံကြည်စွာ လိုက်နာကြပါတယ်။

ကျန်းမာရေးကို အလေးထားဂရုစိုက်သင့်တဲ့ အချက်တွေကတော့ အများကြီးပါပဲ။ ခုလိုခေတ်အခါကြီးမှာ ရောဂါတစ်ခုအသဲအသန်ဖြစ်ရပြီဆိုရင် သိန်းရာဂဏန်းမှ မရှိရင် သေဖို့သာရှိပါတယ်။ ပြင်းထန်တဲ့ ရောဂါကြီးတွေမဖြစ်ဖို့ ကိုယ့်နေ့စဉ်ဘဝရှင်သန်စားသောက်ရုံနဲ့ ကာကွယ်နိုင်တယ်ဆိုတာကို စာပေတွေထဲဖြစ်စေ အင်တာနက်မှတဆင့် ဆရာသမားတွေလည်း သတိပေး အသိပေးကြပေမယ့် လူတွေက သတိမပြုမိတာက များကြပါတယ်။ ဘယ်မှာ သိသာလဲဆိုရင် လူအကျိုးတကယ်ပြုစေတဲ့ အင်တာနက် စာမျက်နှာတွေ လူအများ ဖြန့်ဝေသူ ဖတ်ရှုသူ နဲလွန်းနေပြီး ဖျော်ဖြေရေးနဲ့ အခြားသော စိတ်လှုပ်ရှားဖွယ်တွေမှာ လူတွေ ဖြန့်ဝေနှုန်းများနေတာကို ကြည့်ခြင်းအာဖြင့် သိနိုင်ပါတယ်နော်။ ဒါကြောင့် ကျေးဇူးပြုပြီးကိုယ့်လူနေမှုပုံစံ စားသောက်မှုတွေကို သတိထားကြည့်ပြီး ပြုပြင်ပြောင်းလဲသင့်တာကို ကြိုတင်ပြုလုပ်ကြပြီး ကျန်းမာရေးကို ကြိုတင်ဂရုစိုက်စေချင်ပါတယ်နော်။

ကျန်းမာခြင်းက လာဘ်တစ်ပါးဖြစ်လို့ပါ ...။
SanoMaru Home

29/07/2017

ကြိုတင်ကာကွယ်နိုင်တဲ့ နည်း ၂မျိုးသာရှိပါတယ်

၁) N95 Mask (ဆေးရုံသွားမယ့်သူနဲ့ လူနာကို ပြုစုမယ့်သူတပ်သင့်ပါတယ်) ကို တပ်ပါ။ Mask တစ်ခုကို (၂)နာရီသာ ကြာရှည်တပ်သင့်ပါတယ်။ (အဝတ်စ Mask ကို ပြန်လျော်ပြီး သုံးလို့ရပါတယ်)။

၂) လက်ဆေးပါ။

အချက်၂ချက်ထဲက လက်ဆေးတာ ပိုအရေးကြီးပါတယ်

27/06/2017

ဗြိတိန်နဲ့လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်ရရှိဖို့ ဂျပန်ကြိုးပမ်နေ
=================================================

ဂျပန်နိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ ကြိုး ပမ်းနေချိန်မှာပဲ ဗြိတိန်နဲ့ လွတ်လပ်တဲ့ ကုန်သွယ်သဘော တူညီချက် ရှိဖို့ အတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ ဆန္ဒရှိနေပါ တယ်။ ဗြိတိန်ဟာ ဥရောပသမဂ္ဂ (EU) ကနေ နှုတ်ထွက်မယ့် ကိစ္စအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်တဲ့အတွက် ဒါဟာ ဂျပန်ကုမ္ပဏီတွေ အပေါ် Brexit ရဲ့ အကျိုးသက်ရောက်နိုင်မှုကို လျှော့ချနိုင်ဖို့ရည်ရွယ်တဲ့ ဂျပန် အစိုးရရဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။

ဂျပန်ကုမ္ပဏီ တစ်ထောင်ကျော်ဟာ ၀န်ထမ်းအင်အား ၁၄၀,၀၀၀ ခန့်နဲ့ ဗြိတိန်မှာ လုပ်ငန်း လည်ပတ်နေတာဖြစ်ပြီး ဒီနေ့ထိ ယူကေမှာ ဂျပန်နိုင်ငံ ရဲ့တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ဂျပန်ယန်း ၁၀ ထရီလီယံ (အမေရိကန် ဒေါ်လာ ၉၆ ဘီလီယံ) ရှိနေပါတယ်။ ဗြိတိန်အနေနဲ့ EU ကနေ ထွက်ခွာဖို့ အပြီးသတ် သဘောတူညီချက်ရတာနဲ့ ဗြိတိန်မှာ ရုံးချုပ်ထားပြီး လုပ်ငန်း လည်ပတ်နေတဲ့ ဂျပန်ကုမ္ပဏီတွေအနေနဲ့ အခြားဥရောပနိုင်ငံတွေဆီ လုပ်ငန်းတွေ ပြောင်းရွှေ့ရဖွယ်ရှိတယ်ဆိုတာကို ဂျပန်အစိုးရက သတိပေး ထားပြီးဖြစ်ပါတယ်။ ဂျပန်မော်တော်ကား ကုမ္ပဏီကြီးတွေကတော့ ဗြိတိန်ရဲ့ စီးပွားရေးကို ကျားကန်ထားပေးဆဲဖြစ်ပြီး Toyota က မော်တော်ကား ထုတ် လုပ်တပ်ဆင်ရေးစက်ရုံတစ်ခုအတွက် ဗြိတိန်မှာ စတာလင်ပေါင် သန်း ၂၄၀ ရင်းနှီးမြှုပ်နှံမယ်လို့ ထုတ်ပြန်ထားပြီး Nissan ကလည်း အင်္ဂလန် အရှေ့ မြောက်ပိုင်းက ၎င်းရဲ့စက်ရုံအတွက် ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ပြုလုပ်သွား မယ်လို့ ဆိုပါတယ်။

Ref: AFP
/GlobalNews

06/06/2017


Bloomberg

တယ်လို့ သိရပါတယ်။


ရှိနေပြီ ဖြစ်ပါတယ်။

လူသုံးကုန်ပစ္စည်းဈေးနှုန်းတန်ဖိုးတွေ မြင့်တက်လာမလား

ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း
ပြောသွားပါတယ်။



@@@
-----------------

ဆယ်စုနှစ်အတွင်း စီးပွားရေးတိုးတက်မှုအရှည်ကြာဆုံး
ကာလတစ်ခု ဂျပန်တို့ ရရှိဖို့ ရှိနေ

Bloomberg

ငွေကြေးဖောင်းပွမှုကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခြင်းမရှိလို့
နိုင်ငံရဲ့အနာဂတ်အပေါ် ပြည်သူတွေဘက်က စိုးရိမ်ဒေါသမီးတွေ
ရှိနေသော်ငြားလည်းပဲ ယခုသီတင်းပတ်အတွင်း ထွက်ရှိလာမယ့်
ဂျီဒီပီ ကိန်းဂဏာန်းတွေအရတော့ ဂျပန်ရဲ့ စီးပွားရေးဟာ သုံးလပတ်
ငါးခုဆက်တိုက် တိုးတက်ချဲ့ကားလာနေတာကို ပြသပေးနိုင်ဖို့ရှိနေ
တယ်လို့ သိရပါတယ်။

ယင်းလိုမျိုး စီးပွားရေးတိုးတက်မှု ကာလအကြာဆုံး အခိုက်အတန့်ကို
ပိုင်ဆိုင်လာရခြင်းက ဂျပန်တို့အတွက် ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်
က ၀န်ကြီးချုပ်ဟောင်း Koizumi လက်ထက် နောက်ပိုင်း
အကောင်းဆုံးသော အခိုက်အတန့်လည်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ယန်းငွေတန်ဖိုး ပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိလာမှုနဲ့အတူ ပို့ကုန်ကဏ္ဍမှာ
အားကောင်းလာခြင်းတို့ကြောင့်လည်း လက်ရှိ၀န်ကြီးချုပ်
Shinzo Abe ဦးဆောင်တဲ့ အစိုးရအတွက်ကတော့ ယခင်
Koizumi အစိုးရလက်ထက်က တိုးတက်မှုတွေထက်
ပိုမိုသာလွန်ကောင်းမွန်လာနိုင်အောင် ဦးဆောင်ပေးနိုင်ဖို့
ရှိနေပြီ ဖြစ်ပါတယ်။

လူသုံးကုန်ပစ္စည်းစျေးနှုန်းတန်ဖိုးတွေ မြင့်တက်လာမလား
မလားဘူးလားဆိုတာကတော့ ၂၀၁၇ နှောင်းပိုင်းလောက်မှ
သိရမှာ ဖြစ်ပေမယ့် စွမ်းအင် စရိတ်စကပိုင်းနဲ့ လုပ်ခလစာပိုင်း
တိုးမြင့်နိုင်မယ့် အလားအလာတွေ မြင့်တက်နေလျက်ရှိပါတယ်။
လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာတော့ ဂျပန်တို့အနေနဲ့
ငွေကြေးဖောင်းပွမှုနှုန်း သိပ်မများဘဲနဲ့ စီးပွားရေးတိုးတက်မှုပုံစံ
တစ်ခု ရရှိလာဖို့ရှိနေပြီ ဖြစ်ပါတယ်။

" ဂျပန်တို့အနေနဲ့ ခု ၂၀၁၇ ဟာ ကောင်းမွန်တဲ့ နှစ်စတစ်ခုကို
ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ၊ ပထမသုံးလပတ် တိုးတက်မှုနှုန်းကလည်း
ဖြစ်နိုင်ဖွယ် တိုးတက်မှုနှုန်းကို ရှင်းရှင်းလင်းလင်း ကျော်လွန်နိုင်
ခဲ့ပါတယ်၊ ရှေ့အလားအလာအခြေအနေတွေက ဆက်ကောင်း
နေပါတယ်၊ ဘုလို့လဲဆိုတော့ ပို့ကုန်လုပ်ငန်း ဆက်ကောင်းနေတယ်၊
ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ ရင်းနှီးမြုှပ်နှံမှုတွေကလည်း
မြင့်တက်လာနိုင်လို့ပါ" လို့ တိုကျိုက Dai-Ichi Life Research
Institute က စီးပွားရေးပညာရှင် Yoshiki Shinke က
ပြောသွားပါတယ်။

အလားတူ ပြီးခဲ့တဲ့လကတည်း ဂျပန် ဗဟိုဘဏ်က ၂၀၁၈ မတ်လ
မှာ ကုန်မယ့်ဘဏ္ဍာနှစ်အတွက် နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို
၁ ဒသမ ၆ ရာခိုင်နှုန်းထိ တိုးမြင့်ခန့်မှန်းထားခဲ့တယ်လို့ သိရပါတယ်။

https://www.bloomberg.com/news/articles/2017-05-16/japan-is-set-for-its-longest-run-of-economic-growth-in-a-decade

@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဉ်
တင်ဆက်နေတာဖြစ်ပြီး page ကို Like လုပ်ပြီး Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပ
သတင်းနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
Strategy First Journal Vol.3 No.6 ကို ရန်ကုန်၊မန္တလေး၊နေပြည်တော်၊မုံရွာ၊မော်လမြိုင်၊ပုသိမ်မြို့များရှိCity Mart၊Ocean ဆိုင်များနှင့်
ABC storeဆိုင်များမှာ ၂၅၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်ပါပြီ။
-----------------

23/05/2017

လက်တွေ့သုံးကြည့်တော့ ပုံထဲက အကောင်တွေအပြင် ပုရွတ်ဆိတ်ပါ မလာတဲ့အတွက် အတော်လေး အဆင်ပြေပါတယ်

21/05/2017

Toyota ရဲ့ ကမ္ဘာလုံးဆိုင်ရာ မော်တော်ယာဉ်အရောင်းပမာဏ စံချိန်တင်မြင့်တက်
======================================================

Toyota ကုမ္ပဏီဟာ ဒီနှစ်ထဲမှာ တစ်ကမ္ဘာလုံးမှာ မော်တော် ယာဉ်ရောင်းအား ၁.၆ ရာခိုင်နှုန်းရှိခဲ့ပြီး မတ်လထိ မော်တော်ယာဉ်ပေါင်း ၁၀,၂၅၁,၀ဝ၀ စီး ရောင်ချခဲ့ရပြီး ကုမ္ပဏီ ရဲ့ သမိုင်းတစ်လျှောက် ရောင်းအားအမြင့်ဆုံး စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျာမနီက ပြိုင် ဘက် Volkswagen ရဲ့ ရောင်းအားထက် နည်းခဲ့ပါတယ်။

ဒီရောင်းအား ပမာဏထဲမှာ လက်အောက်ခံ ကုမ္ပဏီတွေဖြစ်တဲ့ Daihatsu နဲ့ Hino တို့ရဲ့ ရောင်းအားတွလည်း ပါဝင်ပါတယ်။ အလားတူကာလမှာပဲ Volkswagen က မော်တော် ကားပေါင်း ၁၀,၂၉၉,၄၀ဝ စီးရောင်းချခဲ့ရပြီး မနှစ်ကရောင်းအား ပမာဏကနေ ၃.၅ ရာခိုင်နှုန်းမြင့်တက် လာခဲ့တာဖြစ်တယ်။

Ref: Nikkei

19/05/2017

住所

Namiki-Cho 1164/2
Sano-shi, Tochigi
327-0002

電話番号

+818098201836

ウェブサイト

アラート

Amarawadi International 合同会社がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Amarawadi International 合同会社にメッセージを送信:

共有する

カテゴリー