NSG Myanmar

NSG Myanmar Work Visa, Tokutei Ginoအလုပ်မိတ်ဆက် မြန်မာလူမျိုးများအတွက် မြန်မာဘာသာဖြင့်ဝန်ဆောင်မှုပေးနေပါသည်။

JLPTစာမေးပွဲဖြေဖို့ တလတောင်မလိုတော့ဘူးနော် ?စာတွေ မရရင် ဒီအချိန်မှာ အများဆုံးလုပ်နိုင်တာ မေးခွန်းဟောင်းများများလေ့ကျင့်တ...
12/06/2026

JLPTစာမေးပွဲဖြေဖို့ တလတောင်မလိုတော့ဘူးနော် ?
စာတွေ မရရင် ဒီအချိန်မှာ အများဆုံးလုပ်နိုင်တာ
မေးခွန်းဟောင်းများများလေ့ကျင့်တာပါပဲ
အကြည့်အများဆုံးကလည်း စာအုပ်မဟုတ်ဘဲ ဖုန်းပဲဖြစ်နေတယ်ဆိုရင်တော့
မေးခွန်းဟောင်း လေ့ကျင့်လို့ရတဲ့ application ဆိုရင် !
JLPT မေးခွန်းဟောင်း
N5 ကနေ N2အထိ လေ့ကျင့်ဖြေလို့ရမယ်။
📊 Assessment Test: မိမိရဲ့ ဂျပန်စာ Level ဘယ်လောက်ရှိလဲဆိုတာ အရင်ဆုံး စစ်ဆေးနိုင်မယ်။
🤖 AI Mock Exams: စာမေးပွဲစစ်စစ်အတိုင်း AI က ထုတ်ပေးတဲ့ မေးခွန်းဟောင်းတွေကို အချိန်ကိုက် လေ့ကျင့်နိုင်မယ်။
🎬 VTuber Senseis: ရိုးအီနေတဲ့ စာကျက်နည်းတွေအစား ချစ်စရာ VTuber ဆရာမလေးတွေနဲ့ စာသင်ကျမယ်။
🃏 Smart Flashcards: N5-N2 ဝေါဟာရများအပြင် Specified Skilled Worker (Tokutei Ginou) စာမေးပွဲအတွက်ပါ အထူးထုတ်လုပ်ထားတဲ့ Flashcards တွေလည်းရှိမယ်။
📈 Study Guide: မိမိရဲ့ လေ့လာရမယ့် Vocabularies များ Kanji များ Grammar Pattern များကို စနစ်တကျစုစည်းပေးထားတဲ့ Study Guide PDF များပါတင်ထားပေးတဲ့ App ဆိုရင်တော့ One JPN application အဆင်ပြေတယ်နော်

📌App ကို Download ရယူရင်
Android users တွေအတွက် Google PlayStore :

https://play.google.com/store/apps/details...

iOS User တွေအတွက် :
https://apps.apple.com/us/app/onejpn-jlpt

အားလုံးပဲ စာမေးပွဲတွေ အောင်ပါစေ
ရည်ရွယ်ချက်တွေပြည့်ပါစေနော်😍
တခြားသုံးလို့အဆင်ပြေတဲ့ applicationလေးတွေရှိရင်လည်းညွန်းပေးခဲ့ပါဦးနော် 🙇‍♀️🙇

Sapporo မှာဒီရက်ထဲ ဘာပွဲတွေရှိလဲ?🤔YOSAKOI Soran ပွဲတော် (第35回YOSAKOIソーラン祭り)ကျင်းပမယ့်ရက်: ဇွန်လ ၁၀ ရက် (ဗုဒ္ဓဟူး) မှ ဇွန...
10/06/2026

Sapporo မှာဒီရက်ထဲ ဘာပွဲတွေရှိလဲ?🤔

YOSAKOI Soran ပွဲတော် (第35回YOSAKOIソーラン祭り)

ကျင်းပမယ့်ရက်: ဇွန်လ ၁၀ ရက် (ဗုဒ္ဓဟူး) မှ ဇွန်လ ၁၄ ရက် (တနင်္ဂနွေ) အထိ (၅ ရက်တိုင်တိုင်)ကျင်းပမှာဖြစ်ပါတယ်

ကျင်းပရာနေရာ: Odori Park နှင့် စပိုရိုမြို့တွင်း နေရာပေါင်း ၁၇ နေရာခန့်

ဂျပန်နိုင်ငံတစ်ဝှမ်းနဲ့ ပြည်ပအကအဖွဲ့ပေါင်း ရာချီပြီး ရိုးရာဝတ်စုံအလန်းစားတွေနဲ့ Naruko (သစ်သားလက်ခုပ်) တွေတီးကာ စွမ်းအင်အပြည့်နဲ့ ကပြဖျော်ဖြေကြတဲ့ စပိုရိုရဲ့ အကြီးကျယ်ဆုံး နွေရာသီအကပွဲတော်ကြီး ဖြစ်ပါတယ်။ ပွဲတော်တွင်းမှာ ဟိုကိုင်းဒိုးဒေသထွက် အစားအစာ အရသာမျိုးစုံ ရောင်းချတဲ့ အစားအသောက်ဆိုင်တန်း တွေလည်း ပါဝင်မှာမို့ အလွန်စည်ကားပတာမို့ ပိတ်ရက်အိမ်ထဲ အိပ်မနေဘဲ တကယ်ကို သွားကြည့်သင့်ပါတယ်။
လူငယ်လေးတွေ တတ်တတ်ကြွကြွ အားအင်အပြည့်နဲ့ဖျော်ဖြေတာမို့ သွားကြည့်ကြည့်ကျနော်
ပွဲချိန်အစီအစဉ်နဲ့ နေ့ရက်တွေကို comment မှာ linkချပေးထားပါတယ်။

10/06/2026

ဂျပန်နိုင်ငံ၊ တိုချီဂီခရိုင်၊ (Utsunomiya မြို့) တွင် ပြီးခဲ့သည့် (၉) ရက်နေ့(မနေ့က ညနေပိုင်း) မူလတန်းကျောင်းများနှင့် တက္ကသိုလ်ပတ်ဝန်းကျင်တို့၌ ဝက်ဝံ (Bear) မြင်တွေ့ကြောင်း သတင်းအချက်အလက်များ ဆက်တိုက်ထွက်ပေါ်ခဲ့သလို၊ မြို့တွင်းရှိ လူနေရပ်ကွက်တစ်ခုရှိ အိမ်တစ်အိမ်၏ ခြံဝန်းအတွင်းမှာပါ ဝက်ဝံတစ်ကောင် ဝင်ရောက်ခိုအောင်းနေခဲ့တာဖြစ်ပီး၎င်းဝက်ဝံကိုရဲတပ်ဖွဲ့က အောင်မြင်စွာ ဖမ်းဆီးရမိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။
🗓 (၉) ရက်နေ့ တွေ့ရှိမှုများ
(Tomiya မြို့)
(Akashi Shimoderamae) ရှိ စိုက်ခင်းတစ်ခုတွင် အလျား ၁ မီတာခန့်ရှိသော ဝက်ဝံ ၁ ကောင်ကို လမ်းသွားလမ်းလာတစ်ဦးမှ မြင်တွေ့ခဲ့သည်။
ညနေ ၄:၁၅ နာရီဝန်းကျင် - (Kurihara မြို့)
(Tsukidate Kido) ရှိ တောအုပ်တစ်ခုတွင် အလျား ၆၀ စင်တီမီတာခန့်ရှိသော ဝက်ဝံ ၁ ကောင်ကို အနီးနားရှိ လူတစ်ဦးမှ မြင်တွေ့ခဲ့သည်။
ညနေ ၅:၁၀ နာရီဝန်းကျင် - (Sendai City, Aoba ရပ်ကွက်)
(Imozawa Nishakugi) ရှိ စိုက်ခင်းတစ်ခုတွင် အလျား ၁ မီတာခန့်နှင့် ၅၀ စင်တီမီတာခန့်ရှိသော ဝက်ဝံ ၂ ကောင် ကို ကားမောင်းလာသည့် အမျိုးသမီးတစ်ဦးမှ မြင်တွေ့ခဲ့သည်။ (⚠️ ထိုနေရာအနီးတွင် JR Rikuzen-Shirasawa ဘူတာနှင့် Kami-Ayashi မူလတန်းကျောင်းတို့ ရှိသဖြင့် ကလေးငယ်များအတွက် ပိုမိုသတိပြုရန် လိုအပ်ပါသည်။)
ညနေ ၆:၄၀ နာရီဝန်းကျင် - (Osaki City)
(Iwadeyama Isoda Kitazawa) ရှိ လမ်းမပေါ်တွင် အလျား ၁.၅ မီတာခန့်ရှိသော ဝက်ဝံကြီး ၁ ကောင်ကို ကားမောင်းလာသူတစ်ဦးမှ မြင်တွေ့ခဲ့သည်။
ည ၁၀:၀၅ နာရီဝန်းကျင် - (Sendai City, Aoba Ward)
川内 (Kawauchi) ရှိ အအိုဘရုန်းတော်ဟောင်း (Aoba Castle Ruins) အဝင်ဝအနီး လမ်းမပေါ်တွင် အလျား ၈၀ စင်တီမီတာခန့်ရှိသော ဝက်ဝံ ၁ ကောင်ကို ကားမောင်းလာသည့် အမျိုးသားတစ်ဦးမှ မြင်တွေ့ခဲ့သည်။
ဝက်ဝံတွေဟာ အရုပ်ဝက်ဝံတွေလို ချစ်စရာမကောင်းဘဲ
လူကို အန္တရာယ်ပြု ရန်ပြုနိုင်တာမို့ အားလုံးပဲ အထူး ဂရုစိုက်ကျပါ🙇‍♀️

Passport သက်တမ်းတိုး 🪪♻️မဖြစ်မနေ တိုးရမဲ့သူများအတွက်ရည်ညွန်းပါသည်။ဒီပို့စ်က တကယ် လိုအပ်သူများအတွက်သာရည်ညွန်းပါတယ်🙏စာတိုက...
09/06/2026

Passport သက်တမ်းတိုး 🪪♻️
မဖြစ်မနေ တိုးရမဲ့သူများအတွက်ရည်ညွန်းပါသည်။
ဒီပို့စ်က တကယ် လိုအပ်သူများအတွက်သာရည်ညွန်းပါတယ်🙏
စာတိုက်ကနေ Passport သက်တမ်းတိုး ဘာတွေ လိုအပ်လဲ?
1)ကိုယ်ရေးရာဇဝင်
2)နိုင်ငံကူးလက်မှတ်လျှောက်လွှာ
3)ပတ်စပို့မူရင်း နှင့် မိတ္တူ (တံဆိပ်တုံးထုထားသည့်စာမျက်နှာအားလုံးပါဝင်)
4)ကာလာဓာတ်ပုံ (နောက်ခံအဖြူ ဖြစ်ရန်နှင့် ကြည်လင်ပြတ်သားရန်လိုအပ်ပါသည်။)
5)အလုပ်ထောက်ခံစာ သို့မဟုတ်
ကျောင်းသားဖြစ်ပါက ကျောင်းထောက်ခံစာ ကျောင်းသားကဒ်မိတ္တူ
6)လက်ဗွေရာ
7)သက်တမ်းရှိဇိုင်းယူးကဒ် ရှေ့နောက် မိတ္တူ
8)ငွေလွှဲပြေစာမူရင်း

ဒီအချက် 8ချက် လိုအပ်ပါတယ် (ပုံတပုံချင်းကြည့်ပေးပါ)
ဖောင် ၃ဖိုင်ဖြည့်ဖို့လိုပါတယ် လက်ရေးမူအတိုင်းဖြည့်ပါ
ရှင်းရှင်းလင်းလင်း တိတိကျကျရေးပါ
ဓာတ်ပုံ ဖုန်းနဲ့ရိုက်တာမဟုတ်ဘဲ 証明写真機 (しょうめいしゃしんき)
မှာရိုက်တဲ့ပုံဖြစ်ရပါမယ်၊၊🚫
1)ကိုယ်ရေးရာဇဝင်
2)နိုင်ငံကူးလက်မှတ်လျှောက်လွှာမှာ ကပ်ရမဲ့ ပုံပါ
File Down နည်းလည်းအောက်မှာထည့်ပေးထားပါတယ်။

Passportသက်တမ်း ၆လအောက်ရောက်မှသာ သက်တမ်းတိုးခွင့်ပြုတယ်ပြောပါတယ်📍

おはようございます。今日も一日、皆様が健康で幸せに過ごせますように。🙏
09/06/2026

おはようございます。
今日も一日、皆様が健康で幸せに過ごせますように。🙏

အလုပ်လက်မဲ့ထွေးမလေးဖြစ်ချင်ပီ🥹
08/06/2026

အလုပ်လက်မဲ့ထွေးမလေးဖြစ်ချင်ပီ🥹

မင်္ဂလာပါစားသောက်ဆိုင်ကနေ စားသောက်ဆိုင်ပြောင်းတဲ့မောင်လေး 4လပိုင်း22ရက်နေ့ ကဗီဇာပြောင်းထားတာလေးဒီကနေ့ ဗီဇာအပြောင်းလေး ရလ...
08/06/2026

မင်္ဂလာပါ
စားသောက်ဆိုင်ကနေ စားသောက်ဆိုင်ပြောင်းတဲ့မောင်လေး
4လပိုင်း22ရက်နေ့ ကဗီဇာပြောင်းထားတာလေး
ဒီကနေ့ ဗီဇာအပြောင်းလေး ရလာပါပီ🥰
ပြည်ပက စောင့်ဆိုင်းနေတဲ့ကလေးတွေလည်း အမြန်ဆုံးသတင်းထူးပါစေ

08/06/2026

ဖိလစ်ပိုင်ငလျှင်M 8.2🥹
ဘေးကင်းကြပါစေ🙏

🚨 သတိပြုရန်နှင့် ဘေးကင်းရာသို့ ရှောင်ရှားနိုင်ရန် အရေးပေါ် သတင်းထုတ်ပြန်ချက် 🚨ယနေ့ ဇွန်လ (၈) ရက်နေ့ မနက် (၈:၃၈) မိနစ်ဝန်...
08/06/2026

🚨 သတိပြုရန်နှင့် ဘေးကင်းရာသို့ ရှောင်ရှားနိုင်ရန် အရေးပေါ် သတင်းထုတ်ပြန်ချက် 🚨

ယနေ့ ဇွန်လ (၈) ရက်နေ့ မနက် (၈:၃၈) မိနစ်ဝန်းကျင်က ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုကျွန်းစု (Mindanao) အနီးတွင် အင်အားပြင်းထန်သော မဂ္ဂနီကျု (8.2) ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။

ထိုအင်အားပြင်းငလျင်ကြောင့် ဂျပန်နိုင်ငံ ရေပိုင်နက်နှင့် ကမ်းရိုးတန်းဒေသတချို့တွင် ဆူနာမီ သတိပေးချက် (津波注意報) များကို ဂျပန်မိုးလေဝသဌာနမှ ချက်ချင်းထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

🌊 ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားသည့် ဒေသများ -

Kanto ဒေသ၊ Tokai ဒေသ

Izu / Ogasawara ကျွန်းစုများ

Wakayama ခရိုင်၊ Kochi ခရိုင်၊ Miyazaki ခရိုင် နှင့် Kagoshima ခရိုင်အရှေ့ပိုင်း

အားလုံးပဲ ဂရုစိုက်ကျပါ🙏
ဟိုကိုင်းဒိုမှာတော့ ဒီအပတ်လုံးမိုးရွာနိုင်ပါတယ်
ဒီနေ့တော့ လေကော မိုးကော နဲ့ ရာသီဥတုလည်း ပြန်အေးနေပါတယ်🥹

မင်္ဂလာပါရှင်ဂျပန်ရောက်မြန်မာများအနေနဲ့ ရည်းစားလေးနဲ့တွေးထားတဲ့ ဘယ်လို ပုံစံ မင်္ဂလာဆောင်ချင်လည်းဆိုတာလေး Surveyလေး လုပ်...
06/06/2026

မင်္ဂလာပါရှင်
ဂျပန်ရောက်မြန်မာများအနေနဲ့
ရည်းစားလေးနဲ့တွေးထားတဲ့ ဘယ်လို ပုံစံ မင်္ဂလာဆောင်ချင်လည်းဆိုတာလေး Surveyလေး လုပ်ချင်လို့ပါ🤭🤩🤵🏽👰🏼‍♀️ စိတ်ကူးစိတ်သန်းလေးများရှိရင်မင်္ဂလာဆောင်မှမဟုတ်ဘူးနော်
တယောက်တည်းတောက်ပမဲ့ သူလေးတွေအတွက်ကောပါ

ဂျပန်မှာ မင်္ဂလာပွဲလုပ်ဖို့planနေတဲ့သူတွေရော၊ မင်္ဂလာပွဲလုပ်ပြီးသားသူတွေရော၊ ပွဲပဲတက်ဖူးတဲ့ သူတွေရောဖြေပေးလို့ရပါတယ်။ ဖြေပေးတာအပြင် ဂျပန်မှာရှိတဲ့အသိတွေကို survey link shareပေးမယ်ဆိုလည်း ကျေးဇူးတင်ပါတယ်ရှင်။🙏

အစ်မတစ်ယောက်ရဲ့ study project လေးအတွက်ပါနော်🖤

📌 Survey Link: https://docs.google.com/forms/d/e/1FAIpQLSfhdSpV_RpvqU-dY0mOHJ-iEK8sK40-NChD14e4kdhaSkwjyA/viewform?usp=header

🔒 Privacy & Confidentiality Notice:
ယခုစစ်တမ်းမှ ကောက်ယူရရှိသော အချက်အလက်များနှင့် ဖြေဆိုချက်များ အားလုံးကို လျှို့ဝှက်ချက်အဖြစ် စနစ်တကျ ထိန်းသိမ်းပေးသွားမည်ဖြစ်ပြီး၊ သုတေသနပြုလုပ်ရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း အပြည့်အဝ အာမခံအပ်ပါသည်။

မင်္ဂလာပါရှင် One Stop Wedding & Event Planning Service အား ဂျပန်နိုင်ငံစျေးကွက်သို့ တိုးချဲ့လုပ်ကိုင်ရန် ဖြစ်နိုင်ခြေ ရှိ၊ မရှိ နှင.....

住所

Sapporo-shi, Hokkaido

営業時間

月曜日 09:00 - 18:00
火曜日 09:00 - 18:00
水曜日 09:00 - 18:00
木曜日 09:00 - 18:00
金曜日 09:00 - 18:00

ウェブサイト

アラート

NSG Myanmarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

NSG Myanmarにメッセージを送信:

共有する