Let's go korea

Let's go korea Let's go! Korea

ရိုးရာဝတ်စုံဟန်းဘို့ဂ်ဟုခေါ်သော ကိုရီးယားရိုးရာဝတ်စုံသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ မှစ၍ ဝတ်ဆင်လာခဲ့သော ကိုရီးယားလူမျိုးမ...
22/04/2016

ရိုးရာဝတ်စုံ

ဟန်းဘို့ဂ်ဟုခေါ်သော ကိုရီးယားရိုးရာဝတ်စုံသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ မှစ၍ ဝတ်ဆင်လာခဲ့သော ကိုရီးယားလူမျိုးများ၏ဝတ်စုံဖြစ်လေသည်။ ကိုရီးယားဝတ်စုံသည် ချောင်ချောင်ချိချိနှင့် နူးညံ့သောဝတ်စုံဖြစ်ပြီး၊ အမျိုးသားဝတ်(ဘောင်းဘီနှင့်အပေါ်ဝတ်)၊ အမျိုးသမီးဝတ်(ဂါဝန်နှင့် အပေါ်ဝတ်) အနည်းငယ်သာ ကွာခြားပါသည်။
ချမ်းအေးသောအခါများတွင် အပြင်ဝတ်အင်္ကျီအဖြစ် အမျိုးသား၊အမျိုးသမီးအားလုံး ဒူလူမာဂီခေါ် ရိုးရာအပေါ်ဝတ်အင်္ကျီကိုဝတ်ဆင်ကြသည်။ ခြေထောက်တွင်မူ ခြေအိတ်နှင့် ဆင်တူသော (ဘောဆောန်း) ရိုးရာခြေအိတ်ကိုစွပ်ကာ သရေဖိနပ်(သို့) ရာဘာဖိနပ်ကို စီးကြသည်။
ယနေ့ခေတ်တွင်မူ ရိုးရာဝတ်စုံကို နေ့စဉ်ဝတ်အဖြစ် ဝတ်ဆင်သူ မရှိသလောက်ပင်ဖြစ်လာပါတော့သည်။ အထူးသဖြင် ကောက်သစ်ပေါ်ချိန်ပွဲတော်(ချူဆော့ဂ်)၊အချိန်၊နှစ်သစ်ပွဲတော်၊မင်္ဂလာဆောင်နှင့် အခြားအခါကြီးရက်ကြီးများတွင်သာ ဝတ်ဆင်ကြပါတော့သည်။

ကိုရီးယားလူမျိုးတို့၏ယဉ်ကျေးမှု (၃)ကိုရီးယားလူမျိုးများ၏ အတွေးခေါ်နှင့် စိတ်ခံစားမှုများ ကိုရီးယားလူမျိုးများသည် ကွန်ဖြူးရှ...
27/03/2016

ကိုရီးယားလူမျိုးတို့၏ယဉ်ကျေးမှု (၃)

ကိုရီးယားလူမျိုးများ၏ အတွေးခေါ်နှင့် စိတ်ခံစားမှုများ

ကိုရီးယားလူမျိုးများသည် ကွန်ဖြူးရှပ်ဝါဒ၏ အကျိုးသက်ရောက်လွှမ်းမိုးမှုကြောင့် အသက်အရွယ်ကြီးရင့်သူများကို ရိုသေကိုင်းရှိုင်းတတ်ကြပြီး ၊ ကွယ်လွန်လေပြီးသော ရှေးဘိုးဘွားဘေးဘီဘင်များကိုလည်း လေးလေးနက်နက် ယုံကြည်ကိုးကွယ်ကြသည်။ မိဘနှင့် သားသမီး၊ ဆရာနှင့်တပည့်၊အလုပ်ရှင်နှင့် အလုပ်သမား၊ ဝါရင့်သူနှင့် ဝါနုသူ စသဖြင့် ၎င်းတို့ကြားတွင် ထင်ထင်ရှားရှား တွေ့မြင်ရတတ်ပါသည်။
လက်အောက်ငယ်သားများသည် အထက်လူကြီးများအား ယဉ်ကျေးသိမ်မွေ့မှုကိုစောင့်ထိန်းသဖြင့် ယဉ်ကျေးသောစကားဖြင့်သာ ပြောဆိုကြသည်။ ထို့အပြင် ဘတ်စ်ကားများနှင့် မြေအောက်ရထားများတွင်လည်း အသက်အရွယ်ကြီးရင့်သူများအတွက် ထိုင်ခုံနေရာ ဦးစားပေး ဓလေ့ထုံးစံရှိသဖြင့် ‘ သက်ကြီးရွယ်အိုခုံ’ ကို သီးသန့်ပြုလုပ်ထားရှိပါသည်။
ကိုရီးယားလူမျိုးတို့သည် မိသားစုစိတ်ဓါတ်စနစ်ပြင်းထန်ပြီး ပုဂ္ဂိုလ်ရေးထက် မိသားစုသည်သာ အဓိကအရေးပါကြောင်း သတ်မှတ်ထားကြသည်။
ထို့အပြင် ကိုရီးယားလူမျိုးများသည် အုပ်စုအဖွဲ့အစည်းများဖွဲ့စည်းပြီး ယင်းအဖွဲ့အစည်းတွင် ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ကြိုက်နှစ်သက်ကြသည်။ မိသားစုဝင်များ၊ ဆိုးတူကောင်းဖက်သူငယ်ချင်းစသည်တို့နှင့် စုဝေးပြီး အရက်သေစာသောက်စားခြင်းများကို ကြိက်နှစ်သက်သလိုအခြားသူများ၏ဧည့်ခံကျွေးသောက်စားခြင်းများကိုလည်း ကြိုက်နှစ်သက်ကြသည်။ စားသောက်ဆိုင်များသို့ စုဝေးပြီးသွားရောက်စားသောက်ကြသည့်အခါတွင်လည်း တစ်ဦးခြင်းစီစုပေါင်းပြီးရှင်းတာထက် အားလုံးထက်အသက်ရာထူးအကြီးဆုံးလူ သို့ အကြောင်းအရာတစ်ခုခုအတွက် ဂုဏ်ပြုခံရမည့်သူကသာလျှင် များသောအာဖြင့် ဧည့်ခံကုန်ကျစရိတ်(စားသောက်စရိတ်)ကို ရှင်းလေ့ရှိကြသည်။
အစားအသောက်ယဉ်ကျေးမှု၊ ဂုဏ်ပြုပွဲတော်ယဉ်ကျေးမှုများသည် အထူးသဖြင့် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေသူများနှင့် သူငယ်ချင်းအချင်းချင်းကြားတွင်သာ ပြုလုပ်ကြသော အရက်သောက်ပွဲတော်ယဉ်ကျေးမှုသည် ကြီးထွားကြပါသည်။
“သံယောဇဉ်” ဆိုတာသည် ကိုရီးယားလူမျိုးတို့၏ ခင်မင်တွယ်တာမှုကို ထုတ်ဖေါ်ပြသည့်စကားဖြစ်ပြီး၊ အချိန်ကြာလာသည့်နှင့်အမျှ သံယောဇဉ်သည်လည်း စွဲလန်းမှုကိုဖြစ်စေနိုင်သည်သဘောဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးဆက်ဆံရေးတွင် သံယောဇဉ်သည် အဓိကအရေးပါသည်ဟုသတ်မှတ်ထားပြီး အကျိုးလိုလား၍ ပေါင်းသင်းခြင်းမျိုးကိုတော့ရှောင်ရှားကြသည်။ သံယောဇဉ်၊တွယ်တာမှုနှင့်ပတ်သက်ပြီး များသောအားဖြင့် ရေးသားကြသည်မှာ ‘သံယောဇဉ်ဖြစ်သည်’ ‘ဖော်ရွေပျူငှာတတ်သည်” ‘တွယ်တာမှုမဲ့သည်’ စသဖြင့်ဖြစ်သည်။
ကိုရီးယားလူမျိုးများသည် စိတ်ခံစားလွယ်ကြသည်။ ထို့ပြင် ခန္ဓာကိုထိတွေ့ကိုင်တွယ်ခြင်းများကိုလည်း သဘောထားကြီးစွာခွင့်လွှတ်တတ်ကြသည်။ အသက်ကြီးအရွယ်ကြီးသောသူများသည် ချစ်စရာကောင်းသောကလေးငယ်များ၏ ခေါင်းကိုကိုင်တွယ်ပွတ်သပ်ခြင်းများ၊စကားအပြန်အလှန်ပြောဆိုနေစဉ် ပုခုံး၊ကျောစသဖြင့် ပွတ်သပ်ကိုင်တွယ်ခြင်းများလည်းလုပ်တတ်သည်။ သို့သော် ငယ်ရွယ်သူအမျိုးသား၊အမျိုးသမီးများကဖြင့် လူအများမြင်ကွင်းများတွင် ကိုယ်ကာယထိတွေ့ကိုင်တွဝ်ခြင်းများကိုဖြင့်ပြုလုပ်ကြပါက မသင့်တော်ဘူးဟုထင်မြင်ကြသည်။
` ကိုရီးယားလူမျိုးများသည် စိတ်ဓါတ်ပြင်းထန်ကြပြီး ၊ပြင်းပြင်းထန်ထန်ကြီုးစားကြသည်။ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြပြီး သစ္စာရှိစွာ အလုပ်ကိုသတ်မှတ်ချိန်အတွင်းပြီးအောင်လည်းဆောင်ရွက်တတ်ကြပြန်သည်။
လုပ်ကိုင်စွမ်းရည်ရှိသောကြောင့် အလုပ်ကို ‘မြန်မြန် မြန်မြန်’ လုပ်ဆောင်တာကို ကြိုက်နှစ်သက်သည်။
ကိုရီးယားလူမျိုးများသည် ပညာရေးနှင့်ပတ်သက်လာရင် အရမ်းလောဘကြီးကြသည်။ မိဘအများစုသည် သား၊သမီးများအတွက် ပေးဆပ်ကာ အကောင်းဆုံးပညာရေးကို သင်ကြားစေတတ်သည်။ကိုရီးယားနိုင်ငံတွင် စာမတတ်သူရာခိုင်နှုန်းမှ အလွန်နည်းပါးပြီး တက္ကသိုလ်တန်းတက်ရာခိုင်နှုန်းမှာ အလွန်ပင်မြင့်မားလျက်ရှိသည်။ ရှေးယခင်ကပင် ပညာသင်ယူသူတွေ များပြားပြီး ပညာတတ်လူတန်းစားများ ဖြစ်လာအောင်ဦးတည်လျက်ရှိသည်။

၎။ (၅၄)ကြိမ်မြောက် ဂျင်းန်ဟဲချယ်ရီပန်းပွဲတော်နွေဦးရာသီရောက်လာပြီိဆိုတာနဲ့ ဂျင်းန်ဟဲမှာ ချယ်ရီပန်းကမ္ဘာပွဲတော်ကို စတင်ပါေ...
20/03/2016

၎။ (၅၄)ကြိမ်မြောက် ဂျင်းန်ဟဲချယ်ရီပန်းပွဲတော်

နွေဦးရာသီရောက်လာပြီိဆိုတာနဲ့ ဂျင်းန်ဟဲမှာ ချယ်ရီပန်းကမ္ဘာပွဲတော်ကို စတင်ပါတော့မယ်…

ဂျင်ဟဲတစ်မြို့ လုံးမှာ ချယ်ရီပင်ပေါင်း ၃သိန်းခြောက်သောင်းရှိပါတယ်…အဲ့ဒီအပင်များမှ ချယ်ရီပွင့်များ အစီအရီပွင့်တဲ့အခါ ချယ်ရီပင်ရဲ့ အဖြူရောင်ပွင့်ဖတ်လေးများနဲ့ ကောင်းကင်ယံတစ်ခုလုံးဖုံးလွမ်းသလို ခံစားလျက်ရှိနေပါတော့တယ်
အထင်ရှားဆုံးနဲ့ အကျော်ကြားဆုံး နေရာများက တော့ ဂျယ်ဟွန်ဆန်းပန်းခြံ၊ ဂျာန်းင်ဘို့ဆန်းပန်းခြံ ၊ အန်းမင်းဒိုလမ်း၊ ယောဂျွာချောင်းရိုမာန်ဆုတံတားနှင့် ဂယောင်းဟွာဘူတာ…စသည်တို့ဖြစ်ပါတယ်
ဂျယ်ဟွာန်ဆန်းပန်းခြံ တစ်လျောက်မှာတော့ ဂျင်ဟဲပွဲတော် နွေဦးရာသီအခါသမအတွက် အများပြည်သူလမ်းလျွှောက်နိုင်ဖို့ ချယ်ရီပင်များအစီအရီနဲ့ပွင့်လျွှက်ရှိနေပါတယ်… အဲ့ဒီပန်းခြံတစ်လျွှောက်မှာဆိုရင်ဖြင့် ပွဲတော်ကျင်းပချိန်၌သာ အများပြည်သူအပန်းဖြေနားနေနိုင်ရန်အတွက် ဖွင့်ပေးလျက်ရှိပါတယ်…
ဂျယ်ဝါဆန်ပန်းခြံဟာဆိုရင်လည်း ချယ်ရီပန်းပွင့်များရဲ့ အလှရယ် ပင်လယ်ပြင်ရဲ့ မဆုံးနိုင်တဲ့မြင်ကွင်းဟာဆိုရင်ဖြင့် စိတ်လှုပ်ရှားဖွယ်ရာ အေးချမ်းဖွယ်ရာ အမှန်ပင်ဖြစ်ပါတယ်။ ‘ တစ်နှစ်လှေကားထစ် ’ လို့ခေါ်တွင်တဲ့ ၃၆၅ ထစ်တိတိရှိတဲ့ လှေကားထစ်လေးများကို တက်လှမ်းလျှောက်ခြင်းအားဖြင့် လည်း လှေကားထစ်လေး ဘေးတစ်ဖက်တစ်ချပ်မှာရှိတဲ့ ချယ်ရီပန်းပွင့်အလှများနှင့် နွေဦးရာသီမှသာ ပွင့်သော ပွင့်ဝါဝါ အပင်လေးများရဲ့ ရနံ့အလှကို ကြည့်ရှုခံစားရင်း ခန္ဓာကိုယ်အတွက် ကျန်းမာသန်စွမ်း ကိုယ်လက်ကြံ့ခိုင် လေ့ကျင့်ပေးလျက်ရှိနေပါတော့တယ်….
စိတ်ဝင်စားလို့သွားချင်တယ်ဆိုရင်ဖြင့်
ဆက်သွယ်လိုက်ပါ။
ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆိုရင်လည်း အောက်မှာ လိပ်စာလေးတွေဖတ်ပြီးသွားကြပါ။
နွေဦးရာသီမှာ ချယ်ရီပန်းအလှအပများကိုခံစားရင်း လုပ်ငန်းခွင်ထဲကအခက်အခဲတွေ၊ ဘဝမောပန်းမှုတွေကို ခဏသာပြေပျောက်သွားစေမှာတော့အမှန်ပါ။
(LGK -010-4026-4322)
နေ့ရက်။ ။ 2016-04-01 ရက်နေ့မှ 2016-04-10 နေ့ထိ
နေရာ။ ။ ဂယောင်ဆန်းနာမ်ဒို ချာန်ဝါန်ရှိ ဂျင်းန်ဟဲဂူး ထုံးရှင်းန်ဒုံ
ဝင်ကြေး။ ။ အခမဲ့
[Bus]
From Seoul Nambu Bus Terminal, take an intercity bus to Jinhae.
- From Jinhae Intercity Bus Terminal, go 30m straight and turn right onto Jungwondong-ro Road.
- Go 350m straight, and stay left at the fork.
- Go 230m to arrive at the festival venue.

[City Bus]
Jinhae ↔ Changwon: 150, 751, 752
Jinhae ↔ Masan: 160, 162, 760
Jinhae Line: 301, 302, 303, 305, 306, 309, 315

နွေဦးရာသီ ချယ်ရီပန်းပွဲတော်(၃)ဒီကမ္ဘာ ကြယ်အလင်းတန်း ချယ်ရီးပန်းပွဲတော်သူကတော့ ဒဲဂူးမြို့ တော်မှာရှိတဲ့ ချယ်ရီပန်းပွဲတော်...
19/03/2016

နွေဦးရာသီ ချယ်ရီပန်းပွဲတော်(၃)

ဒီကမ္ဘာ ကြယ်အလင်းတန်း ချယ်ရီးပန်းပွဲတော်

သူကတော့ ဒဲဂူးမြို့ တော်မှာရှိတဲ့ ချယ်ရီပန်းပွဲတော်ပဲဖြစ်ပါတယ်… ဒီကနေ့ပဲစပါတယ်…
ဒဲဂူးမြို့ ဆိုတာကတော့ ကိုရီးယားရောက် မြန်မာတွေတော်တော်များများသိကြမှာပါ။ ထို့အပြင်မြန်မာနိုင်ငံသားတော်တော်များများလည်း ကြားဖူးကြမှာပါ၊ ဒါကဘာလည်းဆိုတော့ ကိုရီးယားဆရာတော်လို့နာမည်ကြီးနေတဲ့ ဆရာတော်ဦးဝိစိတ္တ(မနာပဒါရီ) ရဲ့ ဘုန်းကြီးကျောင်းက ဒဲဂူးမြို့ မှာရှိပါတယ်..ဘုရားလည်းဖူး ခရီးလည်းထူးတာပေါ့။

နေ့ရက်။ ။ 2016 မတ်လ 19 ရက် မှ 2016 ဧပြီလ 10 ရက်နေ့ထိပါ။
နေရာ။ ။ ဒဲဂူးမြို့ တော် ဒါးဆောလ်မြို့  ဒူးလျူပန်းခြံ ၂၀၀ လမ်း (ဒူးလျူရပ်ကွက်)
ပွဲတော်နေရာ။ ။ E WORLD 83 TOWER

(LGK-010-40264322)

နွေဦးရာသီ ချယ်ရီပန်းပွဲတော်(၂)ဆော့ဂ်ချွှန်းကန် ချယ်ရီပန်းပွဲတော်သူလည်းဆိုးလ်မြို့မှာပဲရှိပါတယ်..ရက်ကတော့နှစ်ရက်တည်းပါ။ဧြ...
19/03/2016

နွေဦးရာသီ ချယ်ရီပန်းပွဲတော်(၂)

ဆော့ဂ်ချွှန်းကန် ချယ်ရီပန်းပွဲတော်

သူလည်းဆိုးလ်မြို့မှာပဲရှိပါတယ်..
ရက်ကတော့နှစ်ရက်တည်းပါ။
ဧပြီလ ၈ ရက်နေ့ကနေ ၁၀ရက်နေ့ထိသာ။
ဝင်ကြေးကတော့ အခမဲ့
နေရာ။ ။ ဆိုးလ်မြို့ တော် ဆုံဖာမြို့  ဂျမ်ရှီး148 လမ်း(ဂျမ်ရှီးရပ်ကွက်)

(LGK-010-4026-4322)

နွေဦးရာသီချယ်ရီပန်းပွဲတော်နွေဦးရာသီရောက်လာပြီဆိုတော့ ရာသီဥတုလေးကလည်း မပူမအေး၊ ဟိုဟိုဒီဒီ ခရီးဝေးသွားချင်သူတွေအတွက်တော့...
19/03/2016

နွေဦးရာသီချယ်ရီပန်းပွဲတော်

နွေဦးရာသီရောက်လာပြီဆိုတော့ ရာသီဥတုလေးကလည်း မပူမအေး၊ ဟိုဟိုဒီဒီ ခရီးဝေးသွားချင်သူတွေအတွက်တော့
ဒီလ ကိုရီးယားနိုင်ငံတွင်း ချယ်ရီးပန်းပွဲတော်များရှိရာ မိတ်ဆက်ပေးလိုက်ပါ့မယ်။
သွားချင်တယ်ဆိုရင်တော့ခေါ်ပေါ့။ ဒါမှမဟုတ် ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားမယ်ဆိုရင်လည်း လိပ်စာလေးတွေ တင်ပေးလိုက်ပါ့တယ်… အဆင်ပြေအောင်ပေါ့။ “ အမှတ်တရတွေများနဲ့ သတိရစရာတွေ သယ်ယူလာခဲ့ပါ”

၁။ ဆိုးလ် ယောင်ဒုံဖို ယောအွီဒို( လွှတ်တော်ခမ်းမနောက်)
အချိန်။ ။ ဧပြီလ ၄ ရက်နေ့မှ ၁၀ ရက်နေ့ထိ
ဝင်ကြေး ၊ ။ အခမဲ့)

(LGK-010-40264322)

ရာသီဥတု(၂)ကိုရီးယားနိုင်ငံသည် အကျယ်အဝန်းအားဖြင့် ကျဉ်းသော်လည်း ဒေသကွဲပြားမှုကိုလိုက်၍ ရာသီိဥတုလည်း စုံလင်လှပေသည်။ နွေဦးရ...
18/03/2016

ရာသီဥတု(၂)
ကိုရီးယားနိုင်ငံသည် အကျယ်အဝန်းအားဖြင့် ကျဉ်းသော်လည်း ဒေသကွဲပြားမှုကိုလိုက်၍ ရာသီိဥတုလည်း စုံလင်လှပေသည်။ နွေဦးရာသီ ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ဆောင်းရာသီ စသဖြင့် ရာသီဥတုတို့သည် ပီပြင်စွာ ကွဲပြားခြားနားပြီး၊ အပူချိန်နှင့် မိုးရေချိန်တို့မှာလည်း ကွာခြားလျက်ရှိပါသည်။ တောင်တန်းများတွင် ဆောင်းရာသီ၌ နှင်းများထူထဲစွာကျပြီး၊တောင်ဘက်ပိုင်း ပင်လယ်ဒေသတွင်မူ လေပြင်းများတိုက်ခတ်၍ တိုင်ဖုန်းအမျိုးအစား မုန်တိုင်းများလည်း တိုက်ခတ်လျက်ရှိပါသည်။ ဒေသအလိုက် ရာသီဥတု ကွဲပြားမှုကြောင့် အစားအသောက်စသည်တို့သည်လည်း ဒေသအလိုက်တမူထူခြားကွဲပြားမှုများမှာလည်း ရှိပေသည်။

နွေဦးရာသီ
မတ်လမှ မေလအထိ၊ရာသီဥတုမှာ နွေးထွေးပြီး ၊၅ဒီဂရီစင်တီဂရိတ်မှ ၂၀ဒီဂရီစင်တီဂရိတ်အထိရှိတတ်ပါသည်။ ဂျင်းဒါးလယ် (ပန်းခရောင်အပွင့်)(azalea)၊ဘော့ကို့သ်(ချယ်ရီးပန်း)၊ဂယ်နာလီ စသည့်ပန်းများပွင့်လန်းပြီး သာယာလှပသော ရာသီဥတုဖြစ်ပါသည်။ ကျေးလက်ဒေသများတွင်မှု စပါးစတင်စိုက်ပျိုးသော ကာလဖြစ်သောကြောင့် လယ်ယာနှင့်ပတ်သက်သော လုပ်ငန်းများ အလုပ်ရှုပ်သောကာလဖြစ်ပါသည်။ နွေဦးရာသီတွင် တရုတ်ပြည်သဲကန္တရမှ တိုက်ခတ်လာသော ဖုန်မှုန့်များပါဝင်သော လေများတိုက်ခတ်သဖြင့် ကိုရီးယားနိုင်ငံ လေထုအတွင်း ဖုန်မှုန့်များလည်း မကြာခန ပြည့်နှက်နေတတ်သေးသည်။

နွေရာသီ
ဇွန်လမှ သြဂုတ်လအထိဖြစ်ပြီး အပူချိန်မှာ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်ထိရှိတတ်ပါသည်။ မိုးပြေးလေးများ မကြာခနရွာတတ်သလို ကိုရီးယားလူမျိုးများသည် နွေရာသီအပူချိန်ကို ရှောင်ရှားရန်အတွက် ကျောင်းပိတ်ရက် (သို့) နွေရာသီပိတ်ရက်များတွင် တောင်တန်းဒေသ ၊ပင်လယ်ဒေသများသို့ ခရီးထွက်ကာ အနားယူလေ့ရှိပါသည်။ မိုးရာသီကာလကဲ့သို့ မိုးများစွာ ရွာတတ်ပြီး၊ ထိုကာလအတွင်း မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုများလည်း ဖြစ်တတ်ပါသည်။ သြဂုတ်လမှ စက်တင်ဘာလအတွင်း မုန်တိုင်းများကျရောက်တတ်သဖြင့် ပျက်စီးဆုံးရှုံးမှုများ များစွာဖြစ်လေ့ရှိပါသည်။

ဆောင်းဦးရာသီ
စက်တင်ဘာလမှနိုဝင်ဘာလအထိဖြစ်ပြီး အပူချိန်မှာ ၅ဒီဂရီိစင်တီဂရိတ်မှ ၂၀ဒီဂရီစင်တီဂရိတ်အထိရှိနေတတ်ပြီး ၊ မနက်ပိုင်းနှင့် ညနေပိုင်းရာသီဥတုအပူချိန် အပြောင်းအလဲမှာ များစွာကြီးမားပါသည်။ ရာသီဥတုမှာ တောက်ပကြည်လင်နေတတ်ပြီး မြင့်မားသောကောင်းကင်မှာလည်း ပြာလဲ့လဲ့ရှိနေပါသည်။ သစ်ပင်များမှာလည်း အရောင်အမျိုးမျိုးပြောင်းလဲနေသဖြင့် အလွန်လှပကာ ဓါတ်ပုံရိုက်ခြင်း၊ ခရီးသွားခြင်းအလွန်ကောင်းမွန်သောဥတုရာသီဖြစ်ပါသည်။

ဆောင်းရာသီ
ဒီဇင်ဘာလမှ ဖေဖေါ်ဝါရီလအထိဖြစ်ပြီး၊ ဆိုက်ဘေးရီးယားရာသီဥတု၏အကျိုးသက်ရောက်မှုကို ခံစားရသဖြင့် အပူချိန်မှာ အနှုတ်ဒီဂရီ ၁၆၊၁၇ထိရှိနေတတ်ပြီး၊ အေး၍ခြောက်သွေ့နေပါသည်။ ဆီးနှင်းများ များစွာကျဆင်းတတ်ပါသည်။ အထူးသဖြင့် တောင်တန်းဒေသများတွင် ဆီးနှင်းများ များစွာ ကျဆင်းသဖြင့် နှင်းလျောစီးခြင်းများဖြင့်လည်း ပျှော်ပါးနိုင်ပါသည်။ ရာသီဥတုမှာ အလွန်းအေးသဖြင့် အခန်းများတွင် အအေးဒဏ်ကာကွယ်နိုင်ရန်အတွက် အနွေးပေးစက်များ တပ်ဆင်ထားရှိရန်လိုအပ်ပါသည်။ နှာစေး၊အအေးပတ်ခြင်းများ လွယ်ကူစွာ မကြာခနဖြစ်တတ်သဖြင့် ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ဖို့လိုအပ်လှပေသည်။

(ဓါတ်ပုံများကို အင်တာနက်မှ ကူးယူပါသည်။)

ကိုရီးယားအကြောင်းကိုရီးယားနိုင်ငံကို စိတ်ဝင်စားတဲ့သူ မည်သူမဆို ကိုရီးယားလူမျိုးနှင့် ကိုရီးယားယဉ်ကျေးမှုကိုသိချင်ကြမှာမလွ...
12/03/2016

ကိုရီးယားအကြောင်း

ကိုရီးယားနိုင်ငံကို စိတ်ဝင်စားတဲ့သူ မည်သူမဆို ကိုရီးယားလူမျိုးနှင့် ကိုရီးယားယဉ်ကျေးမှုကိုသိချင်ကြမှာမလွဲပါ။ လုံးဝမသိတာထက်စာလျှင် ကိုရီးယားယဉ်ကျေးမှုကို နားလည်သဘောပေါက်ထားမည်ဆိုလျှင် ကိုရီးယားနိုင်ငံကို အလည်လာသည်ဖြစ်စေ၊ နေထိုင်အလုပ်လုပ်ကိုင်လျှင်ဖြစ်စေ ကိုရီးယားနိုင်ငံအတွင်း နေထိုင်သွားလာလှုပ်ရှားမှုမှာ ပိုမိုအဆင်ပြေစွာ သွားလာလှုပ်ရှား ပျော်ရွှင်နိုင်လိမ့်မည်ဖြစ်သည်။

ကိုရီးယားပထဝီအနေအထား

ကိုရီးယားသည် အာရှတိုက်၏ အရှေ့ ပိုင်းတွင် တည်ရှိပါသည်။ တောင်မှ မြောက်သို့ ရှည်လျားသော ကျွန်းဆွယ်နိုင်ငံဖြစ်ပါသည်။ အပစ်အခတ်ရပ်ဆဲရေးမျဉ်း (DMZ) ကို အလယ်တွင်ခြား၍ တောင်နှင့် မြောက်ကိုရီးယားနိုင်ငံအဖြစ် ပိုင်းခြားလျက်ရှိပါသည်။တောင်ကိုရီးယားနိုင်ငံ၏ ဧရိယာအကျယ်အဝန်းသည် စတုရန်းကီလိုမီတာ ၉၈၄၃၁ ရှိပြီး ၊လူဦးရေမှာ ၅၁သန်း၆သိန်း ခန့်ရှိသည်။
ကိုရီးယားနိုင်ငံအကျယ်အဝန်း၏ ၇၀ ရာခိုင်နှုန်းမှာ တောင်တန်းဒေသများဖြစ်ပြီး၊အရှေ့ ဘက်တွင် တောင်တန်းဒေသများရှိ၍ အနောက်ဘက်တွင် မြေပြန့်ဒေသများရှိသည်။ ကျွန်းဆွယ်၏အရပ်သုံးမျက်နှာကို ပင်လယ်ဖြင့် ဝန်းရံလျက်ရှိသည်။
ကိုရီးယားနိုင်ငံကို အဓိကအားဖြင့် အထူးမြို့တော် (၁)မြို့  (ဆိုးလ်မြို့ ) ၊မြို့ တော်နယ်နိမိတ်အတွင်းရှိမြို့ (၆)မြို့ ( အင်းချွှန်း၊ဒဲဂျွန်း၊ဒဲဂူး၊ဂွာန်ဂျူး၊အူးလ်ဆန်း၊ဘူဆန်း )နှင့် ခ့ရှိုင် (၉)ခရိုင်( ဂယောင်ဂီဒို၊ဂါဝန်းဒို၊ချွန်းချောင်းနာမ်ဒို၊ ချွန်းချောင်းဘုဂ်ဒို ၊ဂယောင်ဆန်းနာမ်ဒို၊ ဂယောင်းဘူဂ်ဒို၊ဂျောန်လာနာမ်ဒို၊ ဂျောန်လာဘူဂ်ဒို၊ ဂျယ်ဂျူဒို) စသဖြင့် ပိုင်းခြားသတ်မှတ်ထားပါသည်။
ဆိုးလ်မြို့သည် ကိုရီးယားနိုင်ငံ၏ မြို့ တော်ဖြစ်ပြီး လူဦးရေမှာ ၁၀သန်းကျော်ရှိသည်။ ဟန်မြစ်ကိုဗဟိုပြု၍ မြစ်မြောက်ပိုင်းနှင့် မြစ်တောင်ပိုင်းဟူ၍ ပိုင်းခြားထားပြီး၊ ဟန်ဖြစ်ပေါ်တွင် ထိုဒေသနှစ်ခုကို ပေါင်းကူးပေးထားသောတံတားပေါင်း (၃၀) ရှိပါသည်။
ဘူဆန်မြို့ သည် ကိုရီးယားနိုင်ငံ၏ ဒုတိယမြို့ တော်ဖြစ်ပြီး၊ အမှတ် (၁) ကုန်သွယ်ဆိပ်ကမ်းမြို့ ဖြစ်သည်။ အင်ချွန်းမြို့ သည် ကိုရီးယားနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့ ဖြစ်သလို အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ထားရှိသဖြင့် လေကြောင်းလိုင်းများ၏ ဗဟိုချက်လည်းဖြစ်သည်။
ကိုရီးယားနိုင်ငံ၏ တတိယမြို့ တော်သည် ဒယ်ဂူးမြို့ ဖြစ်ပြီး ၊ အဝတ်အထည်၊ဖက်ရှင်နှင့် အဆင့်မြင့်လျှပ်စစ်ပစ္စည်းများ၊ ကွန်ပြူတာဆော့ဖ်ဝဲများ စသဖြင့် စွန့်ဦးစီးပွားရေးလုပ်ငန်းများ၏အဓိကမြို့ တော်ဖြစ်သည်။
ဒဲဂျွန်းမြို့ တော်သည် KAIST အစရှိသည့် သုတေသနဌာနများရှိသည့် သိပ္ပံနည်းပညာမြို့ တော်ဖြစ်သည်။
အူလ်ဆန်းမြို့ တော်သည် ကိုရီးယားနိုင်ငံ၏အဓိက ရေနံသန့်စင်လုပ်ငန်း၊ ဓါတ်မြေသြဇာလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း၊ မော်တော်ကားထုတ်လုပ်သည့်လုပ်ငန်း ၊ ဓါတုဗေဒနှင့် စက်ပစ္စည်းလုပ်ငန်းများ စသဖြင့် ပြည်တွင်းအကြီးမားဆုံး စက်မှုမြို့ တော်ဖြစ်သလို ဟယွန်းဒဲမော်တော်ကားစက်ရုံ၊အူလ်ဆန်းအကြီးစားစက်မှုလုပ်ငန်းတို့လည်းရှိသည်။

28/02/2016

အလည်သွားချင်ရင် သတိရပါ။

ကိုရီးယားနိုင်ငံအတွင် မည်သည့်နေရာမဆို တစ်ဦးချင်းဖြစ်စေ၊ မိသားစုဖြင့်ဖြစ်စေ၊ မိတ်ဆွေ ၊သူငယ်ချင်းအပေါင်းအသင်းများနဲ့ဖြစ်စေ.. စသဖြင့် သွားရောက်လည်ပတ်ချင်တယ်ဆိုရင်ဖြင့် " Let's go hangu " ကိုဆက်သွယ်လိုက်ပါ။
ဈေးနှုံးချိုသာစွာ၊ယဉ်ကျေးပျူငှာစွာဖြင့် ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် ကားစင်းလုံးငှားခြင်း၊ ကားအငှားလိုက်ခြင်းများလည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

လိုအပ်လျှင်ဖြင့်
010-4026-4322 ကိုဆက်သွယ်လိုက်ပါ။

Address

Bupyeong Gu
Incheon
694-5

Telephone

010-4026-4322

Website

Alerts

Be the first to know and let us send you an email when Let's go korea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category