17/06/2026
🇸🇬 စင်္ကာပူခရီးစဉ်မှာ သွားလည်လို့ရတဲ့ နေရာတွေကို လမ်းညွှန်ဖော်ပြပေးလိုက်ပါတယ်၊၊
🛫 𝐉𝐞𝐰𝐞𝐥 𝐂𝐡𝐚𝐧𝐠𝐢 𝐀𝐢𝐫𝐩𝐨𝐫𝐭
ဒီစင်္ကာပူလေဆိပ်ဟာ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းလေဆိပ် အဖြစ် သတ်မှတ်ခံထားရပြီး လေယာဉ်ဆိုက်ရောက်တာနဲ့ မသွားမဖြစ် သွားရမယ့်ထဲမှာ Airport (Terminal-1) မှာရှိတဲ့ Jewel Changi ဖြစ်ပါတယ်။ လေဆိပ်ထဲမှာတင် တနေကုန်လည်ပတ်လို့ရအောင် သွားစရာနေရာတွေ အများကြီး ပြုလုပ်ထားပြီး ကမ္ဘာ့အမြင့်ဆုံး Man Made Indoor Waterfall ရေတံခွန်ကြီးနဲ့ အံ့ဩစရာတွေကို ခံစားကြည့်ရှုနိုင်ပါတယ်။
𝐌𝐞𝐫𝐥𝐢𝐨𝐧, 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞
စင်္ကာပူရဲ့ Trademark ဖြစ်တဲ့ Merlion ရုပ်ထုကြီး ရှိတဲ့နေရာကို သွားမယ်ဆိုရင် စင်္ကာပူ လေဆိပ်ကနေ MRT (အစိမ်းလိုင်း) ကို 57 မိနစ်လောက် City Hall Station အထိ စီးပြီးတာနဲ့ စင်္ကာပူရဲ့ မြို့လည်ခေါင်ဖြစ်တဲ့ tourist hotspot zone ကို ရောက်ရှိမှာ ဖြစ်ပြီး City Hall Station ကနေ Merlion ရုပ်ထုကြီးနားထိ လမ်းလျှောက်သွားမယ်ဆိုရင် 14 မိနစ်ပဲ ကြာချိန်ရှိပြီး အနီးတဝိုက်မှာလဲ
🟣 Marina Bay Sand
🟣 Gardens by the Bay
🟣 Singapore Flyer
🟣 Helix Bridge
🟣 Sky Garden at CapitaSpring
🟣 F1 Pit Stop Building
🟣 Esplanade - Theatres on the Bay တို့ကိုပါ တခါတည်း သွားနိုင်မှာ ဖြစ်ပါတယ်၊၊
𝐌𝐚𝐫𝐢𝐧𝐚 𝐁𝐚𝐲 𝐒𝐚𝐧𝐝
Singapore ရဲ့ အထင်ကရ Trade Mark တစ်ခုဖြစ်တဲ့ Iconic Luxury သင်္ဘောဟိုတယ်ကြီး ဖြစ်ပြီး အထဲကိုလည်း ဝင်လို့ရသလို ပတ်ပတ်လည် ဘေးတဝိုက်ကနေ လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်စရာ ရှုခင်းနေရာတွေ အများကြီးမှာ ရိုက်နိုင်ပါသေးတယ်။ ဘယ်နေရာကကြည့်ကြည့် MBS နောက်ခံနဲ့ ဓာတ်ပုံရိုက်လို့လဲရပါတယ်။ အကောင်းဆုံး Sky-High Restaurants နဲ့ Rooftop Bars တွေအပြင် အမြင့်ဆုံး ရေကူးကန်ပါ ပါရှိလို့ ညဘက်တွေမှာဆို သူ့အချိန်နဲ့သူ ရေပန်း အလှပြတဲ့ show တွေရှိတာမို့ ညဖက်သွားဖို့ ပိုပီးတော့ recommend ပေးလိုက်ပါတယ်။
𝐆𝐚𝐫𝐝𝐞𝐧𝐬 𝐛𝐲 𝐭𝐡𝐞 𝐁𝐚𝐲
Marina Bay ရဲ့အောက်ဘက်ခြမ်းမှာ Supertree ကြီးတွေရှိပြီး နေ့ဘက်ရော ညဘက်ပါ ဓာတ်ပုံရိုက်လို့ အရမ်းလှပါတယ်။ ပန်းခြံက အကျယ်ကြီးဖြစ်လို့ ဓာတ်ပုံရိုက်စရာ နေရာတွေပေါသလို ညဘက်ဆိုရင်လဲ Supertree Grove light-show တွေနဲ့ မီးရောင်စုံအလှပြတဲ့ အချိန်တွေရှိပါတယ်။ (Daily - 7:45pm 8:45pm 9:35pm) ညဖက်ဆိုလူပိုများပြီး Supertree အပေါ်ကနေ တက်ကြည့်ချင်ရင်တော့ ဝင်ကြေးပေးရပါတယ်။ ဒါ့အပြင် Cloud Forest ထဲမှာလဲ ကမ္ဘာ့ ဒုတိယအမြင့်ဆုံး indoor ရေတံခွန်ရဲ့ အလှကို ခံစားနိုင်ပြီး မြေထဲပင်လယ်ဒေသ တောင်အာဖရိက ဆားဗားနားသဲကန္တာရနဲ့ မိုးနည်း သဲကန္တာရတွေမှာသာ မြင်တွေ့နိုင်တဲ့ အမျိုးပေါင်း ထောင်ကျော်တဲ့ ပန်းအလှအပတွေနဲ့ အတူ Cloud walk ကိုလဲ ခံစားလို့ရတဲ့ Flower Dome ကိုလဲ သွားဖို့ recommend ပေးပါတယ်။
𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐅𝐥𝐲𝐞𝐫
ကမ္ဘာ့ အကြီးဆုံး capsules စာရင်းဝင် Singapore Flyer’s ကနေလဲ Marina Bay ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများကို ကြည့်ရှုနိုင်ပါတယ်။
𝐒𝐞𝐧𝐭𝐨𝐬𝐚 𝐈𝐬𝐥𝐚𝐧𝐝
Universal Studio ရှိတဲ့ Sentosa ကျွန်းကို သွားမယ်ဆိုရင် Vivo city ကနေတစ်ဆင့် ရထားနဲ့ သွားလို့ရပါတယ်။ Sentosa ကျွန်းမှာတင် လုပ်စရာ activities တွေ အများကြီးရှိပြီး လူကြိုက်များတဲ့
🟣 Singapore Trickeye
🟣 Sentosa S.E.A. Aquarium
🟣 Skyline Luge
🟣 Wings of Time
🟣 Palawan Beach တို့ကိုပါ တခါတည်း သွားနိုင်မှာ ဖြစ်ပါတယ်၊၊
𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐙𝐨𝐨
City Hall Station ကနေ MRT (အနီလိုင်း) 1 နာရီလောက်စီးပြီးသွားရင်တော့ Singapore ရဲ့ နာမည်ကြီးတဲ့ Singapore Zoo ကို ရောက်ရှိမှာ ဖြစ်ပြီးတော့ အနီးတဝိုက်မှာလဲ တဆက်တည်း
🟣 River Wonders
🟣 Bird Paradise
🟣 Night Safari တို့ကိုပါ တခါတည်း သွားနိုင်မှာ ဖြစ်ပါတယ်၊၊
စင်္ကာပူနိုင်ငံ သွားလည်ချင်တဲ့ 여러분 လူကြီးမင်းတို့အတွက် Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ ခရီးစဉ် အသေးစိတ်ကို ဆက်သွယ် စုံစမ်းလိုလျင်…
☎️ ဖုန်းနံပါတ် - 010-2497-1478, 010-7935-1478, 010-9992-1478, 010-7675-8498
🏡 လိပ်စာ-အင်ချွန်း၊ ဘူဖြောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ်၊ ဆိုင်နံပါတ် 11