Nay Lin Aung Bagan Tuk Tuk Service

Nay Lin Aung Bagan Tuk Tuk  Service Travel taxi

ပုဂံရောက်လို့ tuk tukလေးငှားပြီးဘုရားတွေစုံအောင်ဖူးမယ်ဆိုဖုန်းလေးသာဆက်လိုက်လူကြီးမင်းတို့ရှိတဲ့နေရာအရောက်လာခဲ့မယ်နော်☎09...
10/09/2022

ပုဂံရောက်လို့ tuk tukလေးငှားပြီးဘုရားတွေစုံအောင်ဖူးမယ်ဆိုဖုန်းလေးသာဆက်လိုက်လူကြီးမင်းတို့ရှိတဲ့နေရာအရောက်လာခဲ့မယ်နော်
☎09441873723

အဘထွက်ပွဲသွားမယ် ပုပ္ပါးကိုဘယ်သူလိုက်မလဲတုတ်တုတ်လေးနဲ့ပေါ့ဗျာ 09441873723ဆက်လိုက်ပါဗျ
09/09/2022

အဘထွက်ပွဲသွားမယ် ပုပ္ပါးကိုဘယ်သူလိုက်မလဲ
တုတ်တုတ်လေးနဲ့ပေါ့ဗျာ 09441873723ဆက်လိုက်ပါဗျ

 #ချစ်သောပုဂံကို  မလွမ်းဘယ်သူရှိမလဲဗျာ..နော်..Nay lin aungTuk Tuk taxi servicesph09441873723
18/07/2022

#ချစ်သောပုဂံကို မလွမ်းဘယ်သူရှိမလဲဗျာ..နော်..
Nay lin aung
Tuk Tuk taxi services
ph09441873723

မဂ်လာမနက်ခင်းပါ....
17/07/2022

မဂ်လာမနက်ခင်းပါ....

ပန်းချီကားတစ်ချပ်လိုလှနေတဲ့..ကျွန်တော်တို့ရွာ။ #မင်းနန်သူရွာ   လာလည်ဖို့ဖိတ်ခေါ်ပါတယ်။
16/07/2022

ပန်းချီကားတစ်ချပ်လိုလှနေတဲ့..ကျွန်တော်တို့ရွာ။
#မင်းနန်သူရွာ လာလည်ဖို့ဖိတ်ခေါ်ပါတယ်။

ဘုရားဖူးဧည့်သည်များကိုပုဂံမြေမှ....ဖိတ်ခေါ်ပါသည်Tuk Tuk Taxi services09441873723
11/07/2022

ဘုရားဖူးဧည့်သည်များကို
ပုဂံမြေမှ....ဖိတ်ခေါ်ပါသည်
Tuk Tuk Taxi services
09441873723

ပုဂံမြေမှ...ကြိုဆိုပါတယ်။
11/07/2022

ပုဂံမြေမှ...ကြိုဆိုပါတယ်။

မနက်၉နာရီလောက်ကျွန်တော်အိမ်ရှေ့လမ်းဘေးမှာရပ်နေတုန်းသုံးနှစ်သားလေးနဲ့ငါးဆင့်ချိုင့်တစ်လုံးကိုလက်ဆွဲလို့လာတဲ့စုံတွဲထဲကလူငယ...
02/06/2022

မနက်၉နာရီလောက်
ကျွန်တော်အိမ်ရှေ့လမ်းဘေးမှာရပ်နေတုန်း
သုံးနှစ်သားလေးနဲ့ငါးဆင့်ချိုင့်တစ်လုံးကို
လက်ဆွဲလို့လာတဲ့စုံတွဲထဲကလူငယ်ကကျွန်တော့ကို
တွေ့တော့ရပ်ပြီး"ဘဘနေကောင်းလား"လို့
နှတ်ဆက်လာပါတယ်။
ကြည့်လိုက်တော့ကျွန်တော့မိတ်ဆွေ
ရဲ့သားဖြစ်နေတယ်။

"အေးကောင်းပါတယ်ကွာ ဒါနဲ့မင်းကဘယ်လဲ"ဆိုတော့
"ဒီနေ့ကျွန်တော့မွေးနေ့လေ
အဲဒါဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်သွားပို့မလို့"တဲ့
ဒါနဲ့ကျွန်တော်လဲခင်နေသူတွေဆိုတော့အားမနာဘဲ

"ပြစမ်းပါအုန်းဘာဟင်းတွေလဲ"ဆိုပြီး
သူ့ဆွမ်းချိုင့်ကိုယူကြည့်လိုက်တယ်။
အပေါ်ဆုံးပထမအဆင့်က အတို့အမြှုပ်
ဒုတိယအဆင့်ကဘာလခြောင်ကြော်
တတိယအဆင့်ကပုစွန်ထုပ်ဆီပြန်
စတုတ္ထအဆင့်က ချဉ်ရေဟင်း
နောက်ဆုံးဆင့်ကထမင်း

"ဟ မင်းဟာကပုစွန်ထုပ်ကြီးဆီပြန်နဲ့
အစပ်အဟပ်တည့်လှချည်လားကွ
ပုစွန်ထုပ်တောင်မစားရတာကြာပြီကွ"
"ဟုတ်တယ်ဘဘ ဒီနေ့မှဆိုက်ဆိုက်မြိုက်မြိုက်
ရခဲ့တာ ဆရာတော်ရဲ့ကံပဲ"

"အေးပါကွာ ဒါနဲ့မင်းမိဘတွေရောနေကောင်းကြလား"
"မသိဘူးဘဘ အမေတို့အိမ်မရောက်တာကြာပြီ"
"ဟုတ်လားဘာလို့မရောက်တာကြာရတာလဲ
တစ်မြို့ထဲနေပြီးတော့"
"အမေနဲ့ရန်ဖြစ်ထားလို့ဘဘ"

"ဟေ••ဘာဖြစ်ရတာလဲ"
"အမေကငွေငါးသောင်းချေးတယ်ဘဘရာ
မပေးတာကြာနေလို့ပြန်တောင်းတော့
အမေကတောင်းရပါ့မလားရှိရင်ပေးမှာပေါ့ဆိုပြီး
ရန်တွေ့တယ်။ပိုက်ဆံပြန်မရတဲ့အပြင်
ရန်ဖြစ်ပြီးပြန်ခဲ့ရတယ်။

"ဟုတ်လား ပိုက်ဆံကဘာအတွက်ချေးတာလဲ"
"မသိပါဘူးဘဘရာ အမေဆေးခန်းပြမလို့ဆိုလား"
"ဪ••အေးပါကွာ မင်းကျောင်းကပြန်ရင်
ဘဘဆီဝင်ခဲ့အုံး မွေးနေ့လက်ဆောင်ပေးချင်လို့"

"ဟုတ်ကဲ့ဘဘ ဒါဆိုကျွန်တော်က
ဘဘကိုမုန့်ပြန်ကျွေးရမှာပေါ့ဘဘဘာစားမလဲ"
"အေး••မင်းကျွေးချင်လဲလ္ဘက်ရည်နဲ့နံပြားသာ
ဝယ်လာကွာ"ဆိုတော့
"ဟုတ်ကဲ့ဘဘ သွားလိုက်ပါအုံးမယ်"ဆိုပြီး
နှတ်ဆက်လို့ထွက်သွားပါတယ်။

အပြန်ကျတော့သူတို့မိသားစုလေး
လဘက်ရည်နဲ့နံပြားထုပ်လေးဆွဲလို့
ရောက်လာပါတယ်။ကျွန်တော်ကဇနီးသည်ကို
"အမေကြီးရေ လဘက်ရည်လေးထည့်ပေးပါအုံး
ပြည့်စုံအောင်တို့နဲ့အတူစားရအောင်။
ပြီးတော့ဘီဒိုထဲကပိုးပုဆိုးလေးပါထုတ်ပေးပါအုံး"
လို့လှမ်းပြောလိုက်တယ်။
ကျွန်တော့လက်ထဲပိုးပုဆိုးလေးရောက်လာတော့
"ရော့ကွာဒါကမင်းအတွက်ဘဘရဲ့
မွေးနေ့လက်ဆောင် ပုဆိုးကအသစ်နော်။"

"ဟာ••ဘဘပုဆိုးလေးကလှလိုက်တာ"
"အေးကွ••ဒီပုဆိုးကဘဘလဲ
လက်ဆောင်ရထားတာ။ဒီပုဆိုးကရာဇဝင်ရှိတယ်။"

"ဟုတ်လားဘဘ••ဘယ်လိုရာဇဝင်လဲ
ပြောပြပါအုံး"

"ဒီလိုကွ ဟိုလွန်ခဲ့တဲ့
နှစ်နှစ်ဆယ်ကျော်လောက်ကပေါ့ကွာ
ဘဘအသိလင်မယားနှစ်ယောက်
ဘဘဆီပိုက်ဆံလာချေးတယ်။

သူတို့သားလေးနေမကောင်းဖြစ်နေတာ
ဒီမှာကုလို့မရဘူး မန္တလေးဆင်းကုရမှာ
အဲဒါငွေငါးသိန်းချေးပေးပါအတိုးလဲပေးပါမယ်တဲ့"

"ဘဘကချေးပေးလိုက်လား"

"အေးကွာ ဘဘကမချေးဘူး မရှိဘူးလို့ငြင်း
လိုက်တယ် ဘာလို့ဆိုအဲသည်တုန်းကငွေငါးသိန်း
ဆိုတာရွှေတစ်ဆယ်သားဖိုးရှိတယ်ကွ၊
မနည်းဘူး ပြန်မပေးနိုင်ရင်ဘယ်လိုလုပ်မလဲ

အမျိုးသမီးကအဲဒါကိုရိပ်မိတယ်ထင်တယ်
သူတို့ဘယ်မှာမှရှာမရလို့ပါ မဖြစ်မနေပြန်ဆပ်ပါ့မယ်
အဲသည်အကြွေးကိုမဆပ်နိုင်ရင်ဒီဘဝမှာတင်ကျွန်လာခံ
ပြီးနေပေးပါမယ်လို့ငိုယိုပြီးပြောတော့တာ။
သူ့ယောက်ျားကိုကြည့်လိုက်တော့လဲမငိုယုံတမယ်ဘဲ
မျက်ရည်တွေဝဲလို့။
နောက်တော့ဘဘလဲ ကဲဆုံးမဲ့သာဆုံးတော့ဆိုပြီး
ချေးပေးလိုက်ပါတယ်။"

"ဪ••ဟုတ်လားဘဘ သနားပါတယ်နော်
သူ့သားလေးကိုတော်တော်ချစ်တာပဲ
အကြွေးကိုကျွန်ခံပြီးတောင်ဆပ်မယ်ဆိုတော့။
သူတို့သားလေးရောပြန်ကောင်းသွားလား"
"အေးကောင်းသွားတယ်ကွ
နောက်၂နှစ်လောက်ကြာတော့
လင်မယားနှစ်ယောက်ပြုံးပျော်ပြီး
အကြွေးလာဆပ်ကြတယ်။

သူ့ယောက်ျားက
အစ်ကိုရေ အစ်ကို့ညီမမှာအကြွေးဆပ်ချင်လို့တဲ့
လုပ်လိုက်တဲ့အလုပ် မနက်ပိုင်းဆိုဈေးရောင်း
နေ့လယ်ဆိုသူများအိမ်ကဘာခိုင်းမလဲလိုက်လုပ်
ပိုက်ဆံရရင်ပြီးရောအကုန်လိုက်လုပ်တာ
အလှူပန်းကန်ဆေးငှားလဲလိုက်တာပဲ
ကုန်ကုန်ပြောမယ်အစ်ကိုရေ
အဝှာမခံတာပဲကျန်တယ်။

အကြွေးမကြေရင်ငါမြေခံရတာ
အကြောင်းမဟုတ်ဘူး
ငါ့သားလေးကိုဆေးကုထားတာဆိုတော့
ငါ့သားလေးပါမြေခံနေရမှာစိုးတယ်။
ဒီဘဝတင်ကျွန်ခံဆပ်မယ်အမြဲပြောတယ်။

ငွေငါးသိန်းမပြည့်မခြင်း
ဟင်းကောင်းလဲမစားရဘူးအစ်ကိုရေ့
ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အကြွေးလာဆပ်ကြတယ်။"

"ဟုတ်လားဘဘ
သူတို့သားလေးကိုတော်တော်ချစ်တာပဲနော်။
ဒါနဲ့ပုဆိုးကရော"
"သူတို့ကအရင်းတင်မကဘူး အတိုးလဲပေးတာ
ငါကအတိုးမယူဘူးဆိုတော့နောက်နေ့မှာ
ဒီပိုးပုဆိုးလေးလက်ဆောင်လာပေးတာ။
ငါကမဝတ်ရက်လို့သိမ်းထားတာ။"

"ဟုတ်လားဘဘ သူတို့ကခုရောရှိသေးလား"
"ရှိတယ်ကွ မင်းတောင်သိရင်သိမှာပါ။"
"ဟုတ်လားဘဘ ဘယ်သူများလဲ။"
"ဟိုကွာ လက်သမားလုပ်တဲ့ ကိုလှမောင်နဲ့
မခင်မေတို့လင်မယားလေကွာ။"

"ဟင်•ဒါဆို•အဲဒါကျွန်တော့အဖေနဲ့အမေပေါ့"
"အေးဟုတ်တယ်ကွ မင်းအဖေနဲ့အမေပဲ"
"ဒါဆိုဆေးကုရတဲ့ကလေးက••"
"အေး••ဆေးကုရတဲ့ကလေးကလဲမင်းပဲလေ"

သူခဏတော့ငြိမ်ပြီးထိုင်နေသေးတယ်။
ခဏအကြာမှာတော့
"ဘဘကျွန်တော်တို့ပြန်လိုက်ပါအုံးမယ်။"လို့
နှတ်ဆက်လို့ပြန်သွားပါတယ်။

သူတို့ပြန်သွားတော့ဇနီးသည်က
"အဖေကြီးကလဲ ကလေးစိတ်မကောင်းဖြစ်အောင်
ဘာလို့ပြောရတာလဲ။သူ့မှာသူ့မွေးနေ့လေးမှာ
ဘုန်းကြီးကျောင်းဆွမ်းပို့ပြီးမိန်းမနဲ့
ကလေးနဲ့ပျော်နေတာကို။"
"ဟ••ပြောရမယ်ကွ ပြောမှသိမှာပေါ့
သူတို့လူလားမြောက်အောင်မိဘက
ဘယ်လိုမွေးခဲ့ရတယ်၊ဘယ်လိုလုပ်ခဲ့ရတယ်
မသိဘူး ကြွေးဟောင်းတော့မဆပ်ဘူး
ကိုယ်ကသူ့ကိုချစ်လို့ပြောလိုက်တာပါကွာ"
ဆိုတော့ဇနီးသည်က
"အေးပါလေ ကျွန်မကလတ်တလောသူ
စိတ်မကောင်းဖြစ်သွားတာကိုသနားလို့ပါ။"တဲ့

ညနေကျတော့ကျွန်တော့ဆီ
ဖုန်းတစ်ကောဝင်လာပါတယ်။
"အော••အစ်ကို ကျွန်မခင်မေပါ
နေ့လယ်ကလေကျွန်မသားကသူ့မွေးနေ့ဆိုပြီး
ငွေကငါးသိန်း၊ထဘီတစ်ထည်၊ပုဆိုးတစ်ထည်
လာကန်တော့တယ်။သူလာကန်တော့တဲ့ပုဆိုးက
အစ်ကို့ကိုကျွန်မတို့လက်ဆောင်ပေးခဲ့ဖူးတဲ့
ပုဆိုးနဲ့တူနေလို့အဲဒါ•••"

"ဪ•••သိပြီ
ဒီလိုမခင်မေရေ့ မင့်သားကဒီနေ့သူ့မွေးနေ့
ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့တယ်။
အပြန်မှာအစ်ကို့ဆီဝင်ခိုင်းပြီးသူ့ကိုအဲသည်
ပုဆိုးလက်ဆောင်ပေးရင်း ပုဆိုးရာဇဝင်ကို
ပြောပြလိုက်တာ"

"ဪ••ဒါကြောင့်ကိုး
ကျေးဇူးတင်ပတယ်အစ်ကိုရေ"ဆိုပြီး
ဖုန်းချသွားတယ်။

ဇနီးသည်က
"ဘယ်ကဖုန်းလဲအဖေကြီး"
"မခင်မေလေကွာ သူ့သားကငွေငါးသိန်း
ထဘီတစ်ထည်၊ပုဆိုးတစ်ထည်နဲ့လာကန်တော့တာ
ပုဆိုးကသူတို့လက်ဆောင်ပေးဖူးတဲ့
ပုဆိုးဖြစ်နေလို့မေးနေတာ ကိုယ်လဲ
မနက်ကအကြောင်းပြောပြလိုက်တယ်။

"ဟုတ်လား ကလေးတစ်ယောက်
အမြင်မှန်ရသွားတာဝမ်းသာစရာပဲ"
"အေးပေါ့ကွာ ပြောရကျိုးနပ်သွားတာပေါ့"

"သာဓုပါတော် မိဘကျေးဇူးသိတဲ့သားလေး
ဘုန်းကြီးပါစေသက်ရှည်ပါစေကျန်းမာပါစေ
ချမ်းသာပါစေတော်"

ကျွန်တော်ကတော့ဇနီးသည်ရဲ့ဆုတောင်း
ပေးသံကိုပီတိဖြစ်နေပါတော့တယ်။

မင်းကြည်
(ရွှေပြည်တော်ရုပ်ရှင်ရုံ၊ရွှေပြည်တော်ကဖေး)

စာကြွင်း။. ကျွန်တော့postကိုမည်သူမဆို
ကူးယူဖော်ပြခြင်း၊မျှဝေပေးခြင်းပြုနိုင်ပါသည်။
ခွင့်တောင်းရန်မလိုပါခင်ဗျာ။

- ကိုကျော်သူ
SLT - ခိုင် နီလာ မောင် (ကိုယ်စား)

 #ပုဂံမှာတော့ရာသီဉတုသာယာနေတယ် အုံ့ပျပျနဲ့.မိုးတွေလည်းရွာနေပြီနော်...
09/05/2022

#ပုဂံမှာတော့ရာသီဉတုသာယာနေတယ် အုံ့ပျပျနဲ့.မိုးတွေလည်းရွာနေပြီနော်...

ပြန်သွားတာမကြာသေးဘူးပုဂံကိုလွမ်းနေကြပြီလား...
23/04/2022

ပြန်သွားတာမကြာသေးဘူး
ပုဂံကိုလွမ်းနေကြပြီလား...

Address

Bagan
83000

Telephone

+959441873723

Website

Alerts

Be the first to know and let us send you an email when Nay Lin Aung Bagan Tuk Tuk Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category