Bagan Memories Travel & Tour

Bagan Memories Travel & Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bagan Memories Travel & Tour, Travel Company, Bagan.

ထန်းပင်ထန်းလက် ထန်းရွက်ညီညီ 💚💚Crd Photo
21/12/2021

ထန်းပင်ထန်းလက် ထန်းရွက်ညီညီ 💚💚

Crd Photo

ပုဂံရဲ့ ဆောင်းအလှတရား 🤗🤗photo. crd #
08/12/2021

ပုဂံရဲ့ ဆောင်းအလှတရား 🤗🤗

photo. crd #

04/12/2021

"ပုဂံရွှေပြည် ဒဏ္ဍာရီ"

မင်္ဂလာရှိသောညချမ်းမှာပုဂံဘုရားစုံဖူးရင်း ကုသိုလ်ယူနိုင်ကြပါစေ🙏🙏🙏photo crd
03/12/2021

မင်္ဂလာရှိသောညချမ်းမှာ
ပုဂံဘုရားစုံဖူးရင်း ကုသိုလ်ယူနိုင်ကြပါစေ🙏🙏🙏
photo crd

ပုဂံ‌ ရွှေဆံတော် ဘုရားသမိုင်းရွှေဆံတော် စေတီသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။အေဒီ ၁၀၅၇ ရွှေဆံ...
10/11/2021

ပုဂံ‌ ရွှေဆံတော် ဘုရားသမိုင်း

ရွှေဆံတော် စေတီသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။
အေဒီ ၁၀၅၇ ရွှေဆံတော် စေတီကို အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သည်။ အနော်ရထာမင်းတည်ထားသော ကောင်းမှုတို့အနက် ရွှေဆံတော်စေတီသည် ရှေးအကျဆုံး စေတီလက်ရာ ဖြစ်သည်။
မြတ်စွာဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
ရွှေဆံတော်စေတီတော်ကို စတုရန်းလေးထောင့်ပုံ ပစ္စယာ ငါးဆင့်တက်၍ တည်ဆောက် သည်။ စေတီမျက်နှာ အလယ်၌ နတ်လှေကားများ တပ်ဆင်ထားသည်။ ပစ္စယာများမှာ စောက် သည်။ စေတီပုံမှာ အထက်မြင့်တက်ဟန်ရှိ၍ ထုထည်ကိုယ်နှင့်စာသော် စေတီအထက်ပိုင်းမှာ ခပ်ဝပ်ဝပ်ဖြစ်နေသည်။ ပစ္စယာငါးဆင့် အထက်၌ ရှစ်ထောင့်ကြဝန်းခံ၍ ခေါင်း လောင်းပုံ၊ ရင်ဖွဲ့ခါးပတ်၊ သပိတ်မှောက်၊ ဖောင်းရစ်စသည်တို့ဖြင့် ဝန်းဝိုင်းရှူးတက်ကာ အထွဋ်၌ ထီးတင်ထားသည်။
ဥဿာ ပဲခူးပြည်သို့ ဂျွမ်း(ခမာ) စစ်သည်များ တိုက်ခိုက်လာသည့်အခါ ဥဿပဲခူးမင်းသည် အနော်ရထာမင်းကြီးထံ စစ်ကူတောင်းခဲ့သည်။ ဂျွမ်းစစ်သည်တို့ကို အောင်မြင်သောအခါ ဥဿာမင်းက ရှေးမင်းအဆက်ဆက် ကိုးကွယ်ခဲ့သော ဆံတော်ဓာတ်တစ်ဆူကို အနော်ရထာမင်းထံ ဆက်သလိုက်သည်ဟု သမိုင်းအစဉ်အလာ အဆိုရှိသည်။

မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် လင်းလွန်ပင်ရင်း၌ သီတင်းသုံးနေစဉ် ကုန်သည် တဖုဿနှင့် ဘလ္လိကညီနောက်တို့က ပျားမုန့်ဆွမ်းကို ကပ်လှူကာ ဆံတော်ဓာတ် ရှစ်ဆူကို မြန်မာပြည်သို့ ပင့်ဆောင်လာခဲ့သည်။ ယခုဆံတော်ဓာတ်သည် ယင်းအနက်မှ တစ်ဆူ ဖြစ်သည်။ သရေခေတ္တရာပြည် ရသေ့မြို့၌ ဆံတော်လေးဆူကို ဌာပနာခဲ့သည်။ သရေခေတ္တရာပြည် ပျက်သော် ရာမညတိုင်း မွန်မင်းတို့သည် သရေခေတ္တရာစေတီမှ ဆံတော်ဌာပနာများကို ပင့်ယူ၍ အချို့ကို ဘုရားမှာ ဌာပနာသည်။ တစ်ဆူကိုမူ ရတနာပန်းတောင်းတွင် ထည့်၍ ထို့မှ အနော်ရထာမင်းထံ ဆက်သခဲ့ခြင်း ဖြစ်သည်။

တချိန်က ပစ္စယာများတွင် ငါးရာ့ငါးဆယ်ဇာတ်အုတ်ချပ်များ တပ်ဆင်ခဲ့သည်။ ယင်းတို့အနက် မပျက်မစီး ကျန်ရှိနေသေးသည့် အုတ်ချပ်အချို့မှာ ပုဂံ၌တွေ့သမျှ အုတ်ချပ်များတွင် ရှေးအကျဆုံးဟု ယူဆကြသည်။ ပစ္စယာများ၌ ထောင့်စေတီများတည်ဆောက်ခဲ့ခြင်း မရှိပဲ ထိုနေရာတွင် မဟာဝိနာယကဂနသျှ ခေါ် ဆင်ဦးခေါင်းရှိ ဟိန္ဒူ မဟာပိန္နဲနတ်ရုပ်များ ရှိခဲ့ကြောင်း စေတီအောက်တွင် တွေ့ရသော အကျိုးအပဲ့များအရ သိရသည်။ ထို့ကြောင့် ရွှေဆံတော်စေတီကို မဟာပိန္နဲစေတီဟုလည်း အချို့က ခေါ်ကြသည်။

Source Internet

Source ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ

ပုဂံ ရွှေစည်းခုံစေတီတော် ဘုရားသမိုင်းနှင့် အတွင်းအံ့ဖွယ် အပြင်အံ့ဖွယ် (၉) ပါး  ပုဂံပြည့်ရှင် အနော်ရထာမင်းလက်ထက်တွင် သီဟိ...
05/11/2021

ပုဂံ ရွှေစည်းခုံစေတီတော် ဘုရားသမိုင်းနှင့်
အတွင်းအံ့ဖွယ် အပြင်အံ့ဖွယ် (၉) ပါး

ပုဂံပြည့်ရှင် အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမဝိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။

ပထမ ဝိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီး သည် စွယ်တော်မြတ်ကို နန်းတော်ရှေ့ ရတနာပြဿ ဒ်တွင် ကိန်း၀ပ်စေပြီး ပူဇော် ၀တ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော ရှင်အရဟံမထေရ်က သတ္တဝါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဥာဏ်ပေးခဲ့သည်။

အနော်ရထာမင်းလည်း ရှင်အရဟံမထေရ်၏ အကြံဥာဏ်မှာ အလွန်လျော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည်။ မင်းကြီးသည် စွယ်တော် ကိန်း၀ပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်း ဟု အဓိဌာန်၍ ဆင်ဖြူတော်၏ကိုယ်ပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။

ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ၀ပ်လေသည်။ ဆင်ဖြူတော် ၀ပ်ရာ သဲစည်းခုံတွင် စွယ်တော် မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။ ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်ပြည်မှ ရသော မြဆင်းတုတော်တစ်ဆူ နှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။

ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက် တွင်ပင် အနော်ရထားမင်း နတ်ရွာစံ ခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာခဲ့လေသည်။
====================

[ #အံ့ဖွယ်](https://www.facebook.com/hashtag/%E1%80%A1%E1%80%B7%E1%80%B6%E1%80%96%E1%80%BC%E1%80%9A%E1%80%B9?epa=HASHTAG&__xts__[0]=68.ARA9UROZOEhPgqNTzaxbIkxB-g3oKU8PK2sQje7t2iw9Z5bLd8zWjHYs5KWZ55jdY4UXdtP5w8g-wblGh9k3NSXvXP4-xoqjbIGdVNr4E9zsbWVXnO3Tjv40lAHvrJlShfQt-GMqcvqve5Ndg0buxE0EIlat2MYwUouvCn_JWMTiIhULkqj8LKPWLUBpy6JaI_IQfuI_D7UvndNwJKGpC_x0jFdbw9F18H1TKKGQovMe84Q&__tn__=*NK*F) (၉) ပါး

ရွှေစည်းခုံစေတီသည်
အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါး နှင့်ပြည့်စုံသည်ဟု ယုံကြည်ကြသည်။

[ #အတွင်းအံ့ဘွယ်ကိုးပါး](https://www.facebook.com/hashtag/%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%B6%E1%80%B7%E1%80%98%E1%80%BC%E1%80%9A%E1%80%B9%E1%80%80%E1%80%AF%E1%80%AD%E1%80%B8%E1%80%95%E1%80%AB%E1%80%B8?epa=HASHTAG&__xts__[0]=68.ARA9UROZOEhPgqNTzaxbIkxB-g3oKU8PK2sQje7t2iw9Z5bLd8zWjHYs5KWZ55jdY4UXdtP5w8g-wblGh9k3NSXvXP4-xoqjbIGdVNr4E9zsbWVXnO3Tjv40lAHvrJlShfQt-GMqcvqve5Ndg0buxE0EIlat2MYwUouvCn_JWMTiIhULkqj8LKPWLUBpy6JaI_IQfuI_D7UvndNwJKGpC_x0jFdbw9F18H1TKKGQovMe84Q&__tn__=*NK*F) မှာ

၁။ ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊

၂။ စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။

၃။ စေတီ၏ထိပ်မှ ရွှေစက္ကူ ပစ်ချလျှင် အပြင်သို့မရောက်ခြင်း။

၄။ စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။

၅။ တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း။

၆။ အဝေးကကြည့်လျှင်ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ်ထင်ရခြင်း။

၇။ စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။

၈။ မိုးသည်းထန်စွာရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။

၉။ စေတီတော် အရှေ့တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတို့ဖြစ်သည်။

ရှေးယခင်မှယနေ့တိုင် အစဉ်အဆက် မှတ်ခဲ့ကြသည်မှာ –

တန်ခိုးမှာ ရွှေစည်းခုံ၊

အနုမှာ အာနန္ဒာ၊

ထုမှာ ဓမ္မရံ၊

အမြင့်မှာ သဗ္ဗေညု ဟူ၍ ဖြစ်သည်။
======================

[ #အပြင်အံ့ဘွယ်ကိုးပါး](https://www.facebook.com/hashtag/%E1%80%A1%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%A1%E1%80%B6%E1%80%B7%E1%80%98%E1%80%BC%E1%80%9A%E1%80%B9%E1%80%80%E1%80%AF%E1%80%AD%E1%80%B8%E1%80%95%E1%80%AB%E1%80%B8?epa=HASHTAG&__xts__[0]=68.ARA9UROZOEhPgqNTzaxbIkxB-g3oKU8PK2sQje7t2iw9Z5bLd8zWjHYs5KWZ55jdY4UXdtP5w8g-wblGh9k3NSXvXP4-xoqjbIGdVNr4E9zsbWVXnO3Tjv40lAHvrJlShfQt-GMqcvqve5Ndg0buxE0EIlat2MYwUouvCn_JWMTiIhULkqj8LKPWLUBpy6JaI_IQfuI_D7UvndNwJKGpC_x0jFdbw9F18H1TKKGQovMe84Q&__tn__=*NK*F)

၁။ ဧရာ၀တီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူ တော်၀ပ်သည့်နေရာတွင် သောင်ဖြစ်လာခြင်း။

၂။ ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။

၃။ ဧရာ၀တီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း။

၄။ မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်၀န်းခြင်း။

၅။ စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။

၆။ ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ခြင်းပေါက်ခြင်း။

၇။ ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။

၈။ ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။

၉။ စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။

[ #ဓမ္မအလင်းရောင်](https://www.facebook.com/hashtag/%E1%80%93%E1%80%99%E1%81%BC%E1%80%A1%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9?epa=HASHTAG&__xts__[0]=68.ARA9UROZOEhPgqNTzaxbIkxB-g3oKU8PK2sQje7t2iw9Z5bLd8zWjHYs5KWZ55jdY4UXdtP5w8g-wblGh9k3NSXvXP4-xoqjbIGdVNr4E9zsbWVXnO3Tjv40lAHvrJlShfQt-GMqcvqve5Ndg0buxE0EIlat2MYwUouvCn_JWMTiIhULkqj8LKPWLUBpy6JaI_IQfuI_D7UvndNwJKGpC_x0jFdbw9F18H1TKKGQovMe84Q&__tn__=*NK*F)
credit

ပုဂံရှိ လူအရောက် အပေါက်နည်းပြီး ထူးခြားသော နေရာလေးတခု===========================လူအရောက် အပေါက်နည်းတဲ့ ပုဂံမှာ ရှိတဲ့ နေ...
04/11/2021

ပုဂံရှိ လူအရောက် အပေါက်နည်းပြီး ထူးခြားသော နေရာလေးတခု
===========================
လူအရောက် အပေါက်နည်းတဲ့ ပုဂံမှာ ရှိတဲ့ နေရာ တစ်ခု ....
ရေကန်လိုလို ဘာလိုလို ကျောက်တုံးကြီး တစ်ခုကို ထွင်းထားတာ
တစ်ဖက်မှာ တော့ ပုဂံခေတ်က အုတ်တွေလို ပဲ ရှေ့ဟောင်း အုတ်
တွေ တွေ့ရတယ် ထူးဆန်းနေတာက ဒီကျောက်တုံး ပေါ်မှာ ဘယ်သူ
ထွင်းထု ခဲ့တာလဲ မသိတဲ့ QR Code ပုံစံလိုလို အလယ်မှာကတော့
နာဇီ logo နဲ့ လည်းတူသလိုလို ဘယ်သူတွေက ဒါကိုဘာအတွက်
လုပ်ထားလဲ ဆိုတာတော့ မသိဘူးဗျာ လုပ်ထားတာ ကတော့
သေသေသပ်သပ်ပဲ တချို့နေရာလေးတွေကတော့ ပျက်စီးနေပြီ
ဝင်္ကဘာ ပတ်လမ်းလား ဘာလား ? ဒီဘက် ခေတ်မှ ဒါကို ထွင်းထား
တာ မဟုတ်တာတော့ သေချာလောက်တယ် အားအားယားယား
ဘယ်သူကမှာ ဒီတောင်ပေါ်ကို တက်ပြီး လုပ်မှာတော့ မဟုတ်ဘူးး

Alien လုပ်ခဲ့တာလား 🙄🙄 အရင် ဒီနေရာက ဘာကြီးလဲ ?
ဓမ္မရံကြီး ဘုရားတောင် Egypt က ပိရစ်မစ်တွေ နဲ့ ပုံစံတူလို့
အလောင်စည်သူမင်း စီးခဲ့တဲ့ ဖောင်စကြာယာဉ် က UFO လို့
ပြောတာတွေ ရှိခဲ့ဖူးတယ်ဆိုတော့ 🤔🤔
နာဆာအဖွဲ့အစည်းထံမှ လျိုဝှက်စွာပေါက်ကြားလာတဲ့
ဓါတ်ပုံ များထဲ မှာ ဓမ္မံရံကြီးဘုရားဓါတ်ပုံပါဝင်တယ်ဆိုတာတော့
ဟုတ်တယ် ပုဂံ ဘုရားတွေ ပေါ်မှာ UFO ပျံဝဲတယ် ဘာတယ်
ဆိုတာကတော့ ယုံတမ်းစကားလား ဘာလား သေချာမသိဘူး....

Egypt မှာ တွေ့ခဲ့တဲ့ရှေ့ဟောင်း ရုပ်ထု လေးလဲ အောက်ဆုံးမှာပြ
ထားတယ် ကျွန်တော်တို့တွေ အခုသုံးနေတဲ့ QR Code ဆိုတာ
အဲ့ ရုပ်ထုကနေ ပုံစံကို copy ယူထားတာလို့ ဖတ်ဖူးပါတယ်....

အခုဒါက ဘာမှန်တော့ မသိဘူး စိတ်ဝင်စားစရာတော့ကောင်းတယ်
ဒီနေရာကို ကျွန်တော်သိတာကတော့ ကြာနေပြီ တချို့လူတွေလဲ
ဒီနေရာကို သွားတယ် ဓာတ်ပုံရိုက်ကျတယ် လူသိတော့ နည်းတယ်

ဒီနေရာက တုရင်တောင် ဘုရားကြီး ရဲ့ တောင်ဘက်မှာ ရှိပါတယ်
Google ကနေလဲ နေရာကိုပြထားပါတယ်နော် ....
ပုဂံရောက်လို့ စိတ်ဝင်စားရင်တော့ သွားကြည့်ပါ ဆိုင်ကယ်နဲ့
ဆိုပို အဆင်ပြေပါတယ် ......


Crd;

🙏🙏🙏 ရွှင်လန်းချမ်းမြေ့ကြပါစေရှင် 🙏🙏🙏
04/11/2021

🙏🙏🙏 ရွှင်လန်းချမ်းမြေ့ကြပါစေရှင် 🙏🙏🙏

Address

Bagan

Website

Alerts

Be the first to know and let us send you an email when Bagan Memories Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category