Daw That Htar Win - Travel guide

Daw That Htar Win - Travel guide Travel guide - ခရီးသွား ဧည့်လမ်းညွှန်

20/05/2024
ည ...ဘယ်လောက်ပဲ နက်နက်ပေါ့ဗျာမျက်လုံးတွေမမှိတ်သေးသရွေ့တော့ညလို့ မခေါ်သေးပါဘူးည ...ဘယ်လောက်တိတ်ဆိတ် တိတ်ဆိတ်ပေါ့ရှိုက်သံတ...
17/05/2024

ည ...
ဘယ်လောက်ပဲ နက်နက်ပေါ့ဗျာ
မျက်လုံးတွေ
မမှိတ်သေးသရွေ့တော့
ညလို့ မခေါ်သေးပါဘူး

ည ...
ဘယ်လောက်တိတ်ဆိတ် တိတ်ဆိတ်ပေါ့
ရှိုက်သံတွေ
ထွက်ကျနေတဲ့
ရင်ဘတ်တစ်စုံအတွက်တော့
ပွက်လောရိုက်နေမှာပါပဲ

ည...
မျှော်နေသူတစ်ယောက်ရဲ့ညက
ပိုကြာတတ်တယ်
စောင့်နေသူတစ်ယောက်ရဲ့ညက
ပိုရှည်တတ်တယ် ။

တစ်စုံတစ်ယောက်
ပြုံးတာကို မြင်ရဖို့
တချို့က
တစ်ညလုံးရင်းထားရတာ
တစ်စုံတစ်ယောက်
အသံလေးကြားရဖို့
တချို့က
အိပ်ချိန်တွေနဲ့လဲထားခဲ့ရတာ

ပျော်ပါတယ်ဆိုတဲ့ ...
ညတွေဟာ
ကုန်လွန်ခဲ့ပါပြီ

ည...
မျက်ရည်တွေ အများကြီးနဲ့
ညဟာ
အိပ်မက်လှလှမပြောနဲ့
အိပ်ပျော်ဖို့တောင် ခက်လှတယ် ။

စိတ်ထားလေးတစ်ခုက သစ္စာလမ်းက လာရမလား?မေတ္တာလမ်းကလာရမလား ? ဆိုပြီး ဘေးမှာအတွဲတွေ တစ်တီတူးနေရင်အဆင်ပြေရဲ့လား  ဆိုပြီး  "တမာ...
17/05/2024

စိတ်ထားလေးတစ်ခုက
သစ္စာလမ်းက လာရမလား?
မေတ္တာလမ်းကလာရမလား ? ဆိုပြီး
ဘေးမှာအတွဲတွေ တစ်တီတူးနေရင်

အဆင်ပြေရဲ့လား ဆိုပြီး "တမာလမ်း" ကနေ
စောင့်နေမယ်နော် မောင် ကျမရဲ့ စေတနာပါ😘😘😘

ပျှော်ရွှင်မှုဆိုသည်မှာ ဈေးအရမ်းကြီးတယ်လို့
17/05/2024

ပျှော်ရွှင်မှုဆိုသည်မှာ ဈေးအရမ်းကြီးတယ်လို့

❝တစ်ခါတလေ မာနထားကြည့်ပါ❞  ⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅အားနာလို့ မပြောပဲထားတဲ့အခါခဏခဏ စော်ကားခံရတတ်တယ်။အားနာလို့ ဘာခိုင်းခိုင...
26/04/2024

❝တစ်ခါတလေ မာနထားကြည့်ပါ❞
⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅

အားနာလို့ မပြောပဲထားတဲ့အခါ
ခဏခဏ စော်ကားခံရတတ်တယ်။

အားနာလို့ ဘာခိုင်းခိုင်း လုပ်ပေးမိတဲ့အခါ
ခဏခဏ အသုံးချခံရတတ်တယ်။

အားနာလို့ သည်းခံလိုက်တဲ့အခါ
ခဏခဏ မာနတွေထိခိုက်ခံရတတ်တယ်။

မပြောပဲ ထားလိုက်တဲ့စကားလုံးတွေရဲ့နောက်မှာ
သူတစ်ဖက်သားရဲ့ သိက္ခာတွေထိခိုက်သွားမှာ
စိုးတဲ့ ကိုယ်ချင်းစာနာတတ်တဲ့သူတွေပဲ
အများဆုံး နာကျင်ရတတ်တယ်။

တစ်ဖတ်သားကို အားမနာတတ်တဲ့
သူတွေရဲ့စိတ်မှာ သူ့ဘက်ကိုယ့်ဘက်
ကိုယ်ချင်းစာဖို့အတွက် စိတ်မရှိတဲ့အတွက်
ဘယ်သူတစ်ဦး တစ်ယောက်အပေါ်ကိုမှ
စာနာနားလည်းပေးနိူင်ကြတာမဟုတ်ပါဘူး။

ဒါကြောင့် အမြဲတမ်း အားနာနေလို့
မဖြစ်နိူင်တဲ့ အခြေအနေတစ်ခုမှာ
ဘယ်သူ့အပေါ်ကို အားနာသင့်လဲဆိုတာ
ရွေးချယ်ဆုံးဖြတ်တတ်ဖို့က အဓိကကျပါတယ် ။

စေတနာနဲ့အချစ်တွေကို လူပေးမှားတဲ့အခါ
ဒုက္ခရောက်တတ်သလိုပဲ
အားနာတတ်တဲ့ သူတွေမှာလဲ
လူမမှားဖို့အရေးကြီးပါတယ်။

အမြဲတမ်းမဟုတ်တောင်မှ တစ်ခါတစ်လေ
မာနလေးထားပြီး ခပ်ချေချေနေကြည့်ပါ။

လောကမှာ လူတိုင်းက စေတနာနဲ့မတန်သလို
အားနာခြင်းနဲ့ မထိုက်တန်တဲ့ သူတွေအများကြီးရှိတတ်ကြပါတယ်။

-MayHsu(ရာမညမြေ)

📖စာဖတ်ရတာကြိုက်တဲ့သူလေးတွေ
👉follow&Likeလုပ်ထားဖို့မမေ့နဲ့နော်😊
နောက်ထပ် စာပေဗဟုသုတ၊ ရသ စာပေများကိုလည်း မျှဝေပေးပါအုံးမည်။ကျေးဇူးတင်ပါတယ်။
💖🌹💖🌹💖🌹💖🌹💖🌹💖🌹💖🌹💖

#စာပေပန်းခင်း
#ဗဟုသုတစာပေ
#ခွန်အားဖြစ်စေသောစာများ #လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

ညချမ်းပါ
25/04/2024

ညချမ်းပါ

ဝေးကြတဲ့အခါလေ ...မဆုံနိုင်အောင်ဝေးကြတာပဲ ကောင်းပါတယ် ...နေနိုင်သွားမှပြန်ပြန်ပေါ်လာတာက စိတ်ကို အကြိမ်ကြိမ်သေစေနိုင်တာမို...
21/04/2024

ဝေးကြတဲ့အခါလေ ...

မဆုံနိုင်အောင်
ဝေးကြတာပဲ
ကောင်းပါတယ် ...

နေနိုင်သွားမှ
ပြန်ပြန်ပေါ်လာတာက

စိတ်ကို
အကြိမ်ကြိမ်သေစေနိုင်တာမို့ပါ ။

လူတချို့ရှိတယ် ...ချစ်ခဲ့တုန်းက လူသိရှင်ကြားချစ်ခဲ့ကြပေမယ့်ခွဲသွားတဲ့အချိန်ကွဲကွာသွားမှန်းမသိအောင်တိတ်တိတ်လေး ကြေကွဲနေတတ...
21/04/2024

လူတချို့ရှိတယ် ...

ချစ်ခဲ့တုန်းက
လူသိရှင်ကြားချစ်ခဲ့ကြပေမယ့်

ခွဲသွားတဲ့အချိန်
ကွဲကွာသွားမှန်းမသိအောင်
တိတ်တိတ်လေး ကြေကွဲနေတတ်တဲ့သူတွေပေါ့

ဘယ်သူမှ မသိအောင်
ငိုကြွေးတယ်
ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်တယ်။

နေ့တစ်နေ့ရက် နေဝင်ချိန်ကို ကြည့်ရတာကြိုက်တယ်
26/02/2024

နေ့တစ်နေ့ရက် နေဝင်ချိန်ကို ကြည့်ရတာကြိုက်တယ်

Address

Bagan

Telephone

+959442394991

Website

Alerts

Be the first to know and let us send you an email when Daw That Htar Win - Travel guide posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category