Authentic Bagan

Authentic Bagan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Authentic Bagan, Eco tour agency, Bagan.

🍏မိမိလုပ်မည်ဟု ဆုံးဖြတ်ထားသော အလုပ်ကို အကောင်းဆုံး လုပ်ဆောင်ခြင်းသည် အများနှင့် မိမိ ပါတ်ဝန်းကျင်ကို ကောင်းကျိုးပြုခြင်း...
05/09/2024

🍏မိမိလုပ်မည်ဟု
ဆုံးဖြတ်ထားသော အလုပ်ကို

အကောင်းဆုံး လုပ်ဆောင်ခြင်းသည် အများနှင့် မိမိ ပါတ်ဝန်းကျင်ကို ကောင်းကျိုးပြုခြင်းဖြစ်သည်။🍎

#သင်းပုဂံ
#ကိုယ့်အလုပ်ကိုယ်လုပ်

🤍သူများရောက်နေတဲ့နေရာကို လှမ်းကြည့်တဲ့ ခဏ ကအဆင်ပြေတယ်။ 🚦ဒါပေမယ့် သူများရောက်နေတဲ့နေရာကိုတော့ ငေးကြည့်မနေနဲ့။🚦သူများမှာလည...
05/09/2024

🤍သူများရောက်နေတဲ့နေရာကို လှမ်းကြည့်တဲ့ ခဏ ကအဆင်ပြေတယ်။

🚦ဒါပေမယ့် သူများရောက်နေတဲ့နေရာကိုတော့ ငေးကြည့်မနေနဲ့။

🚦သူများမှာလည်း
သူများ ဒုက္ခကြီး ရှိတယ်။

🔺သူများကို မမှီလို့ ဖြစ်ရတဲ့
စိတ်ဒုက္ခက ကုသရ ခက် တတ်တယ်။

မိမိအခုရောက်နေတဲ့ နေရာကနေ ပိုမြင့် ပိုကောင်းတဲ့ နေရာကို ရောက်ချင်ရင်…⁉️

👣မိမိ ခြေလှမ်းတွေကိုသာ သေချာစောင့်ကြည့်နေပါ။

❌ဘယ်ဖိနပ်စီးပြီး သွားမှ ခရီးရောက်မယ်ဆိုတာ တွေးပြီး တောင့်တ နေရမယ့်အချိန်ကောင်း မဟုတ်ဘူး။

🤍ဘယ်နေရာ သွားချင်တာလဲ။
🤍ဘာကြောင့် သွားချင်တာလဲ။
ဆိုတာသိရင် ရပြီ။

👣 ခြေလှမ်းပြင်ပြီး ဦးတည်လိုက်ပါတော့။

ပြီးရင်တော့ တစိုက်မတ်မတ်နဲ့ ခြေလှမ်းတွေကို ရွေ့နေလိုက်ရင်ရပြီ။

🌱အဲဒါ မသင်းလုပ်ခဲ့တဲ့ … လုပ်နေဆဲ ခြေလှမ်းခြင်းအနုပညာရပ်ပါပဲ။

#သင်းပုဂံ
#လိုချင်တာသာရမှာသေချာတယ်

ဟုတ်တယ်နော်… အားလုံးနဲ့တူတူပဲ … ဘဝက ခက်ခဲကျပ်တည်းတယ်။ အသက်ရှင်သန်ဖို့ ရုန်းကန်ရတယ်။ သေသွားရင် ဘာမှ မသိနိုင်တော့ဘူးဆိုပေမ...
04/09/2024

ဟုတ်တယ်နော်… အားလုံးနဲ့တူတူပဲ … ဘဝက ခက်ခဲကျပ်တည်းတယ်။
အသက်ရှင်သန်ဖို့ ရုန်းကန်ရတယ်။

သေသွားရင် ဘာမှ မသိနိုင်တော့ဘူးဆိုပေမယ့် …

မသေခင်မှာ - သေသွားခဲ့ရင်
ကိုယ်ချစ်တဲ့သူတွေ
ဘယ်လိုရှင်ကျန်နေခဲ့မလဲ
အဆင်မှ ပြေကြပါ့မလားလို့ တွေးမိကြမှာပေါ့။

အဲဒီအတွေးလည်း …အတူတူပဲ။

#သင်းပုဂံ

🚦Talent without work is Nothing.🚦The discipline can make your successful life. 🚦But it is hard.🦾Keep it simple, You have...
04/09/2024

🚦Talent without work is Nothing.

🚦The discipline can make your successful life.

🚦But it is hard.
🦾Keep it simple, You have to do it.
#သင်းပုဂံ
#သင်ကအမှန်တကယ်အောင်မြင်ချင်သူဖြစ်ပါသလား

နွံနစ်နေတဲ့သူရွံ့နွံအိုင်ထဲမှာ နစ်နေသူ…အဲဒီ အခြေအနေတစ်ခုမှာ…,🚦ရုန်းကန်ပြီး နွံနစ်ခံမလား။🚦အခွင့်အလမ်းရှာပြီးလွတ်မြောက်ဖို...
04/09/2024

နွံနစ်နေတဲ့သူ
ရွံ့နွံအိုင်ထဲမှာ နစ်နေသူ…အဲဒီ အခြေအနေတစ်ခုမှာ…,
🚦ရုန်းကန်ပြီး နွံနစ်ခံမလား။

🚦အခွင့်အလမ်းရှာပြီးလွတ်မြောက်ဖို့ကြိုးစားမလား။

🚦ဘာလုပ်လုပ် ငါသေမှာပဲလို့ ယုံကြည်မိ နေသူများလား။
#သင်ဘယ်လိုလူတစ်ယောက်ဖြစ်နေမလဲ
#သင်းပုဂံ

The words from Universe ❄️ရေက မခုခံတတ်ဘူး။ ဆက်လက်စီးဆင်းမြဲ သဘာဝရှိတယ်။ ❄️ရေထဲလက်ကို နှစ်လိုက်ရင် ပြန်ရတာက ရေရဲ့ ပွတ်သပ်...
28/11/2023

The words from Universe

❄️ရေက မခုခံတတ်ဘူး။
ဆက်လက်စီးဆင်းမြဲ သဘာဝရှိတယ်။

❄️ရေထဲလက်ကို နှစ်လိုက်ရင်
ပြန်ရတာက ရေရဲ့ ပွတ်သပ်ထွေးပွေ့မှု။

❄️ရေဟာ မာကြောတဲ့နံရံမဟုတ်ဘူး။
ဒါကြောင့် သင့်ကို ပိတ်ပင်ဆီးတားမထားဘူး။

❄️ရေကသူအလိုရှိရာကို
လွတ်လပ်စွာ ‌ရွေ့လျားစီးဆင်းတာပဲ။ သူ့ကိုဘယ်သူမှ မဆီးတားနိုင်ဘူး။

❄️ရေက စိတ်ရှည်တယ်။

❄️စီးနေတဲ့ရေ တစက်စက်ကျနေတဲ့ ရေစက်ကလေးကလည်း ကျောက်ဆောင်ကျောက်တုံးကြီးကို လုံးပါးပါးစေတာပဲ။

အဲဒါတွေကို မှတ်ထားပါ ငါ့ရင်‌သွေး။

❄️မင်းရဲ့ခန္ဓာတဝက်ကလည်း ရေပဲ။ အခက်အခဲတွေကို မဖြတ်ကျော်နိုင်ဘူး ဆိုရင် ကွေ့ပတ်ပြီးသွားပေါ့။

❄️ရေက အဲသလိုပဲ စီးဆင်းတာပဲ။

Credit :
ကိုးကား။
Margaret Atwood, The Penelopiad.

၁) စာရေးဆရာမ မာဂရက်အက်ဝဒ်။
ကနေဒါသူ၊ ကဗျာစာဆို။
၂) The Penelopiad ဝတ္ထုသည်
ဆရာမ မာဂရက်၏ ထင်ရှားသောဝတ္ထုဖြစ်၏။
အဖိနှိပ်ခံအမျိုးသမီးများ၏ ဘဝနှင့် အခက်အခဲများကိုကျော်လွန်နိုင်စွမ်းလည်းရှိပါကြောင်းတင်ပြထားပါသည်။

27/11/2023

ပရိတ်ချည်များဖြင့် ပြည်သူများကို အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပေးနေစဉ်၊

နာရီဝက် တစ်ကြိမ် ၊ မည်သူမဆို ပါဝင်ပူဇော်နိုင်ပါတယ်။

လပြည့်ကျော် ၂ရက်နေ့မှာတော့ ဒီပရိတ်ချည်တွေကို ချင်းမိုင် တစ်မြို့လုံး ပတ်ချည်ပေးလေ့ရှိပါတယ်။

🍀အချိန်ကောင်းတွေ ဆုံးရှုံးခဲ့ရပြီဆိုတာသိရင်🍀အကောင်းဆုံး အချိန်တွေ ဖန်တီးဖို့တာဝန်ရှိတယ်။🍀မိမိ ကြိုးစားအားထုတ်သလောက်သာ မိ...
26/11/2023

🍀အချိန်ကောင်းတွေ
ဆုံးရှုံးခဲ့ရပြီဆိုတာသိရင်

🍀အကောင်းဆုံး အချိန်တွေ
ဖန်တီးဖို့တာဝန်ရှိတယ်။

🍀မိမိ ကြိုးစားအားထုတ်သလောက်သာ မိမိအပိုင်ဖြစ်လာမှာ။

📌အတွေးတွေကို လွတ်လပ်စွာတွေး။

📌အချိန်တွေကို တန်ဖိုးမြင့်အောင် အသုံးပြု။

📌မိမိ သိထား၊ တတ်ထားတာထက် ပိုသာပြီး လုပ်ဆောင်နိုင်တဲ့ အရည်အချင်း မိမိစိတ်ခန္ဓာအတွင်းပိုင်းမှာ ရှိ​နေသေးတယ်ဆိုတာယုံ..!

✅မရပ်လိုက်နဲ့ လဲပြိုကျလိမ့်မယ်၊ ရွေ့နိုင်သလောက် ရွေ့နေပေး။
#လူငယ်တိုင်းအောင်မြင်သောဘဝရကြပါစေ

လူတိုင်းမှာသူတို့နိုင်တဲ့ပြဿနာတွေနဲ့သာ ကြုံရတယ်ဆိုတာ သိထားပေးပါ။မဖြေနိုင်တဲ့ ပုစ္ဆာ မပေးပါဘူး။ ယုံကြည်ထားပေးပါ။ပြဿနာ ဖြေ...
25/11/2023

လူတိုင်းမှာသူတို့နိုင်တဲ့ပြဿနာတွေနဲ့သာ ကြုံရတယ်ဆိုတာ သိထားပေးပါ။
မဖြေနိုင်တဲ့ ပုစ္ဆာ မပေးပါဘူး။ ယုံကြည်ထားပေးပါ။

ပြဿနာ ဖြေရှင်းနိုင်အောင် လုံလောက်တဲ့ သတင်းအချက်အလက်တွေ ရှာဖွေဖြည့်ဆည်းပါ။
ပြီးရင် မိမိကိုယ်ကို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆောင်ရွက်ပါ။
🍀ဒါဆို မိမိရှာဖွေနေတဲ့ အရာကို တွေ့လာပါလိမ့်မယ်။

ပြဿနာ@ စိန်ခေါ်မှုကတော့ တစ်ခုပြီးတစ်ခုလာနေမှာပါပဲ။ အဲဒါ မိမိတစ်ယောက်တည်းကြုံနေရတာမှ မဟုတ်တာ လူသားတိုင်း ရင်ဆိုင်ကြုံတွေ့နေရတာ။

❄️ဖြေရှင်းချင်သူနဲ့ မဖြေရှင်းချင်သူသာရှိတယ်။

❄️အောင်မြင်မှုအစစ်ကို ပီတိဖြစ်စွာ ခံစားလိုသူက ရဲရင့်စွာ ပြဿနာကို ရင်ဆိုင်ကြတယ်။

❄️ရိုးသားမှုနဲ့ ကိုယ်ချင်းစာစိတ်ပါတဲ့ သတ္တိရှိသူသာ အောင်မြင်မှုကို အမြဲရလေ့ရှိတယ်။
ဒီလိုနဲ့ပဲ တစ်လှမ်းချင်း ရွေ့ရင်း ခရီးဆုံးရောက်ကြရတာ မဟုတ်လား။

✅လူ့ဘဝ ရောက်လာမှတော့ သူများလွှမ်းမိုးတာ ခံမလား။
ကိုယ်တိုင် လွှမ်းမိုးနိုင်သူ လုပ်မလား။

✅သူများက ကိုယ့်ဆီက ယူဆောင်သွားတာ ကြည့်နေမလား။
မိမိကိုယ်တိုင် အခြေအနေအရပ်ရပ်ကနေ အမြတ်များများ ရအောင် ယူမလား။

📌သမာအာဇီဝနဲ့ မျှတမှုကိုတော့ အမြဲအာရုံစိုက်ထားသင့်ပါတယ်။ ဒါမှသာ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို ကြာရှည်အောင် ထိန်းသိမ်းနိုင်မှာ။

🍀မိတ်ဆွေဖြစ်ချင်တာ မိတ်ဆွေ ကိုယ်တိုင်ပဲ လုပ်ဆောင်နိုင်ပါမယ်။

🍀မိတ်ဆွေ လုပ်ဆောင်နိုင်သလောက်ပဲ မိတ်ဆွေရရှိမှာပါ။

🌺 သေချာတာကတော့ မစိုက်ပျိုးပဲပေါက်တာ မြက်ပင်ပဲရှိပြီး ၊ မြက်ပင်ကနေ သရက်သီး သီးလာမလားလို့ ထိုင်စောင့်သူကတော့ တစ်ဘဝလုံး မကျေနပ်မှုတွေနဲ့သာ ခရီးပြီးဆုံးသွားပါလိမ့်မယ်။
#လူငယ်တိုင်းအောင်မြင်သောဘဝရကြပါစေ

ယနေ့ခေတ် ကလေး လူငယ်တွေကို ဒီလို အခြေခံအချက်တွေ လေ့ကျင့်ပေးထားသင့်တယ်။သူတို့က နောင်တစ်ချိန်မှာ ပိုကျယ်ပြန့်တဲ့ လူမှု ပါတ်...
24/11/2023

ယနေ့ခေတ် ကလေး လူငယ်တွေကို ဒီလို အခြေခံအချက်တွေ လေ့ကျင့်ပေးထားသင့်တယ်။

သူတို့က နောင်တစ်ချိန်မှာ ပိုကျယ်ပြန့်တဲ့ လူမှု ပါတ်ဝန်းကျင်မှာ ရှင်သန်ကြမှာမို့ အခြေခံ အသိတွေ တတ်ထားရင် ဘဝမှာ အစွမ်းရှိသလောက်အောင်မြင်နိုင်မယ်။

❄️စကားကို တဖက်သား နားလည်လက်ခံအောင် ပြောတတ်ဖို့လိုပါမယ်။

❄️စကားကို အော်ဟစ် ကျယ်လောင်စွာမပြောသင့်ဘူး။ နင် ၊ငါ သုံးပြီး နင်ပဲငဆ မပြောသင့်ပါဘူးနော်။

❄️သူများစကားပြောနေစဉ် ကြားကဖြတ်မပြောသင့်သလို၊ တဖက်သား စကားဆုံးသည်အထိစောင့်ပြီးမှ မိမိပြောလိုရာကို ပြောရပါမယ်။ စကားဖြတ်ပြောမယ်ဆိုလျှင်လည်း ခွင့်တောင်းမှုပြုရပါမယ်။

❄️စကားပြောစဉ်
မျက်လုံးချင်းဆုံပြီး စိတ်ပါလက်ပါ ပြောနိုင်ဖို့လေ့ကျင့်ပါ။ တပါးသူပြောရင်လည်း သေချာနားထောင်ပေးရပါမယ်။

❄️ပစ္စည်းယူ ပစ္စည်းပေးလျှင် ကလေးဖြစ်စေဦးတော့ ပစ်မပေးရပါဘူး ၊လေးစားမှုပြပြီးပေးတတ်ရပါမယ်။

❄️အစာစားလျှင် ပါးစပ်က အသံမြည်အောင်မစားသင့်ပါဘူးနော်။

❄️လူအများနှင့်ဝိုင်းဖွဲ့ထမင်းစားလျှင် ကိုယ်တိုင်အသုံးပြုစားထားတဲ့ ဇွန်းခက်ရင်းနဲ့ ဟင်းခွက်တွေထဲ မနှိုက်ရပါဘူးနော်။
သီးသန့်ဇွန်းဖြင့် သာ အများအတွက် အလယ်မှာတည်ထားသောဟင်းကို အသုံးပြုသင့်ပါတယ်။

❄️ရေသန့်ဗူးအသေးများဖြင့်သောက်လျှင် မိမိရဲ့ သီးသန့်ထားရှိတဲ့ဗူးဖြင့်သောက်တာ ပိုကောင်းပါတယ်။ မိမိအမည်ရေးထိုးထားပြီး ရေဖြည့်သောက်တတ်အောင် လေ့ကျင့်ပေးထားရပါမယ်။
❌သူတပါးရေဗူး ယူမသောက်သင့်ပါဘူးနော်။

❄️တပါးသူ အစာစားနေချိန် သလိပ်၊ ချောင်းဆိုးခြင်းများ အတတ်နိုင်ဆုံး ဆင်ခြင်ပါ။

❄️အတူစကားပြောနေစဉ် ချောင်းဆိုးမိလျှင် တခြားသူများလွတ်ရာ ဘက်လှည့် ချောင်းဆိုးပြီး Sorry လို့ပြောပေးသင့်ပါတယ်နော်။

❄️ခေါင်းဖြီး(ဘီး) တစ်ချောင်းကို သီးသန့်ကိုယ်တစ်ယောက်တည်းသုံးပါ။ သူတစ်ပါးအသုံးပြုပစ္စည်းများကိုလည်း ခွင့်မတောင်းပဲ ယူမသုံးသင့်ပါဘူးနော်။

❄️လမ်းလျှောက်ရင် ခြေသံပြင်းပြင်း မနင်းသင့်ပါဘူး၊
ဖိနပ်လျှောတိုက်စီးပြီး လမ်းမလျှောက်ပဲ ဖြေးဖြေးညင်းညင်း လမ်းလျှောက်တတ်ရပါမယ်။

❄️တပါးသူအိပ်စက်အနားယူနေလျှင် ဆူညံခြင်းမလုပ်သင့်ပါ။ မိမိအရမ်းနားထောင်လိုတယ်ဆိုရင်လည်း နားကြပ်တပ်ပြီး နားထောင်တာမျိုး ဖြစ်သင့်ပါတယ်နော်။

❄️တပါးသူရဲ့ အခန်း(ရုံးခန်း) သို့ဝင်မည်ဆိုလျှင်
တံခါးကို လက်ဆစ်ဖြင့် ၃-ချက် ညင်သာစွာ ခေါက်ပြီး ဝင်ခွင့်တောင်းဖို့ လိုပါမယ်နော်။

❄️ကိုယ့်ကြောင့် တပါးသူအား မရည်ရွယ်ဘဲ မတော်တဆ အပြစ်၊ အမှား ပြုမူမိလျှင် Sorry ပြောဖို့မမေ့ပါနဲ့။
(လူချင်းတိုက်မိတာ၊ ပစ္စည်းပြုတ်ကျသွားစေတာမျိုးစတဲ့ …)

❄️သေးငယ်သောအကူအညီပေးမှုကစ 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့စကားပြောဖို့ လေ့ကျင့်ပေးထားသင့်ပါတယ်နော်။

❄️အမှားလုပ်မိလျှင်လည်း တောင်းပန်ဖို့ ဝန်မလေးပါစေနဲ့။

❄️တန်းစီရမယ့် နေရာအချို့မှာ စိတ်ရှည်စွာ တန်းစီပါ ၊ အလှည့်မကျော်ပါနဲ့၊

❄️စားသောက်ဆိုင်ရှိ ဝန်ထမ်းတွေကိုလက်ခုပ်တီး၍ သော်လည်းကောင်း၊ ပါးစပ်က လေချွန်သံ၊ လက်ခေါက်မှုတ်သံ တို့ဖြင့် မခေါ်မိပါစေနဲ့။

❄️မိမိရှေ့ တွင် အကူအညီလိုအပ်နေသူကို တွေ့လျှင် ကူညီစောင့်ရှောက်ပေးတတ်ပါစေ။

❄️မိမိ မကြိုက်သော အပြုအမူ၊ အများ မနှစ်သော အပြုအမူများကို သူတပါးအပေါ် မပြုမူမိပါစေနှင့်နော်။

❄️မိမိကိုယ်ကို ချစ်ခင်ကြင်နာတတ်အောင် လေ့ကျင့်သင်ကြားပေးသင့်သလို၊ သူတပါးကိုလည်း ချစ်ခြင်းမေတ္တာ ဖြင့် ပြုမူဆက်ဆံတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးသင့်ပါတယ်။
✳️အမြင်၊အကြား မပင်ပန်းအောင် တချို့ကို မျှဝေလိုက်ပါတယ်နော်။
#လူငယ်တိုင်းအောင်မြင်သောဘဝရကြပါစေ

မိဘက ပိုက်ဆံ မချမ်းသာဘူးဆိုရင် ၊ ရေရှည် ငွေကြေးနဲ့ လိုသလောက် ထောက်ပံ့မပေးနိုင်ဘူးဆိုရင် အခုကတည်းက High-income Skill တစ်ခ...
23/11/2023

မိဘက ပိုက်ဆံ မချမ်းသာဘူးဆိုရင် ၊ ရေရှည် ငွေကြေးနဲ့ လိုသလောက် ထောက်ပံ့မပေးနိုင်ဘူးဆိုရင်
အခုကတည်းက High-income Skill တစ်ခုခုကို ဆရာကြီး Level ရောက်အောင်အထိ သင်ထားပေတော့ပဲ။

အဲ့လိုမှ ပညာရပ်တစ်ခုကို ကျွမ်းကျင်စွာ မတတ်ထားရင် အခုခေတ် ကုန်ဈေးနှုန်းနဲ့ ရပ်တည်ရတာ မလွယ်နိုင်ဘူး။

နောက်တွေ့ကြုံလာရမယ့် အရွေ့မှာ စီးမျောလိုက်ပါနိုင်မည်မဟုတ်ဘူး။

Skill တစ်ခုကို ဆရာကြီး Level ရောက်ဖို့ဆိုတာ တစ်နေ့ ၃ နာရီနှုန်းနဲ့ လေ့လာရင် ၅ နှစ်လောက် တော့ အချိန်ယူမယ်။

အခုရော ဘာမှမလုပ်နိုင်ပြီးထိုင်ကြည့်နေရတာ ၃နှစ်ကျော် ခဲ့ပြီပဲ။

အဲ့ဒါကြောင့် တန်ဖိုးရှိတဲ့ အချိန်တွေကို ကောင်းဖို့နေရာမှာ သုံးကြရအောင်။ ကိုယ်မသုံးလည်း ကုန်သွားမယ့်အချိန်တွေပဲလေ။

မဖြုန်းမိကြပါနဲ့....လို့နော်။

#ကြုံရတဲ့ဘဝတကွေ့

Address

Bagan

Website

Alerts

Be the first to know and let us send you an email when Authentic Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share