Bagan taxi service

Bagan taxi service ကျွန်တော်တို့ ပုဂံမြို့ကနေ အမြဲကြိ?

30/07/2020

✅ ပုဂံ မပိတ်ပါ ✅

🚫 နာမည်ကြီးဘုရားအချို့သာ ပိတ်ပါသည် 🚫

- ပုဂံ ပိတ်ပြီလား !
- ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ စျေးဆိုင်တွေ အကုန်ပိတ်ကုန်ပြီလား !
- ပုဂံ ကို လာလည်လုိ့ မရတော့ဘူးလား !

❌ NO လုိ့ ပြောပါရစေ ❌

- ပုဂံ မပိတ်ပါခင်ဗျာ
- ဘုရားကြီးအချို့ပဲ ပိတ်ထားခြင်းပါ

ထီးလိုမင်းလိုဘုရား
မနူဟာ ဘုရား ၊
မြစေတီ ဘုရား
ရွှေဆံတော် ဘုရား
ဓမ္မရံကြီးဘုရား
သဗျဗညုဘုရား
အာနန္ဒာဘုရား
ကန်တော့ပလ္လင်
ပြဿဒ်ကြီး ဘုရား
စူဠာမူနိ ဘုရား
မဟာဗောဓိ ဘုရား
အလိုတော်ပြည့် ဘုရား
ရွှေစည်းဂုံ ဘုရား
ဓမ်မရာဇက ဘုရား
ငှက်ပစ်တောင် ဘုရား
လောကနန္ဒာ ဘုရား
ဗူးဘုရား
ဒီဘုရားကြီးတွေပဲပိတ်ထားတာပါ
- ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ စျေးဆိုင်တွေ
အားလုံး ပုံမှန်အတိုင်း ဖွင့်လှစ်ထားရှိ လည်ပတ်နေဆဲဖြစ်ပါတယ်

❇️ OK ပါနော် 👌 ❇️

⚠️ လက်ရှိ လူပြောအများဆုံးဖြစ်တဲ့ ⚠️

👉 ခရီးစဉ်တွေ ရေးဆွဲထားပြီးဖြစ်တယ်
👉 ကားလက်မှတ်တွေ ဖြတ်ထားပြီးဖြစ်တယ်
👉 ဟိုတယ်တွေမှာ အခန်းဝယ်ယူထားပြီးဖြစ်တယ်
ဘာဆက်လုပ်ကြမလဲ ?

ပထမဦးစွာ ပြောချင်တာက " ခရီးစဉ်ကို မဖျက်သိမ်းလိုက်ပါနဲ့ .. လှမ်းလာခဲ့လိုက်ပါ .. ရိုးသားဖော်ရွှေကြတဲ့ ပုဂံသူ/သားတွေက နွေးထွေးစွာဖြင့် ဆီးကြိုဖို့ အဆင်သင့်စောင့်ကြိုနေပါတယ်နော် " ❤️❤️

ပုဂံရှိ နာမည်ကြီးဘုရားစေတီအချို့ကို ခေတ္တပိတ်လိုက်ပြီဆိုပေမယ့် .. 😊

🙏 ကျန်ရှိသော ဘုရားစေတီပုထိုးတွေမှာ ဘုရားဝတ်ပြုလုိ့ ရပါသေးတယ် 🙏

📸 ဧရိယာကျယ်ဝန်းလှတဲ့ ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းမြို့တော်ပုဂံမှာ ဓါတ်ဖမ်းလို့ အရမ်းလှတဲ့နေရာကောင်းတွေ အများကြီး ရှိပါသေးတယ်နော် 📸

😍😍 ဘယ်နေရာတွေမှာ ဓာတ်ဖမ်းမလဲ 😍😍

- မင်းနန်သူရွာအနီး (ဘုရားသုံးဆူ)
- ခေင်္ဂဘုရားအစု (တောင်ဘီအနီး)
- ရွှေကွန်ချာ (မြစ်ကမ်းဘေး၊ တောင်ဘီအနီး)
- ဓမ္မရံကြီးဘုရား (အနောက်ဖက်ခြမ်း)
- အပါယ်ရတနာ
- ကျောက်မျက်မှော် (မြစ်ကမ်းဘေး)
- စိုးမင်းကြီးအုတ်ကျောင်း
- တာမဏီကျောင်း
- စေတနာကြီးပုထိုး
- တောင်ဘီရွာအနီးနားက ဘုရားအစု
- စိုးမင်းကြီးဘုရား
- စိုးမင်းကြီးအုတ်ကျောင်း
- ရွှေဂူကြီးဘုရား
- နဂါးရုံဘုရား
- ဝက်ကြီအင်း ဂူပြောက်ကြီး
- မြင်းကပါ ဂူပြောက်ကြီး
- တဝဂူ
- ရွှေနန်းရင်တော်ဘုရားအစု
- ဆင်များရှင်ဘုရား
- လောကထိပ်ပန်ဘုရား
- ရှင်အဇ္ဇဂေါဏဘုရား
- စိမ်းညက်ညီအစ်မဘုရား
- ကုန်းတော်ကြီးဘုရား
- ကျောက်ဂူဥမှင်
- သရပါဂိတ် (မြို့ရိုးဟောင်း)
- ပုဂံနန်းတော်
- နန်းမြင့်မျှော်စင် (နေဝင်ချိန်/နေထွက်ချိန်)
- ရှု့ခင်းကြည့်တောင်ကုန်းများ
- ပုပ္ပါးတောင်
- ထန်းတောများ .. စသဖြင့်

လည်ပတ်စရာနေရာများစွာ ကျန်ရှိပါသေးတယ်နော် ... 😘🚙🛵👌

သင့် ကျန်းမာရေးအတွက် ဒီအချက်လေးတွေတော့
လိုက်နာပေးကြဖို့ မေတ္တာရပ်ခံပါရစေနော် 😔

😷 Mask (နှာခေါင်းစည်း) တပ်ဆင်ပါ 😷
👏 လက်ကို စင်ကြယ်စွာ ဆေးကြောပါ 👏
🚶‍♂️ တစ်ဦးနှင့်တစ်ဦး (၆) ပေအခွာမှာ နေပါ 🚶‍♂️

🗑️ ပုဂံဝန်းကျင် သန့်ရှင်းသာယာလှပစေဖို့အတွက် နိူင်ငံကြီးသားပီပီဖြင့် အမှိုက်များကို အမှိုက်ပုံးများအတွင်းသို့ စနစ်တကျစွန့်ပစ်ပေးကြဖို့လည်း လေးနက်စွာဖြင့် မေတ္တာရပ်ခံပါရစေနော် 🗑️

ကဲ .. ဘယ်လိုလဲ ဘော်ဒါတွေ 😋🤪😉

ဘုရားတွေပိတ်လို့ဆိုပြီး စိတ်ညစ်နေဖို့မလိုအပ်တော့ဘူးနော် 👌

ပုဂံရဲ့ အငွေ့အသက်တွေက ဘုရားထဲဝင်မှ မဟုတ်ပါဘူးနော် .. အပြင်ကနေလည်း အေးချမ်းမှု့ကို ပေးစွမ်းနိုင်တဲ့ ရှေးဟောင်းမြို့တော်ပုဂံပါ ! 😇😇

Address

Bagan
09402501643

Telephone

+959402501643

Website

Alerts

Be the first to know and let us send you an email when Bagan taxi service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category