06/12/2021
Budget Price နဲ့ Hotel အမိုက်စား လေးတည်းချင်ရင် 💯
ထုံးစံအတိုင်းပေါ့ ဂျေးထူးတဲ့ မင်မင် ၊ အကောင်းဆုံးဆိုတာ ပဲ ကြိုက်တဲ့ မင်မင် ၊ စျေးလေးလဲ တန်ရမယ် ၊ အကောင်းဆုံးတွေ လဲ ရရမယ် ဆိုတဲ့ မင်မင် ။
မင်မင် ဧည့်သည်တွေ ကို အကောင်းဆုံးဆိုတာတွေပဲ ပေးချင်မိတာ ရင်ထဲကစိတ်ရင်းအမှန်ပါ ။
မင်မင် ရဲ့ ဘားအံခရီးစဥ် အတွက် မင်မင် ဟိုတယ်ရှာတဲ့အခါ မင်မင် ဘားအံ က ဟိုတယ် အကုန် နီးပါး တည်းဖူးတယ် ၊ သူ့ Service နဲ့ သူ့စျေးနဲ့သူတော့ အကုန်ကောင်းကြပါတယ် ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ မင်မင် မတည်းဖူးသေးတဲ့ ဟိုတယ် ကို စမ်းသုံးကြည့်ချင်တဲ့စိတ် နဲ့ ရွေးချယ်မိနေတယ် ။
မင်မင် ဟိုတည် တစ်ခုကို တွေ့တယ် ။ ဟိုတည် Name က The Grace Hotel ပေါ့ ။ ပထမဆုံး ကြည့်လိုက်တယ် ။ Hotel Price လေး မင်မင် အမြဲ Budget Trip ပဲ စီစဥ် တဲ့အတွက် ငါ့ Budget နဲ့ အဆင်ပြေ တယ် ပေါ့ ။ သူ့ Location လေးက လဲ Main လမ်းပေါ် မှာဆိုတော့ အိုကေတယ်ပေါ့ ။ အဲ့လို နဲ့ ပဲ မင်မင် ရွေးချယ်လိုက်တယ် ။ ဟိုတည် အသစ် ဆိုတော့ မင်မင့်စိတ်ထဲတော့ Furniture နဲ့ အိပ်ယာ ကတော့ အသစ်ဆိုတော့ အဆင်ပြေမယ်ပေါ့ အဲ့လောက်ပဲ မျှော်လင့်ခဲ့မိတာ ပါ ။
ပေးလိုက်ရတဲ့စျေးနဲ့ ပြန်ရတဲ့ ဝန်ဆောင်မှု က မင်မင် တောင် အံအားသင့်စရာ ဖြစ်ပါတယ် ။
ဒါကတော့မင်မင် စတွေ့တဲ့ စျေးနှုန်း လေးပေါ့ ။
မင်မင် ဟာ တန်လိုက်တာ လို့ ဖြစ်သွားစေရတဲ့စျေးနှုန်း ။
🎄🤵♂️🤵♀️ (1) Deluxe Room(Twin)or(Double)
Regular Price -45,000ks
Promotion Price -35,000ks
🤵♂️🤵♀️ (2) Superior Room
Regular Price -40,000ks
Promotion Price- 30,000ks🎄
အဲ့မှာ တင် စိတ်ဝင်စား ပြီး ဟိုတည် Page ကို မွှေတော့တာ ပါပဲ ။ 😁
နောက်တစ်ခုက ကြေည်ငြာထားတဲ့ အခန်း ဒီဇိုင်းတွေက မင်မင့်ကို ဆွဲဆောင်နေပါပြီ ။
မင်မင် သေချာအောင် Ph ဆက်ပြီး အဲ့စျေးက ဟုတ်တယ်နော် ၊ သေချာတယ်နော်လို့တောင် အထပ်ထပ်မေး ၊ 😅 မနောက်ရဘူးနော်လို့ အမှန်က စိတ်ထဲက ပြောချင်နေမိ ၊ 😁
ကဲမင်မင် ဘားအံ ရောက်သွားပါပြီ ၊ Check in ဝင်သွားပါပြီ ။
အခန်းထဲ ရောက်တော့ အမလေး တန်လိုက်တာ တော်လိုက်တဲ့ ငါလေး လို့ ဂုဏ်ယူမဆုံးဘူး။ မင်မင်ရဲ့ Package စျေးနဲ့ ဧည့်သည် တွေကို အကောင်းဆုံးထားနိုင်ခဲ့တာ လဲ The Grace Hotel ရဲ့ စေတနာ တွေပါ ပဲ ။
အခန်းဝင်လိုက်တာ နဲ့ လုံးဝ အမိုက်စား အခန်းအပြင်အဆင် ၊ သန့်ရှင်းပြီး အနံအသက်ကင်းတဲ့ ရေချိုးခန်း ၊ Bathtub၊ Furniture ကလဲ အစုံပဲ ၊ ဘီဒို ၊ မှန်တင်ခုံ ၊ TV ၊ Coffee Table အို စုံနေရော ၊ Minibar ထဲမှာလဲ အကုန်စုံ Softdrink / Beer /Wine/ရေသန့် ကိုစုံနေတာပဲ။ 😁
ကော်ဖီ ၊ ရေသန့်ကတော့ထုံးစံအတိုင်း ပါတယ် ၊
Tower လေးတွေက လဲ သန့်ရှင်းလို့ ၊ ရေချိုးခန်း ထဲကြည့်လိုက်တော့ လဲ ခေါင်းလျှော်ရည် ၊ သွားပွတ်တံ ၊ ရေချိုးဆပ်ပြာ စုံနေအောင်ထည့်ပေးထားပြီး ၊ အမျိုးအစားလေး လဲ ကောင်းကောင်းသုံးပေးထားတာ တွေ့ရတယ် ။
အိပ်ရာကတော့ ပြောမနေနဲ့တော့ တစ်နေ့တာ ကို ကောင်းမွန်စွာအိစက်ပြီး အနားယူနိုင်အောင်သေချာခင်းထားပေးတာ ၊ အဲကွန်း ရှယ်အေး ၊ View ကောင်းကောင်းလေး တည်းချင်ရင်တော့ View ကောင်းတဲ့အခန်းလေး ကိုယူ Deluxe Room လေးတွေက ပို View ကောင်းတယ် ။
မင်မင်ကတော့ ဘာအကြိုက်ဆုံးလဲဆိုရင် ၊ bathtub ထဲ မှာ ရေစိမ်ပြီး view ကြည့်ရတာ အကြိုက်ဆုံးပဲ ။ 😁
အချစ်ဆုံးသူပါရင် ပိုပြီးပြည့်စုံ တယ် ။
မင်မင်က တော့ FA မို့ 🤣🤣🤣 အထီးကျန်သိမ်ငယ်မှု တွေ နဲ့ မူးပြီး View ကြည့်ခဲ့တယ် ။
ကဲ မင်မင် က တစ်နေ့လုံး လျောက်သွား ၊ လျောက်စားပြီး တော့ မင်မင့် ခန္ဓာကိုယ် က အိစီကလီမူလဂျီ ဖြစ်လို့ 😁 မင်မင် Thai Traditional Body Massage ဝင်ခဲ့သေးတယ် Hotel က Cherry Spa မှာ ဟော ဘယ်လောက်တောင်ပြီးပြည့်စုံလဲ ကြည့် ။
20% က Dis ပေးသေးတယ် ၊ အရမ်းပေါ့ပါးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ခဲ့ရတယ် ။ 😌 သြော် မင်မင် က Spa Room ထဲ မသွား ခဲ့ဘူး ၊ Room Service ပေးလို့အခန်းထဲပဲ နှိပ်ခဲ့တယ် ၊ နှိပ်ပေးတဲ့ညီမလေး ကတော်ချက်ပဲ ညောင်းနေတာ တွေပြေပြီး ၊ မင်မင် လို အကြောတင်း အရမ်းအကြောပြေခဲ့တယ် 😅၊ နောက် တစ်ခုက မင်မင့်အကြိုက် Sky Bar လဲ ရှိတယ်။အိုကေတယ်နော်မောင်လေး ။ 👌🏻ဒါပေမဲ့ မင်မင် က ခုတော့ Sky Bar မသွားခဲ့ဘူး Christmas မှ ထပ်သွားမယ် ။ နောက်တစ်ခု က ရေကူးကန် ကလဲ ဆောက်လက်စ ဆိုတော့ နောက် နှစ်လလောက်ဆို ပိုပြည့်စုံသွားပြီ ၊ ကဲ ဘာလိုသေးလဲ ပြော ။
သြော်မေ့လို့ Sky Bar က ဆဘားအံ မြို့အလှကို ကြည့်လို့ရပြီး ၊ Breakfast က လဲ Buffet Breakfast လဲ ကျွေးတယ် ၊ Breffet အရမ်းစားကောင်းပြီး ၊ စုံနေအောင် ကိုကျွေးတာ ။
ဝန်ထမ်းတွေရဲ့ Service က တော့ 100% ပဲ ချိုသာ ယဥ်ကျေးပျူငှာ နေရော ၊ ခရီးသွားရင် အားသွင်းကြိုးမပါတဲ့အကျင့် က ရောက်လေရာ ကူပါကယ်ပါပဲ ၊ ခုလဲ ဟိုတည် က ကလေးတွေဆီက ငှားသုံးခဲ့တယ်။
ကဲ အရမ်းတွေ ညွှန်းနေလို့လဲ မင်မင်က Sponsor Post မဟုတ်ပါဘူးနော် ၊ မင်မင် ကိုယ်တိုင် အခန်း 9 ခန်းဖိုး ပိုက်ဆံရှင်းခဲ့တာ ဘောက်ချာရှိတယ်နော်။😁
မင်မင့်ရဲ့ တင်ထားတဲ့ပုံလေးတွေ နဲ့ Video လေးလဲ ကြည့်ပေးပါအုံးရှင် ။ မင်မင် တစ်ယောက်ထဲ ဆိုတော့အဆင်ပြေသလိုရိုက်ထားတာ လေးကို တော့
သည်းခံပေးပါရှင့် ။
မင်မင် ကိုယ့်ကို ကိုယ် မိတ်ဆက်လိုက်ပါတယ် ။
မင်မင်က IJM Travel & Tours ရဲ့ Admin တစ်ယောက်ဖြစ်ပြီးတော့ ၊ ကိုယ့် Tour အတွက် ကောင်းတာ လေး တွေ မဥ ထားပဲ ၊ ကိုယ်တိုင် ကိုယ်ကျ သွားချင် တဲ့ သူတွေ အတွက်လဲ Burmese Travel GP အနေ နဲ့မျှဝေ နေသူ တစ်ယောက်ပါ ။
အားလုံးပဲ ပြီးပြည့်စုံတဲ့အချစ်တွေ နဲ့ ခရီးပန်းတိုင် အရောက်သွားနိုင်ကြပါစေ ။ 🙏🏻🙏🏻🙏🏻
ခရစ်စမက် လိုက်မယ်ဆို စာရင်းပေးလို့ရပါပြီ ။
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄