Touch Your Dream

Touch Your Dream Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Touch Your Dream, Cruise Agency, Yangon, Dagon.

02/01/2020

#ခက်တဲ့အလုပ်ကိုလုပ်ပါ_ဒါပေမဲ့_လွယ်အောင်လုပ်ပါ။ (SC4LP)

Hard Working & Smart Working

ကျွန်ုပ်တို့သည် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် အလုပ်တစ်ခုကို ပင်ပင်ပန်းပန်းဖြင့် ကြိုးစား ပမ်းစား အားထုတ်လုပ်ကိုင်ကြသော်လည်း နည်းလမ်းမကျသည့်အခါ (သို့မဟုတ်) တစ်စုံတစ်ခု မှားယွင်းသွားသည့်အခါတွင် ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံး အရာမထင်ဘဲ အချည်းနှီး ဖြစ်သွားခဲ့ရသည်။

Smart Work (လိမ္မာ ပါးနပ်စွာဆောင်ရွက်ခြင်း) ဆိုသည်မှာ အလုပ်တစ်ခုကို မြန်ဆန်၍ ထိရောက်သောနည်းလမ်းကို အသုံးပြု၍ ဆောင်ရွက်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အချိန်၊ ငွေ၊ အင်အား စသည့် အရင်းအမြစ်များကို အကောင်းဆုံးအသုံးချ၍ လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့ပြီးမြောက်အောင် ဆောင်ရွက်ခြင်းအားဖြင့် အခြားလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် အချိန်ပိုမိုရရှိလာမည်ဖြစ်သည်။

Hard Work & Smart Work ဆိုသည့် စကားသည် အလုပ်အကြောင်းကို ပြောဆိုခြင်း မဟုတ်ဘဲ အလုပ်ကို မည်သို့ဆောင်ရွက်ရမည်ကို ပြောဆိုခြင်းဖြစ်သည်။ ဥပမာ- ရေတိုင်ကီအတွင်းသို့ ရေဖြည့်ရာတွင် ရေပုံးများအား လက်ဖြင့်ဆွဲ၍ ရေဖြည့်မည်ဆိုပါက Hard Work ဖြစ်ပြီး လက်တွန်းလှည်းကို အသုံးပြု၍ ရေပုံးများအား တင်ဆောင်ပြီး သယ်ယူ၍ ရေဖြည့်မည်ဆိုပါက Smart Work ဖြစ်သည်။

Hard Work & Smart Work ဆိုသည့် သဘောတရားအား အောင်မြင်စွာအသုံးချနိုင်ရန် အောက်ပါ နည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်ပါသည်-
(၁) အရေးကြီးသောအရာကို ဦးစားပေး(၁)အနေဖြင့် ဆောင်ရွက်ပါ။
(၂) အလုပ်တစ်ခုပြီးမှ တစ်ခုလုပ်ပါ။
(၃) ပြောင်းလွယ်ပြင်လွယ်ဖြစ်ပါစေ။
(၄) အဆင်အပြေဆုံးနည်းလမ်းကို အမြဲရွေးချယ်ပါ။
(၅) အရေအတွက်ထက် အရည်အချင်းကို အလေးထားပါ။
(၆) တိုတောင်းသည့် လမ်းကိုလိုက်ပါ။
(၇) အာရုံပျက်ပြားစေမည့်ကိစ္စများကိုရှောင်ကြဉ်ပါ။
(၈) အချိန်ကို မဆိုင်းပါနှင့်။
(၉) အလုပ်မလုပ်နိုင်သည့် အချိန်များကို ထည့်သွင်းစဉ်းစားပါ။
(၁၀)ခေတ္တခဏအနားယူပါ။

စသည်တို့ဖြင့် အလုပ်တစ်ခုကို လုပ်ကိုင်သည့်အခါတွင် ရည်ရွယ်ချက်ကို နားလည်သဘော ပေါက်၍ ပန်းတိုင်ကို မည်သို့ရောက်ရှိအောင်ဆောင်ရွက်ရမည်ကို သိရှိခြင်းအားဖြင့် ပိုမိုအောင်မြင်မှုရရှိစေရန် လွယ်ကူမည် ဖြစ်ပါကြောင်း မျှဝေလိုက်ပါတယ်ခင်ဗျာ....။

to BGV_Institute

02/08/2018

ရင်းထားတာထက် အများကြီးပိုမြတ်စေမယ့် FB Marketing Idea (၂၆) ခု
=====================

FB ကြော်ငြာ campaign တွေကို ကိုင်တွယ်ရာမှာ ကိုယ်ပါးနပ်ရင်ပါးနပ်သလောက် ကုန်ကျစရိတ်သက်သာပြီး အောင်မြင်မှုရတတ်တာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် အောင်မြင်တဲ့ ကြော်ငြာ campaign တစ်ခုရဖို့ ဘာတွေလိုအပ်သလဲ? FB ad campaign လို့ဆိုလိုက်တာနဲ့ copy တွေ design တွေ target ထားရမယ့် audience တွေ bidding ဗျူဟာတွေကို မြင်ကြမှာပါ။ ဒီနေ့မှာတော့ ကိုယ့်ရောင်းချချင်တဲ့ ထုတ်ကုန်တစ်ခု ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို Online ပေါ်မှာ (အထူးသဖြင့် Facebook ပေါ်မှာ) ပေါက်ဖို့အတွက် လုပ်ငန်းရှင်တွေကိုယ်တိုင် အသုံးချနိုင်တဲ့ များပြားလှစွာသော FB promotion အကြံဉာဏ်နဲ့ နည်းလမ်းတွေကို ပြောပြချင်ပါတယ်။

အတိအကျပြောရရင်တော့ ကိုယ်ရင်းထားတာထက် အများကြီးပိုမြတ်စေမယ့် FB Marketing နည်းလမ်း (၂၆) ခုလို့ ဆိုနိုင်ပါတယ်။ တစ်ချက်ချင်းက သေချာစဉ်းစားပြီး လိုက်လုပ်ရင်လုပ်သလောက် ကိုယ့်လုပ်ငန်းအတွက် အများကြီးအကျိုးရှိစေမှာ အသေအချာပါပဲ။ ဒီနေ့မှာတော့ ပထမဦးဆုံး ၁၃ ချက်ကို တစ်ချက်ချင်းပြောပြပေးသွားပါ့မယ်။ အောက်မှာတစ်ချက်ချင်း သေချာဖတ်ကြည့်ပြီး ကိုယ့်လုပ်ငန်းအမြတ်တွေတိုးလာစေဖို့ အသုံးချလိုက်ပါတော့။

==============

(1) တမူထူးခြားကွဲထွက်နေတဲ့ အရောင်းဗျူဟာရှိပါစေ။ ကြော်ငြာမှာ သင့်ရဲ့ prodcut ကိုသုံးရင် userတွေအတွက် အထူးအခွင့်အရေးတစ်ခုရနိုင်မယ်လို့ ကတိပေးရပါမယ်။ ဥပမာ - "ဒီ productကိုသုံးရင် ဒါရမယ်" ဆိုတာမျိုး ဒါမှမဟုတ် "ဒီ productကို ဝယ်ရင် သင့်ရဲ့ဘဝက ဒီလိုတိုးတက်မယ်" ဆိုတာမျိုးပေါ့။

==============

(2) တန်ဖိုးတစ်ခုတည်းကိုပဲ အာရုံစိုက်ပါ။ ကြော်ငြာမှာ သင့်ရဲ့ product နဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေအကုန်လုံး တန်းစီရေးပြနေစရာ မလိုပါဘူး။ စားသုံးသူဟာ ကြော်ငြာထဲက အချက်တစ်ချက်ကိုပဲမှတ်မိပါလိမ့်မယ်။ အဲဒီအချက်ကလည်း ခိုင်မာရှင်းလင်းနေဖို့ လိုပါတယ်။

==============

(3) Action တစ်ခုခုလုပ်ဖြစ်ဖို့ ကြော်ငြာကနေတဆင့်တိုက်တွန်းပါ။ ကြော်ငြာကို ကြည့်လိုက်တာနဲ့ နောက်တဆင့်အတွက် ဘာဆက်လုပ်ရမလဲဆိုတာ တွန်းအားပေးနိုင်တဲ့ "ဝယ်ပါ" "ရယူလိုက်ပါ" "သုံးကြည့်ပါ" "စမ်းသပ်လိုက်ပါ" စတဲ့စကားလုံးတွေကို ကြော်ငြာမှာ ထည့်သွင်းရေးသားဖို့ လိုပါတယ်။

==============

(4) သင့်ရဲ့ ကြော်ငြာမှာ အရင်က သုံးစွဲဖူးသူတွေရဲ့ testimonial ကို ထည့်သွင်းကြော်ငြာပါ။ Customer တွေက ကောင်းတဲ့ review ကိုတွေ့လေလေ သင့်ရဲ့ product ကို ကောင်းတယ်လို့ လက်ခံလေလေမဟုတ်လား။

==============

(5) ရသပေါင်းစုံခံစားနိုင်ပါစေ။ သင့်ရဲ့ ရည်ရွယ်ချက်ပေါ်လိုက်ပြီး customer တွေကို ကြည်နူး၊ အထင်ကြီး၊ ထိပ်လန့်၊ ရင်ခုန် စတဲ့ ရသအမျိုးမျိုးခံစားရစေမယ့် promotion တွေကို ဖန်တီးလိုက်ပါ။

==============

(6) FOMO (Fear of missing out) (လက်လွှတ်ဆုံးရှုံးလိုက်ရမှာကြောက်ခြင်း) လို့ အဓိပ္ပာယ်ရပါတယ်။ လူတွေက ဘယ်အရာကို လက်လွှတ်ရမှာ မမှီတော့မှာ ကြောက်ရသလဲဆိုတာကို နားလည်အောင်လုပ်ပြီး သူတို့ရဲ့ FOMO ကို ကောင်းကောင်း အသုံးချကြေငြာပါ။

==============

(7) နံပါတ်တွေထည့်သွင်းပါ။ သင့်ရဲ့ကြော်ငြာမှာ discount ချတဲ့ ဈေးနှုန်း/ရာခိုင်နှုန်း၊ သုံးစွဲသူ အရေအတွက်၊ product ရဲ့ ဈေးနှုန်းစတာတွေကို နံပါတ်တွေနဲ့သာ ဖော်ပြပါ။ research တစ်ခုအရ နံပါတ်တွေပါတဲ့ ခေါင်းစဉ်ကို လူတော်တော်များများ နှစ်သက်ကြပါတယ်။ ကြော်ငြာတွေမှာလည်း နံပါတ်အတိအကျရေးထားတာကိုသာ သဘောကျတတ်ကြလို့ပါပဲ။

==============

(8) Giveaway တွေပေးပါ။ Giveaway ဒါမှမဟုတ် အခမဲ့သုံးစွဲခွင့်ကာလ စတာတွေဟာ သင့်ရဲ့ product နဲ့ user အသစ်တွေကြားမှာ engagement ကောင်းကောင်းလုပ်ပေးနိုင်ကြပါတယ်။

==============

(9) FB ad campaign တစ်ခု စဖန်တီးတော့မယ်ဆိုရင် မတူညီတဲ့ CTA (call to action) 10ခုထဲက သင့်အတွက် အမှန်ကန် အသင့်တော်ဆုံးတစ်ခုကို သေချာရွေးချယ်ပါ။

==============

(10) လွန်ခဲ့တဲ့ရက် 30 လောက်က သင့်ရဲ့ website ကို လာလည်ဖူးသူတွေ ၊ product တစ်ခုကို ဝယ်ဖို့ shopping cart ထဲထည့်ပြီးမှ မဝယ်ဖြစ်သူတွေ၊ သင့်ရဲ့ website က subcriber တွေကို ပြန်လည် target ထားပြီး ကြော်ငြာမယ့် campaign ကို ဖန်တီးပါ။

==============

(11) Target ပြန်ထားပြီး ကြော်ငြာရာမှာ discount အနည်းငယ်ချပေးဖို့မမေ့ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကြော်ငြာကို တစ်ခါတွေ့ဖူးပြီးသားလူတွေဟာ သူတို့စိတ်မဝင်စားလို့ ကျော်သွားကြတာပါ။ သူတို့ကို ဆွဲဆောင်ဖို့ဆိုရင် discount အနည်းငယ်ပေးတာ ဒါမှမဟုတ် လက်ဆောင်ပေးတာမျိုးနဲ့ ပြန်လည် ဆွဲဆောင်နိုင်ပါတယ်။

==============

(12) Adobe ရဲ့ လေ့လာချက်တစ်ခုအရ သူတို့ဝင်ငွေရဲ့ ထက်ဝက်နီးပါးက customer ဟောင်းတွေဆီက လာတာပါတဲ့။ ဒါကြောင့် ရှိပြီးသား customer တွေကို marketing ပြန်ဆင်းဖို့ မမေ့ပါနဲ့။ ဈေးကွက်သုတေသနအဖွဲ့အစည်းတွေရဲ့အဆိုအရ ရှိပြီးသား customer တစ်ယောက်ကို ပြန်ဝယ်အောင်ကြိုးစားရတာဟာ customer အသစ်တစ်ယောက်ရဖို့ ကြိုးစားရတာထက် ၄ ဆ လောက် ကုန်ကျစရိတ်သက်သာစေပါတယ်တဲ့။

==============

(13) Brand awareness ကောင်းကောင်းတည်ဆောက်ပါ။ ဝယ်သူက သင့်ရဲ့ brand အကြောင်း ကောင်းကောင်းမကြားဖူး မရင်းနှီးဖူးရင် ဝယ်ရမှာ လက်တွန့်တာ သဘာဝပါပဲ။ ကိုယ့်လုပ်ငန်းအကြောင်းကို မသိရင် ဘယ်သူမှမဝယ်ကြပါဘူး။ ဒါကြောင့် ကိုယ့်ဆီကဝယ်ဖို့အတွက် အဓိကလုပ်ရမှာက ပထမဆုံး ကိုယ့်လုပ်ငန်းကို သိအောင်လုပ်ရပါမယ်။ သိပြီးသွားရုံနဲ့ မရသေးပါဘူး။ ကိုယ့်ထုတ်ကုန် ဝန်ဆောင်မှုတွေကို customer က စိတ်ဝင်စားရပါမယ်။ စိတ်ဝင်စားရုံနဲ့ သူတို့မဝယ်ပါဘူး။ ကိုယ့်လုပ်ငန်းအပေါ်ကို ယုံကြည်မှုရှိလာအောင် လုပ်ရပါဦးမယ်။ သူတို့ယုံကြည်လာပြီဆိုမှ ကိုယ့်ဆီကဝယ်မှာပါ။ ဒါကြောင့် Brand awareness ရဖို့ အခြေခံအဆင့် (၄) ဆင့်က သိအောင်လုပ် > ကြိုက်အောင်လုပ် > ယုံအောင်လုပ် > နောက်ဆုံးမှ ဝယ်အောင်လုပ်ရမှာပါ။

==============

ဒီနေ့မှာတော့ ဒီ (၁၃) ချက်ကိုဖတ်ကြည့်ပြီး ကိုယ့်လုပ်ငန်းမှာ ပြန်အသုံးချလိုက်ပါ။

အကယ်၍ အခုပြောပြခဲ့တဲ့ FB Marketing နည်းလမ်း (၁၃) ချက်က မိတ်ဆွေအတွက် အသုံးဝင်တယ်ဆိုရင် comment ထဲမှာ more လို့ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေအတွက် အသုံးဝင်စေမယ်ဆိုရင် ကျွန်တော်တို့ ကျန်ရှိနေတဲ့ (၁၃) ချက်ကို မနက်ဖြန်မှာ ဆက်ဆက်တင်ပေးပါ့မယ်။




25/07/2018
22/07/2018
22/07/2018

Address

Yangon
Dagon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Touch Your Dream posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category