Royal Shwe Myat Chel

Royal Shwe Myat Chel https://maps.app.goo.gl/qx9B7w1NQymbQ1vW8

Explore the world with us

ဓမ္မစင်္ကြာဟောကြားခြင်း***********************သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင်...
08/07/2025

ဓမ္မစင်္ကြာဟောကြားခြင်း
***********************

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတို့၏ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု လာရောက်ကာ တောင်းပန်ကြသောကြောင့် သန္တုဿိတ နတ်သားအဖြစ်မှ မယ်တော်မာယာဧ။် ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။
ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေ၏ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေ၏ ရာဟုလာ အမည်ရသော သားတော်တစ်ပါး မွေးဖွားလေ၏ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကိုကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါး၏ချမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် မောင်စံ ကန္နကမြင်းတို့ နှင့် ဥရုဝေလ တောသို့ ကိလေသာကုန်ခန်းပြီး ဉာဏ်အလင်းရောင်တွေကို ရှာဖွေရန် တောထွက်တော်မူပါသည်။

မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တို့ ကာလပတ်လုံး ရှေးဟောင်း အိန္ဒိယ ယောဂီ ပရိဗိုဇ်တို့၏အတ္တကိလမထာ (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း) အကျင့်တို့ကို့ ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း တရားထူးကိုမရရှိပေ၊ (၆)နှစ်မျှကျင့်ခဲ့ရတဲ့ ရှေးဟောင်းအိန္ဒိယ ယောဂီပရီဗိုဇ်တို့ဧ။် အကျင့်များသည် ခန္ဓာကိုယ်ပင်ပန်းဆင်းရဲကြောင်း အကျင့်များသာဖြစ်သည်ဟု သိရသောအခါ မိမိဧ။် ကိုယ်ပိုင်နည်းစနစ်ဖြစ်သော မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့် သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည် ၊ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ ခက်ခဲလွန်းနေ၏လောကလူသားတို့၏အသိဉာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ ထာဝစဉ်ပိတ်ဖုံးနေ၏ ငါ၏တရားတို့သည်ကား အလွန်နက်နဲကာ ခက်ခဲလွန်နေ၏ပုထုဇဉ်တို့ အားဟောကြားရန် လားလားမှမတန်ဟု စဉ်ခြင်နေစဉ် သဟမ္ပတိ ဗြဟ္မာ၏တောင်းပန်မှုဖြင့် အရင်က မိမိ တပည့်တော်ခဲ့ဘူးသော ကာသိတိုင်း ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော ပဉ္စဝဂ္ဂီငါးဦး (ပဉ္စ-ငါးခု ငါးယောက်၊ဝဂ္ဂ-အစု အဖွဲ့)တို့ကိုတရားဦးဟောကြားရန် ကြွချီတော်မူလေသည် ။

ဝါဆိုလပြည့်နေဝယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သူ့ဘဝ၏ပထမဦးဆုံးဖြစ်သော ဓမ္မစင်္ကြာ တရားတော်ကို ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားတော်မူလေသည်။ ဝါဆိုလပြည့် နေ့သည် ဗုဒ္ဓဘာဝင်တို့ အတွက် မွန်မြတ်သောနေ့တစ်နေ့ဖြစ်ပါသည်။

ဝါဆိုလပြည့် (၅) နေ့
(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ဝါဆိုလပြည့်။(ကြာသပတေးနေ့)

(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ဝါဆိုလပြည့်။(တနင်္လာနေ့)

(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။(စနေနေ့)

(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။ (စနေနေ့)

(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။ (စနေနေ့)

သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
“ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်” နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။

တောထွက်တော်မူသောနေ့ (တနင်္လာနေ့)
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
“ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
“ဝါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။

ဓမ္မစင်္ကြာဟောတော်မူသောနေ့ (စနေနေ့)
ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖဝါးဖြန့်ချီ
သွား၍၊ ငါးပါးဝဂ္ဂီစုံအညိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား“ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို….။

ဓမ္မစင်္ကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော ‘ကာမသုခလ္လ’ိကာနု ယောဂလက်ယာစွန်းရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊ (၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုးနှိပ်စက်ညှင်းဆဲပြီးကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ် ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၎င်းအစွန်းနှစ်ပါးကိုရှောင်ပြီး ‘မဇိ္ဈမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။

တရားဦးဟောကြားတဲ့နေ့မှာ တရားထူးများရကြပါစေ Royal Shwe Myat Chel Company မှ ဆုတောင်းပေးလိုက်ပါတယ် 🙏

FYI MAI ( Power Bank Restrictions Onboard )
05/07/2025

FYI
MAI ( Power Bank Restrictions Onboard )

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) ၏ စင်္ကာပူခရီးစဉ်များအား Terminal 2 သို့ပြောင်းရွေ့သွားမည်ဖြစ်ပါကြောင်းအသိပေးအကြော...
04/07/2025

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) ၏ စင်္ကာပူခရီးစဉ်များအား Terminal 2 သို့ပြောင်းရွေ့သွားမည်ဖြစ်ပါကြောင်းအသိပေးအကြောင်းကြားခြင်း

ချစ်ခင်လေးစားအပ်ပါသော ခရီးသွားမိဘပြည်သူများရှင်...

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့မှစ၍ MAI ၏ စင်္ကာပူနိုင်ငံသို့ဆိုက်ရောက်မည့်ခရီးစဉ်များ နှင့် စင်္ကာပူနိုင်ငံမှထွက်ခွာမည့်ခရီးစဉ်များအားလုံးအတွက် check in counter များနှင့် အခြားသောဝန်ဆောင်မှုလုပ်ငန်းစဉ်များကို စင်္ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2, Row 12 ဆီသို့ ပြောင်းရွှေ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

MAI နှင့်အတူ အခက်အခဲမရှိ အဆင်ပြေချောမွေ့တဲ့ခရီးစဥ်ဖြစ်စေဖို့အတွက်လေဆိပ်သို့ အနည်းဆုံး ၃ နာရီ ကြိုတင်ရောက်ရှိခြင်း နှင့် လေဆိပ်ဆိုင်းဘုတ်ညွှန်ကြားချက်များကို သေချာစွာဖတ်ရှုပါရန် အသိပေးအပ်ပါသည်။

[English Version Below]

📣 𝐌𝐀𝐈 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐅𝐥𝐢𝐠𝐡𝐭𝐬 𝐀𝐫𝐞 𝐌𝐨𝐯𝐢𝐧𝐠 𝐭𝐨 𝐓𝐞𝐫𝐦𝐢𝐧𝐚𝐥 𝟐

Starting from 𝟎𝟓 𝐀𝐮𝐠 𝟐𝟎𝟐𝟓, MAI check in counter for the Singapore flights (arrival & departure) will transfer to 𝐓𝐞𝐫𝐦𝐢𝐧𝐚𝐥 𝟐, 𝐑𝐨𝐰 𝟏𝟐 at 𝐂𝐡𝐚𝐧𝐠𝐢 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭 (𝐒𝐈𝐍).

For a smooth check-in and boarding experience, please arrive early and follow terminal signage.

MAI မှ ပြေးဆွဲပေးနေသောဖနွမ်းပင်ခရီးစဉ်များအား 𝐓𝐞𝐜𝐡𝐨 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭 လေဆိပ်အသစ်သို့ ပြောင်းရွှေ့ပြေးဆွဲမည်ဖြစ်ပါကြေ...
04/07/2025

MAI မှ ပြေးဆွဲပေးနေသောဖနွမ်းပင်ခရီးစဉ်များအား 𝐓𝐞𝐜𝐡𝐨 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭 လေဆိပ်အသစ်သို့ ပြောင်းရွှေ့ပြေးဆွဲမည်ဖြစ်ပါကြောင်း အသိပေးကြေညာခြင်း

ချစ်ခင်လေးစားအပ်ပါသော ခရီးသည်များရှင်…

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍ MAI ၏ ဖနွမ်းပင်မြို့သို့ဆိုက်ရောက်မည့်ခရီးစဉ်များနှင့် ဖနွမ်းပင်မြို့မှထွက်ခွါမည့်အားလုံးကို Phnom Penh International Airport (PNH) အစား အဆင့်မြင့်လေဆိပ်ဖြစ်တဲ့ Techco International Airport (KTI) တွင် ပြောင်းလဲဆင်းသက်/ထွက်ခွါပျံသန်းသွားမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

MAI နှင့်အတူ အခက်အခဲမရှိ အဆင်ပြေချောမွေ့တဲ့ခရီးစဥ်ဖြစ်စေဖို့အတွက်လေဆိပ်သို့ အနည်းဆုံး ၃ နာရီ ကြိုတင်ရောက်ရှိခြင်း နှင့် လေဆိပ်ဆိုင်းဘုတ်ညွှန်ကြားချက်များကို သေချာစွာဖတ်ရှုပါရန် အသိပေးအပ်ပါသည်။

[English Version Below]

𝐖𝐞’𝐫𝐞 𝐑𝐞𝐥𝐨𝐜𝐚𝐭𝐢𝐧𝐠! 𝐀𝐥𝐥 𝐏𝐡𝐧𝐨𝐦 𝐏𝐞𝐧𝐡 𝐅𝐥𝐢𝐠𝐡𝐭𝐬 𝐍𝐨𝐰 𝐚𝐭 𝐓𝐞𝐜𝐡𝐨 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭

Starting from 𝟎𝟗 𝐒𝐞𝐩 𝟐𝟎𝟐𝟓, all MAI flights to/from Phnom Penh will take off and land at the brand-new 𝐓𝐞𝐜𝐡𝐨 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭 (𝐊𝐓𝐈) - our new home of comfort and convenience, replacing Phnom Penh International Airport (PNH).

Whether you're departing or arriving, be sure to check your flight details and arrive early for a smooth journey. Thank you for choosing MAI where modern comforts meet gentle traditions.

ဖေဖေ့ကို ချစ်တယ်လို့ ပြောဖူးလား ❤️🙆‍♀️အဖေဆိုတာ အမေ့လောက် မေတ္တာတွေကို ထုတ်ဖော်မပြတတ်ပေမယ့် မိသားစုအတွက် အားကိုးရာ လုံခြု...
15/06/2025

ဖေဖေ့ကို ချစ်တယ်လို့ ပြောဖူးလား ❤️🙆‍♀️

အဖေဆိုတာ အမေ့လောက် မေတ္တာတွေကို ထုတ်ဖော်မပြတတ်ပေမယ့် မိသားစုအတွက် အားကိုးရာ လုံခြုံတဲ့ အရိပ်ကိုပေးတဲ့သူဆိုလည်းမမှားပါဘူး ... အဖေတစ်ယောက်ရဲ့ ပံ့ပိုးမှုက ကလေးရဲ့ အောင်မြင်မှုအတွက် အရေးပါဆုံးသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ✨💯

ဒီနေ့ကျရောက်တဲ့ အဖေများနေ့မှာ ချစ်ခင်လေးစားရတဲ့ ဖေဖေတို့ကို ချစ်တယ်လို့ ပြောကြစို့နော်...

ကမ္ဘာတစ်ဝန်းက အဖေများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ Royal Shwe Myat Chel Company မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ 🙏

𝐏𝐞𝐧𝐚𝐧𝐠: 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚’𝐬 𝐒𝐩𝐚𝐫𝐤𝐥𝐢𝐧𝐠 𝐏𝐞𝐚𝐫𝐥 𝐨𝐟 𝐭𝐡𝐞 𝐎𝐫𝐢𝐞𝐧𝐭Wander through temples rich in tradition, relax on serene beaches, hike ...
15/05/2025

𝐏𝐞𝐧𝐚𝐧𝐠: 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚’𝐬 𝐒𝐩𝐚𝐫𝐤𝐥𝐢𝐧𝐠 𝐏𝐞𝐚𝐫𝐥 𝐨𝐟 𝐭𝐡𝐞 𝐎𝐫𝐢𝐞𝐧𝐭

Wander through temples rich in tradition, relax on serene beaches, hike through lush rainforests, or sip coffee in hip cafés nestled in alleyways. Whether you're a foodie, history lover, or nature seeker, Penang is the destination that leaves you wanting more.

Fly directly with MAI 𝐞𝐯𝐞𝐫𝐲 𝐌𝐨𝐧 & 𝐓𝐡𝐮 from Yangon and unlock the beauty of Penang!

✈ 𝟐𝐱 𝐰𝐞𝐞𝐤𝐥𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬
✅ Inflight meal
✅ Baggage allowance
• 40 KG for Business Class
• 30 KG for Economy Class
✅ Up to 60% discount at >70 Sky Deals partners

FYI
29/04/2025

FYI

ထိုင်းနိုင်ငံသို့ ခရီးသွားရောက်မည့် ခရီးသွားမိဘပြည်သူများရှင့်…

၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့ မှစ၍ ထိုင်းနိုင်ငံသို့ ခရီးသွားမည့်နိုင်ငံခြားသားအားလုံးအတွက် online မှတစ်ဆင့် Thailand Digital Arrival Card (TDAC) အား မဖြစ်မနေမှတ်ပုံတင်ရမည့် စနစ်အဖြစ် ကမ္ဘာတစ်ဝှမ်းတွင် စတင်အသုံးပြုမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့ အဆင်ပြေလွယ်ကူစွာဝင်ရောက်နိုင်ရန်အတွက် ခရီးသည်များအားလုံးသည် ထိုင်းနိုင်ငံသို့မရောက်မီ ၃ ရက်ကြိုတင်၍ အောက်ပါလင့်ခ်မှတစ်ဆင့် TDAC အားမှတ်ပုံတင်ရန်လိုအပ်ပါသည်ရှင်။
🔗 https://tdac.immigration.go.th

[English Version Below]

𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞 𝐟𝐨𝐫 𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫𝐬 𝐭𝐨 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝

Dear Passengers, Attention Please!
Starting 01 May 2025, Thailand will globally launch the Thailand Digital Arrival Card (TDAC), a mandatory online pre-arrival registration platform for all foreign nationals.

To ensure a smooth arrival, all travelers must complete their TDAC registration within 𝟑 𝐝𝐚𝐲𝐬 𝐩𝐫𝐢𝐨𝐫 to entering Thailand via:
🔗 https://tdac.immigration.go.th

Fly with ease, travel smart & stay informed!


16/03/2025

မင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ Royal Shwe Myat Chel ခရီးသွားလုပ်ငန်းမှ လှပတဲ့ ခရီးစဉ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဗီဒီယိုလေးမှာ သင်တွေ့မြင်ရမှာက မြန်မာနိုင်ငံရဲ့ အံ့မခန်းရှုခင်းတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ စိတ်လှုပ်ရှားစရာ ခရီးသွားအတွေ့အကြုံတွေပါ။ ကျွန်တော်တို့ဆီက လက်မှတ်တွေကို သင့်အိပ်မက်ခရီးစဉ်အတွက် အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

ကျွန်တော်တို့ရုံးကို ရန်ကုန်မြို့၊ No. 930 (B), U Lin Street, 42 Ward, North Dagon Township, Yangon မှာ တည်ရှိပါတယ်။ ဆက်သွယ်လိုပါက ဖုန်းနံပါတ် ၀၉၈၈၁၄၈၈၈၈၄ ဒါမှမဟုတ် ၀၉၇၇၇၅၈၈၄၂၂ ကို ခေါ်ဆိုနိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် https://travelandtour-roan.vercel.app/ မှာလည်း အသေးစိတ်ကြည့်ရှုပြီး လက်မှတ်ကို အွန်လိုင်းကနေ ကြိုတင်မှာယူနိုင်ပါတယ်။
----------------------------------------------------------------------
လေယာဉ်လက်မှတ်တွေကို ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ရုံးကို လူကိုယ်တိုင်လာရောက်ပြီးပဲဖြစ်ဖြစ် ဝယ်ယူနိုင်ပါတယ်။

ဒီခရီးစဉ်တွေနဲ့အတူ သင့်ဘဝရဲ့ မမေ့နိုင်စရာ အမှတ်တရတွေကို ဖန်တီးလိုက်ပါ။ အခုပဲ ဗီဒီယိုကို ကြည့်ပြီး သင့်ခရီးစဉ်ကို စီစဉ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။ လာပါ၊ အတူတူ စွန့်စားခန်းထွက်ကြရအောင်။

Address

No. 930 (B), U Lin Street, 42 Ward, North Dagon Township, Yangon
Dagon
11191

Website

Alerts

Be the first to know and let us send you an email when Royal Shwe Myat Chel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share