Royal Nova vista travel & tour

Royal Nova vista travel & tour "ခရီးသွားရင်း အမှတ်တရများစွာဖန်တီးဖို့ NV Family က သင့်အတွက်အမြဲအသင့်ရှိနေပါတယ်။"

နံနက်ခင်း မြူခိုးတွေကြားထဲက ဘုရားပုထိုးတွေရဲ့ ထိတွေ့ရခက်တဲ့ အငွေ့အသက်၊ပုဂံမြေရဲ့ ခန့်ညားထည်ဝါမှုနဲ့ ရှေးဟောင်းယဉ်ကျေးမှု...
18/08/2026

နံနက်ခင်း မြူခိုးတွေကြားထဲက ဘုရားပုထိုးတွေရဲ့ ထိတွေ့ရခက်တဲ့ အငွေ့အသက်၊

ပုဂံမြေရဲ့ ခန့်ညားထည်ဝါမှုနဲ့ ရှေးဟောင်းယဉ်ကျေးမှုရဲ့ အနုပညာရသ…

​အေးချမ်းလွန်းတဲ့ ညနေခင်းတွေမှာ Hot Air Balloon ပေါ်ကနေ ငေးကြည့်ခဲ့ရတဲ့ အနီရောင်နေဝင်ချိန်၊

ရာဇဝင်ထဲက မင်းစိုးရာဇာတွေရဲ့ ရွှေရောင်လွှမ်းတဲ့ သမိုင်းဝင် အငွေ့အသက်နဲ့

ဆိတ်ငြိမ်သန့်ပြန့်လှတဲ့ Boutique Resort လေးထဲက တိတ်ဆိတ်အေးချမ်းမှုတွေ… ✨

​အသေးစိတ်တိုင်းက ပိုင်ဆိုင်ရခက်တဲ့ Luxury ဆန်ဆန် အမှတ်တရတွေမို့

ပုဂံဆိုတဲ့ အမည်နာမလေးကို တမ်းတမ်းတတနဲ့ ခဏခဏ ပြန်လွမ်းနေမိတယ်… 🤎

​📍 Bagan, Myanmar

✨ A timeless heritage, a luxury for the soul.

&tour


"နတ်တို့ပျော်စံရာပုပ္ပါးနှင့်အညာ"🌧️⛰️ မိုးရာသီမှာ ပုပ္ပါးတောင်ရဲ့အလှကို Royal Nova Vista Travel & Tour နဲ့ ခံစားလိုက်ရအေ...
15/08/2026

"နတ်တို့ပျော်စံရာပုပ္ပါးနှင့်အညာ"

🌧️⛰️ မိုးရာသီမှာ ပုပ္ပါးတောင်ရဲ့အလှကို Royal Nova Vista Travel & Tour နဲ့ ခံစားလိုက်ရအောင် 🌿☁️

မိုးရေစက်လေးတွေနဲ့အတူ စိမ်းလန်းလှပနေတဲ့ တောင်တန်းတွေ၊ အေးမြတဲ့လေထုနဲ့ ပုပ္ပါးတောင်ရဲ့ သဘာဝအလှကို ချစ်ရတဲ့သူတွေနဲ့အတူ ခံစားဖို့ စီစဉ်နေပါသလား။ 💚

ဒီနှစ်မိုးရာသီမှာ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကို ခဏမေ့ပြီး Royal Nova Family နဲ့အတူ ပုပ္ပါးခရီးစဉ်လေးတစ်ခု ဖန်တီးလိုက်ရအောင်နော်။ 🌧️🛣️

🔷 ရန်ကုန်မြို့တော်ကြီးကနေတစ်ဆင့်
🔹 ပုပ္ပါးတောင်
🔹 ပုပ္ပါးမြို့နှင့် အနီးတဝိုက်ရှိ လည်ပတ်စရာနေရာများ
🔹 ပုဂံမြို့နှင့်လမ်းခရီးတစ်လျှောက် သဘာဝအလှအပများ

စတဲ့နေရာတွေကို သက်သောင့်သက်သာနဲ့ လည်ပတ်နိုင်အောင် Royal Nova Vista Travel & Tour မှ အကောင်းဆုံးစီစဉ်ပေးထားပါတယ်ရှင့်။ 💙

👨‍👩‍👧‍👦 မိသားစုနဲ့ပဲဖြစ်ဖြစ်
🏢 ကုမ္ပဏီခရီးစဉ်ပဲဖြစ်ဖြစ်
❤️ ချစ်ရတဲ့သူနဲ့ နှစ်ဦးတည်းပဲဖြစ်ဖြစ်

မိုးရာသီရဲ့ အေးချမ်းတဲ့အငွေ့အသက်လေးတွေနဲ့အတူ ပုပ္ပါးခရီးစဉ်က အမှတ်တရကောင်းတွေ ဖန်တီးပေးနိုင်မှာပါနော်။ 📸🌿

🚆 သက်သောင့်သက်သာ ခရီးသွားနိုင်ဖို့ Express ကားကြီးများဖြင့် အဆင်ပြေစွာ လိုက်ပါနိုင်အောင် စီစဉ်ပေးထားပါတယ်။

🏨 ဟိုတယ် + ခရီးစဉ်အတွင်း လိုအပ်တဲ့ဝန်ဆောင်မှုများ ကိုလည်း အဆင်ပြေချောမွေ့စွာ ခံစားနိုင်အောင် စီစဉ်ပေးထားတာမို့ ခရီးစဉ်တစ်လျှောက် စိတ်အေးလက်အေးနဲ့ အပန်းဖြေလိုက်ပါနော်။ 💙

🌧️ မိုးရေစက်လေးတွေကြားက ပုပ္ပါးတောင်ရဲ့ အလှကို ကိုယ်တိုင်ခံစားချင်တယ်ဆိုရင် ဒီခရီးစဉ်လေးကို လက်မလွှတ်လိုက်ပါနဲ့နော်။

🛣️ ခရီးစဉ်အသေးစိတ်သိချင်တာပဲဖြစ်ဖြစ်
💬 Booking / စုံစမ်းမေးမြန်းချင်တာပဲဖြစ်ဖြစ်

Page Chat Box မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

☎️ Ph No - 09941069377, 09970889656
📱 Viber - 09941069377, 09970889656

🏠 OFFICE - အမှတ် (503)၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်

📁📁 ခုံနေရာကောင်းလေးတွေ အမြန်ရရှိနိုင်ဖို့ ကြိုတင် Booking တင်ထားဖို့ မမေ့နဲ့နော်။ 📂

ဒီမိုးရာသီမှာ ချစ်ရတဲ့သူတွေနဲ့အတူ
🌧️ မိုးရဲ့အေးချမ်းမှု
🌿 သဘာဝရဲ့အလှ
⛰️ ပုပ္ပါးတောင်ရဲ့အမှတ်တရ
📸 အမှတ်တရဓာတ်ပုံလေးတွေ

အားလုံးကို Royal Nova Vista Travel & Tour နဲ့အတူ ဖန်တီးလိုက်ရအောင်နော်။ 💙

Royal Nova Vista Travel & Tour — Your Journey, Our Care. ✨

&tour
#ပုပ္ပါး
#ပုပ္ပါးတောင်

#မိုးရာသီခရီးစဉ်
#မိုးရာသီခရီး

ပုဂံမှာ လှပတာက ရှုခင်းတင်မဟုတ်ဘူး…အချိန်တွေကြာလာလေလေ ပိုတန်ဖိုးရှိလာတဲ့ အလှတရားတွေပါ။ ✨ရှေးဟောင်းအငွေ့အသက်၊ ရွှေရောင်နေဝ...
14/08/2026

ပုဂံမှာ လှပတာက ရှုခင်းတင်မဟုတ်ဘူး…

အချိန်တွေကြာလာလေလေ ပိုတန်ဖိုးရှိလာတဲ့ အလှတရားတွေပါ။ ✨

ရှေးဟောင်းအငွေ့အသက်၊ ရွှေရောင်နေဝင်ချိန်နဲ့ ပုဂံရဲ့ တိတ်ဆိတ်တဲ့အလှတရားဟာ

တစ်ခါရောက်ဖူးရင် တစ်ခါထပ်သွားချင်စရာအညာ။ 🧡

ခရီးစဉ်တိုင်းအမှတ်တရဖန်တီးမယ်ဆိုရင် Royal Nova Vista Travel and tour ကိုပဲ အမြဲသတိရလိုက်နော်။

ခရီးစဉ်အကြောင်းအသေးစိတ်မေးမြန်းချင်ရင်တော့ Page Chat Box ကနေတဆင့် လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

#ပုဂံ

ပုဂံ — အချိန်တွေကို ရပ်တန့်ထားတဲ့ မြို့ဟောင်း 🛕🌅ပုဂံကို ရောက်တဲ့အခါမြင်ရတာက စေတီပုထိုးတွေချည်း မဟုတ်ပါဘူး။အုတ်နီရောင်ဘုရ...
10/08/2026

ပုဂံ — အချိန်တွေကို ရပ်တန့်ထားတဲ့ မြို့ဟောင်း 🛕🌅

ပုဂံကို ရောက်တဲ့အခါ
မြင်ရတာက စေတီပုထိုးတွေချည်း မဟုတ်ပါဘူး။

အုတ်နီရောင်ဘုရားတွေရဲ့ကြားမှာ
နှစ်ပေါင်းရာချီက သမိုင်းတွေ၊
ယဉ်ကျေးမှုတွေ၊
ယုံကြည်မှုတွေနဲ့
မြန်မာတို့ရဲ့ အမွေအနှစ်တွေကို ခံစားရတာပါ။

ပုဂံဟာ ၁၁ ရာစုကနေ ၁၃ ရာစုအတွင်း အထွတ်အထိပ်ရောက်ခဲ့တဲ့ ပုဂံယဉ်ကျေးမှုရဲ့ အရေးကြီးဆုံးအမွေအနှစ်တွေထဲက တစ်ခုဖြစ်ပြီး ယနေ့အချိန်မှာလည်း ထောင်နဲ့ချီတဲ့ ရှေးဟောင်းစေတီ၊ ပုထိုး၊ ကျောင်းနဲ့ အနုပညာလက်ရာတွေကို တွေ့မြင်နိုင်ပါသေးတယ်။

မနက်ခင်း နေရောင်စတင်ထွက်လာချိန်မှာ
ဘုရားစေတီတွေပေါ် အလင်းရောင်ဖြာကျလာတာ၊

ညနေခင်းမှာတော့
ဧရာဝတီမြစ်ဘက်ကို နေဝင်ချိန်ကြည့်ရင်း
ပုဂံမြေပြင်တစ်လျှောက် ဖြန့်ကျက်နေတဲ့ စေတီပုထိုးတွေကို မြင်ရတာ...

ဒါတွေက ပုဂံရဲ့ အလှကို စကားလုံးတွေနဲ့ ပြည့်ပြည့်စုံစုံဖော်ပြဖို့ ခက်စေပါတယ်။ 🌄

ပုဂံဆိုတာ ခရီးသွားစရာနေရာတစ်ခုထက်ပိုပါတယ်။
မြန်မာ့သမိုင်းကို ကိုယ်တိုင်ထိတွေ့ခံစားလို့ရတဲ့ နေရာတစ်ခုပါ။ ❤️🇲🇲

#ပုဂံ #မြန်မာပြည်အလှ #ပုဂံမြို့ဟောင်း

🌿 ပုပ္ပါးတောင် — သဘာဝအလှနဲ့ ယုံကြည်မှုတို့ ပေါင်းစည်းထားတဲ့ အထင်ကရနေရာ။ ⛰️အေးမြတဲ့လေထု၊ လှပတဲ့ရှုခင်းတွေနဲ့ တောင်ထိပ်ကနေ...
07/08/2026

🌿 ပုပ္ပါးတောင် — သဘာဝအလှနဲ့ ယုံကြည်မှုတို့ ပေါင်းစည်းထားတဲ့ အထင်ကရနေရာ။ ⛰️

အေးမြတဲ့လေထု၊ လှပတဲ့ရှုခင်းတွေနဲ့ တောင်ထိပ်ကနေ မြင်ရတဲ့ မြင်ကွင်းက အမောပြေစေမှာ သေချာပါတယ်။ 💚

တစ်ခေါက်လောက်တော့ သွားရောက်လည်ပတ်ပြီး ပုပ္ပါးတောင်ရဲ့ အလှတရားကို ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။

#ပုပ္ပါးတောင်

🙏 ပုပ္ပါးတောင်နှင့် အဘအောင်မင်းခေါင် 🙏ပုပ္ပါးတောင်ဟာ မြန်မာနိုင်ငံရဲ့ သဘာဝအလှတရား၊ သမိုင်းနဲ့ ရိုးရာယုံကြည်မှုတွေ ပေါင်း...
04/08/2026

🙏 ပုပ္ပါးတောင်နှင့် အဘအောင်မင်းခေါင် 🙏

ပုပ္ပါးတောင်ဟာ မြန်မာနိုင်ငံရဲ့ သဘာဝအလှတရား၊ သမိုင်းနဲ့ ရိုးရာယုံကြည်မှုတွေ ပေါင်းစပ်တည်ရှိနေတဲ့ ထူးခြားတဲ့ အထင်ကရဒေသတစ်ခု ဖြစ်ပါတယ်။

ဒေသခံများ၏ ယုံကြည်ချက်အရ အဘဦးအောင်မင်းခေါင် သည် ပုပ္ပါးဒေသကို စောင့်ရှောက်သော အစောင့်အရှောက်ပုဂ္ဂိုလ်အဖြစ် လေးစားကိုးကွယ်ခံရသူတစ်ဦး ဖြစ်ပါတယ်။ ခရီးသွားများနှင့် ဘုရားဖူးများကလည်း ခရီးလမ်းအန္တရာယ်ကင်းစေရန်၊ စီးပွားလာဘ်လာဘ တိုးတက်စေရန်နှင့် လိုရာဆန္ဒများ ပြည့်ဝစေရန် ဆုတောင်းပူဇော်လေ့ရှိကြပါတယ်။

သမိုင်းအရ ပုပ္ပါးတောင်သည် ရှေးပျူခေတ်မှစ၍ အရေးပါခဲ့ပြီး နောက်ပိုင်းတွင် မြန်မာ့ရိုးရာ ၃၇ မင်းနတ် ယုံကြည်မှု၏ အဓိကဗဟိုနေရာတစ်ခုအဖြစ် ထင်ရှားလာခဲ့သည်။ ထို့ကြောင့် ပုပ္ပါးတောင်သည် သဘာဝအလှကိုသာမက မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာယုံကြည်မှုတို့ကိုပါ ကိုယ်စားပြုနေသော နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ပုပ္ပါးတောင်၏ မြူနှင်းဖုံးလွှမ်းနေသော တောင်တန်းများကြားမှာ အဘအောင်မင်းခေါင်၏ နာမည်ဟာ ရိုးရာယုံကြည်မှု၊ လေးစားမှုနဲ့အတူ ယနေ့တိုင် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

📍 ပုပ္ပါးတောင်ကို ရောက်တဲ့အခါ သဘာဝအလှကို ခံစားရင်း ရိုးရာယဉ်ကျေးမှုနဲ့ ဒေသခံတို့ရဲ့ ယုံကြည်မှုအစဉ်အလာတွေကို ကိုယ်တိုင်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

"ပုပ္ပါးနဲ့အတူ ပုဂံကို အကောင်းဆုံးအမှတ်တရဖန်တီးမယ်ဆိုရင်တော့ Royal Nova Vista Travel and tour ရဲ့ ထွက်ရှိမဲ့ခရီးစဉ်မှာလိုက်ပါဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့်။"

အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် Booking ရယူရန်

💬 Online မှ ဆက်သွယ်နိုင်သလို Page Chat Box, TikTok သို့မဟုတ် Viber (ရုံးချိန်အတွင်း)ဆက်သွယ်နိုင်ပါတယ်ရှင့်။

☎️ ဖုန်းဖြင့် ဆက်သွယ်ရန်: 09-941069377,
09-970889656 ဆက်သွယ်နိုင်ပြီး

🏠 လူကိုယ်တိုင်လာရောက်ရန်: အမှတ် (၅၀၃)၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

"ခုံနေရာကောင်းလေးတွေ အမြန်ဆုံးရရှိဖို့ အခုပဲ လက်မှတ်လှမ်းယူလိုက်ပါ"

Royal Nova Vista Travel & Tour မိသားစုမှ ခရီးသည်အပေါင်းကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏

&tour #ပုဂံ #တောင်ကြီး #ကလော #အင်းလေး #ပင်းတယ #ရွာငံ
#ပုပ္ပါးတောင် #အဘဦးမင်းခေါင် #မြန်မာ့ရိုးရာ

02/08/2026

"ပုဂံရဲ့အလှတရားတွေကို နန်းမြင့်မျှော်စဉ်မှ ခံစားကြည့်ရှု"

ခရီးစဉ်တိုင်းဆို Nova Vista Travel and tour ကိုပဲသတိရလိုက်နော်။




#ခရီးစဉ်

ပုဂံကို သွားဖူးပြီလား? 🤔သွားဖူးရင် အမှတ်တရအဖြစ်ဆုံးနေရာက ဘယ်ဘုရားလဲ?မသွားဖူးသေးရင် အရင်ဆုံးသွားချင်တဲ့နေရာက ဘယ်နေရာလဲ?သွ...
31/07/2026

ပုဂံကို သွားဖူးပြီလား? 🤔

သွားဖူးရင် အမှတ်တရအဖြစ်ဆုံးနေရာက ဘယ်ဘုရားလဲ?

မသွားဖူးသေးရင် အရင်ဆုံးသွားချင်တဲ့နေရာက ဘယ်နေရာလဲ?

သွားချင်တဲ့နေရာရှိရင် Comment မှာရေးခဲ့နော်။

"အမှတ်တရခရီးစဉ်တွေဖန်တီးဖို့ Royal Nova Vista & Tourဆီလှမ်းလာခဲ့လိုက်ပါ။"

&tour

🏯 ပုဂံ – မြန်မာ့ယဉ်ကျေးမှုရဲ့ အဖိုးတန်အမွေအနှစ်ဧရာဝတီမြစ်ကမ်းနားမှာ တည်ရှိတဲ့ ပုဂံ ဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ သမိုင်းဝင်...
28/07/2026

🏯 ပုဂံ – မြန်မာ့ယဉ်ကျေးမှုရဲ့ အဖိုးတန်အမွေအနှစ်

ဧရာဝတီမြစ်ကမ်းနားမှာ တည်ရှိတဲ့ ပုဂံ ဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီး ၁၁ ရာစုမှ ၁၃ ရာစုအတွင်း ပုဂံခေတ်ရဲ့ အကြီးမားဆုံး ဗုဒ္ဓဘာသာယဉ်ကျေးမှုဗဟိုဌာနအဖြစ် ထွန်းကားခဲ့ပါတယ်။ ယနေ့တိုင် ဘုရား၊ စေတီ၊ ကျောင်းတိုက်နဲ့ သမိုင်းဝင်အဆောက်အအုံ ထောင်ပေါင်းများစွာ ကျန်ရှိနေဆဲဖြစ်ပါတယ်။

မနက်စောစော နေထွက်ချိန်မှာ မြူခိုးကြားကနေ ပေါ်ထွက်လာတဲ့ စေတီတော်များရဲ့ မြင်ကွင်းဟာ ကမ္ဘာလှည့်ခရီးသွားများကို အမြဲတမ်း ဆွဲဆောင်နေတဲ့ အလှတရားတစ်ခုပါ။

၂၀၁၉ ခုနှစ်မှာ ပုဂံကို UNESCO World Heritage Site အဖြစ် အသိအမှတ်ပြုခဲ့ပြီး၊ မြန်မာ့သမိုင်း၊ ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာအမွေအနှစ်တွေကို ကိုယ်စားပြုတဲ့ အဖိုးတန်နေရာတစ်ခုအဖြစ် ကမ္ဘာက လေးစားတန်ဖိုးထားလျက်ရှိပါတယ်။

"ပုဂံကို တစ်ခေါက်ရောက်ဖူးရင် မြန်မာ့သမိုင်းရဲ့ အသက်ရှူသံကို ကိုယ်တိုင်ခံစားရသလို ဖြစ်စေမှာပါ။" ❤️🇲🇲

&tour


26/07/2026

"လွမ်းမိပါတယ် အညာပုဂံရေ..."

&tour

Address

�OFFICE/အမှတ် (၅၅)၊အခန်း(၅၀၃)၊အင်းစိန်လမ်းမကြီး
Hlaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Royal Nova vista travel & tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category