21/06/2026
စားဝတ်နေရေး၊ ငွေရှာပေး
ကျေးဇူးကြီးပေ၊ တို့ဖေဖေ။
ကိစ္စများဖြင်၊ ပေါ်ပေါက်လျှင်
စီရင်တတ်ပေ၊ တို့ဖေဖေ။
အိမ်ထောင်အရေး၊ စီမံပေး
လေးစားလောက်ပေ၊ တို့ဖေဖေ။
စဥ်းစားမြော်မြင်၊ ဉာဏ်နဲ့ယှဥ်
ပဲ့ပြင်တတ်ပေ၊ တို့ဖေဖေ။
နိုင်ငံ့အကျိုး၊ တို့အကျိုး
သယ်ပိုးနိုင်ပေ၊ တို့ဖေဖေ။
ယနေ့ကျရောက်တဲ့ အဖေများနေ့ကို "တို့ဖေဖေ" ကဗျာလေးနဲ့အတူ ဂုဏ်ပြုကြိုဆိုအပ်လိုက်ပါတယ်🙏