27/05/2020
ခရီးသွား မိဘပြည်သူများနှင့် မိတ်ဟောင်း မိတ်သစ်များအားဟိုတယ် ``နှင်းရွှေရည်´´ တွင် ယုံကြည်စိတ်ချစွာ တည်းခိုနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေရှင့်...
- ဟိုတယ်ပြန်လည်ဖွင့်လှစ်ရန် Covid 19 ကာကွယ်တားဆီးရေး သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဟိုတယ်ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပြီးဖြစ်ပါသည်...
- ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်သော ညွှန်ကြားချက်များကိုလည်း ခရီးသွားမိတ်ဆွေများ ဘေးကင်းစေရေး အတွက် အစစအရာရာ ပြင်ဆင်ထားရှိပြီး ဖြစ်ပါကြောင်း လေးစားစွာအသိပေးပါရစေရှင့်။