18/08/2026
🌿 ခြေလှမ်းတိုင်းမှာ အသက်ရှုရပ်မတတ် လှပတဲ့ သဘာဝတရားနဲ့ ဆုံတွေ့ရမယ့် Kalaw Trekking ခရီးစဉ်ကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
🌿 ရှမ်းတောင်တန်း လမ်းလေးတွေပေါ်မှာ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းရင်း တစ်ခါတစ်လေ အမောတွေရှိမယ်။ တစ်ခါတစ်လေ ခဏနားချင်မယ်။ ဒါပေမယ့် ခြေလှမ်းတိုင်း အဆုံးမှာ မြင်တွေ့ရမယ့် စိမ်းလန်းစိုပြေတဲ့ တောတောင်ရှုခင်းတွေက အဲဒီအမောတွေကို မေ့ပျောက်စေမှာပါ။ မနက်ခင်း နေထွက်ချိန်မှာ တောင်တန်းတွေပေါ် ဖြာကျလာတဲ့ နေရောင်ခြည်တွေ ၊ ညနေခင်း နေဝင်ချိန်မှာ တောင်တန်းတွေကြား တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ နေရောင်အလှတွေ ၊ မြူတွေဆိုင်းနေတဲ့ လမ်းကလေးတွေနဲ့ အေးမြတဲ့ တောင်ပေါ် လေပြေလေညင်းတွေဟာ လမ်းခရီးတစ်လျှောက် ကိုယ်တိုင်တွေ့ကြုံခံစားရမယ့် သဘာဝရဲ့ လက်ဆောင်တွေပါပဲ။
🌿 ဒီခရီးမှာ သဘာဝအလှတရားတွေကို ခံစားရံ သာမက ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးသားဖော်ရွေမှု ၊ နွေးထွေးတဲ့ အပြုံးတွေနဲ့ ဧည့်ဝတ်ကျေပွန်မှု တွေကိုလည်း အနီးကပ်ခံစားခွင့်ရမှာပါ။ တောင်တက်ပြီးရလာတဲ့ အမောတစ်ခုစီရဲ့ နောက်ကွယ်မှာ ပျော်ရွှင်မှုတစ်ခု ၊ အတွေ့အကြုံတစ်ခုနဲ့ ပြန်မရနိုင်တော့မယ့် အမှတ်တရတစ်ခု အမြဲရှိနေပါတယ်။
🌿 ဒါကြောင့် တစ်နေ့တာရဲ့ ခြေလှမ်းတွေကို ရေတွက်မယ့်အစား သဘာဝနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို မှတ်သားထားလိုက်ပါ။ ဘာလို့လဲဆိုတော့ ခရီးတစ်ခုရဲ့ တန်ဖိုးဟာ ရောက်ခဲ့တဲ့နေရာထက်ရရှိခဲ့တဲ့ အတွေ့အကြုံနဲ့ အမှတ်တရတွေမှာ ပိုပြီးတည်ရှိနေလို့ပါ။
🌿 ခရီးစဥ်နဲ့ပါတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။
ကျေးဇူးတင်စွာဖြင့်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124
.weebly.com