H1 Kalaw Villa

Call Directions

H1 Kalaw Villa Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from H1 Kalaw Villa, Vacation Home Rental, H Road, Kalaw Villa, Kalaw.

02/11/2026

မြေ၊ အိမ်၊ အဆောက်အအုံ၊ တိုက်ခန်းနှင့် ကွန်ဒိုအရောင်းအဝယ် ပြုလုပ်ရာ၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ အခွန်ရှင်းလင်းမှုကို အမည်ပြောင်းလုပ်ငန်းစဉ်နှင့် ပိုမိုချိတ်ဆက်စစ်ဆေးလာပါသည်။ အဓိကအားဖြင့် ဝယ်သူ၏ ငွေရင်းမြစ်အခွန်၊ ရောင်းသူ၏ အမြတ်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်မှတ်ပုံတင်ကြေး တို့ ပါဝင်ပါသည်။

🚩 ၁။ ဝယ်သူဆောင်ရမည့် အခွန် — ငွေရင်းမြစ်မပြနိုင်လျှင်

ဝယ်သူသည် အိမ်ခြံမြေဝယ်ယူရန် အသုံးပြုသည့်ငွေသည်—
🔷 မိမိလစာ/လုပ်ငန်းဝင်ငွေမှ ဖြစ်ကြောင်း
🔷 ယခင်က အခွန်ဆောင်ပြီးသားငွေဖြစ်ကြောင်း
🔷 ဘဏ်ချေးငွေ၊ အမွေ၊ လက်ဆောင် သို့မဟုတ် ပစ္စည်းရောင်းရငွေမှ ရရှိကြောင်း
စာရွက်စာတမ်းဖြင့် ပြနိုင်ရပါမည်။

ငွေရင်းမြစ်ကို မပြနိုင်ပါက အခွန်ဦးစီးဌာနက ထိုဝယ်ယူငွေကို အခွန်မဆောင်ရသေးသော ဝင်ငွေ အဖြစ် စည်းကြပ်နိုင်ပါသည်။ ၂၀၂၆ ခုနှစ် လုပ်ထုံးလုပ်နည်းအရ ထိုအခွန်နှုန်းသည် သတ်မှတ်အဆင့်အလိုက် ၃% မှ ၃၀% အထိ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ငွေကို ဘဏ်မှတစ်ဆင့် လွှဲထားသည့်အထောက်အထား၊ ချေးငွေစာချုပ်၊ ယခင်အခွန်ပြေစာ၊ အမွေဆက်ခံစာရွက်စာတမ်းနှင့် ရောင်းချမှုအထောက်အထားများကို သိမ်းထားသင့်ပါသည်။

၂၀၂၆ ခုနှစ်အတွင်း သတင်းဖော်ပြချက်များအရ ငွေရင်းမြစ်အခွန်ကို အောက်ပါအတိုင်း ရည်ညွှန်းအသုံးပြုနေကြောင်း တွေ့ရပါသည်—
🔷 တန်ဖိုး ကျပ်သိန်း ၁၀၀ မကျော်လျှင် — ကင်းလွတ်ခွင့်ရှိနိုင်ခြင်း
🔷 ကျပ်သိန်း ၁၀၀ မှ ၃,၀၀၀ အထိ — ၃%
🔷 ကျပ်သိန်း ၃,၀၀၁ မှ ၆,၀၀၀ အထိ — ၅%
🔷 ကျပ်သိန်း ၆,၀၀၁ မှ ၁၀,၀၀၀ အထိ — ၁၀%
🔷 ကျပ်သိန်း ၁၀,၀၀၁ မှ ၃၀,၀၀၀ အထိ — ၁၅%
🔷 ကျပ်သိန်း ၃၀,၀၀၁ အထက် — ၃၀%

သို့သော် အမှန်တကယ်စည်းကြပ်မည့်ပမာဏသည် အခွန်ရုံး၏ တန်ဖိုးသတ်မှတ်ချက်၊ ဝယ်သူ၏အထောက်အထားနှင့် လက်ရှိညွှန်ကြားချက်အပေါ် မူတည်နိုင်သောကြောင့် စာချုပ်မချုပ်မီ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွင် ပြန်လည်စစ်ဆေးသင့်ပါသည်။

🚩 ၂။ ရောင်းသူဆောင်ရမည့် အမြတ်ခွန် — ၁၀%

ရောင်းသူ၏ ရောင်းရငွေထဲမှ မူလဝယ်ယူတန်ဖိုးနှင့် ခွင့်ပြုထားသော ကုန်ကျစရိတ်များကို နုတ်ပြီး ကျန်သည့် အမြတ်ငွေပေါ်တွင် ၁၀% အမြတ်ခွန် စည်းကြပ်နိုင်ပါသည်။

ယေဘုယျတွက်ချက်ပုံမှာ—
အခွန်ဆောင်ရမည့်အမြတ် = သတ်မှတ်တန်ဖိုး − မူလဝယ်ယူတန်ဖိုး − ခွင့်ပြုထားသောကုန်ကျစရိတ်များ

ခွင့်ပြုနိုင်သောကုန်ကျစရိတ်များတွင် ပြုပြင်မွမ်းမံစရိတ်၊ ပွဲစားခနှင့် အရောင်းအဝယ်ဆိုင်ရာ သာမန်ကုန်ကျစရိတ်များ ပါဝင်နိုင်ပါသည်။ အရောင်းအဝယ်အတွက် လွှဲပြောင်းသည့် အရင်းအနှီးပစ္စည်းစုစုပေါင်းတန်ဖိုးသည် တစ်ဘဏ္ဍာနှစ်အတွင်း ကျပ် ၁၀ သန်းထက်ကျော်ပြီး အမြတ်ရှိပါက အမြတ်ခွန်တာဝန် ဖြစ်ပေါ်နိုင်ပါသည်။

ရောင်းသူသည် လွှဲပြောင်းသည့်နေ့မှ ရက် ၃၀ အတွင်း သက်ဆိုင်ရာအခွန်ပြန်တမ်းတင်ပြီး အခွန်ဆောင်ရနိုင်ပါသည်။ အမည်ပြောင်းခြင်း သို့မဟုတ် စာချုပ်မှတ်ပုံတင်ခြင်းမပြုမီ အခွန်ရှင်းလင်းကြောင်းလက်မှတ် တောင်းခံလာနိုင်ပါသည်။

🚩 ၃။ တံဆိပ်ခေါင်းခွန် — စုစုပေါင်း ၄% အထိ

မြေ၊ အိမ်၊ အဆောက်အအုံ၊ တိုက်ခန်းနှင့် ကွန်ဒိုလွှဲပြောင်းမှုများအတွက် ယေဘုယျအားဖြင့်—
🔷 အခြေခံတံဆိပ်ခေါင်းခွန် — ၂%
🔷 ရန်ကုန်ကဲ့သို့ သတ်မှတ်မြို့ပြဧရိယာအတွက် အပိုတံဆိပ်ခေါင်းခွန် — ၂%
ဖြစ်သဖြင့် ရန်ကုန်တွင် စုစုပေါင်း ၄% ခန့် ဖြစ်နိုင်ပါသည်။

ယင်းကို စာချုပ်တွင် ဖော်ပြထားသည့် ရောင်းဈေးတစ်ခုတည်းပေါ်မဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့က သတ်မှတ်သည့် တန်ဖိုးပေါ်တွင် တွက်ချက်နိုင်ပါသည်။
အခွန်နှုန်းထားနှင့် ပေးချေသူသည် စာချုပ်အမျိုးအစားနှင့် သဘောတူညီချက်ပေါ် မူတည်နိုင်သော်လည်း အစိုးရထံ အခွန်ပေးဆောင်ရမည့်တာဝန်ကို စာချုပ်ထဲတွင် “ရောင်းသူပေးမည်” သို့မဟုတ် “ဝယ်သူပေးမည်” ဟုရေးထားရုံဖြင့် ဖျက်သိမ်း၍ မရပါ။ ထို့ကြောင့် မည်သူက မည်သည့်အခွန်ကို ဆောင်မည်ကို စာချုပ်တွင် တိတိကျကျရေးပြီး အခွန်ပြေစာမူရင်းကိုလည်း သိမ်းဆည်းပါ။

🚩 ၄။ စာချုပ်မှတ်ပုံတင်ကြေး

အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ရာတွင် ပိုင်ဆိုင်မှုတန်ဖိုး၏ ၀.၂% ခန့် မှတ်ပုံတင်ကြေး ဖြစ်နိုင်ပါသည်။ ယင်းနှုန်းသည် စာချုပ်အမျိုးအစား၊ ပိုင်ဆိုင်မှုအမျိုးအစားနှင့် သက်ဆိုင်ရာမှတ်ပုံတင်ရုံး၏ လုပ်ထုံးလုပ်နည်းအပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။

🚩 ၅။ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်နောက်ပိုင်း လုပ်ထုံးလုပ်နည်း

လက်တွေ့အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အဆင့် ၁ — ပိုင်ဆိုင်မှုစာရွက်စာတမ်း စစ်ဆေးခြင်း

ဝယ်သူသည် အောက်ပါစာရွက်စာတမ်းများကို မူရင်းနှင့် မိတ္တူ စစ်ဆေးသင့်ပါသည်—
🔷 ဂရန်/မြေစာချုပ်/မြေပိုင်ဆိုင်မှုစာရွက်
🔷 မြေပုံနှင့် မြေရာဇဝင်
🔷 အမည်ပေါက်သူ၏ မှတ်ပုံတင်
🔷 အိမ်ထောင်စုစာရင်း
🔷 အရောင်းအဝယ်အဆက်အစပ်စာချုပ်များ
🔷 အပေါင်၊ တရားရုံးအမှုနှင့် ကန့်ကွက်မှုရှိ/မရှိ
🔷 အမွေဆက်ခံသူများနှင့် ကိုယ်စားလှယ်အာဏာစာချုပ်
🔷 တိုက်ခန်း/ကွန်ဒိုဖြစ်ပါက ဆောက်လုပ်ခွင့်နှင့် အသင်း/စီမံခန့်ခွဲမှုစာရွက်စာတမ်း

အရပ်စာချုပ်တစ်ခုတည်း သည် အစိုးရမှတ်တမ်းရှိ အမည်ပေါက်ပိုင်ဆိုင်မှုကို အလိုအလျောက် မပြောင်းပေးနိုင်ပါ။ တရားဝင်အမည်ပြောင်းရန် မှတ်ပုံတင်နိုင်သော စာချုပ်နှင့် သက်ဆိုင်ရာဌာန၏ မှတ်တမ်းပြောင်းလဲမှု လိုအပ်ပါသည်။

အဆင့် ၂ — ရာဖြတ်တန်ဖိုး စစ်ဆေးခြင်း

မြေ၊ အိမ် သို့မဟုတ် တိုက်ခန်း၏ တန်ဖိုးကို သက်ဆိုင်ရာ တန်ဖိုးသတ်မှတ်ရေးအဖွဲ့ က စစ်ဆေးသတ်မှတ်ပါသည်။
ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်းရှိ ပိုင်ဆိုင်မှုများအတွက် သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး၏ တန်ဖိုးသတ်မှတ်ရေးအဖွဲ့နှင့် အခွန်ရုံးလုပ်ထုံးလုပ်နည်းအတိုင်း လျှောက်ထားရနိုင်ပါသည်။ တန်ဖိုးသတ်မှတ်ချက်သည်—
🔷 ဝယ်သူ၏ ဝင်ငွေရင်းမြစ်အခွန်
🔷 ရောင်းသူ၏ အမြတ်ခွန်
🔷 တံဆိပ်ခေါင်းခွန်
🔷 မှတ်ပုံတင်ခြင်းအတွက် အခြေခံတန်ဖိုး

တို့ကို သက်ရောက်စေပါသည်။ စာရွက်စာတမ်းပြည့်စုံပါက တန်ဖိုးသတ်မှတ်ရန် ပုံမှန်အားဖြင့် အချိန်အနည်းငယ်ယူနိုင်ပြီး တန်ဖိုးသတ်မှတ်ချက်၏ သက်တမ်းမှာ တစ်နှစ်ခန့် ဖြစ်နိုင်ပါသည်။

အဆင့် ၃ — ဝယ်သူ၏ ငွေရင်းမြစ် စစ်ဆေးခြင်း

ဝယ်သူသည် မိမိအသုံးပြုမည့်ငွေ၏ မူရင်းကို သက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွင် ပြရပါမည်။ ဥပမာ—
🔷 လစာနှင့် ဘဏ်စာရင်း
🔷 စီးပွားရေးလုပ်ငန်းအခွန်ပြေစာ
🔷 ဘဏ်ချေးငွေစာချုပ်
🔷 ယခင်ပစ္စည်းရောင်းချမှုအခွန်ပြေစာ
🔷 အမွေဆက်ခံစာချုပ်
🔷 လက်ဆောင်ပေးစာ
🔷 ငွေလွှဲမှတ်တမ်း
တို့ ဖြစ်ပါသည်။

အဆင့် ၄ — ရောင်းသူ၏ အမြတ်ခွန်နှင့် အခွန်ရှင်းလင်းလက်မှတ်

ရောင်းသူသည် သတ်မှတ်တန်ဖိုး၊ မူလဝယ်ယူတန်ဖိုးနှင့် ခွင့်ပြုနိုင်သောကုန်ကျစရိတ်များကို တင်ပြပြီး အမြတ်ရှိ/မရှိ စစ်ဆေးရပါမည်။ အခွန်ပေးဆောင်ရန်ရှိပါက ပေးဆောင်ပြီး အခွန်ရှင်းလင်းလက်မှတ်နှင့် အခွန်ပြေစာ ရယူရပါမည်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်နောက်ပိုင်းတွင် အခွန်ရှင်းလင်းလက်မှတ်မရှိပါက အချို့သော အမည်ပြောင်းခြင်းနှင့် အရောင်းအဝယ်စာချုပ်မှတ်ပုံတင်ခြင်းများကို အတည်ပြုမပေးနိုင်ကြောင်း လုပ်ထုံးလုပ်နည်းအသစ်များတွင် ဖော်ပြထားပါသည်။

အဆင့် ၅ — တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ကြေး ပေးခြင်း

အခွန်အကဲဖြတ်ချက်ရရှိပြီးနောက်—
🔷 တံဆိပ်ခေါင်းခွန် ပေးဆောင်ခြင်း
🔷 စာချုပ်ကို တံဆိပ်ခေါင်းကပ်ခြင်း
🔷 မှတ်ပုံတင်ကြေး ပေးဆောင်ခြင်း
🔷 ရောင်းသူနှင့် ဝယ်သူ လက်မှတ်ရေးထိုးခြင်း
🔷 သက်ဆိုင်ရာ စာချုပ်မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်း
တို့ကို ဆောင်ရွက်ပါသည်။

အဆင့် ၆ — မြေစာရင်း/သက်ဆိုင်ရာဌာနတွင် အမည်ပြောင်းခြင်း

စာချုပ်မှတ်ပုံတင်ပြီးနောက် မှတ်ပုံတင်စာချုပ်၊ အခွန်ပြေစာ၊ အခွန်ရှင်းလင်းလက်မှတ်၊ မြေစာရွက်နှင့် အခြားလိုအပ်သည့်စာရွက်စာတမ်းများကို သက်ဆိုင်ရာမြေစာရင်း သို့မဟုတ် အိမ်ရာဌာနသို့ တင်ပြပြီး အမည်ပြောင်းလျှောက်ထားရပါမည်။
စာချုပ်ချုပ်ပြီး ငွေပေးချေထားရုံဖြင့် အမည်ပြောင်းပြီးပြီဟု မယူဆသင့်ပါ။ အမည်ပြောင်းမှတ်တမ်းကို သက်ဆိုင်ရာဌာနက လက်ခံပြီးကြောင်း အတည်ပြုစာ ရရှိသည်အထိ လုပ်ငန်းစဉ်မပြီးဆုံးသေးပါ။

🚩 ၆။ အခွန်အပြင် ထပ်မံစဉ်းစားရမည့် ကုန်ကျစရိတ်များ

အောက်ပါတို့သည် အခွန်နှင့် သီးခြားဖြစ်နိုင်ပါသည်—
🔷 ရှေ့နေ/စာချုပ်ရေးဆွဲခ
🔷 ပွဲစားခ
🔷 တန်ဖိုးသတ်မှတ်ခ
🔷 မြေပုံ၊ မြေရာဇဝင် မိတ္တူကြေး
🔷 ဌာနဆိုင်ရာ စစ်ဆေးခ
🔷 အိမ်ရာစီမံခန့်ခွဲခ
🔷 အပေါင်ဖြုတ်ခ သို့မဟုတ် ချေးငွေရှင်းလင်းခ
🔷 အဆောက်အအုံပြုပြင်/ပြောင်းလဲခွင့်ဆိုင်ရာ စရိတ်

ငှားရမ်းထားသော အိမ်ခြံမြေဖြစ်ပါက ငှားရမ်းဝင်ငွေအခွန်နှင့် စီးပွားရေးလုပ်ငန်းသုံးငှားရမ်းမှုဆိုင်ရာ အခွန်များကိုလည်း သီးခြားစစ်ဆေးရပါမည်။ နှစ်စဉ်စည်ပင်အခွန် သို့မဟုတ် အဆောက်အအုံဆိုင်ရာ အခွန်များသည် အရောင်းအဝယ်တစ်ကြိမ်အတွက် ပေးရသည့် အခွန်များနှင့် မတူပါ။

🚩 ၇။ အရေးကြီးသတိပြုရန်

✅ ရောင်းဈေးအစစ်နှင့် မတူသော ဈေးနှစ်မျိုးစာချုပ် မချုပ်ပါနှင့်။ အခွန်ရှောင်ရန် စာချုပ်တန်ဖိုးလျှော့ရေးခြင်းသည် နောက်ပိုင်းတွင် အခွန်ဒဏ်၊ စာချုပ်အငြင်းပွားမှုနှင့် ပိုင်ဆိုင်မှုတန်ဖိုးပြန်တောင်းရာတွင် ပြဿနာဖြစ်စေနိုင်ပါသည်။

✅ “အရပ်စာချုပ်ရှိပြီးသားဖြစ်လို့ အမည်မပြောင်းလည်းရသည်” ဟူသောအချက်ကို မယုံကြည်ပါနှင့်။
ငွေအပြည့်မပေးမီ မြေရာဇဝင်၊ အပေါင်နှင့် တရားရုံးအမှု စစ်ဆေးပါ။

✅ အခွန်ဆောင်သူ၊ တံဆိပ်ခေါင်းခွန်ဆောင်သူနှင့် မှတ်ပုံတင်ကြေးဆောင်သူကို စာချုပ်တွင် ရှင်းလင်းစွာ သတ်မှတ်ပါ။

✅ ရောင်းသူ၏ အမည်ပေါက်မဟုတ်ပါက အမွေဆက်ခံသူအားလုံး၊ ကိုယ်စားလှယ်အာဏာနှင့် တရားရုံးအမိန့်တို့ကို စစ်ဆေးပါ။

✅ နိုင်ငံခြားသားများအတွက် မြေနှင့် အခြားမရွှေ့မပြောင်းနိုင်သောပစ္စည်း ပိုင်ဆိုင်ခွင့်ကို သီးခြားကန့်သတ်ထားပြီး ကွန်ဒိုပိုင်ဆိုင်ခွင့်လည်း သတ်မှတ်ချက်များရှိပါသည်။

အကျဉ်းချုပ်အားဖြင့် ရန်ကုန်တွင် တရားဝင်အမည်ပြောင်းနိုင်ရန် ရာဖြတ်တန်ဖိုးသတ်မှတ်ခြင်း → ဝယ်သူငွေရင်းမြစ်စစ်ဆေးခြင်း → ရောင်းသူအမြတ်ခွန်ရှင်းလင်းခြင်း → ၄% ခန့်တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ကြေးပေးခြင်း → စာချုပ်မှတ်ပုံတင်ခြင်း → မြေစာရင်း/သက်ဆိုင်ရာဌာနတွင် အမည်ပြောင်းခြင်း ဟူသော အဆင့်များကို လိုက်နာရပါမည်။

🚩🚩🚩 အိမ်ခြံမြေဝယ်ဖို့ ငှားဖို့ စိတ်ချမ်းသာချင်တယ် ဆိုရင်တော့ 👉 https://www.ygnhome.com/

🚩🚩🚩 ရောင်းချင်/ အငှားတင်ချင်တဲ့ အိမ်ပိုင်ရှင်ဆိုရင် 👉 09-894099077 / 09-894099033

#အိမ်ခြံမြေ #ရန်ကုန်အိမ်ခြံမြေ #အိမ်ခြံမြေအခွန် #အမြတ်ခွန် #တံဆိပ်ခေါင်းခွန် #မှတ်ပုံတင်ကြေး #အမည်ပြောင်း #မြေပိုင်ဆိုင်မှု #မြေစာရင်း #အိမ်ခြံမြေအရောင်းအဝယ် #အခွန်ရှင်းလင်းလက်မှတ် #ငွေရင်းမြစ်စစ်ဆေးမှု #အိမ်ခြံမြေဥပဒေ #ပိုင်ဆိုင်မှုအတည်ပြုခြင်း

  8 မှ 13                    17 မှ 20              ၂၆,၂၉ မှ 30ထိbooking လေးတွေရသေးတယ်နော်🏡🏡🏡 November ပိတ်ရက်လေးတွေမှာ က...
02/11/2026

8 မှ 13
17 မှ 20
၂၆,၂၉ မှ 30
ထိbooking လေးတွေရသေးတယ်နော်
🏡🏡🏡
November ပိတ်ရက်လေးတွေမှာ ကလောမြို့ ရဲ့ မြူေတွဆိုင်းတဲ့ဆောင်းဦးရာသီအလှကိုခံစားပြီး
#တိမ်ပင်လယ်ကိုလည်းကြည့်ရင်း
ကလောမြို့လေးကို အလည်သွား ကြ
မယ်ဆို
H1 Vacation Home လေးမှာနေပီး #စိတ်အပန်းဖြေ
#သဘာဝတရားကြီးကိုခံစားဖို့
#တောတောင်သဘာဝအလှနဲ့ #ငှက်ကလေးတွေရဲ့တေးသီသံလေးတွေခံစားပီး
#တိမ်ပင်လယ်မှာကြည်နူးရင်း
#လည်ပတ်ဖို့စိတ်ဝင်စားရင် ၀၉၆၈၆၈၆၈၄၇၇ Helloလိုက်ပါနော်
villa (အိုးစည်တောင်အနီး
တိမ်ပင်လယ်view) ဝန်းထဲမှာရှိတဲ့
Vacation Homeလေးရဲ့
Facilities လေးတွေက
Master bedroom 3ခန်း
အခန်းတိုင်းရေပူရေအေးရ
ကော်ဖီ ခေါက်ဆွဲ လေးတွေနဲ့ကြိုဆိုပီး
#ကိုယ်တိုင်လည်းချက်ပြုတ်စားလို့ရတဲ့ Kitchen ေလးလဲရှိတယ်နော်
Wifi လေးလည်းရှိတဲ့အပြင်
ခြံကျယ် view ရှယ်လှ
ရှယ်သန့် အနားယူဖို့ ၁၀၀%
Viber Ph 09 686868477
ပိတ်ရက်အတွက်
ကြိုတင်booking လုပ်လို့ရပီနော်
🏡🏡🏡
ကလောမြို့ Kalaw villa မှာရှိတဲ့Vacation Home လေး
Address ကတော့
No: H1. H Road Kalaw villa
မြင်းကရွာ ကလောမြို့ ရှမ်းပြည်နယ်
ဖြစ်ပါတယ်နော်
🏡🏡🏡
27,28 မရတော့ပါဘူးရှင်

🏡🏡🏡တန်ဆောင်တိုင်  ပိတ်ရက်လေးတွေမှာ ကလောမြို့ ရဲ့ မြူေတွဆိုင်းတဲ့ဆောင်းဦးရာသီအလှကိုခံစားပြီး  #တိမ်ပင်လယ်ကိုလည်းကြည့်ရင်...
30/10/2026

🏡🏡🏡
တန်ဆောင်တိုင် ပိတ်ရက်လေးတွေမှာ ကလောမြို့ ရဲ့ မြူေတွဆိုင်းတဲ့ဆောင်းဦးရာသီအလှကိုခံစားပြီး
#တိမ်ပင်လယ်ကိုလည်းကြည့်ရင်း
ကလောမြို့လေးကို အလည်သွား ကြ
မယ်ဆို
H1 Vacation Home လေးမှာနေပီး #စိတ်အပန်းဖြေ
#သဘာဝတရားကြီးကိုခံစားဖို့
#တောတောင်သဘာဝအလှနဲ့ #ငှက်ကလေးတွေရဲ့တေးသီသံလေးတွေခံစားပီး
#တိမ်ပင်လယ်မှာကြည်နူးရင်း
#လည်ပတ်ဖို့စိတ်ဝင်စားရင် ၀၉၆၈၆၈၆၈၄၇၇ Helloလိုက်ပါနော်
villa (အိုးစည်တောင်အနီး
တိမ်ပင်လယ်view) ဝန်းထဲမှာရှိတဲ့
Vacation Homeလေးရဲ့
Facilities လေးတွေက
Master bedroom 3ခန်း
အခန်းတိုင်းရေပူရေအေးရ
ကော်ဖီ ခေါက်ဆွဲ လေးတွေနဲ့ကြိုဆိုပီး
#ကိုယ်တိုင်လည်းချက်ပြုတ်စားလို့ရတဲ့ Kitchen ေလးလဲရှိတယ်နော်
Wifi လေးလည်းရှိတဲ့အပြင်
ခြံကျယ် view ရှယ်လှ
ရှယ်သန့် အနားယူဖို့ ၁၀၀%
Viber Ph 09 686868477
ပိတ်ရက်အတွက်
ကြိုတင်booking လုပ်လို့ရပီနော်
🏡🏡🏡
ကလောမြို့ Kalaw villa မှာရှိတဲ့Vacation Home လေး
Address ကတော့
No: H1. H Road Kalaw villa
မြင်းကရွာ ကလောမြို့ ရှမ်းပြည်နယ်
ဖြစ်ပါတယ်နော်
🏡🏡🏡

နိုဝင်ဘာအတွက် booking လေးတွေရနေပီနော်🏡🏡🏡တန်ဆောင်တိုင်  ပိတ်ရက်လေးတွေမှာ ကလောမြို့ ရဲ့ မြူေတွဆိုင်းတဲ့ဆောင်းဦးရာသီအလှကို...
27/10/2026

နိုဝင်ဘာအတွက် booking လေးတွေရနေပီနော်
🏡🏡🏡
တန်ဆောင်တိုင် ပိတ်ရက်လေးတွေမှာ ကလောမြို့ ရဲ့ မြူေတွဆိုင်းတဲ့ဆောင်းဦးရာသီအလှကိုခံစားပြီး
#တိမ်ပင်လယ်ကိုလည်းကြည့်ရင်း
ကလောမြို့လေးကို အလည်သွား ကြ
မယ်ဆို
H1 Vacation Home လေးမှာနေပီး #စိတ်အပန်းဖြေ
#သဘာဝတရားကြီးကိုခံစားဖို့
#တောတောင်သဘာဝအလှနဲ့ #ငှက်ကလေးတွေရဲ့တေးသီသံလေးတွေခံစားပီး
#တိမ်ပင်လယ်မှာကြည်နူးရင်း
#လည်ပတ်ဖို့စိတ်ဝင်စားရင် ၀၉၆၈၆၈၆၈၄၇၇ Helloလိုက်ပါနော်
villa (အိုးစည်တောင်အနီး
တိမ်ပင်လယ်view) ဝန်းထဲမှာရှိတဲ့
Vacation Homeလေးရဲ့
Facilities လေးတွေက
Master bedroom 3ခန်း
အခန်းတိုင်းရေပူရေအေးရ
ကော်ဖီ ခေါက်ဆွဲ လေးတွေနဲ့ကြိုဆိုပီး
#ကိုယ်တိုင်လည်းချက်ပြုတ်စားလို့ရတဲ့ Kitchen ေလးလဲရှိတယ်နော်
Wifi လေးလည်းရှိတဲ့အပြင်
ခြံကျယ် view ရှယ်လှ
ရှယ်သန့် အနားယူဖို့ ၁၀၀%
Viber Ph 09 686868477
ပိတ်ရက်အတွက်
ကြိုတင်booking လုပ်လို့ရပီနော်
🏡🏡🏡
ကလောမြို့ Kalaw villa မှာရှိတဲ့Vacation Home လေး
Address ကတော့
No: H1. H Road Kalaw villa
မြင်းကရွာ ကလောမြို့ ရှမ်းပြည်နယ်
ဖြစ်ပါတယ်နော်
🏡🏡🏡

🏡🏡🏡သီတင်းကျွတ်နဲ့တန်ဆောင်တိုင်  ပိတ်ရက်လေးတွေမှာ ကလောမြို့ ရဲ့ မြူေတွဆိုင်းတဲ့ဆောင်းဦးရာသီအလှကိုခံစားပြီး  #တိမ်ပင်လယ်က...
11/10/2026

🏡🏡🏡
သီတင်းကျွတ်နဲ့တန်ဆောင်တိုင် ပိတ်ရက်လေးတွေမှာ ကလောမြို့ ရဲ့ မြူေတွဆိုင်းတဲ့ဆောင်းဦးရာသီအလှကိုခံစားပြီး
#တိမ်ပင်လယ်ကိုလည်းကြည့်ရင်း
ကလောမြို့လေးကို အလည်သွား ကြ
မယ်ဆို
H1 Vacation Home လေးမှာနေပီး #စိတ်အပန်းဖြေ
#သဘာဝတရားကြီးကိုခံစားဖို့
#တောတောင်သဘာဝအလှနဲ့ #ငှက်ကလေးတွေရဲ့တေးသီသံလေးတွေခံစားပီး
#တိမ်ပင်လယ်မှာကြည်နူးရင်း
#လည်ပတ်ဖို့စိတ်ဝင်စားရင် ၀၉၆၈၆၈၆၈၄၇၇ Helloလိုက်ပါနော်
villa (အိုးစည်တောင်အနီး
တိမ်ပင်လယ်view) ဝန်းထဲမှာရှိတဲ့
Vacation Homeလေးရဲ့
Facilities လေးတွေက
Master bedroom 3ခန်း
အခန်းတိုင်းရေပူရေအေးရ
ကော်ဖီ ခေါက်ဆွဲ လေးတွေနဲ့ကြိုဆိုပီး
#ကိုယ်တိုင်လည်းချက်ပြုတ်စားလို့ရတဲ့ Kitchen ေလးလဲရှိတယ်နော်
Wifi လေးလည်းရှိတဲ့အပြင်
ခြံကျယ် view ရှယ်လှ
ရှယ်သန့် အနားယူဖို့ ၁၀၀%
Viber Ph 09 686868477
ပိတ်ရက်အတွက်
ကြိုတင်booking လုပ်လို့ရပီနော်
🏡🏡🏡
ကလောမြို့ Kalaw villa မှာရှိတဲ့Vacation Home လေး
Address ကတော့
No: H1. H Road Kalaw villa
မြင်းကရွာ ကလောမြို့ ရှမ်းပြည်နယ်
ဖြစ်ပါတယ်နော်
🏡🏡🏡

01/10/2026

Job Location: Bahan Township Type of Business/Product: Trading/ Pharmaceutical Gender: Male/Female (1) Job Ref No.: 17P3127 Salary: 6,000,000 /- Kyats Job Requirements DESIRED CANDIDATE PROFILE: Any graduate, preferred medical related degree (MBBS, B. Pharm) Minimum 4-5 years’ relevant experience ...

29/09/2026

အသက်ကြီးလာတာနဲ့အမျှ
မိတ်ဆွေများများရှိဖို့ မလိုတော့ဘူး။

ငယ်ငယ်တုန်းကတော့
လူအများကြီးနဲ့ ပေါင်းရတာကို ပျော်တယ်။

အုပ်စုကြီးနဲ့ သွားလာတယ်။
အတူစားတယ်။
အတူပျော်တယ်။
နေ့တိုင်းလိုလို စကားပြောကြတယ်။

အဲ့ဒီအချိန်မှာ
မိတ်ဆွေများတာကို
ကိုယ့်ဘဝရဲ့ အောင်မြင်မှုတစ်ခုလို ထင်မိတတ်ကြတယ်။

ဒါပေမယ့်
အသက်ရလာတဲ့အခါ
ကိုယ်တကယ်လိုအပ်တာက
လူအများကြီး မဟုတ်တော့ဘူး။

ကိုယ့်အကြောင်းကို
နားလည်ပေးနိုင်တဲ့လူ။

ကိုယ်မရှိတဲ့အချိန်မှာလည်း
ကိုယ့်အကြောင်း မကောင်းမပြောတဲ့လူ။

ကိုယ်အခက်အခဲကြုံတဲ့အခါ
အကြောင်းပြချက်မရှာဘဲ
ဘေးမှာရှိပေးနိုင်တဲ့လူ။

ကိုယ်တိုးတက်လာတဲ့အခါ
မနာလိုမူ မရှိဘဲ ဝမ်းသာပေးနိုင်တဲ့လူ။

ဒီလိုလူ တစ်ယောက်၊ နှစ်ယောက်ရှိရင်တောင်
လုံလောက်တယ်။

အသက်ကြီးလာတာနဲ့အမျှ
ကိုယ့်အချိန်ရဲ့တန်ဖိုးကို
ပိုနားလည်လာတယ်။

လူတိုင်းနဲ့
အဆင်ပြေအောင်နေဖို့ မလိုတော့ဘူး။

လူတိုင်းကို
ကိုယ့်အကြောင်း ပြောပြဖို့ မလိုတော့ဘူး။

လူတိုင်းနဲ့
ရင်းနှီးနေဖို့လည်း မလိုတော့ဘူး။

ဘာလို့လဲဆိုတော့
မိတ်ဆွေများတာနဲ့
အထီးကျန်မှု မရှိတော့တာ မဟုတ်ဘူး။

တစ်ခါတလေ
လူတွေအများကြီးကြားထဲမှာတောင်
ကိုယ့်ကို နားလည်ပေးမယ့်လူ
တစ်ယောက်မှ မရှိနိုင်ဘူး။

အဲ့ဒါကြောင့်
အသက်ကြီးလာတာနဲ့အမျှ
“ဘယ်နှစ်ယောက်နဲ့ ပေါင်းလဲ”
ဆိုတာထက်

“ဘယ်သူတွေနဲ့ ပေါင်းနေလဲ”
ဆိုတာက ပိုအရေးကြီးလာတယ်။

မိတ်ဆွေအရေအတွက် လျော့သွားတာကို
ဆုံးရှုံးမှုလို့ မမြင်ပါနဲ့။

တချို့လူတွေက
ကိုယ့်ဘဝထဲကို အချိန်တစ်ခုအတွက်ပဲ
ဝင်လာကြတာရှိတယ်။

တချို့က သင်ခန်းစာပေးဖို့လာတယ်။
တချို့က အမှတ်တရဖြစ်ဖို့လာတယ်။
တချို့ကတော့
တစ်သက်လုံး ဘေးမှာရှိဖို့လာတယ်။

ဘယ်သူက ဘယ်အမျိုးအစားလဲဆိုတာ
အချိန်ကပဲ ပြောပြသွားလိမ့်မယ်။

ဒါကြောင့်
အသက်ကြီးလာလို့
ဘေးမှာလူနည်းလာရင် မကြောက်ပါနဲ့။

တစ်ခါတလေ
လူနည်းလာတာက
ကိုယ့်ဘဝ ပိုအထီးကျန်လာတာမဟုတ်ဘူး။

ကိုယ့်ဘဝထဲမှာ
ဘယ်သူတွေကို တကယ်ထားသင့်လဲဆိုတာ
ပိုသိလာတာ ဖြစ်နိုင်တယ်။

နောက်ဆုံးမှာ
မိတ်ဆွေ ၁၀၀ ရှိဖို့ မလိုဘူး။

ကိုယ်လှဲကျသွားတဲ့အချိန်
ကိုယ့်ကို ပြန်ထူပေးမယ့်လူ
တစ်ယောက်ရှိရင်တောင် တန်ဖိုးရှိတယ်။

ကိုယ်မပြောဘဲ
ကိုယ့်အခြေအနေကို နားလည်ပေးမယ့်လူ
တစ်ယောက်ရှိရင်တောင် လုံလောက်တယ်။

ဘဝရဲ့အဆုံးမှာ
ကိုယ့်ဘေးမှာ ဘယ်နှစ်ယောက်ရှိခဲ့လဲဆိုတာထက်…

ဘယ်သူတွေက
တကယ်ရှိခဲ့ကြလဲဆိုတာက
ပိုအရေးကြီးတယ်။

#သူငယ်ချင်း

October  27,28,29အတွက် ရပါအုံးမယ်နော်🏡🏡🏡သီတင်းကျွတ်နဲ့တန်ဆောင်တိုင်  ပိတ်ရက်လေးတွေမှာ ကလောမြို့ ရဲ့ မြူေတွဆိုင်းတဲ့ဆောင်...
28/09/2026

October 27,28,29
အတွက် ရပါအုံးမယ်နော်
🏡🏡🏡
သီတင်းကျွတ်နဲ့တန်ဆောင်တိုင် ပိတ်ရက်လေးတွေမှာ ကလောမြို့ ရဲ့ မြူေတွဆိုင်းတဲ့ဆောင်းဦးရာသီအလှကိုခံစားပြီး
#တိမ်ပင်လယ်ကိုလည်းကြည့်ရင်း
ကလောမြို့လေးကို အလည်သွား ကြ
မယ်ဆို
H1 Vacation Home လေးမှာနေပီး #စိတ်အပန်းဖြေ
#သဘာဝတရားကြီးကိုခံစားဖို့
#တောတောင်သဘာဝအလှနဲ့ #ငှက်ကလေးတွေရဲ့တေးသီသံလေးတွေခံစားပီး
#တိမ်ပင်လယ်မှာကြည်နူးရင်း
#လည်ပတ်ဖို့စိတ်ဝင်စားရင် ၀၉၆၈၆၈၆၈၄၇၇ Helloလိုက်ပါနော်
villa (အိုးစည်တောင်အနီး
တိမ်ပင်လယ်view) ဝန်းထဲမှာရှိတဲ့
Vacation Homeလေးရဲ့
Facilities လေးတွေက
Master bedroom 3ခန်း
အခန်းတိုင်းရေပူရေအေးရ
ကော်ဖီ ခေါက်ဆွဲ လေးတွေနဲ့ကြိုဆိုပီး
#ကိုယ်တိုင်လည်းချက်ပြုတ်စားလို့ရတဲ့ Kitchen ေလးလဲရှိတယ်နော်
Wifi လေးလည်းရှိတဲ့အပြင်
ခြံကျယ် view ရှယ်လှ
ရှယ်သန့် အနားယူဖို့ ၁၀၀%
Viber Ph 09 686868477
ပိတ်ရက်အတွက်
ကြိုတင်booking လုပ်လို့ရပီနော်
🏡🏡🏡
ကလောမြို့ Kalaw villa မှာရှိတဲ့Vacation Home လေး
Address ကတော့
No: H1. H Road Kalaw villa
မြင်းကရွာ ကလောမြို့ ရှမ်းပြည်နယ်
ဖြစ်ပါတယ်နော်
🏡🏡🏡

🏡🏡🏡သီတင်းကျွတ်နဲ့တန်ဆောင်တိုင်  ပိတ်ရက်လေးတွေမှာ ကလောမြို့ ရဲ့ မြူေတွဆိုင်းတဲ့ဆောင်းဦးရာသီအလှကိုခံစားပြီး  #တိမ်ပင်လယ်က...
18/09/2026

🏡🏡🏡
သီတင်းကျွတ်နဲ့တန်ဆောင်တိုင် ပိတ်ရက်လေးတွေမှာ ကလောမြို့ ရဲ့ မြူေတွဆိုင်းတဲ့ဆောင်းဦးရာသီအလှကိုခံစားပြီး
#တိမ်ပင်လယ်ကိုလည်းကြည့်ရင်း
ကလောမြို့လေးကို အလည်သွား ကြ
မယ်ဆို
H1 Vacation Home လေးမှာနေပီး #စိတ်အပန်းဖြေ
#သဘာဝတရားကြီးကိုခံစားဖို့
#တောတောင်သဘာဝအလှနဲ့ #ငှက်ကလေးတွေရဲ့တေးသီသံလေးတွေခံစားပီး
#တိမ်ပင်လယ်မှာကြည်နူးရင်း
#လည်ပတ်ဖို့စိတ်ဝင်စားရင် ၀၉၆၈၆၈၆၈၄၇၇ Helloလိုက်ပါနော်
villa (အိုးစည်တောင်အနီး
တိမ်ပင်လယ်view) ဝန်းထဲမှာရှိတဲ့
Vacation Homeလေးရဲ့
Facilities လေးတွေက
Master bedroom 3ခန်း
အခန်းတိုင်းရေပူရေအေးရ
ကော်ဖီ ခေါက်ဆွဲ လေးတွေနဲ့ကြိုဆိုပီး
#ကိုယ်တိုင်လည်းချက်ပြုတ်စားလို့ရတဲ့ Kitchen ေလးလဲရှိတယ်နော်
Wifi လေးလည်းရှိတဲ့အပြင်
ခြံကျယ် view ရှယ်လှ
ရှယ်သန့် အနားယူဖို့ ၁၀၀%
Viber Ph 09 686868477
ပိတ်ရက်အတွက်
ကြိုတင်booking လုပ်လို့ရပီနော်
🏡🏡🏡
ကလောမြို့ Kalaw villa မှာရှိတဲ့Vacation Home လေး
Address ကတော့
No: H1. H Road Kalaw villa
မြင်းကရွာ ကလောမြို့ ရှမ်းပြည်နယ်
ဖြစ်ပါတယ်နော်
🏡🏡🏡

Address

H Road, Kalaw Villa
Kalaw
06022

Telephone

+959686868477

Website

Alerts

Be the first to know and let us send you an email when H1 Kalaw Villa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby travel agencies