18/09/2021
🛑အောက်တိုဘာ ၁၅ ရက်ရောက်တဲ့အခါ ထိုင်းနိုင်ငံကို လာရောက်နိုင်မယ့် နိုင်ငံခြားသား အုပ်စု ၂မျိုး ကွဲသွားနိုင်ပါတယ်
🛑 ပထမအုပ်စု။ ။ ကွာရန်တင်း ဝင်စရာမလိုတဲ့အုပ်စု
လာမယ့် အောက်တိုဘာ ၁၅ မှာတော့ ထိုင်းနိုင်ငံကို Visa အမျိုးအမျိုး ဖြင့် ထိုင်းနိုင်ငံသို့ ကွာရန်တင်းဝင်စရာမလိုပဲလာရောက်နိုင်တော့မှာပါ။ ယခုလတ်တလောမှာတော့ သတ်မှတ်ထားတဲ့မြို့တွေကိုသာ သွားခွင့်ပြုထားပြီးတော့ သွားရောက်လည်ပတ်နိုင်တဲ့ နေရာတွေကတော့ ဘန်ကောက် အပြင် Pattaya ,Hua Hin , Phuket ,Chaing Mai ,Chaing Rai စတဲ့နေရာများကို ကွာရန်တင်း ဝင်စရာမလိုပဲလါရောက်လည်ပါတ်နိုင်ပါတယ်။ အဆင့်ဆင့်ဖြေလျော့ပြီးတဲ့အခါမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာသွားလို့ရတော့မှာပါ။
လာရောက်နိုင်တဲ့ ဗီဇာတွေကတော့ ၁၄ ရက်ဗီဇာဖရီး ပြန်လည်အကြုံးဝင်လါနိုင်သော်လည်း လေကြောင်းလိုင်းများအါးလုံးရဲ့ လိုအပ်ချက်နဲ့အညီ အလျှင်အမြန် ပြန်ခွင့်ပြုမပြုဆိုတာ မပြောနိုင်သေးပါဘူး။ အခြားဗီဇာများဖြင့်သွါးလါသူများက ယခင်ကအတိုင်း Tourist Visa ,Non O များကို လွယ်လွယ်ကူကူ လျောက်ထားပြီး လါရောက်နိုင်ပါတယ်။
📍ထိုင်းနိုင်ငံမှ အသိမှတ်ပြုထားသည့်ကါကွယ်ဆေး အမျိုးအစားများမှာ -
✅Sinovac
✅AstraZeneca/Oxford
✅SK BIOSCIENCE AstraZeneca/Oxford
✅Pfizer/BioNTech
✅Covishield (Serum Institute of India)
✅Janssen Pharmaceutical – Johnson & Johnson
✅Moderna
✅Sinopharm
🛑 ဒုတိယအုပ်စု။ ။ ဆေးတစ်ကြိမ် သို့မဟုတ် ဆေးမထိုးရသေးသူ များဖြစ်ပါတယ်။
၁၄ ရက်ကွါရန်တင်းဝင်ရမှာဖြစ်လို့ ၁၄ ရက်ဗီဇာဖရီး ကိုအသုံးပြုခွင့် ပေးမှာမဟုတ်လောက်ပါဘူး။ Tourist Visa , Special Tourist Visa (STV) , Nan -O ,Nan -B စသဖြင့် ဗီဇာများလျောက်ပြီး လာရောက်နိုင်မှာဖြစ်ပါတယ်။ လည်ပတ်နိုင်တဲ့ နိုင်တဲ့နေရာတွေက ပထမအုပ်စုနဲ့ အတူတူပဲဖြစ်ပါတယ်။
Tourist ဗီဇာလျောက်ထားရန်။ ။ ထိုင်းနိုင်ငံသို့ လါရောက်ရန်အလွယ်ဆုံး ဗီဇာမှာ Tourist Visa ဖြစ်ပါတယ် ။ နေထိုင်ခွင့် ၂ လရပြီး 2021 နှစ်ကုန်အထိ ၂ လ တခါသက်တမ်းတိုးနေလို့ရပါတယ် ။
⏩ Step 1: : ကျန်းမာရေးအာမခံ ( Health Insurance ) လိုအပ်ပါသည်။ကျန်းမာရေးအာမခံဝယ်ယူရန် အေါက်ကလင့်ကိုနိုပ်ပါ။ ထိုင်းနိုင်ငံသါးများဝယ်ရန်မလိုပါ ။
Link: : https://tvc.in.th/INSURANCE
⏩ Step 2 : : လေယာဉ်လက်မှတ်ဝယ်ရန်
Relief Flight များကို MAI ,MNA စသည့် လေကြောင်းလိုင်းများတွင် လက်မှတ် စုံစမ်းပြီးလေယာဉ်လက်မှတ်ဝယ်ရပါမည်။
⏩ Step 3 :ကွာရန်တင်းဝင်မည့်ဟိုတည် ( ASQ ) ဘိုကင်လုပ်ရပါည်။
ဗီဇာလျောက်တဲ့အခါ သံရုံးမှာ ကွာရန်တင်းဝင်မယ့်ဟိုတယ်ရဲ့ ငွေရှင်းပြီး Hotel Confirm စာရွက် လိုအပ်ပါသည် ။ Booking .com သို့မဟုတ် Agoda , ASQ.in.th, စသည့်နေရာများမှ ကွါရန်တင်း ၁၄ ရက်စာ ဟိုတည် ဘိုကင် လုပ်ရပါမည် ။
⏩ Step 4: : Show Money
သံရုံးတွင် ဗီဇာလျောက်သည့်အခါတွင် ပိုင်ဆိုင်မူ့ပြသရန်လိုအပ်ပါသည် ။ ဘဏ်စာအုပ်ဖြင့် လက်ကျန်ငွေကို ဘဏ်စာအုပါ Update လုပ်ပြီး ပြနိုင်ပါသည်။ ယခုအချိန်မှာ Mobile Banking နဲ့လည်းပြလို့ ရနိုင်ပါတယ် ။
⏩ Step 5 : COE ( Certificate of Entry )
ဗီဇာ ရလာသောအခါ ထိုင်းနိုင်ငံထဲသို့ဝင်ရန် COE လိုအပ်ပါသည် ။ ၎င်းကို အွန်လိုင်းမှတစ်ဆင့်လျှောက်ထားနိုင်ပါသည်။ ( ပြန်လည်ဖြေလျော့လါနိုင်ဖွယ်ရာရှိ နောက်တက်တွဲသတင်းမသ်ရသေး )
COE လျှောက်ထားရန် Link - https://coethailand.mfa.go.th/
⏩ Step 6: : ကိုဗစ်စစ်ရန် RT-PCR Test
သံရုံးမှဗီဇာရလာသောအခါ ခရီးမသွါးမှီ 72 နာရီအတွင်း ကိုဗစ်စစ်ဆေးရမည်ဖြစ်ပြီး ၊ ရန်ကုန် ပန်းလှိုင် ဆေးရုံနှင့် National Hearth laboratory မှ ကိုဗစ်ရောဂါ ကင်းစင်ကြောင်း ထောက်ခံစာလိုအပ်ပါသည်။ ကိုဗစ်သွားစစ်ရင် လိုအပ်တာတွေက (၁) passport မိတ္တူ (၂) လေယာဉ်လက်မှတ် မိတ္တူ (သို့) print ထုတ်ထားသော E ticket (၃) ကိုဗစ်စစ်ခ မြန်မာငွေ ၂သိန်း (၂၀၀၀၀၀ ကျပ်တိတိ)
ကိုဗစ်စစ်ခြင်း အသေးစိတ်ကြည့်ရန် Link -
https://www.facebook.com/944307488954689/posts/3567428646642547/?d=n
⏩ Step 7: : ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့်အခါ အေါက်ပါ တို့ကိုပြင်ဆင်ထားရမည် ။
1. ထိုင်းလဝက ၏ T.8 document
2. Show Money ပြင်ဆင်ခြင်း
3. Passport သို့မဟုတ် C.I
4. လေယာဉ်လက်မှတ်
5. COVID-19 Travel Insurance
6. ASQ ကွာရန်တင်းဝင်မည့်ဟိုတည် မှ Confirm ဘေါက် ချာ ။
7. ထိုင်းနိုင်ငံသို့ဝင်ရောက်ရန် Certificate of Travel (COE)
8. မြန်မာနိုင်ငံတွင် 72 နာရီအတွင်း ကိုဗစ် ရောဂါရှိမရှိစစ်ဆေးထားသော RT-PCR Test လက်မှတ်
9. မိမိတို့ဖုန်းတွင် ThailandPlus App ကို install လုပ်ထားပါ။
⏩ Step 8: Start your quarantine
မိမိဘိုကင်လုပ်ထားတဲ့ ဟိုတယ်ရဲ့အစီအစဉ်ဖြင့် ကွါရန်တင်းဝင်ရောက်ရန် လေဆိပ်ကို ကားဖြင့်လာရောက်ကြိုဆိုပါလိမ့်မည်။
🛑 Special Tourist Visa (STV) လျောက်ထားရန်
STV Visa ဖြင့်လါရောက်မည့်သူများဟာ Tourist Visa ရိုးရိုးထက် တစ်လပိုမိုနေထိုင်ခွင့်ရှိပြီး လျောက်ထားရန်လိုအပ်ချက်တွေက Tourist Visa လျောက်ထားတာနဲ့ အဆင့်အားလုံးအတူတူဖြစ်ပြီးတော့ ထူးခြားချက်တစ်ခုအနေနဲ့ ထိုင်းနိုင်ငံမှ နေထိုင်မယ့် အိမ်ငှါးထားသည့်စာချုပ် ပြရမယ်ဆိုတဲ့ တစ်ချက်ပိုလာပါတယ်။
⏩ STV Visa လျောက်ရန်အသေးစိတ် ကြည့်ရန် Link - https://www.facebook.com/814657565295282/posts/3874033756024299/
🛑 ဒါတွေအကျိုးရှိလါနိုင်ပါတယ်။ ။ ဘန်ကောက်မှာ ပုဂ္ဂလိက ဆေးရုံများနဲ့ အစိုးရဆေးရုံတွေမှာ နိုင်ငံခြားသါးတွေလည်း ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရတဲ့အတွက် နောက်ဆို ထိုင်းလါပြီးဆေးလါထိုးကြမဲ့သူများကြပါလိမ့်မယ် ။ အထူးသဖြင့် အိမ်မှာ အသက် ၁၈ နှစ်အေါက် ခလေးရှိတဲ့ မိသါးစုတွေ ထိုင်းလါပြီးကိုဗစ်ကာကွယ်ဆေးထိုး နိုင်ပါတယ်။
🚫 မှတ်ချက်။ ။ အထက်ပါအကြောင်းအရာတွေဟာ ယခင်ကဗီဇာလျောက်ထားပုံတွေနဲ့ မကြာခင်ဖွင့်ပေးတော့မယ် ထိုင်းခရီးသွားကဏ္ဍကို ဘန်ကောက်လမ်းညွန်ကိုစိုင်းမှ သုံးသပ်တင်ပြထားတာဖြစ်ပြီး အောက်တိုဘာ (၁၅) မှာ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ဖွင့်ပေးမယ်ဆိုတာကိုတော့ ထိုင်းအစိုးရ ထုတ်ပြန်ချက်တွေထွက်လာတဲ့အခါ ဆက်လက်တင်ပြသွားပါမည်။
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း