Golden Orbit Travel & Tours -Travel Asia

Golden Orbit Travel & Tours -Travel Asia Golden Orbit Travel (Goမယ် ဒိုးမယ်)

ယနေ့ ၁ ရက် စက်တင်ဘာလ ၂၀၂၂ ခုနှစ်မှစတင်ကာ အောက်ပါနိုင်ငံ (၈)နိုင်ငံမှ ခရီးသွားများ မြန်မာနိုင်ငံသို့ Visa မလိုဘဲလာရောက်နိ...
01/09/2022

ယနေ့ ၁ ရက် စက်တင်ဘာလ ၂၀၂၂ ခုနှစ်မှစတင်ကာ အောက်ပါနိုင်ငံ (၈)နိုင်ငံမှ ခရီးသွားများ မြန်မာနိုင်ငံသို့ Visa မလိုဘဲလာရောက်နိုင်သည်။
(၁) စင်ကာပူ (၃၀ ရက်)
(၂) ဘရူနိုင်း (၁၄ ရက်)
(၃) ကမ္ဘောဒီးယား (၁၄ ရက်)
(၄) လာအို (၁၄ ရက်)
(၅)ဖိလစ်ပိုင် (၁၄ ရက်)
(၆) ထိုင်း (၁၄ ရက်)
(၇)ဗီယက်နမ် (၃၀ ရက်)
(၈) အင်ဒိုနီးရှား (၁၄ ရက်)

Source : evisa.moip.gov.mm

Credit kmmmk

 Yangon to BangkokYangon to DelhiYangon to SeoulYangon to Kuala Lumpur 📞📞Call me anytime09250150150
21/08/2022


Yangon to Bangkok
Yangon to Delhi
Yangon to Seoul
Yangon to Kuala Lumpur

📞📞Call me anytime

09250150150

 #လိုအပ်သူများအတွက်ကူးယူဖော်ပြပါတယ်Singapore ဘက်မှာ ရောက်နေသူရော Local မှာ နေထိုင်သူတွေပါ SG မှာ အလုပ် လုပ်ပြီး နေထိုင်ဖ...
02/08/2022

#လိုအပ်သူများအတွက်ကူးယူဖော်ပြပါတယ်

Singapore ဘက်မှာ ရောက်နေသူရော Local မှာ နေထိုင်သူတွေပါ SG မှာ အလုပ် လုပ်ပြီး နေထိုင်ဖို့ အတွက် လောလောဆယ်မှာ အလုပ်တွေခေါ်ယူနေသော company တိုက်ရိုက် ကိုယ်တိုင် email ပို့ပြီး လျှောက်ထားလို့ရနိုင်တာတွေ သိသလောက် ကိုယ်တိုင် စုစည်းပေးထားခဲ့တာပါ။ အလုပ်အကိုင်
ကောင်းများလည်း လျင်မြန်စွာ ရရှိပိုင်ဆိုင်ပြီး အေးချမ်းသာယာ ပြည့်စုံသော ဘဝတွေ မှာ နေထိုင်နိုင်ပါစေကြောင်း information များအား စေတနာထား မျှဝေကူညီပေးရုံမျှသာ

https://hr.mcc.sg:18001/

https://www.bhcc.com.sg/careers

https://www.kimly.com.sg/careers/

https://www.tiongaik.com.sg/page-career

https://fengming.com.sg/career/

https://kj.engineering/careers/

https://ncec.com.sg/careers/

https://www.wansern.com.sg/careers/

https://crf.com.sg/join-us/

https://www.deshingroup.com/career

https://www.chipengseng.com.sg/careers/

https://hsl.com.sg/careers/career-opportunities/

https://www.hsi.com.sg/career/

https://www.chuanholdings.com/career-page/

https://www.qingfeng.com.sg/career.html

https://www.smi-engrg.com.sg/careers

https://www.samwoh.com.sg/network-with-us/careers.html/

https://sunray.com.sg/join-us/

https://www.snk.com.sg/join-us/

https://www.newconbuilders.com.sg/careers/

http://www.kimsengheng.com/contact-us.html

https://sanwah.com.sg/career-opportunities/

https://zhongshengda.com.sg/join-us

https://www.tiongseng.com.sg/careers

https://www.stclassifieds.sg/section/sub/jobs/

စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်း နှင့်အတူ ကောင်းကျိုးလိုရာ များလည်း ပြည့်စုံစွာ ရရှိပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်ဗျ။

PS: : labour ဂဏ္ဍ မှာက အောက်ခြေ လုပ်သား နဲ့ Junior level ၊ supervisor အဆင့်တွေက တော့ လုပ်သား Agency တွေဆီမှတစ်ဆင့် ရယူလက်ခံထား တာမျိုးတော့ရှိနိုင်ပြီး Engineer level နဲ့ Management level အစရှိသဖြင့်တွေကတော့ company HR တွေ ကိုယ်တိုင် စီစစ်ပြီးသေချာမှ အလုပ်ခန့်အပ် နေရာပေးသော သဘောတရားမျိုးရှိနိုင်ပါကြောင်း information အနေနဲ့ အကြံပြု မျှဝေပေးရုံပါဗျ။

*****************************************

ကျွန်တော့်ရဲ့ CV နဲ့ cover letter ကိုတော့

https://flowcv.com/ ထဲမှာ ဝင်ရေးထားခဲ့တာပါ ။ အသေးစိတ်ပြင်ဆင်ရေးသားလို့ရပြီး စနစ်တကျလည်း ဖြစ်လို့ professional ဆန်စွာ ရေးလို့အဆင်ပြေပါတယ်။ CV နဲ့ cover letter တစ်ဦးချင်းစီ အတွက် တစ်စောင် စီ စိတ်ကြိုက်ပြင်ဆင် ရေးသားနိုင်ပြီး download ရယူပြီး သိမ်းထားလို့လည်းရပါတယ်။ အဲဒီ free ပေးသော CV နဲ့ cover letter တစ်ခု ဆီထဲမှာ လိုသလို စိတ်ကြိုက်ပြင်ရေးပြီး ပုံစံ အမျိုးမျိုး ဖြင့် လိုသလို ပြင်ဆင်ရေးသား နိုင်ပါတယ်။ website ထဲမှာ တော့ register လုပ်ပြီး ကိုယ်ပိုင် account တစ်ခု ဖွင့်ထားရပါမယ်ဗျ။

*******************************************

https://www.goodcv.com/

ဒီ website မှာ CV ရေးသား ဖြည့်စွက်လို့ရပါတယ်။
Ai နည်းပညာ အကူအညီ ဖြင့် coaching and guidelines စာသားတွေ အနေ နဲ့ ကိုယ်တိုင် CV ပြင်ဆင်ရေးသားတဲ့အခါ မှာ ဘယ်လိုမျိုးတွေ ရေးသင့်တယ်။ ဘယ်လိုအကြောင်းအရာတွေ ပါဝင်သင့်တယ်ဆိုတာမျိုးကို instructions note တွေ ပြသပြီး လမ်းညွှန်ပေးပါတယ်။ ကျွန်တော်ကတော့ ဒီ website ထဲကနေ CV နဲ့ cover letter တွေမှာ ပါဝင်ထည့်ရေးသင့်သော အကြောင်းအရာများကို လေ့လာပါတယ်။website ထဲမှာ တော့ register လုပ်ပြီး ကိုယ်ပိုင် account တစ်ခု ဖွင့်ထားရပါမယ်ဗျ။

***********************************************
Credit Thet Pine Htoo

​မေတ္တာဖြင့်

ထိုင်းနိုင်ငံကိုသွားရောက်မယ့်ခရီးသည်များ  ၂၀၂၂ ဇူလိုင် ၁ ရက်နေ့ မှ စတင်ပြီး⛔Thailand Pass⛔Travel Insurance  များ မလိုတော...
17/06/2022

ထိုင်းနိုင်ငံကိုသွားရောက်မယ့်ခရီးသည်
များ ၂၀၂၂ ဇူလိုင် ၁ ရက်နေ့ မှ စတင်ပြီး
⛔Thailand Pass
⛔Travel Insurance များ မလိုတော့ဘဲ

✅Passport
✅Air Ticket
✅Vaccinated Certificate

တို့ဖြင့် ပိုမိုလွယ်ကူစွာ သွားရောက်နိုင်တော့မှာ ဖြစ်ပါတယ်။

Vaccine Certificate မရှိသူတွေကတော့ PCR test (72 Hours) အတွင်းစစ်ပြီး Negative ဆို သွားလို့ရပါတယ်။

Available Services @
Golden Orbit Travels -𝐌𝐲𝐚𝐧𝗺𝐚𝐫
( since 2010)

✅International Tickets
✅Domestic Tickets
✅Worldwide Travel Insurance
✅Car Rental

📞09250150150
📞09799229959

Office : အမှတ် (၆၁)၊ ထန်းတပင်လမ်း ၊၁ ရပ်ကွက် ၊ ကမာရွတ်မြို့နယ်။

Tourist E Visa is available start from 15 May 2022 in Myanmar.မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့်သူများအတွက် အလည်အပတ်ဗီ...
12/05/2022

Tourist E Visa is available start from 15 May 2022 in Myanmar.

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့်သူများအတွက် အလည်အပတ်ဗီဇာ (Tourist Visa) ကို
မေလ ၁၅ ရက်မှ စတင်၍ Online မှတစ်ဆင့် ပြန်လည်လျှောက်ထားခွင့်ပြုလိုက်ပါပြီ။

 ုပ်ရင်ဘာတွေလို🔸အသစ်လုပ် / သက်တမ်းတိုး ဆိုရင်-ပတ်စပို့စ်အဟောင်း copy ( သက်တမ်းတိုး)-အိမ်ထောင်စုစာရင်း (ရှေ့+နောက်)-မှတ်ပ...
09/05/2022

ုပ်ရင်ဘာတွေလို

🔸အသစ်လုပ် / သက်တမ်းတိုး ဆိုရင်
-ပတ်စပို့စ်အဟောင်း copy ( သက်တမ်းတိုး)
-အိမ်ထောင်စုစာရင်း (ရှေ့+နောက်)
-မှတ်ပုံတင် (ရှေ့+နောက်)

🔸ကလေးဆိုရင်
-မွေးစာရင်း ရှေ့+နောက်
- သန်းခေါင်စာရင်း ရှေ့+နောက်
-မိဘမှတ်ပုံတင် ရှေ့+နောက်

-၁၀ နှစ်ပြည့်ပြီးပါက ၁၀ နှစ်မှတ်ပုံတင် ရှေ့+နောက်

လိုပါမယ် ၊

Online Appointment ဟာအလွန်အာရုံနောက်ပါတယ် ၊ ကူညီတဲ့စိတ်တစ်ဝက် နဲ့ လုပ်ပေးတာပါ

ဗမာ+ဗုဒ္ဓ တစ်ဈေး
သွေးနှော တစ်စျေး ပါ

ဟိုတယ်နှင့်ခရီးဦးစီးဌာနမှ ပေးပို့လာသော Commercial flight များအတွက် Hotel စာရင်း ဖြစ်ပါသည်။ခရီးသည်များအနေဖြင့် အလှည့်ကျဟိ...
17/04/2022

ဟိုတယ်နှင့်ခရီးဦးစီးဌာနမှ ပေးပို့လာသော Commercial flight များအတွက် Hotel စာရင်း ဖြစ်ပါသည်။

ခရီးသည်များအနေဖြင့် အလှည့်ကျဟိုတယ်သို့သာ လိုက်ပါသွားရမယ်လို့ သိရပါသည် ။ Local guests များ foreigner guests အတွက် သတ်မှတ်ထားသော 5 star hotel များတွင် တည်းခိုလိုပါက အလှည့်ကျ ဟိုတယ်တွင် တည်းခိုခွင့်ပြုမည်ဟု သိရပါသည်။

မနက်ဖြန် ၁၇.၄.၂၀၂၂ အတွက် Commercial flight ၅ စီးနဲ့ Relief flight ၁ စီး ရှိမှာ ဖြစ်ပါတယ်။

လေကြောင်းနှင့် လိုက်ပါ လာသူများ အနေနဲ့ မိမိတို့လိုက်ပါလာမဲ့ လေယာဉ်သည် Relief flight လား commercial flight လားဆိုတာ ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ Commercial flight တွင်လိုက်ပါလာပါက Test & Go အစီအစဉ်အရ Quarantine တစ်ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး Relief Flight ဖြစ်ပါက ဆေးမထိုး-၇ ရက် ၊ ဆေးထိုးပြီးသူ -၅ရက် Quarantine နေထိုင်ကြရမည်ဖြစ်ပါသည်။

ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီး လေယာဉ်မထွက်မှီ 72 Hr အတွင်း RT PCR result ရနိုင်သည့်နိုင်ငံများမှ ပြန်လာမည့် သင်္ဘောသားညီအစ်ကိုများအနေဖြင့် commercial flight များတွင်လိုက်ပါနိုင်ရေးအတွက် မိမိတို့ဒေသခံကိုယ်စားလှယ် SRPS များထံ ချိတ်ဆက်စီစဉ်ဆောင်ရွက်ကြစေလိုပါသည်။

ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီး 72Hr RT PCR result ပါလာသော်ငြားလည်း မိမိလိုက်ပါလာသည့်လေယာဉ်သည် Relief flight ဖြစ်ပါက ဆေးထိုးပြီးသူအဖြစ်သာမှတ်ယူပြီး Quarantine ကာလ (၅)ရက်နေထိုင်ရမည်ဖြစ်သည်ကို သိရှိနားလည်ပြီး Quarantine center များသို့ရောက်ရှိသည့်အခါ Quarantine (၅)ရက်နေထိုင်ရခြင်းကို ပြသနာမရှာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Commercial Flight များတွင်လိုက်ပါလာသူများအနေဖြင့် သတ်မှတ်ဟိုတယ်တွင်သာနေထိုင်ရမည်ဖြစ်ပြီး ဆေးစစ်ခ (၇၀၀၀၀)ကျပ်နှင့် ဟိုတယ်ခ တစ်ရက်စာ(ဆေးအဖြေရရှိမှုအပေါ်မူတည်ပါသည်) တို့ကို မိမိဘာသာပေးဆောင်ရမည်ဖြစ်သဖြင့်
Seafarer များ အနေဖြင့်
မိမိတို့ ကုမ္ပဏီများမှ အဆိုပါစားရိတ်ကို ကျခံပေးမည် / မိမိဘာသာပေးရမည် တို့ကို ကြိုတင်ရှင်းလင်းစွာ မေးမြန်းထားကြဖို့လိုမည်ဟု မြင်ပါသည်။
(Commercial flight များဖြင့်လိုက်ပါလာသူများအနေဖြင့် သတ်မှတ်အလှည့်ကျ Hotel များတွင်သာ Quarantine တွင်သာ တစ်ရက်နေထိုင်ရမည်ဖြစ်ပြီး Facility Quarantine Center များတွင်နေထိုင်ခွင့်ရမည်မဟုတ်ပါ။)

Crd

03/04/2022

⭐️⭐️နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများ Online Appointment စနစ်ဖြင့် Online Booking ရက်ချိန်းရယူခြင်းအတွက် လမ်းညွှန်⭐️⭐️

🔺Online booking တင်ခြင်းနှင့်ပတ်သက်၍အခက်အခဲများရှိပါက WIN Travel Myanmar မှ ဝန်ဆောင်မှုများပေးဆောင်နေပြီဖြစ်တာကြောင့် အသေးစိတ်အချက်အလက်များနှင့် လိုအပ်သည့်စာရွက်စာတမ်းများအတွက် 09 880156709/ 09429555855 ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါပြီ….🔺🔺🔺

🔸၁။ ကွန်ပြူတာ ၊ မိုဘိုင်းဖုန်းဖြင့် www.passport.gov.mm website သို့၀င်ရောက်ပါ။

🔸၂။ Website တွင် online booking ပြုလုပ်ရန်အတွက် (လျှောက်ထားရန်) ခလုတ်ကိုနှိပ်ပါ။
၃။( လျှောက်မည့်ရုံးခွဲ၊မြို့နယ်) တွင် Online Appointment စနစ်အား လက်ရှိရန်ကုန်မြို့အတွက်သာ စတင်အသုံးပြုမည်ဖြစ်သည့်အတွက် သီးခြားရွေးချယ်ရန်မလိုအပ်ပါ။

🔸၄။(နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်လျှောက်ထားလိုသည့်ရက်)နောက်ရှိအကွက်တွင်ကလစ်နှိပ်ပါ။

🔸၅။ပေါ်လာသည့် လ ဇယားကွက်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးသို့မိမ်ိသွားရောက်လျှောက်ထားလိုသည့်ရက်အားရွေးချယ်ကလစ်နှိပ်ပါ။ရုံးပိတ်ရက်များကိုရွေးချယ်၍မရပါ။စနစ်တွင် online booking ပြုလုပ်သည့်နေ့မှ ၁၄ ရက်အတွင်းရှိ ရုံးဖွင့်ရက်များကိုသာရွေးချယ်ရက်ချိန်းရယူနိုင်ပါမည်။

🔸၆။( နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်လျှောက်ထားလိုသည့်အချိန်) တွင် အချိန်အပိုင်းအခြား ၅ ပိုင်း ခွဲခြားထားသည့်အနက် မိမိသွားရောက်လိုသည့် အချိန်ကို ကလစ် နှိပ်ပါ။ လူ 0 ဦးသာကျန်ရှိကြောင်း ပြထားပါက ထပ် မံလျှောက်ထား ၍မရတော့ပါ။

🔸၇။အချိန်အပိုင်းအခြားတစ်ခုအားရွေးချယ်ပြီးပါက မိသားစု၀င် ၃ ဦး နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားမည်ဆိုလျှင် (ပူးတွဲ လျှောက်ထားလိုသည့် ဦးရေတွင် 3 ကိုရွေးပါ။

🔸၈။စနစ်အားမလိုလားအပ်သော အင်တာနက်မှ တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် ( လုံခြုံရေးစိစစ်ရန်အတွက် ပုံတွင်ပြထားသည့် စာသားများရိုက်ပါ) ဟူသောပုံတွင်ပေါ်နေသည့် စာသားကိုအောက်ဘောင်အတွင်းတွင်ရိုက်ပါ။အောက်ပါနမူနာပုံစံ စာသားအရ FRQV12ဆိုသည့်စာသားကို ရိုက်ထည့်ရပါမည်။ပြီးလျှင် next ကိုနှိပ်ပါ။

🔸၉။next နှိပ်ပြီးပါက မိမိရွေးချယ်ခဲ့သည့် လျှောက်ထားမည့်ရက်၊ အချိန် နှင့်ဦးရေများပေါ်လာပါမည်။ထို့နောက် ရက်ချိန်းရယူမည့်နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူ၏ အမည် ၊ အဖအမည်၊ မွေးဖွားသည့်ရက် ၊ ကျား၊မ နှင့် န်ိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို ဖြည့်စွက်၍ Add ခလုတ်ကိုနှိပ်၍ တစ်ဦးချင်းစီ၏အချက်အလက်များကို ဆက်တိုက် ဖြည့်သွင်းသွားရပါမည်။

🔸၁၀။အချက်အလက်ဖြည့်သွင်းရာတွင် လျှောက်ထားသူသည် အသက်၁၀ နှစ်အောက် ကလေးဖြစ်ပါက န်ိုင်ငံသားစိစစ်ရေးကတ်အစား ( မွေးစာရင်း) ဟုရွေးချယ်၍ ဖြည့်သွင်းရပါမည်။ အသက်၁၀နှစ်အထက် လျှောက်ထားသူတိုင်းသည် န်ိုင်ငံသားစိစစ်ရေးကတ် လက်၀ယ်ရရှိပြီးဖြစ်ရပါမည်။ ရဟန်း ၊ ကိုရင် နှင့် သီလရှင်များ လျှောက်ထားရာတွင် ( သာသနာ့၀န်ထမ်း မှတ်ပုံတင် ) ဟုရွေးချယ်ဖြည့်သွင်းရပါမည်။

🔸၁၁။ မိမိဖြည့်သွင်းထားသည့်လျှောက်ထားသူ၏အချက်အလက်များကိုတစ်စုံတစ်ခုပြင်ဆင်လိုပါက လျှောက်ထားသူအမည်နောက်ရှိ Edit ဟူသောစာသားကိုနှိပ်၍ပြင်ဆင်နိုင်ပါသည်။

🔸၁၂။ အချက်အလက်ဆက်လက်မဖြည့်သွင်းဘဲ အချိန်ကြာမြင့်နေပါက အသိပေးချက် screen ပေါ်လာပါမည်။ စနစ်အားဆက်လက်လုပ်ဆောင်လိုပါက ( ဆက်လုပ်မည်) ကိုနှိပ်၍ ရပ်ဆိုင်းလိုပါက ( ပယ်ဖျက်မည်) ကိုနှိပ်ပါ။

🔸၁၃။သတ်မှတ်ချိန်တစ်ခုအထိ မည်သည့်လုပ်ဆောင်ချက်မှ မလုပ်ပါက ( သတ်မှတ်ထားသောအချိန်ကျော်လွန်သွားပါပြီ) ဟူသောအသိပေးစာသားပေါ်၍ စနစ်မှထွက်သွားမည်ဖြစ်ပြီး အစမှ ပြန်လည်စတင်အသုံးပြုရပါမည်။

🔸၁၄။ အချက်အလက်များဖြည့်သွင်းပြီးပါက Finish & Save ကိုနှိပ်ပါ။

🔸၁၅။ Finish & Save ကိုနှိပ်ပြီးလျှင် လျှောက်ထားသူတစ်ဦးချင်စီ၏ Passport Online Appointment Letter ကိုရရှိပါမည်။ ယင်းအတည်ပြုလွှာကို ဖုန်း၏ screen capture ပြုလုပ်ဓါတ်ပုံရိုက်ယူ၍သော်လည်းကောင်း၊ Print ဟူသော ခလုတ်ကိုနှိပ်၍ စာရွက်ထုတ်ယူ၍သော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ အတည်ပြုလွှာကို Email တွင် သိမ်းဆည်းလိုပါက (Appointment Letter အား Email မှလက်ခံရန်) ဟူသော အကွက်တွင် မိမိ၏ Email ကိုဖြည့်သွင်းပါ။

🔸၁၆။ Passport Online Appointment Letter အတည်ပြုလွှာအား လျှောက်ထားသူအလိုက်ပြောင်းလဲ၍ ဖုန်းဖြင့် screen capture / print ထုတ်ခြင်း ပြုလုပ်ရန်အတွက် Previous / Next ခလုတ်များကိုနှိပ်၍သော်လည်းကောင်း လျှောက်ထားသူအမှတ်စဉ်ကို နှိပ်၍သော်လည်းကောင်း ပြောင်းလဲလုပ်ဆောင်နိုင်ပါသည်။

🔸၁၇။ မိမ်ိ၏ Email တွင်၀င်ရောက်ထားသော Passport Online Appointment Letter များကို Download ပြုလုပ်၍ Print ထုတ်ခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။

🔸၁၈။ Online Booking ပြုလုပ်ထားသော အချက်အလက်များအား ပြန်လည်အတည်ပြုလိုပါက Website ရှေ့ဆုံးစာမျက်နှာရှိ View Booking Info စာသားကိုနှိပ်ပါ။

🔸၁၉။ View Info တွင်လျှောက်ထားသူ၏ အမည်နှင့်မှတ်ပုံတင်ကို ဖြည့်သွင်း၍ကြည့်နိုင်ပါသည်။

🔸၂၀။မှတ်ပုံတင်မရှိသောကလေးငယ်များဖြစ်ပါက ( မှတ်ပုံတင်မရှိသူများ) ကိုရွေးချယ်၍ အမည်၊မွေးရက်နှင့် အဖအမည်တို့ကို ဖြည့်သွင်း၍ ကြည့်ရှုနိုင်ပါသည်.

🔸၂၁။ လျှောက်ထားသူတစ်ဦးအနေဖြင့် မိမိရွေးချယ်ထားသည့် ရက်တစ်ရက်နှင့် အချိန်တစ်ခုအား ရက်ချိန်းရယူပြီးပါက Online Appointment စနစ်တွင် အခြားရက်ထပ်မံရက်ချိန်းရယူ၍မရပါ။ ယခင်ရယူထားသော ရက်ချိန်းအားအရင်ပယ်ဖျက်၍ ( ပြောင်းလဲတင်လိုပါသလား) ဟုစနစ်မှလာရောက်မေးမြန်းလျှင် Yes ကိုနှိပ်ပြီး ပြောင်းလဲတင်နိုင်ပါသည်။

🔸၂၂။ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးသို့လာရောက်သည့်အချိန်တွင် ၀င်ပေါက်တွင် တစ်ဦးချင်းစီမှ Print ထုတ်၍ ကိုင်ဆိုင်လာသော Passport Online Appointment Letter ကို ပြသ၍သော်လည်းကောင်း ဖုန်းတွင် screen capture ပြုလုပ်၍ ဓါတ်ပုံရိုက်ယူခဲ့သောပုံအား ဖုန်းဖြင့်ပြသ၍သော်လည်းကောင်း ရက်ချိန်းရယူပြီးဖြစ်ကြောင်း အတည်ပြုပြီး မှသာရုံးတွင်းသို့ ၀င်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။

www.passport.gov.mm

CRD: WinTravelMyanmar

Address

No. 61, Htan Tapin Street, Kamayut Township, Yangon
Kamayut
11041

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 14:00

Telephone

+959250150150

Website

Alerts

Be the first to know and let us send you an email when Golden Orbit Travel & Tours -Travel Asia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Orbit Travel & Tours -Travel Asia:

Shortcuts

Share

Category