Kawthaung Tour

Kawthaung Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kawthaung Tour, Travel Company, Kawthaung.

မြိတ်ကျွန်းစုရဲ့ အလှဆုံးကျွန်းကို ရှာဖွေနေတယ်ဆိုရင် သေချာပါတယ်။အဲဒါ ညောင်ဦးဖီးကျွန်းကို ရှာဖွေနေတာပါဘဲ့။မြိတ်ကျွန်းစုရဲ့...
27/10/2023

မြိတ်ကျွန်းစုရဲ့ အလှဆုံးကျွန်းကို ရှာဖွေနေတယ်ဆိုရင် သေချာပါတယ်။

အဲဒါ ညောင်ဦးဖီးကျွန်းကို ရှာဖွေနေတာပါဘဲ့။

မြိတ်ကျွန်းစုရဲ့ သဘာဝကျွန်းအလှအပကို ကြည့်ရှုခံစားချင်တယ်ဆိုရင် Kawthaung Tour ကို သာ သတိရပါတယ်။

ပျောက်ဆုံးနေတဲ့ သုခဘုံကို ရှာဖွေချင်နေတာ သင်တစ်ယောက်တည်းမဟုတ်တာ သေချာပါတယ်။မြိတ်ကျွန်းစုရဲ့ အလှပဆုံးသော ကျွန်းတွေဆီ လည်ပ...
15/09/2023

ပျောက်ဆုံးနေတဲ့ သုခဘုံကို ရှာဖွေချင်နေတာ သင်တစ်ယောက်တည်းမဟုတ်တာ သေချာပါတယ်။

မြိတ်ကျွန်းစုရဲ့ အလှပဆုံးသော ကျွန်းတွေဆီ လည်ပတ်ချင်တယ်ဆိုရင် ကျွန်ုပ်တို့ကိုသာ မမေ့ပါနဲ့။

Don't forget, we are here to give you the best.

မြန်မာပြည်တောင်ဖျားမြိတ်ကျွန်းစုကျွန်းများ🏝 ဒီမြင်ကွင်းကို ရုတ်တရက် ကြည့်လိုက်ရင် နိုင်ငံခြားတိုင်းပြည်တစ်ခုခုက ဓာတ်ပုံတ...
08/04/2023

မြန်မာပြည်တောင်ဖျား
မြိတ်ကျွန်းစုကျွန်းများ
🏝 ဒီမြင်ကွင်းကို ရုတ်တရက် ကြည့်လိုက်ရင် နိုင်ငံခြားတိုင်းပြည်တစ်ခုခုက ဓာတ်ပုံတွေလို့ ထင်မိမှာ မလွှဲပါ။
🏝ဒါပေမဲ့ ဓာတ်ပုံထဲက မြင်ကွင်းတွေအားလုံးဟာ မြန်မာနိုင်ငံကဖြစ်ပါတယ်
အဲလိုကျွန်းနှင့်ကမ်းခြေတွေဆီ အလည်အပတ်သွားချင်တယ်ဆိုရင် Kawthaung Tour ရှိတယ်နော်

2022 ရဲ့ အမှတ်တရတွေကို သိမ်းထားပြီး 2023 ဆီ ဆက်သွားပါရစေ။ဒါနဲ့ စကားမစပ် မြိတ်ကျွန်းစုရဲ့ အလှဆုံးကျွန်းတွေဆီ သွားရောက်လည်...
31/12/2022

2022 ရဲ့ အမှတ်တရတွေကို သိမ်းထားပြီး 2023 ဆီ ဆက်သွားပါရစေ။

ဒါနဲ့ စကားမစပ် မြိတ်ကျွန်းစုရဲ့ အလှဆုံးကျွန်းတွေဆီ သွားရောက်လည်ပတ်ချင်တယ်ဆိုရင် Kawthaung Tour ကို မမေ့ပါနဲ့နော်...

ပင်လယ်ကျွန်းတွေကို သဘောကျပြီး ရေကြည်တာကိုမှ အသည်းခိုက်ပါတယ်ဆိုတဲ့ ခရီးသွားဧည့်သည်တို့အတွက် အသင့်တော်ဆုံးထဲက အသင့်တော်ဆုံ...
11/11/2022

ပင်လယ်ကျွန်းတွေကို သဘောကျပြီး ရေကြည်တာကိုမှ အသည်းခိုက်ပါတယ်ဆိုတဲ့ ခရီးသွားဧည့်သည်တို့အတွက် အသင့်တော်ဆုံးထဲက အသင့်တော်ဆုံးကိုပြပါဆိုရင် မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ကော့သောင်းမြို့ကတစ်ဆင့် လည်ပတ်ရတဲ့ ညောင်ဦးဖီးကျွန်းကို ညွှန်းပါရစေ။

ညောင်ဦးဖီးကျွန်းဟာဆိုရင် ကော့သောင်းမြို့ကနေ ရေမိုင် (၄၀) ကျော် အကွာမှာတည်ရှိတဲ့ တနင်္သာရီတိုင်းရဲ့ အင်မတန်လှပတဲ့ကျွန်းတွေထဲကတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

ညောင်ဦးဖီးကျွန်းမှာ Snorkeling လုပ်ရင်း လှပတဲ့သန္တာကျောက်တန်းကြီးတွေရယ် ကြည်လဲ့နေတဲ့ပင်လယ်ရေအောက်မှာရှိ့တဲ့ အလှတရားတွေကိုခံစားဖို့
မြိ​တ်​ကျွန်းစုဘက်ကို ခရီးထွက်ဖို့ စဉ်းစားနေတယ်ဆိုရင် ညောင်ဦးဖီးကျွန်းကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

မြိတ်ကျွန်းစုရဲ့ အသည်းနှလုံးကျွန်းဖြစ်တဲ့ ကြက်မောက်ကျွန်းမြိတ်ကျွန်းစုကို လာရောက်လည်ပတ်တဲ့ခရီးသွားဧည့်သည်များ အကြိုက်ဆုံ...
28/10/2022

မြိတ်ကျွန်းစုရဲ့ အသည်းနှလုံးကျွန်းဖြစ်တဲ့ ကြက်မောက်ကျွန်း

မြိတ်ကျွန်းစုကို လာရောက်လည်ပတ်တဲ့ခရီးသွားဧည့်သည်များ အကြိုက်ဆုံး နဲ့ စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံးကျွန်းဖြစ်တဲ့ ကြက်မောက်ကျွန်းကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

၁၁၅ ကျွန်း၁၁၅ ကျွန်းသည် ကော့သောင်းမြို့၏ ၃၈ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ၁၁၅ ကျွန်းတွင် ရှည်လျှားကျယ်ဝန်းပြီး ဖြူဖွေးတ...
18/10/2022

၁၁၅ ကျွန်း

၁၁၅ ကျွန်းသည် ကော့သောင်းမြို့၏ ၃၈ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ၁၁၅ ကျွန်းတွင် ရှည်လျှားကျယ်ဝန်းပြီး ဖြူဖွေးတဲ့ သဲသောင်ပြင်ရှိပါတယ်။ Snorkeling လုပ်ဖို့အတွက်အကောင်းဆုံးတစ်နေရာဖြစ်ပြီး အရောင်အသွေးစုံလင်တဲ့ငါးများ၊ လှပတဲ့သန္တာကျောက်တန်းများကို အနီးကပ်လေ့လာနိုင်ပါတယ်။ ထို့အပြင် ခရီးသွားများ အနေနဲ့ကယက်လှေများဖြင့်လည်း လှော်ခတ် အပန်းဖြေနိုင်တယ်လို့ သိရပါတယ်။ ၁၁၅ ကျွန်းမှခံစားကြည့်ရှုနိုင်မယ့် Andaman ပင်လယ်ရဲ့ နေဝင်ချိန်အလှဟာ အလွန်လှပနှစ်လိုဖွယ်ကောင်းတယ်လို့ သိရပါတယ်။

သွားဖို့ဆန္ဒရှိရုံနဲ့ ဟယ်လို သာ လုပ်လိုက်ပါ။

မြို့ပြရဲ့ ရှုပ်ယှက်ခတ်နေမှုကို လူ့စိတ်ကို ညစ်နွမ်းစေတယ်။ညစ်နွမ်းနေတဲ့စိတ်ကို ကုသဖို့ အကောင်းဆုံးကတော့ တိတ်ဆိတ်တဲ့ သဘာဝပ...
13/10/2022

မြို့ပြရဲ့ ရှုပ်ယှက်ခတ်နေမှုကို လူ့စိတ်ကို ညစ်နွမ်းစေတယ်။

ညစ်နွမ်းနေတဲ့စိတ်ကို ကုသဖို့ အကောင်းဆုံးကတော့ တိတ်ဆိတ်တဲ့ သဘာဝပတ်ဝန်းကျင်မှာ အနားယူခြင်းပါဘဲ့.

အဲတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ မြိတ်ကျွန်းစုမှာ လာရောက်အနားယူချင်တယ်ဆိုရင်တော့ ဒေသခံ ခရီးသွားကုမ္ပဏီတစ်ခုဖြစ်တဲ့ Kawthaung Tour ကို ဆက်သွယ်ဖို့ ချီတုံချတုံဖြစ်မနေပါနဲ့။

အခုဘဲ့ ဆက်သွယ်စုံစမ်းကြည့်လိုက်ပါ။

သီတင်းကျွတ်လပြည့်နေ့သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန...
08/10/2022

သီတင်းကျွတ်လပြည့်နေ့

သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။

မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားသခင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။

အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ င်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။

နောက်နှစ် သီတင်းကျွတ်မှ လင်နောက်လိုက်‌တော့ ညီမလေးဒီနှစ်တော့ ပင်လယ်ကျွန်းတွေဆီဘဲ့ လိုက်ခဲ့ပါ။
05/10/2022

နောက်နှစ် သီတင်းကျွတ်မှ လင်နောက်လိုက်‌တော့ ညီမလေး

ဒီနှစ်တော့ ပင်လယ်ကျွန်းတွေဆီဘဲ့ လိုက်ခဲ့ပါ။

Address

Kawthaung
14091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959455266648

Website

Alerts

Be the first to know and let us send you an email when Kawthaung Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category