Miss Garden Travels&Tours

Miss Garden Travels&Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Miss Garden Travels&Tours, Travel Company, Kawthaung.

10/03/2016
နဂတွေ
10/03/2016

နဂတွေ

မြိတ်မြို့ တော်ဝန်လင်းပင်ထိပ်တင်ဒွေးရဲ့မှတ်တမ်းလေးပါ
10/03/2016

မြိတ်မြို့ တော်ဝန်
လင်းပင်ထိပ်တင်ဒွေးရဲ့မှတ်တမ်းလေးပါ

10/03/2016
ကော့သောင်းမြိ့ မှာပါ
10/03/2016

ကော့သောင်းမြိ့ မှာပါ

vigin islands for island recreation tours
09/01/2016

vigin islands for island recreation tours

မနက်ဖြန် ပိန္နဲကျွန်းအပန်းဖြေခရီးစဉ်၏လက်ကျန်လက်မှတ်များကိုအမြန်ယာဉ်မထွက်ခွာမှီဆိပ်ငယ်ဘောတံတားတွင် ဟိုင်ဖိုင်လက်မှတ်အရောင်...
09/01/2016

မနက်ဖြန် ပိန္နဲကျွန်းအပန်းဖြေခရီးစဉ်၏လက်ကျန်လက်မှတ်များကိုအမြန်ယာဉ်မထွက်ခွာမှီ
ဆိပ်ငယ်ဘောတံတားတွင် ဟိုင်ဖိုင်လက်မှတ်အရောင်းဌါနမှရောင်းချပေးသွားမည်ဖြစ်ပါ၍ နံနက်၆နာရီထက်နောက်မကျစေပဲ့ဝယ်ယူ လိုက်ပါနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။

09/01/2016
09/01/2016

♻️ အခွင့်အရေးနှင့်တာဝန်၊ သဘောထားမှန်ပါစေ ♻️

💦 ဖြစ်နိုင်သမျှအကောင်းဆုံးဖြစ်လာဖို့က အဓိက 💦

💐💐💐
You have one and only one central need in your life to become the best that you can to realize the best of your potential.
သင့်ဘဝမှာ အဓိကအကျဆုံး၊ အခြေခံအကျဆုံး၊ အချက်အချာအကျဆုံးလိုအပ်ချက် တခုပဲရှိပါတယ်။ အဲဒါဘာတုံးဆိုတော့ "ကိုယ့်ကိုယ်ကိုကိုယ် ဖြစ်နိုင်သမျှအကောင်းဆုံးဖြစ်လာဖို့။" ကိုယ့်မှာ အရည်အချင်းတွေအများကြီးရှိတဲ့ထဲက အကောင်းဆုံးအရည်အချင်းကို အကောင်အထည်ဖေါ်ဖို့။ အဲဒါဟာ သင့်ဘဝမှာတခုတည်းသော အချက်အချာအကျဆုံး၊ အဓိကအကျဆုံး လိုအပ်ချက်ဖြစ်ပါတယ်။ အဲဒါကိုလုပ်နိုင်ပြီဆိုရင် ကိုယ့်ဘဝကိုကိုယ် သိပ်ကျေနပ်မှာပဲ။ ရှိသမျှပစ္စည်းဥစ္စာတွေ တခုမှမကျန်အောင် ဆုံးရှုံးသွားပါစေဦး။ ကိစ္စမရှိဘူး။ ခံနိုင်ရည်ရှိသွားတယ်နော်။

💐💐💐
It is safe calm and peaceful deep inside.
ဟိုး အတွင်းထဲမှာ၊ နက်နက်ရှိုင်းရှိုင်း ဟိုး အတွင်းထဲမှာ Safe အန္တရာယ် ကင်းနေတယ်။ calm ငြိမ်သက်နေတယ်။ Peaceful ငြိမ်းချမ်းနေတယ်။
စိတ်ရဲ့အပေါ်ယံမှာ လှုပ်ရှားနေတယ်၊၊ အတွင်းကိုရောက်အောင် သွားပါ။ အတွင်းမှာ ငြိမ်သက်နေတယ်။ ငြိမ်းချမ်းနေတယ်၊၊ ဒီအပေါ်ယံစိတ်က 'ငါ' ဆိုတဲ့စိတ် ဖြစ်နေတာ။ ကိုယ့်ကိုယ်ကို 'ငါ' လို့ ထင်နေတာ ဒီအပေါ်ယံ စိတ်ကလေးပဲ။ ဒီအပေါ်ယံစိတ်ကပဲ အမျိုးမျိုးမြင်၊ အမျိုးမျိုးကြားရတဲ့အခါမှာ လှုပ်ရှားတယ်။ လုံးဝတည်ငြိမ်မှု မရှိဘူး၊၊ သိပ်ယောက်ယက်ခတ်တယ်။ အဲဒါကို တရားထိုင်လိုက်တဲ့အခါမှာ နဲနဲလေး စိတ်တည်ငြိမ်သွားပြီဆိုရင် စိတ်က အတွင်းကို ပြန်ဝင်သွားသလိုပဲ။ ပြင်ပက မြင်ရတာ ကြားရတာတွေကို ပြန်မတုံ့ပြန်တော့ဘူး၊၊ သိရုံလေးပဲ သိပြီးတော့ နေလိုက်တယ်။ မြင်ကာမျှ၊ ကြားကာမျှ၊ သိကာမျှ၊၊ အဲဒီထက် ပိုပြီးတော့ အတွင်းကျသွားရင် ပိုပြီးတော့ ငြိမ်သက်တယ်။ အဲဒီထက် ပိုပြီးတော့ အတွင်းကျသွားရင် ပိုပြီးတော့ ငြိမ်သက်တယ်။

💦 ငါမပိုင်ဆိုင်တဲ့ ငြိမ်းချမ်းမှု 💦

💐💐💐
တရားထိုင်တဲ့အခါမှာ မျက်နှာမှာတင်းနေတာကို သိတယ်။ လျှော့လိုက်တယ်။ မျက်လုံးတွေ တင်းနေတယ်၊ လျှော့လိုက်တယ်။ ပါးတွေညောင်းနေတယ်၊ သိတယ်၊ အဲဒါကိုအသာလေးလျှော့။ တကိုယ်လုံး ရှိသမျှ လျှော့ချလိုက်တော့ တကိုယ်လုံး ဥပေက္ခာဖြစ်သွားတဲ့အခါမှာ အဲဒီဥပေက္ခာကို သိနေတယ်။ အဲဒီဥပေက္ခာကို သိနေတဲ့စိတ်ကလည်း ဥပေက္ခာပဲ ဖြစ်နေတယ်။
ဥပေက္ခာဝေဒနာကိုသိတဲ့စိတ်မှာ ဥပေက္ခာပဲဖြစ်နေတယ်။ အစမှာတော့ နဲနဲပါးပါး သဘောကျတဲ့စိတ်တော့ ဖြစ်ချင်ဖြစ်မှာနော်။ ဒါပေမဲ့ ကြာလာတဲ့အခါမှာ အဲဒီစိတ်ကလည်းဥပေက္ခာပဲဖြစ်ပြီးတော့ အဲဒီဥပေက္ခာဖြစ်နေတဲ့စိတ်ကိုပါ တခါပြန်ပြီးတော့ သိနေတယ်။ ဥပေက္ခာ ဖြစ်နေတယ်ဆိုတာ သိနေတယ်။ အဲဒီစိတ်ထဲမှာ ငြိမ်းချမ်းနေတယ်။ အဲဒီငြိမ်းချမ်းတာကိုလည်း သိနေတယ်။ စိတ်ထဲမှာ တည်ငြိမ်နေတယ်။ အဲဒီတည်ငြိမ်တာကိုလည်း သိနေတယ်။ စိတ်ထဲမှာအေးနေရင် အေးနေတာကလေးကိုလည်း သိနေတယ်။ ရင်ထဲမှာရော စိတ်ထဲမှာရော လျှော့လျှော့လေး၊ သက်သက်သာသာလေး ရှိနေတယ်။ တင်းတာ၊ ကျပ်တာ ဘာမှမရှိဘူး။ အဲဒါကိုလည်း သိနေတယ်။ အဲသလို သိပြီးတော့ ဆက်ပြီးတော့ အားထုတ်သွားရမယ်နော်။

💐💐💐
ပထမစလိုက်တာတော့ ကာယာနုပဿနာ၊ ပြီးတော့ ဝေဒနာနုပဿနာ၊ ပြီးတော့ စိတ္တာနုပဿနာ၊ ပြီးတော့ စိတ်ရဲ့အတွင်းအခြေအနေဖြစ်တဲ့ တည်ငြိမ်မှုတို့၊ အေးချမ်းမှုတို့ကျတော့ ဓမ္မာနုပဿနာဖြစ်သွားပြီ။ သမာဓိကိုသိရင် ဓမ္မာနုပဿနာဖြစ်တယ်။ ပီတိကိုသိရင် ဓမ္မာနုပဿနာဖြစ်တာပဲ။ ပဿဒ္ဓိကိုသိရင် ဓမ္မာနုပဿနာဖြစ်တာပဲ။ ဥပေက္ခာကိုသိရင် ဓမ္မာနုပဿနာဖြစ်တာပဲ။
အဲသလို စိတ်ထဲမှာ အားလုံးဥပေက္ခာဖြစ်ပြီးငြိမ်းချမ်းနေတဲ့အခါမှာ ပထမတော့ ငါငြိမ်းချမ်းတယ်လို့ ခံစားရတယ်။ ငါ ပါနေတယ်နော်။ ဒီလိုနဲ့ဆက်ပြီးတော့ အားထုတ်သွား၊ အားထုတ်သွား၊ အားထုတ်သွား၊ ကြာလာတဲ့အခါမှာ ငါ မပါတော့ဘဲနဲ့ ငြိမ်းချမ်းတယ်ဆိုတာပဲ ရှိတော့တယ်။ ငြိမ်းချမ်းမှုဟာ အနတ္တ ဖြစ်သွားပြီနော်။ ငါ့ရဲ့ငြိမ်းချမ်းမှု မဟုတ်ဘူး။ ငါပိုင်ဆိုင်တဲ့ ငြိမ်းချမ်းမှု မဟုတ်ဘူး။ ငြိမ်းချမ်းမှုဆိုတာ သဘာဝတရားတခုဆိုတဲ့သဘောမျိုး ဖြစ်သွားတာနော်။ အဲဒီလိုအခါမှာ အနတ္တကို ကောင်းကောင်း ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အဲဒီတော့ ငြိမ်းချမ်းမှုရဲ့အနတ္တကို သိရတယ်။ အနတ္တလက္ခဏာကို သိရတယ်။
ဒီငြိမ်းချမ်းမှုဟာလည်းပဲ အမြဲတမ်းတော့ မရှိဘူး။ သူလည်း ပျက်ချင်တဲ့အခါ ပျက်သွားတာကိုး။ ဖြစ်နေတဲ့အချိန်မှာတောင်မှ တဆက်ထဲလို့ ပြောလို့မရဘူး။ တစ်ခုပြီးမှ တစ်ခုပဲ။ သို့သော် ငြိမ်းချမ်းမှုရဲ့သဘောက အင်မတန်သိမ်မွေ့လွန်းလို့ လက်ဖျစ်တတွက်အတွင်းမှာ အများကြီးဖြစ်တာပျက်တာကို ရှုနိုင်ဖို့ သိပ်ခက်သွားတယ်။ အင်မတန်ဉာဏ်ကြီးရင်တော့ ရမယ်။ သို့သော် များသောအားဖြင့်တော့ အဲသလိုအခါမျိုးမှာ ဓမ္မာနုပဿနာဖြစ်တာ များတယ်။ ဓမ္မာနုပဿနာအဆင့်မှာ အနတ္တကို ပိုသိတယ်။

💐💐💐
ပုဂ္ဂိုလ်ရဲ့ စရိုက်၊ ဝါသနာ၊ အဲဒီပုဂ္ဂိုလ်ရဲ့ ဉာဏ်အနုအရင့်ကိုလိုက်ပြီးတော့ လက္ခဏာရေးသုံးပါးထဲက တခုခုက ပိုထင်ရှားတတ်တယ်။ ကျန်တာ(၂)ခုလည်းပဲ အထိုက်အလျောက်တော့ ထင်ရှားပါတယ်။ သို့သော် သူအားထုတ်တဲ့အဆင့်၊ သူ့စရိုက်အပေါ်မှာ မူတည်ပြီးတော့ တခုခုတော့ အားသန်တာရှိတယ်။ ဘုန်းကြီးကတော့ အနတ္တအားသန်တယ်။ များသောအားဖြင့် စိတ်က အနတ္တကိုအာရုံပြုပြီးတော့ နေတာများပါတယ်။ သို့သော် အနိစ္စကိုလည်း တခါတရံ အာရုံပြုတဲ့အခါလည်းရှိပါတယ်။ ဒုက္ခကိုလည်း အာရံပြုတဲ့အခါလည်းရှိပါတယ်။ အဲသလိုအားထုတ်သွားပြီးတော့ ငြိမ်းချမ်းနေတဲ့အနတ္တသဘောကို သိပြီးတော့နေရင်းကလည်းပဲ နောက်ဆုံးမှာ မဂ်ဖိုလ်နိဗ္ဗာန်ကိုရနိုင်တယ်။ အနတ္တကိုသိပြီးမှ မဂ်ရတာရှိတယ်။ အနိစ္စကိုသိပြီးမှ မဂ်ရတာလည်းရှိတယ်။ ဒုက္ခကိုသိပြီးမှ မဂ်ရတာလည်းရှိတယ်။ အဲဒီလက္ခာရေးသုံးပါးမှာ၊ နောက်ဆုံးဘယ်ဉာဏ်နဲ့ လောကုတ္တရာမဂ်ကိုရတယ်ဆိုတာပေါ်မှာ မူတည်ပြီးတော့ နိဗ္ဗာန်ကိုတောင်မှ သုံးမျိုးခွဲပြီးတော့ခေါ်ထားတာ။ အမှန်တော့ နိဗ္ဗာန်ကတခုတည်းပါပဲ။

💦 ငြိမ်းချမ်းတယ်ဆိုတာ ပင်ကိုယ်သဘောပါ 💦

💐💐💐
အတွင်းထဲမှာ ငြိမ်းချမ်းတဲ့သဘောက ရှိနေတယ်။ ဒါကိုသိစေချင်တယ်နော်။ ငါ့ရဲ့စိတ် ဟိုးအတွင်းထဲမှာ ငြိမ်းချမ်းမှုရှိနေတယ်။ အပြင်စိတ်က ပြင်ပလောကနဲ့ဆက်ဆံပြီးတော့ အမြဲတမ်း ယောက်ယက်ခတ်နေတယ်။ ဒါ အပေါ်ယံအလွှာလေးပါ။ ငါဘယ်သူဘဲ၊ ငါဘယ်ဝါဘဲ၊ ငါ့ရာထူးကဘာ၊ အဲဒါတွေကို လွှတ်လိုက်ပါ။ အဲဒါတွေအားလုံးဟာ အပေါ်ယံလေးမှာပဲရှိပါတယ်။ အတွင်းမှာ မရှိပါဘူး။ တရားထိုင်လို့ ဟိုးအတွင်းထဲကိုရောက်သွားတဲ့အခါမှာ ငါ တရားထိုင်နေတယ် ဆိုတာတောင် မရှိတော့ဘူး။ ငါ တရားအားထုတ်နေတယ် ဆိုတာတောင် မရှိတော့ဘူး။ တရားကိုသိတဲ့ဉာဏ်က သူ့ဟာသူပဲ ဖြစ်သွားနေတာ။ ငါက လုပ်နေတာ မဟုတ်တော့ဘူးနော်။

💐💐💐
ကိုယ့်စိတ်ကို ခန္ဓာမှာ ထားပါ။ ပထမတော့ ကာယာနုပဿနာ၊ ရုပ်ပေါ်မှာ ထားတယ်နော်။ အသက်ရှုနေတာမှာ စိတ်ကိုထားတယ်။ ရုပ်ရဲ့လှုပ်ရှားမှုတွေကို သိနေတယ်။ တိုးနေတာကို သိနေတယ်။ ပူတာအေးတာကို သိနေတယ်။ ကာယာနုပဿနာပဲနော်။ လက်တွေခြေတွေလှုပ်ရှားတာကို သိနေတာလည်း ကာယာနုပဿနာပဲ။ တခြားအင်မတန်သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေလည်း ဖြစ်နေတာပဲ။ ဒါကိုသိနေရင်လည်းပဲ ကာယာနုပဿနာဖြစ်နေတာပဲ။ သတိကောင်းလာတဲ့အခါ မျက်တောင်ခတ်တာ၊ မျက်လုံးက ဟိုဟိုဒီဒီကြည့်တဲ့အခါ ရွှေ့တာ လှုပ်တာကိုပါ သိတယ်။ လျှာလှုပ်တာ တံတွေးမျိုတာတွေကိုလည်း သတိထားမိလာတယ်။ ကာယာနုပဿနာ ဝိပဿနာဖြစ်နေတယ်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်း စိတ်ကိုပါ ပိုပြီးတော့သိလာတယ်။ စိတ္တာနုပဿနာဖြစ်တယ်။

💐💐💐
ပိုပြီးတော့အားထုတ်သွားရင်း စိတ်ရဲ့အတွင်းအခြေအနေကို သိလာတယ်။ စိတ်တခုထဲမှာ အတွင်းအခြေအနေတွေက အများကြီးရှိတာပဲ။ စေတသိက်တွေလို့ ခေါ်တယ်။ အဲဒီစေတသိက်ကို ရှုနိုင်ရင် ဓမ္မာပဿနာဖြစ်တယ်။ သမာဓိဆိုတာလည်း စေတသိက်၊ ပီတိဆိုတာလည်း စေတသိက်၊ ပဿဒ္ဓိဆိုတာလည်း စေတသိက်၊ ဥပေက္ခာဆိုတာလည်း စေတသိက်၊ ပညာဆိုတာလည်း စေတသိက်ပဲနော်။
အနိစ္စကိုသိနေတဲ့ဉာဏ်ဖြစ်နေတဲ့အချိန်မှာ အဲဒီဉာဏ်ကိုပြန်ကြည့်ရင် ရတယ်။ ဒါဟာအနိစ္စဉာဏ်ဆိုတာ ပြန်ရှုလို့ရတယ်။ ဉာဏ်ကိုပြန်ရှုတာပါ။ ဝိပဿနာဉာဏ်ကို တခါ ဝိပဿနာပြန်ရှုတာပဲ။ ဒီဉာဏ်ကလည်းပဲ အနတ္တပဲနော်။ အဲဒီလို ဉာဏ်ကိုပြန်ရှုတာ ဓမ္မာနုပဿနာဖြစ်တယ်။ ဒါကြောင့် ကိုယ့်စိတ်ကို သိရင်း ရှုရင်း တဖြည်းဖြည်း တဖြည်းဖြည်း ဟိုး စိတ်ရဲ့အတွင်းအခြေအနေကို အသေးစိတ်သိတဲ့အဆင့် ရောက်သွားတဲ့ထိအောင် လေ့ကျင့်သွားရမှာနော်။
ငြိမ်းချမ်းတယ်ဆိုတာ သိပ် simple ဖြစ်ပါတယ်။ သူ့ပင်ကိုယ်သဘောပါပဲ။ လူတွေ ဘာဖြစ်လို့မငြိမ်းချမ်းဘူးလဲလို့မေးရင် အရိုးဆုံးအဖြေက မငြိမ်းချမ်းတာတွေကိုတွေးနေလို့ မငြိမ်းချမ်းတာပါ။ ငါးမိနစ်လောက် မငြိမ်းချမ်းတာတွေကို မတွေးဘဲနဲ့နေကြည့်ပါ။ သူ့အလိုလို ငြိမ်းချမ်းသွားမှာပဲ။ ဟိုးအတွင်းထဲရောက်သွားပြီဆိုရင် စိတ်က ငြိမ်ပြီးတော့လွတ်လပ်သွားတယ်။ လွတ်လပ်မှုရှိတယ်။ ဘာလို့လဲဆိုတော့ ကိလေသာမရှိဘူး။ ဘာအနှောင်အဖွဲ့မှမရှိဘူး။ လွတ်လပ်နေပါတယ်။ ကိလေသာက မငြိမ်သက်တာ၊ ကိလေသာက မငြိမ်းချမ်းတာ။✌🏻️✌🏻

♻️ဆရာတော်ဦးဇောတိက♻️
🍂(မဟာမြိုင်တောရ)🍂

💧အခွင့်အရေးနှင့်တာဝန်၊ သဘောထားမှန်ပါစေ💧
စာအုပ်မှကူးယူဖော်ပြပါသည်၊၊
📖 စာမျက်နှာ-၂၉ မှ ၃၄ 📖

Address

Kawthaung

Telephone

09960476008

Website

Alerts

Be the first to know and let us send you an email when Miss Garden Travels&Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category