Mai Soong Kha Travel and Tours

Mai Soong Kha Travel and Tours မိုင်ဆုန်ခ
မိုင်ဆုန်ခဟာ ခရီးသွားဝန?

၂၆.၁၀.၂၀၁၈ မှ စတင်တည်ထောင်ခဲ့သော မိုင်ဆုန်ခ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်သည် သုံးနှစ်တင်းတင်းပြည့်ခဲ့ပြီး ဖြစ်ပါသည်...
25/10/2021

၂၆.၁၀.၂၀၁၈ မှ စတင်တည်ထောင်ခဲ့သော မိုင်ဆုန်ခ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်သည် သုံးနှစ်တင်းတင်းပြည့်ခဲ့ပြီး ဖြစ်ပါသည်။
သုံးနှစ်တာ ကာလအတွင်း မိုင်ဆုန်ခ၏ ဝန်ဆောင်မှုများကို အစဉ်အစိုက် အားပေးခဲ့ကြသည့် ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များနှင့် မိုင်ဆုန်ခနှင့် ယုံကြည်စွာ လက်တွဲကြသူတိုင်းကို ကျေးဇူးတင်ရှိပါကြောင်းလည်း လေးလေးနက်နက် ဖော်ပြလိုပါသည်။။ မိတ်ဖက် ကုမ္ပဏီများ/ အဖွဲ့အစည်းများနှင့် ခရီးသွားနယ်ပယ်မှ ညီအကိုမောင်နှမများ၊ လမ်းညွှန်အကြံပေးခဲ့ကြသော ဆရာသမားများ၏ ကူညီစောင့်မမှုများကို မိုင်ဆုန်ခမှ ကျေးဇူးအထူးတင်ရှိပါသည်။
မိုင်ဆုန်ခ၏ ဆောင်ပုဒ်ဖြစ်သည့် ''Enjoy Unique Nature & Culture'' ဆိုသည့်အတိုင်း မိုင်ဆုန်ခ၏ ဧည့်သည်တော်များအား ကမ္ဘာပေါ်ရှိမတူညီသော ယဉ်ကျေးမှုနှင့် သဘာဝ အလှအပများကို ထိတွေ့ရူမြင်ခံစားနိုင်စေရန် MSKer များမှ ယခင်ကထက် ပိုမိုကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုရင်း မြန်မာနိုင်ငံ ပြည်သူအပေါင်း ရန်သူမျိုး (၅) ပါးဘေးမှ ကင်းဝေးပြီး ကိုယ်စိတ်နှလုံးကျန်းမာကြပါစေကြောင်း MSK မိသားစုမှ ဆုမွန်တောင်းအပ်ပါသည်။

ဝါလကင်းလွှတ် သီတင်းကျွတ် အချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်နှလုံးရွှင်ပြုံး၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါ...
20/10/2021

ဝါလကင်းလွှတ် သီတင်းကျွတ် အချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်နှလုံးရွှင်ပြုံး၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း မိုင်ဆုန်ခ ခရီးသွား ကုမ္ပဏီ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ (World Migratory Bird Day)ငှက်မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်မှ ဝိုင်းဝန်းထိန...
11/10/2021

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ (World Migratory Bird Day)
ငှက်မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်မှ ဝိုင်းဝန်းထိန်းသိမ်းကြပါစို့

၅ ဇန်နဝါရီ ၂၀၂၁မိုင်းဖုန်းဆရာတော်မွေးနေ့။သုံးနှစ်သုံးလ သုံးရက် အဓိဌာန်ဝင်ရာဂူမှကမ္ဘာသူကမ္ဘာသားများအတွက် မိုင်းဖုန်းဆရာတေ...
05/01/2021

၅ ဇန်နဝါရီ ၂၀၂၁
မိုင်းဖုန်းဆရာတော်မွေးနေ့။

သုံးနှစ်သုံးလ သုံးရက် အဓိဌာန်ဝင်ရာဂူမှ
ကမ္ဘာသူကမ္ဘာသားများအတွက် မိုင်းဖုန်းဆရာတော်ကြီး ကိုယ်တိုင်
ရေးသား၍ အောက်စဖိုဒ့်ဆရာတော်က ရှမ်းဘာသာမှ
အင်္ဂလိပ်သို့ဘာသာပြန်ထားပါသည်။

Dhamma, the teaching of the self-enlightened Buddha, is the light in the world, leading beings out of the cycle of suffering.

Dhamma is goodness that brings peace as well as happiness to humans and celestials.

One who breathes, goes about and engages in the dhamma obtains peace of nirvana. Even before realizing nirvana, he is at peace here and hereafter.

On the contrary, one leading a life so unmindful brings himself suffering, for only the mindful leads a peaceful life.

The absentminded moments are indeed thick with harms while mindfulness keeps one from ruin.

Ignorant of it, something can cause great danger while the knowledge of that same thing may bring ample benefit to oneself and others.

An ignorant man proliferates his own pain when he can very well cut off that very cycle of his distress with wisdom. Mindful moments culminate in the happiness of nirvana.

မူရင်း အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ ဖေ့ဘုတ်ပေ့ မှ ကူးယူပူဇော်ပါသည်။

၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုပါသည်။
04/01/2021

၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုပါသည်။

Happy Independence Day

Happy New Year 2021မိတ်ဆွေရောင်းရင်းတို့အားလုံး 2021 နှစ်သစ်ကိုမင်္ဂလာ အပေါင်းနှင့်ကြိုဆိုကြပြီးခရီးအတူတူ သွားလို့ရတော့မ...
31/12/2020

Happy New Year 2021

မိတ်ဆွေရောင်းရင်းတို့အားလုံး

2021 နှစ်သစ်ကိုမင်္ဂလာ အပေါင်းနှင့်ကြိုဆိုကြပြီး

ခရီးအတူတူ သွားလို့ရတော့မယ့် 2021 မှာ

ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ နဲ့

စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြပါစေကြောင်း မိုင်ဆုန်ခ မှ

နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ရှမ်းပြည်သား စိုင်းအိုက်ကျွဲ🐃🐃🐃🐃🐃🐃🐃🐃🐃             ကျနော်တို့ကျွဲတွေဟာ ရှမ်းပြည်မှာပဲအနေများပါတယ်။ ရှမ်းပြည်ရာသီဥတုနဲ့က အ...
16/12/2020

ရှမ်းပြည်သား စိုင်းအိုက်ကျွဲ
🐃🐃🐃🐃🐃🐃🐃🐃🐃
ကျနော်တို့ကျွဲတွေဟာ ရှမ်းပြည်မှာပဲအနေများပါတယ်။ ရှမ်းပြည်ရာသီဥတုနဲ့က အလုပ်လုပ်ရတာအဆင်ပြေတယ်‌လေ။အောက်ဒေသက ပူတယ်ဗျ။ရှမ်းပြည်က ကျနော်တို့ကျွဲတွေရဲ့ ဇာတိလိုကို ဖြစ်နေပါပြီ။ ဒါကြောင့် ကျနော်တို့ ကျွဲတွေဟာ ရှမ်းပြည်သားတွေပါပဲဗျာ။ ခင်ဗျားတို့ ရှမ်းပြည်ကိုလာလည်ရင် ကျနော်တို့ ကျောပိုးပြီးလိုက်ပို့ပါ့မယ်။ ခင်ဗျားတို့ အိမ်ပြန်ရောက်ရင် ကျွဲစီးခဲ့ရကြောင်း ကြွားလို့ရတာပေါ့။ ရှုခင်းလှလှလေးတွေကို လာကြည့်ရင် ရှမ်းလို မိုင်ဆုန်ခ လို့ လက်အုပ်လေးချီပြီးသာနှုတ်ဆက်မယ်ဆိုရင် ရှမ်းပြည်တပြည်လုံး ခင်ဗျားတို့ အမျိုးတွေဖြစ်သွားမှာဗျ။

ကျနော်ရေသွားစိမ် လိုက်ဦးမယ်ဗျာ။

ဪ ခင်ဗျားတို့လာမယ်ဆို မိုင်ဆုန်ခ ကိုဆက်သွယ်လိုက်နော်🐃🐃🐃

ခင်ဗျားတို့ရဲ့
စိုင်းအိုက်ကျွဲ



၂၁၁၅ ခု ရှမ်းနှစ်သစ်ကူး ဆုတောင်းလွှာ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏     ယနေ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်သည့် ရှမ်းနှစ် ၂၁၁၅...
15/12/2020

၂၁၁၅ ခု ရှမ်းနှစ်သစ်ကူး ဆုတောင်းလွှာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ယနေ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်သည့် ရှမ်းနှစ် ၂၁၁၅ ခု ရှမ်းနှစ်သစ်ကူး အချိန်သမယ မှစ၍ မိတ်ဆွေများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ Covid 19 ကပ်ရောဂါကြီးကို ကျော်ဖြတ်နိုင်ပါစေကြောင်း နှင့် စီးပွားလာဘ်လာဘများ တိုးပွားကြပါစေကြောင်း မိုင်ဆုန်ခ ကုမ္ပဏီလီမိတက် မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။



ဆုတောင်းမေတ္တာ🥰🥰🥰🥰🥰🥰မိုင်ဆုန်ခ အတူတူခရီးထွက်ခဲ့ဖူးတဲ့မိတ်ဆွေ၊ သူငယ်ချင်း၊ ရောင်းရင်း၊ ဆရာသမားများနှင့်ခရီးသွားခြင်းကို န...
09/12/2020

ဆုတောင်းမေတ္တာ
🥰🥰🥰🥰🥰🥰

မိုင်ဆုန်ခ အတူတူခရီးထွက်ခဲ့ဖူးတဲ့

မိတ်ဆွေ၊ သူငယ်ချင်း၊ ရောင်းရင်း၊ ဆရာသမားများနှင့်

ခရီးသွားခြင်းကို နှစ်သက်သူများအားလုံးကို

ရောဂါဘယ ကင်းဝေးပြီး၊

စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ စွာနဲ့

နောက်ထပ် ခရီးထွက်ရမယ့် အချိန်ကို

စောင့်မျှော်နေနိုင်ပါ‌‌စေကြောင်း

ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

ကျနော်တို့ မိုင်ဆုန်ခ မှ အားလုံးကို သတိတရ

ရှိနေပါကြောင်း ☺️☺️☺️☺️☺️☺️☺️☺️☺️☺️😊

ရှမ်းပြည်နယ်က လည်စရာအသစ်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဓါတ်ပုံလှလှ ရိုက်ချင်လို့ဖြစ်ဖြစ်ဘုရားဖူးချင်တာဖြစ်ဖြစ် လည်လိုပတ်လို့ကောင်းတဲ့နေရာသစ်...
08/12/2020

ရှမ်းပြည်နယ်က လည်စရာအသစ်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဓါတ်ပုံလှလှ ရိုက်ချင်လို့ဖြစ်ဖြစ်

ဘုရားဖူးချင်တာဖြစ်ဖြစ်

လည်လိုပတ်လို့ကောင်းတဲ့နေရာသစ် တစ်ခုကတော့

ပန်လှိုင်းဆိုင် ပဲဖြစ်ပါတယ်။ ပန်လှိုင်းဆိုင် ဟာ

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန် မြို့ကနေ ၈ မိုင်လောက်

ပဲဝေးပါတယ်။ ရှမ်းရိုးရာ ဒီဇိုင်းစစ်စစ်တွေ အပြင်

ထိုင်းစတိုင် တွေလဲတွေ့ရမှာဖြစ်ပါတယ်။ စေတီကတော့

ဗုဒ္ဓဂါယာက မဟာဗောဓိ ပုံစံတူဖြစ်ပါတယ်။

ဉာဏ်တော်အမြင့်ဆုံး နှီးဘုရားဟာလည်း ဒီပန်လှိုင်းဆိုင်

မှာ စံတော်မူတာပါ။ ဘုရားရှေ့မှာလဲ ဧရာမနဂါးကြီး‌တွေ

ကိုတွေ့ရမှာပါ။ နှီးဘုရားကြီးရဲ့ အနောက်မှာတော့

ရှေးဟောင်းစေတီတွေရှိပါတယ်။ အဝင်မုဒ်ဦးကတိုင်လုံး

ကြီးတွေဟာ လူတစ်ဖက် ဖက်လို့ မမီပါဘူး။

ပန်လှိုင်းဆိုင် ကို ဟိုးယခင်က မက်ကျိုင်း လို့ခေါ်တယ်လို့

သိရပါတယ်။ ကိုဗစ်ပြီးလို့ ခရီးထွက်မယ်ဆိုရင်တော့

သွားလည်သင့်တဲ့ နေရာတစ်ခုအဖြစ် မိုင်ဆုန်ခ က

မှတ်တမ်းတင်ထားပြီး အားလုံးကိုလည်း

သွားလည်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်‌ဗျာ။


Address

No(30), Bogyoke Street, Block(2)
Lashio
06301

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959404001040

Website

Alerts

Be the first to know and let us send you an email when Mai Soong Kha Travel and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mai Soong Kha Travel and Tours:

Shortcuts

Share