Loikaw Car Rental & Travel Services

Loikaw Car Rental & Travel Services စိတ်ရှည် သည်းခံ ဈေးနူန်းမှန်

အရင်က ကိုယ်တွေ ၃ နှစ်လောက် အသက်နဲ့ရင်းပြီး ရွှံ့ထဲရုန်းခဲ့ရတဲ့  #ဆင်ဖြူတောင် အ၀င်အတတ်လမ်းက အခုတော့ ကွန်ကရစ်လမ်းလေးဖြစ်ခဲ...
12/12/2020

အရင်က ကိုယ်တွေ ၃ နှစ်လောက် အသက်နဲ့ရင်းပြီး ရွှံ့ထဲရုန်းခဲ့ရတဲ့ #ဆင်ဖြူတောင် အ၀င်အတတ်လမ်းက အခုတော့ ကွန်ကရစ်လမ်းလေးဖြစ်ခဲ့ပြီ တကယ်ကျေးဇူးတင်စရာဘဲ လာလည်သူတွေအကုန်လုံခြုံဘေးကင်းသွားပြီ 👍

အခုချိန်ထိတော့ Corona Virus ကင်းစင်ဒေသအဖြစ်နဲ့ပြည်နယ်လေးဆက်လက်ကျန်းမာနေဆဲပါ မိုးမရွာတဲ့အချိန်ဆို နှင်းကျပြီးအအေးဓတ်ရလို့...
29/09/2020

အခုချိန်ထိတော့ Corona Virus ကင်းစင်ဒေသအဖြစ်နဲ့ပြည်နယ်လေးဆက်လက်ကျန်းမာနေဆဲပါ
မိုးမရွာတဲ့အချိန်ဆို နှင်းကျပြီးအအေးဓတ်ရလို့
စိမ်းစိုလှပ‌လျှက်ရှိနေပါတယ် လက်ရှိပြန့်နှံ့နေတဲ့‌ကူးစက်ရောဂါအမြန်ဆုံးကွယ်ပျောက်လို့ ပြည်နယ် များ တိုင်းဒေသကြီး များ အကုန်လုံး နှင့် ပိုးကူးစက်ခံရသူအကုန်လုံးအမြန်‌ဆုံးကျန်းမာကြပါစေ 🙏 ဒီပုံကတော့ ပြည်နယ်ရဲ့ တတိယမြှောက်ဖြစ်တဲ့ ရွှေတောင်တန်းတောင်ပေါ် View Point ပါ 27 ရက်နေ့က လမ်းပြီးမပြီးသွားလေ့လာထားတာပါ ပုံတွေကိုတော့ သူငယ်ချင်းတစ်ယောက်ရိုက်ထားတာပါ
#မြန်မာပြည်ကြီးကျန်းမာပါစေ
#ရွှေတောင်တန်း (ခူးပရာ)

ပထမ wave ကတည်းကနေခုထိ ပိုးကူးစက်မူမရှိသေးတာ ကံကောင်းတာရော ပြည်နယ်သေးလို့ထိန်းချုပ်နိုင်တာရောမလို့ ခုနေအကုန်ပိတ်ဆို့ထားရင...
10/09/2020

ပထမ wave ကတည်းကနေခုထိ ပိုးကူးစက်မူမရှိသေးတာ ကံကောင်းတာရော ပြည်နယ်သေးလို့ထိန်းချုပ်နိုင်တာရောမလို့ ခုနေအကုန်ပိတ်ဆို့ထားရင်ပိုကောင်းမယ်

 #လည်ပတ်နိုင်သောအထင်ကရနေရာများလကုန်အထိယာယီပိတ်ထားပါသည် ၉. ၉. ၂၀၂၀ မှ ၃၀. ၉. ၂၀၂၀ ရက်နေ့ အထိ ကယားပြည်နယ်Covid-19 ရောဂါ ထိ...
08/09/2020

#လည်ပတ်နိုင်သောအထင်ကရနေရာများလကုန်အထိယာယီပိတ်ထားပါသည်

၉. ၉. ၂၀၂၀ မှ ၃၀. ၉. ၂၀၂၀ ရက်နေ့ အထိ ကယားပြည်နယ်
Covid-19 ရောဂါ ထိန်းချုပ်ကာကွယ် တားဆီးရေး ဆိုင်ရာ
ညွှန်ကြားချက်

- ပြည်တော်ပြန်များ
- ရခိုင်ပြည်နယ်
- ရန်ကုန်တိုင်း ဒေသကြီး
- မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ်
- ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ ကဝမြို့နယ်
- မွန်ပြည်နယ် မော်လမြိုင်မြို့နယ်
- နေပြည်တော် ကောင်စီ နယ်မြေမှ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္မူသီရိမြို့နယ်
မှ ကယားပြည်နယ်သို့ ဝင်ရောက်လာသူများ အားလုံး
Quarantine ၁၄ ရက်နှင့် Home Quarantine ၇ ရက်
ဝင်ရပါမည်။

- ပြည်နယ် အထင်ကရ နေရာများ
- ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်များ လိုက်နာ ဆောင်ရွက်ရမည့်
အချက်များလည်း ဖော်ပြထားပါသည်။

မက်ခါသီး အကြောင်း~~~~~~~~~~~~~မက်ခါသီးသည် ကယားပြည်နယ်အပြင် အခြားသောနေရာ ဒေသတွင်လည်း ဟင်းခအမွှေးအကြိုင်အဖြစ် အသုံးပြုကြပါ...
08/08/2020

မက်ခါသီး အကြောင်း
~~~~~~~~~~~~~
မက်ခါသီးသည် ကယားပြည်နယ်အပြင် အခြားသောနေရာ ဒေသတွင်လည်း ဟင်းခအမွှေးအကြိုင်အဖြစ် အသုံးပြုကြပါတယ်။ မက်ခါသီးရဲ့ အရသာက ငရုပ်ကောင်း နှင့် ဆင်တူ၍ ၎င်းအရသာက လျှာကို ထုံပြီး ပူရှိန်း ပူရှိန်းဖြင့်ပြီး ငရုတ်ကောင်းထက်၍ ပိုထုံးသောကြောင့် မြန်မာလူမျိူ းအများစုက နှစ်သက်လေ့မရှိဘူးဆိုသော်လည်း တိုင်းရင်းသားအချိူ့က ဒေသဟင်းခ အမွှေးအကြိုင်ဖြစ် အမြဲ သုံးစွဲလေ့ရှိပါတယ်။

မက်ခါသီးနှင့်ကယားလူမျိုးစုများ
******************************
ကယားလူမျိုးစုများက မက်ခါသီးကို မရှိမဖြစ် ဟင်းခအမွှေးအကြိုင်အဖြစ် အသုံးပြုကြပါတယ်။၎င်း တို့က မက်ခါသီး ရယူပုံမှာ အဝါရောင်ပန်းပွင့်လေးကနေ အစိမ်းရောင်အသီးအဖြစ်သို့ ၊ အစိမ်းရောင်အသီးလေးတွေ့မှအနီရောင် ပြောင်းပြီးရင့်မှည့်လာတဲ့အထိ ထာပြီးမှ ၎င်းအသီးကို ခူးပြီးအခြောက်လှမ်းထားရကြပါတယ်။အသီး ခြောက်သွေ့သွားပြီးလျှင် အသီးကိုခူးပြီး နေ့စဉ်ချက်ပြုပ်ရေးအတွက် သိမ်းယူထားပါတယ်။

ကယန်း၊ကယားလူမျိုးများက ၎င်းအသီးကို အလိုရှိသလို ဟင်းချက်ရာတွင်လည်ကောင်း ၊ ကယန်း/ကယားဆန်ပြုတ် ၊ ကယန်း/ကယားဝက်အူချောင်း၊ကယားတာလပေါ့ဟင်း ၊ ပဲပုပ်ထောင်း၊ အသားဟင်းအမျိုးမျိုးမှာငြုပ်ကောင်းကဲ့သို့အမှုန့်ထောင်းပြီး ခတ်စားကြပါတယ်။ မက်ခါသီး မှုန့်က အသားဟင်းအရသာကို ပို့ပြီးကောင်းမွန်စေသလို့ အသားညီးနံလည်း ပျောက်ကင်းစေပါတယ်။ ၎င်း ပူစပ် စပ် ရှတတ ဖြစ်သောအရသာသည် ခေါင်ရည်နှင့်လည်း အလွန်လိုက်ဖက်ပါပေတယ်။ မက်ခါသီးအပြင် အရွက်ကိုလည်းဟင်းခတ် အမွှေးအကြိုင်အဖြစ်အသုံးပြု့လို့ရပါသေးတယ်။

မက်ခါသီး နှင့် တရုတ်လူမျိုးများ
*****************************
တရုတ်လူမျိုးလူမျိုးက မက်ခါသီးကို ချွမ်းဝှားကျောင်း ဟုခေါ်ပါတယ်။ မက်ခါသီးကို ချွမ်းဝှါးကျောင်ဟုခေါ်ရခြင်းမှာ ချွမ်းဆိုတာ ဒေသကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်ပြီး ဝှားကျောင်းဆိုတာငြုပ်သီးတမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ တရုတ်ပြည်မကြီး ချွှမ်းဒေသက လူတွေက မက်ခါသီးကိုငြုပ်သီးတစ်မျိုးဟုသဘောထားသောကြောင့် ၎င်းမက်ခါသီးမပါရင် လုံး၀ ထမင်းမစားတတ်ကြပါဘူး။ သူတို့ချက်တဲ့ဟင်းတွေမှာလဲ အသီးအရွက်ထက် မက်ခါသီး ကပိုပြီးများပါတယ်။ ချွမ်းဝှားကျောင်းကို တရုတ်အများစုက ဟင်းလျာများ၏ ငါးအကြော်နှပ် ၊ ပုဇွန်ကြော်ချက် နှင် အသားကင်များတွင်မပါမဖြစ် အမွှေးနံသာတမျိုးအဖြစ် ချက်ပြုတ်စားသုံးလေ့ရှိပါတယ်။

မက်ခါသီးရှိသော ဒေသအလိုက် အခေါ်အဝေါ်များ -

မြန်မာ = သီဟရာဇာ
ကယား = မက်ခါသီး(ꤤ꤬ꤞꤛꤢ꤬ꤞꤢꤧ꤬(အီဈာစယ်))
တရုတ် = ချွှမ်းဝှားကျောင်း
ကယန်း = Anthan´
ကချင်~ machyang si (မကျန်ဆီ့)
ရှမ်း~ မာကပ်
အင်္ဂလိပ်~ Sichuan peppercorns
Bio name=Zanthoxylum acanthopodium DC
Common name=Indonesian lemon Pepper
Family: Rutaceae

ထွန်းမင်းလတ်၊မိုးဗြဲ၊

Address

Loikaw

Telephone

09451842013

Website

Alerts

Be the first to know and let us send you an email when Loikaw Car Rental & Travel Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category