9Generation Force Travel & Tours

9Generation Force Travel & Tours Benefit for Community and country

9Generation Force ကုမ္ပဏီ မှနောက်ထပ်ဖော်ဆောင်မည့် ရှမ်းတောင် ဖယ်ခုံအင်း လွယ်ပန်းစုံကျွန်းပေါ်ရှိ အပျော်စီးလှေလုပ်ငန်းကျွန်...
14/07/2019

9Generation Force ကုမ္ပဏီ မှနောက်ထပ်ဖော်ဆောင်မည့်
ရှမ်းတောင် ဖယ်ခုံအင်း လွယ်ပန်းစုံကျွန်းပေါ်ရှိ အပျော်စီးလှေလုပ်ငန်း

ကျွန်တော်များ 9Generation Force ကုမ္ပဏီအနေဖြင့် ဆွဲ
ဆောင်မှု ရှိသော ခရီးစဉ်ဒေသ များပိုမို ဖြစ်ပေါ်လာစေရန်နှင့် ဒေသခံ
များခရီးသွား လုပ်ငန်းမှ ဝင်ငွေ ရရှိစေရန် ရည်ရွယ်ပြီး ဒေသခံအစု
အဖွဲ့လုပ်ငန်းရှင်များ ပါဝင်သော ဖယ်ခုံအင်းအတွင်း အိပ်ခန်း ၂ခန်းပါ အပျော်စီးလှေ ၂ စီးနှင့် လူ ၃၀ ဦးဆန့် ကျွန်းပတ် အပျော်စီးလှေ ၁စီးကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။
ယခုအပျော်စီးလှေ လုပ်ငန်းစီမံချက်ကို စတင်အကောင်အထည်ဖော်
ဖြစ်လာခဲ့စေခြင်းမှာ အခြားအိမ်နီးချင်း နိုင်ငံများရှိ အပျော်စီးလှေလုပ်
ငန်းမှ ဒေသခံများအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု နှင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာပြီး တစ်ဦးချင်းဝင်ငွေ ပိုမိုရရှိစေရန် ရည်
ရွယ်ပါသည်။
မလေးရှားနိုင်ငံ တဆစ်ကန်ညာ လျပ်စစ်ဓာတ်အားပေး ရေလှောင်တမံတွင် မလေးရှား အစိုးရမှ အပျော်စီးလှေလုပ်ငန်းကို စတင်ပျိုးထောင်
လုပ်ကိုင်စေခဲ့ပြီး ယခုအခါ တစ်နှစ်လျင် ပြည်ပခရီးသည် ၃သိန်း နှင့် ပြည်တွင်း ခရီးသည် ၅သိန်းကျော် ဝင်ရောက်လည်ပတ်လျက် ရှိပါ
သည်။ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ
ပေါ်ပေါက်ခဲ့ပြီး တစ်ဦးချင်း ပျမ်းပျ ဝင်ငွေ ၃ဆအထိ မြင့်တက်ခဲ့ပါ
သည်။
ထိုင်းနိုင်ငံတွင်လည်း ကန်ချနာဘူရီ ရှိ စရီနာကီရင် တွင်အပျော်စီးလှေ လုပ်ငန်းဖြင့် ပြည်တွင်း ပြည်ပ ခရီးသည်များဖြင့် စည်ကားလျက် ရှိပြီး
ဒေသခံများကို အလုပ်အကိုင်နှင့် ဝင်ငွေများစွာ ရရှိစေနိုင်ခဲ့ပါသည်။

🏝ယခု အပျော်စီးလှေ လုပ်ငန်းကို လွယ်ပန်းစုံ CBT အဖွဲ့ဦး
ဆောင်မှု အတွင်းတွင် စိတိဝင်စားပြီး ဒေသတိုးတက်စေချင်သော
ဖယ်ခုံ လွယ်ပန်းစုံ မိုးဗြဲ လွိုင်ကော် နှင့် ရှမ်းတောင်မှ လုပ်ငန်းရှင်များ နှင့် White Swan Boating ကုမ္ပဏီမှ နိုင်ငံတစ်ကာ
ရေယာဉ်တည်ဆောက်ရေးလုပ်ကိုင်ခဲ့သော ရေကြောင်းတက္ကသိုလ်
ဆင်း ရေယာဉ် ဗိသုကာပညာရှငိများ ၊ရေကြောင်း အင်ဂျင်နီယာ များ စသောဘက်ပေါင်းစုံ မှလူများကို ကျွန်တော်များ 9Generation Force မှ ဖိတ်ခေါ် ဆွေးနွေး အတူပေါင်းစပ်ပြီး ဒီဒေသခရီးသွားလာရေး မြင့်မားလာစေရန် ရည်ရွယ် အကောင်ထည်ဖော်ခဲ့ပါသည်။
အစုရှယ်ယာ ၁၀စုတွင် ကုမ္ပဏီများမှ ၃စုသာ ပါဝင်ခွင့်ပေးထားပြီး
ကျန်၇စုမှာ ဒေသခံ အစုအဖွဲကများပိုင်အဖြစ် သတ်မှတ်ထားပြီး
ဒေသခံ ပါဝင်မှု ၊ ဒေသခံ အခွင့်အရေး ၊ဒေသခံ အကျိုးအမြတ်ကို အဓိကထား စီစဉ်ခဲ့ပါသည်။
ကနဦး စတင်အကောင်အထည် ဖော်ရန် စတင်စဉ်ထဲက လွယ်ပန်းစုံ CBT အဖွဲ့သားများ ရွာလူကြီးနှင့် ရွာသားများ ၊သက်ဆိုင်ရာ လှေအသင်း ၊ အနီးပတ်ဝန်းကျင် ရှိရွာအုပ်စု တာဝန်ရှိသူများ ၊ကယန်းဝန်ကြီး
လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများ CSO အဖွဲ့များနှင့် ဆွေးနွေး
တိုင်ပင် အကြံပြုချက် သဘောတူညီမှု ရယူကာ သက်ဆိုင်ရာ ထွေ
အုပ်နှင့် ရေကြောင်း ဌာန များနှင့် ပေါင်းစပ် အကြံပြုချက် ဘောတူညီ
မှုများ ရယူထားခဲ့ပြီး စာရွက်စာတမ်း များအဆင်သင့်ဖြစ်နေလျက်
လုပ်ငန်းစဉ် အဆင့်အလိုက် အကောင်ထည်ပေါ်သွားမည် ဖြစ်ပါ
သည်။
Company Based Tourism မဖြစ်စေပဲ Community Based Tourism ဖြစ်စေရန်အတွက် ဒေသခံ အစုအဖွဲ့ပိုင်
ရှယ်ယာ ၇စုတွင် ၁စုချင်းစီအလိုက် ၁၀ ဦးဖြစ်ဖြစ် ၅ဦးဖြစ်ဖြစ် အစုအလိုက် ဒေသခံဦးဆောင်သူ တစ်ယောက်စီထားပြီး စီမံဆောင်ရွက်သွားပါမည်။
လွယ်ပန်းစုံ ကျွန်းသို့ လာရောက်စီးနင်းမည့် ဧည့်သည်တိုင်းအား
ဒေသခံ စက်လှေသမားများ ကသာ ပို့ဆောင်ပေးစေခြင်း အပျော်စီး
လှေ ဝန်ထမ်းများအား ဒေသခံများကို သာခန့်အပ်စေခြင်း စသဖြင့်
လည်း စီမံဆောင်ရွက်ထားပါသည်။
အပျော်စီးလှေ သွားနှုန်းမှာလည်း ၁နာရီ ရေမိုင်၅မိုင်နှုန်းသာ ဖြစ်စေပြီး
အန္တရာယ် မဖြစ်စေပဲ ပတ်ဝန်းကျင်သဘာဝအလှ ကိုခံစားစေနိုင်
အောင် စီစဉ်ဆောင်ရွက်ထားပါသည်။စက်လှေပေါ်ရှိ စွန့်ပစ်ပစ္စည်း နှင့် ရေများအတွက်လည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော
ခေတ်မီစနစ်များ စီစဉ်ဆောင်ရွက်ထားပါသည်။
လူဦးရေ ၃၀ ဦးဆန့်သော အပျော်စီး ကျွန်းပတ်လှေခရီးသည်များကိုလည်း လွယ်ပန်းစုံ CBT တွင်သက်တောင့် သက်သာ တည်းခိုနိုင်ပြီး ဖယ်ခုံအနီးဒေသများ ၊အနောက် ကယန်းဒေသသို့ Trekking
လျှောက်ခရီးစဉ်များ ပန်ပက် ကန်ခုနှစ်ဆင့် ထီးပွင့်ကန် စသော နေရာများသို့ ပါလည်ပတ်နိုင်စေရန် တွက်ပါ စီစဉ်ထားပြီး
ဒီ Package များ နှင့် စိတ်ဝင်စားဖွယ် ခရီးစဉ်များ ကိုလည်း
ဈေးကွက်တွင်းသို့ ကျွန်တော်များ 9Generation Force ခရီးသွားကုမ္ပဏီမှ ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို ချိတ်ဆက်ပြီး
စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး မျှဝေလိုက်ပါတယ်ဗျ။

🏞 ရှမ်းတောင် နှင့် ကယားဒေသ အတွင်းရှိ ဒေသခံများ ခရီးသွား
လုပ်ငန်းကို ဦးဆောင် ပါဝင်နိုင်စေပြီး ခရီးသွားလုပ်ငန်းမှ ဒေသကို
အကျိုးအမြတ်ရရှိစေနိုင်သော ရေရှည်တည်တံ့ သောခရီးသွားလုပ်ငန်း
ဖြစ်လာစေရန် ကြိုးစား ဆောင်ရွက်ရင်း

နေမိုးအောင်
9Generation Force

09/05/2019

9Generation Force Travel & Tours နှင့် DVB
တို့ပြေတို့မြေ အဖွဲ့သားတွေနဲ့ ရိုက်ထားတဲ့ ဖယ်ခုံ ၊ လွယ်ပန်းစုံ စကား ၊ဘုရားတောင် ၊ သာခေါင် ၊ အင်းလေး ခရီးစဉ်လေးပါ။
ဒီလိုသွားချင်တယ် ဆိုရင်တော့
9Generation Force Travel & Tours ကို ဆက်သွယ်
လိုက်ပါလို့ ။

9Generation Force Travel ၏ သဘာဝခရီးစဉ်တွေကို သီးသန့် စီစဉ်နေတဲ့ မြို့ပြနဲ့ဝေးရာ Page လေးပါဗျ။မြို့ပြအငွေ့အသက်တွေကို ခနမေ...
04/05/2019

9Generation Force Travel ၏ သဘာဝခရီးစဉ်တွေကို သီးသန့် စီစဉ်နေတဲ့ မြို့ပြနဲ့ဝေးရာ Page လေးပါဗျ။

မြို့ပြအငွေ့အသက်တွေကို ခနမေ့ပြီး သဘာဝနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နဲ့ အတူ ပျော်ရွှင်စွာ ခနတာအတူ ဖြတ်သန်းနိုင်မယ့် ခရီးစဉ် တစ်ခုကို အသက်သာဆုံးဈေးနဲ့ စတင်မိတ်ဆက်လိုက်ပါတယ်ဗျ။
ဒီ ခရီးစဉ်သစ်လေးကို Like & Share လုပ်ပြီး Like အများဆုံး ၆ဦးကို ရွေးချယ်ပြီး ယခုမေလ နောက်ဆုံးအပတ်တွင် ကြေငြာ၍ ယခုခရီးစဉ်လေးကို အခမဲ့ သွားလာခွင့်ရအောင် Like & Share
လုပ်ဖို့ မမေ့နဲ့နော် ။

9Generation Force Co.,ltd နှင့် ကယား ကယန်း ကယော အဘိုး အဘွားများနှင့် ကန်ခုနှစ်ဆင့် အမှတ်တရ
25/11/2018

9Generation Force Co.,ltd နှင့်
ကယား ကယန်း ကယော အဘိုး အဘွားများနှင့် ကန်ခုနှစ်ဆင့်
အမှတ်တရ

19/07/2018

ငွေတောင်ပြည်သို့ ခရီးသွားခြင်း အပိုင်း (၄)

ကယားပြည်နယ် ရောက်ရင် ဒီလိုတိုင်းရင်းသား မျိုးနွယ်စုတွေ ရဲ့
ယဉ်ကျေးမှုတွေ ကို မရောက်ဖူးသေး သူများအတွက် လေ့လာရအောင်
ဒီ Documentary လေးကို ကျွန်တော်များ 9Generation Force Travel &Tours မှ ရိုက်ကူးထားတာပါဗျ ။
ငွေတောင်ပြည်ကို လာရောက်လည်ပတ်ဖို့ လည်း ဖိတ်ခေါ်ပါတယ်။

ကူညီရိုက်ကူးပေးတဲ့ ဒါရိုက်တာ ကိုအောင်လင်းနိုင် ၊ညီမ ဆရာဝန်မ
လေး စံစံ ၊ကယန်း ၊ကယော ၊ကယား CBT ရွာများမှ ကျွန်တော့်
အဖွဲ့သားများ နှင့် 9Generation Force ဝန်ထမ်းများ ဖယ်ခုံ
စက်လှေ အဖွဲ့သားများအားလုံး ကို ကျေးဇူးတင်စွာဖြင့်

နေမိုးအောင်
9Generation Force Teavel & Tours

19/07/2018

ငွေတောင်ပြည်သို့ ခရီးသွားခြင်း အပိုင်း (၃)

ကယားပြည်နယ် ရောက်ရင် ဒီလိုတိုင်းရင်းသား မျိုးနွယ်စုတွေ ရဲ့
ယဉ်ကျေးမှုတွေ ကို မရောက်ဖူးသေး သူများအတွက် လေ့လာရအောင်
ဒီ Documentary လေးကို ကျွန်တော်များ 9Generation Force Travel &Tours မှ ရိုက်ကူးထားတာပါဗျ ။
ငွေတောင်ပြည်ကို လာရောက်လည်ပတ်ဖို့ လည်း ဖိတ်ခေါ်ပါတယ်။

ကူညီရိုက်ကူးပေးတဲ့ ဒါရိုက်တာ ကိုအောင်လင်းနိုင် ၊ညီမ ဆရာဝန်မ
လေး စံစံ ၊ကယန်း ၊ကယော ၊ကယား CBT ရွာများမှ ကျွန်တော့်
အဖွဲ့သားများ နှင့် 9Generation Force ဝန်ထမ်းများ ဖယ်ခုံ
စက်လှေ အဖွဲ့သားများအားလုံး ကို ကျေးဇူးတင်စွာဖြင့်

နေမိုးအောင်
9Generation Force Teavel & Tours

19/07/2018

ငွေတောင်ပြည်သို့ ခရီးသွားခြင်း အပိုင်း (၂)

ကယားပြည်နယ် ရောက်ရင် ဒီလိုတိုင်းရင်းသား မျိုးနွယ်စုတွေ ရဲ့
ယဉ်ကျေးမှုတွေ ကို မရောက်ဖူးသေး သူများအတွက် လေ့လာရအောင်
ဒီ Documentary လေးကို ကျွန်တော်များ 9Generation Force Travel &Tours မှ ရိုက်ကူးထားတာပါဗျ ။
ငွေတောင်ပြည်ကို လာရောက်လည်ပတ်ဖို့ လည်း ဖိတ်ခေါ်ပါတယ်။

ကူညီရိုက်ကူးပေးတဲ့ ဒါရိုက်တာ ကိုအောင်လင်းနိုင် ၊ညီမ ဆရာဝန်မ
လေး စံစံ ၊ကယန်း ၊ကယော ၊ကယား CBT ရွာများမှ ကျွန်တော့်
အဖွဲ့သားများ နှင့် 9Generation Force ဝန်ထမ်းများ ဖယ်ခုံ
စက်လှေ အဖွဲ့သားများအားလုံး ကို ကျေးဇူးတင်စွာဖြင့်

နေမိုးအောင်
9Generation Force Teavel & Tours

Address

No. 185, Thiha Street, Dawtama Qtr, Kayah State
Loikaw

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959428002763

Website

Alerts

Be the first to know and let us send you an email when 9Generation Force Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 9Generation Force Travel & Tours:

Shortcuts

Share

Category