STAR Thit အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးဂိတ်

  • Home
  • Myanmar
  • Magway
  • STAR Thit အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးဂိတ်

STAR Thit အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးဂိတ် STAR THIT အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး
?

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ--------------------------------ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာသန္ဓေ တောထွက...
11/07/2022

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ
--------------------------------
ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ် ဣန္ဒြိယပ
ရောပရိယဉာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တောျမူုလိုကျ၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ်ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

-ဗုဒ္ဓသာသနံ စိရံ တိဋ္ဌာတု

့်မြင့်ခရီးသည်ပို့ဆောင်ရေး
#မေတ္တာဖြင့်ပြန်လည်မျှဝေသည်
#မူရင်းရေးသားသူအားလေးစားစွာဖြင့်

မနက်ဖြန်ကဆုန်လပြည့်နေ့ဖြစ်ပါသည်မိမိတို့လစဉ် လပြည့်တိုင်းလပြည့်တိုင်းပြုလုပ်နေကြဖြစ်သောဒိဝါတပတိဂါထာတော်ကြီးကို108ခေါက်ရွတ...
13/05/2022

မနက်ဖြန်
ကဆုန်လပြည့်နေ့ဖြစ်ပါသည်
မိမိတို့လစဉ် လပြည့်တိုင်း
လပြည့်တိုင်း
ပြုလုပ်နေကြဖြစ်သော
ဒိဝါတပတိဂါထာတော်ကြီးကို
108ခေါက်ရွတ်ဖတ်ပူ‌‌ဇော်ပုတီးစိပ်ကြရမှာဖြစ်ပါတယ်
📿📿📿📿📿📿📿📿
စီးပွားလာဘ်လာဘများတိုးတက်ပေါများစေသော
ဒိဝါတပတိ ဂါထာတော်ကြီး
🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽
ဒီဂါထာဟာ နေလ ဂါထာလို့
သိကြပါတယ်။
စီးပွားလာဘ်တွေဝင်တဲ့
ဂါထာတော်မြတ်ဖြစ်ပါတယ်။

ဒိဝါတပတိ ဂါထာတော်ကြီး
🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽
ဒိဝါ တပတိ အာဒိ‌စ္စော
ရတ်တိမာဘာတိ စန်ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ
ဈာယီ တပတိ ဗြာဟ္မဏော
အထ သဗ္ဗ မဟောရတ္တိံ
ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တဇေ သမ်ပန်နံ
ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ
နမက်ကာရာနုဘာဝနေ
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ

(မှန်ကန်တိကျစွာ အသံထွက်/

ဒိဝါတပတိ အာဒိတ်စော၊
ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော တပတိ၊
ဈာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊
ဗုတ်ဓံ ဝန်ဒါမိ အာဒရံ။
နမကျကာရာ နုဘာဝနေ၊
သတ်ဗေ ပူရင်တု သင်ကပ်ပါ။

( အနက်အဓိပ္ပါယ် )

နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။

လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။

ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ဝတ်ဆင်မှသာ တင့်တယ်ပေ၏။

ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။

မြတ်စွာဘုရားသော်ကား
နေ့ညပတ်လုံး အခါခပ်သိမ်း တန်ခိုးတော်ဖြင့်
တင့်တယ်ပေသည်တကား။

ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏အရှင်ဘုရား။

ဤသို့ ရှိခိုးရသော
အကျိုးအားကြောင့်
ကြံကြံသမျှတောင့်တအရာရာ အဖြာဖြာတို့သည်
လျင်မြန်စွာ ပြည့်စုံပါစေသတည်း။
အမြဲရွတ်ဖတ်ပူဇော်ကြပါ
ဧကန်အကျိုးထူးပါမည်

အရှင် ရာဇာနန္ဒ
14.5.2022
🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼

Address

Magway

Telephone

+9595340881

Website

Alerts

Be the first to know and let us send you an email when STAR Thit အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးဂိတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share