My Apex Training Center

My Apex  Training Center ဒေသဖွံဖြါုးရေးရေးအတွက်ကျွမ်းကျင်မ

 #  2  # #ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ # #စီစဉ်ဖွင့်လှစ်သော  # -19 Relief package II # #ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်း...
27/08/2020

# 2
# #ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ
# #စီစဉ်ဖွင့်လှစ်သော
# -19 Relief package II
# #ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ)သင်တန်း။

#ွမကွေးရောက်ရင် ဘယ်နေရာတွေသွားလည်မလဲ
# #ခေါင်းစဉ်ဖြင့် စုပေါင်းဆွေးနွေးခြင်း ။
# # 25.8.2020
# # ထိန်ထိန်သာဟိုတယ်၊ မကွေး ။

~~~Welcome from My Apex Travel        To develop  responsible & sustainable         tourism
05/11/2019

~~~Welcome from My Apex Travel
To develop responsible & sustainable
tourism

မကွေးတိုင်းဒေသကြီးဧည့်လမ်းညွှန်များအသင်းမှ ကြီးမှူး၍

🚩Tour Guide ဖြစ်ချင်လိုသူများအတွက် Historical site for Tourist & English for Tourism နှင့်Tour Site များတွင် နိုင်ငံရေး/စီပွားရေး/ လူမူ​ရေး/ သမိုင်း စသော Training (1) ကို
- 6 ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည်။

✅English Language တစ်ခုတည်းသာမက
မိမိ၏အဓိကသမိုင်းအကြောင်းတတ်ကျွမ်းစွာပြောဆိုရှင်းပြနိုင်မှသာ Tour Guides အဆင့်တစ်ခုအဖြစ်ရောက်ရှိလာမှာပါ-

👉Not Specialist but Tour guide are generalist 👈

English Language နှင့် Tourism for Historical Knowledge စိတ်ဝင်စားသူများအတွက် စီစဥ်ဖွင့်လှစ်ပေးတဲ့ Intensives Training
Programs လေးလည်းဖြစ်ပါတယ်။

✅ ဒါကြောင့် English စာတစ်မျိုးတည်းမ
ဟုတ်ဘဲ တခြားဘာသာစကားမျိုးစုံဖြင့် Tour Guide ဖြစ်လိုသူများပါ တက်ရောက်နိုင်တဲ့ သင်တန်းလည်း ဖြစ်ပါတယ်။

✅Tour Guide တစ်ယောက်ဖြစ်ချင်ပါသလား။?

✅Tour Companies တွေမှာ အဆင့်မြင့်မြင့် ဝင်ရောက်လုပ်ကိုင်လိုပါသလား။?

✅ ၀ါသနာပါပြီး ဖြစ်ချင်ကြပြီး လမ်းကြောင်းကို ဘယ်ကစရမလဲလို့ ဖြစ်နေကြသူများ ကို ယုံယုံကြည်ကြည်သာ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

✅National Tour Guide License နှင့် Regional Tour Guide License ၀င်ခွင့်စာမေးပွဲများအတွက် ပြင်ဆင်ခြင်းများ

စသည့် အကြောင်းအရာများအား သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။

#ဒီသင်တန်းလေးမှာဆိုရင် Tour Guide လုပ်
ကိုင်လိုသူများအတွက်သာလျှင်မဟုတ်ဘဲ

✅Foreigners များနှင့်လက်တွဲလုပ်ကိုင်တဲ့အခါ လက်တွေ့ကြုံတွေ့ရနိုင်မဲ့ အကြောင်းအရာများ ပါ ရှင်းပြပေးသွားမှာပါ။

✅သင်တန်းပြီးဆုံးပြီးနောက် တတ်ကျွမ်းနားလည်မှုအား စိတ်တိုင်းမကျပါက သင်တန်းကြေးအားလုံး ပြန်အမ်းပေးမှာ ဖြစ်ပါတယ်။

Historical Sites in Magway and Basic English for Tourism

Starting Date : 6-11-2019
End Date : 27-11-2019
Time : 5:00 PM - 7:00PM
Duration : 3 Week
Course Fee : 30000 Kyats
Address : 131/ B, AungMingala street,
Sarzi qtr, Magway.

✅ထိရောက်စွာသင်ကြားသင်ယူနိုင်ရန် သင်တန်းသားဦးရေကို ကန့်သတ်ပြီး လက်ခံမှာဖြစ်ပါတယ် တက်ရောက်လိုသူများပြားသောကြောင့် ကန့်သတ်ဦးရေ မပြည့်ခင်အမြန်သာ စားရင်းပေးသွင်းရန်ဖိတ်ခေါပါတယ်။

✅သင်ကြားပေးမယ့် Trainers ✅

👉Associate Professor Dr. Daw San San Myint
(Professional History Lecturer)
( Marketing and Consultant)

👉Chan Myae Win
(Licensed English Tour Guide)
(BA.English)

✅Tourism Businessခရီးသွားလုပ်ငန်းများ တစ်နေ့ထက်တစ်နေ့ များပြား ကျယ်ပြန့်လာသည့်အတွက် ခရီးသွားလုပ်ငန်းနယ်ပယ်မှာ အလုပ်အကိုင်အခွင့်အလမ်းများဟာလည်း ပိုမိုများပြားလို့နေပါတယ်။ဒါကြောင့် ခရီးသွားနယ်ပယ်ကို စိတ်ဝင်စားဝင်ရောက်လုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်ချင်တယ်ဆိုရင်တော့ဖြင့် ကျွန်တော်တို့ Training ကို ယုံကြည်စွာ ကြွလှမ်းခဲ့ပါ။

👉လူကြီးမင်းတို့၏ အနာဂတ်အတွက် လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။👈

🔴 အသေးစိတ်ထပ်မံသိရှိလိုပါက
Ph- Dr San San Myint
09400400193
Ph- Chan Myae Win
- 09401664318
page Messenger မှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

28/06/2019

ဈေးကွက်ကို ဘယ်လိုဦးဆောင်ကြမလဲ?

✅ ဈေးကွက်

ဈေးကွက်ဆိုတာ ကျွန်တော်တို့ထင်သလို စားသုံးဝယ်ယူသူဆိုတဲ့ စကားလုံးလေးတစ်လုံးနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ ဈေးကွက်ကို
1. Innovators (2.5%)
2. Early adopters (13.5%)
3. Early majority (34%)
4. Late majority (34%)
5. Laggards (15%) ဆိုတဲ့ အဖွဲ့ (၅) ဖွဲ့နဲ့ ဖွဲ့စည်းထားတာပါ။

✅ နံပါတ် (၁) Innovator လို့ခေါ်တဲ့ စွန့်ဦးတီထွင်သူတွေ ဖြစ်ကြပါတယ်။ ပစ္စည်းအသစ်တစ်ခု၊ ဝန်ဆောင်မှုအသစ်တစ်ခုကို ဈေးကွက်ထဲ စတင်ဖြန့်ချိလိုက်တဲ့သူတွေပါ။

✅ နံပါတ် (၂) ကတော့ Product အသစ်ကို အရင်ဦးဆုံး ရဲရဲဝံ့ဝံ့ စတင်သုံးစွဲတဲ့သူတွေ တစ်နည်း Early Adopter တွေ ဖြစ်ပါတယ်။ အိုင်ဒီယာတစ်ခု၊ ပစ္စည်းတစ်ခု၊ ဝန်ဆောင်မှုတစ်ခုကို ဈေးကွက်ထဲကို ဒိန်း ဆိုပြီး ချလိုက်ရင် လူတိုင်းက အရင်ဆုံးသုံးစွဲတာ မဟုတ်ပါဘူး။ စွန့်စားပြီး ဝယ်ယူတဲ့သူတွေကို ခေါ်တာပါ။ ဒီလိုမျိုး Early Adopter တွေက "ဟာ... ကောင်းတယ်" ဆိုမှ Early Majority လိုက်လာတာပါ။

✅ နံပါတ် (၃) Early Majority က လူအများစုဈေးကွက်ပေါ့ဗျာ။ သူတို့တွေက "ဒီပစ္စည်းကောင်းတယ်။ ဒီရုပ်ရှင်မဆိုးဘူးဟ။ ဒီဟိုတယ်သွားတည်းတာ ကောင်းတယ်လို့ ပြောတယ်..." ဆိုတဲ့အနေအထားမျိုးမှာမှ Early Majority ဆိုတဲ့ လူအုပ်ကြီးက ပါလာတယ်။ Early Majority က သုံးစွဲပြီးတော့မှ ကောင်းတယ်။ လူအများက သုံးစွဲနေကြတယ်ဆိုမှ နောက်ထပ်တစ်ခုက ထပ်လိုက်လာပါတယ်။

✅ အဲဒီ့အစုကတော့ လူများစုဖြစ်တဲ့ နံပါတ် (၄) Late Majority - နောက်မှလိုက်ပြီး သုံးစွဲသူတွေ ဖြစ်ပါတယ်။

✅ နောက်ဆုံးကတော့ ဘယ်သူတွေသုံးသုံးဗျာ၊ ဘယ်သူတွေ ဝယ်ဝယ်ဗျာ၊ ကျွန်တော်ကတော့ မသုံးဘူး။ မဝယ်ဘူးဆိုတဲ့ အသုံးမပြုသူဈေးကွက် - Loggards ဆိုတဲ့အဖွဲ့လည်း ရှိနေပါတယ်။

Customers တွေက မတူတဲ့အတွက် အားလုံးတပြေးညီဆိုတဲ့ စကားလုံးက အမှားဆုံးပါပဲ။ ကဲ ဒီတော့ ကောင်းမယ်၊ မကောင်းဘူး မသေချာဘဲ အချိန်နဲ့ငွေ အကုန်ခံပြီး ယုံယုံကြည်ကြည်ဝယ်ယူသုံးစွဲတဲ့ Early Adopter ခေါ် ကနဦးသုံးစွဲသူတွေကို ဂရုစိုက်ရပါမယ်။ ဆွဲဆောင်ရပါမယ်။ သူတို့ဟာ Majority တွေကို ဆွဲဆောင်ပေးမယ့် Marketer တွေ ဖြစ်လာမှာပါ။

👉 ပထမဆုံး Early Adopter တွေက ဘယ်သူတွေလဲ သိဖို့ အရေးကြီးဆုံးပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ငါ့ရဲ့စီးပွားရေးမှာ၊ ငါ့ရဲ့ဆိုင်မှာ အရင်ဆုံးစတင်ဝယ်ယူတဲ့ Customer တွေအကြောင်း များများသိဖို့ Customer Data Base တစ်ခု တည်ဆောက်ပါ။ ဘယ်လိုနေရာမှာ၊ ဘယ်လိုသုံးစွဲကြလဲ၊ အဲ့ဒီလူတွေက ဘယ်သူတွေလဲ၊ ဘယ်လိုလူမျိုးတွေလဲ၊ အသက်ဘယ်လောက်လဲ စတဲ့ Customer အကြောင်း ပိုသိလေလေ၊ ခင်ဗျားတို့ ဝန်ဆောင်မှုပိုပေးနိုင်လေလေပါပဲ။

👉 အပေါ်ယံမဟုတ်ဘဲ တကယ်ဂရုစိုက်တဲ့ Customer Service ကိုသာ ပေးပါ။ Customer ဘယ်နှစ်ဦးရှိလဲဆိုတာ ဂရုမစိုက်ပါနဲ့။ ကိုယ့်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို ယုံယုံကြည်ကြည်သုံးစွဲနေတဲ့လူတွေကို ဘယ်လောက်ဂရုစိုက်သလဲဆိုတာ ပိုပြီးတော့မှ အရေးကြီးပါတယ်။

👉 ဒီ Early Adopter တွေက Tipping Point ဖြစ်တဲ့ (၁၆%) ကျော်လောပ် သုံးစွဲပြီဆိုရင်တော့ သေချာတယ် ဒီပစ္စည်း ဈေးကွက်ထဲမှာ ပေါက်ပါပြီ။

👉 လူများစုလည်း ဖြစ်တယ်။ ဆွဲဆောင်ရခက်တဲ့ Majority အုပ်စုကို အရင် Marketing မလုပ်ပါနဲ့။ Majority Market ကို ရည်ရွယ်ပြီး ဈေးကွက်ဖောက်မယ်ဆိုရင်တော့ ဈေးနှုန်းချင်း ပြိုင်ရပါမယ်။

👉 ဈေးကွက်မှာ ကိုယ့်ပစ္စည်း ဘယ်လောက်ကောင်းကောင်း၊ ဝန်ဆောင်မှု ဘယ်လောက်ကောင်းကောင်း Laggards လို့ခေါ်တဲ့ အသုံးမပြုသူ အမြဲရှိတယ်ဆိုတာ သတိရပါ။

ဒီစကားလေးတွေကတော့ Market Leader ဆိုတဲ့ခေါင်းစဉ်အောက်မှာ အားမာန်အပြည့်နဲ့ ဟောပြောဆွေးနွေးသွားတဲ့ ဆရာမာတင်ရဲ့စကားတွေထဲမှ ဈေးကွက်အကြောင်း ထုတ်နုတ်ဖော်ပြထားတာပါ။
လူကြီးမင်းတို့ရဲ့ စီးပွားရေးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

Received.
12/03/2019

Received.

14/01/2019

Address

131/B Aung Mingalar Street, Sarzi Quarter
Magway

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when My Apex Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share