BPT Air ticket Beautiful Present ဘီပီတီ လေယာဉ်လက်မှတ်

  • Home
  • Myanmar
  • Mandalay
  • BPT Air ticket Beautiful Present ဘီပီတီ လေယာဉ်လက်မှတ်

BPT   Air ticket Beautiful Present      ဘီပီတီ  လေယာဉ်လက်မှတ် contact us now for any domestic and international air ticket

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) အသင်းဝင်ဖို့အတွက်လိုအပ်တဲ့ အချက်အလက်များဖြစ်ပါတယ်
04/01/2025

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA)
အသင်းဝင်ဖို့အတွက်လိုအပ်တဲ့ အချက်အလက်များဖြစ်ပါတယ်

BPT ကနေလေယာဥ်လက်မှတ် ဝယ်ထားတဲ့ ခရီးသည်များ ကို MAI  ရဲ့ information များ မျှဝေချင်ပါတယ်။1)Date change ( Thai / Singapore...
19/12/2024

BPT ကနေလေယာဥ်လက်မှတ် ဝယ်ထားတဲ့ ခရီးသည်များ ကို MAI ရဲ့ information များ မျှဝေချင်ပါတယ်။
1)Date change ( Thai / Singapore )
ကိုယ် ခရီးသွားမဲ့ထွက်ခွာအချိန်ရဲ့ အနည်းဆုံး ၇၂နာရီ အထက်ကြိုတင် change ရင် change ခ က free ပါ(service changes ရှိနိုင်ပါတယ်) ။ လက်မှတ်ခ ကတော့ (difference fare)ထပ်ဆောင်းပေးရတာရှိနိုင်ပါတယ်။
2) Baggage အပို / Wheel Chair ဝယ်ထားသူများဟာ အနည်းဆုံး ခရီးသွားမဲ့အချိန်ရဲ့ 48 နာရီ ကြိုတင် date change မှသာ အဲဒီ အပို ဝယ်ထားတာတွေကို နောက် change လိုက်တဲ့နေ့မှာ ပြန် ဝယ်စရာမလို ပဲပြန်ပြီး ပါလာမှာဖြစ်ပြီး၊
48 နာရီ ထဲဝင်သွားရင်တော့ ပြန် ပြီး ဝယ်ရမှာဖြစ်ပါတယ်။
အဲဒါကြောင့် အ ပြောင်း အလဲရှိရင် ကျွန်တော်တို့ Agent ကို ကြိုတင် အကြောင်းကြားဖို့ မေတ္တာရပ်ခံပါတယ်။
Website ကဝယ်ထားတဲ့ သူတွေကတော့ MAI ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

01 Nov 2024 မှ စပြီး  မန္တလေးမှမြစ်ကြီးနား နဲ့ တာချီလိတ် မြို့များသို့  AIR THANLWIN AIRLINE နဲ့ လေယာဥ် စီးပြီး ခရီးသွား...
04/11/2024

01 Nov 2024 မှ စပြီး

မန္တလေးမှမြစ်ကြီးနား နဲ့ တာချီလိတ် မြို့များသို့ AIR THANLWIN AIRLINE

နဲ့ လေယာဥ် စီးပြီး ခရီးသွားမယ်ဆိုရင်

ခရီး သည် တစ်ယောက် ကို ၂၀ ကီလို (အိတ်နှစ်လုံး) ထက် ပိုပြီးသယ်လို့ မရ

တော့ပါဘူး လို့ Agent တွေကို အကြောင်း ကြား ထားပါတယ်။

အားလုံး သိအောင် share ပေးတာပါ။

Kindly be informed that starting from 01 Nov 2024,

1. Checked Baggage will be allowed up to 20 KG on ex. MDL sectors (eg: MDL-THL & MDL-MYT) and maximum pieces is allowed only 2 PCS.

2. Hand Carry which will be allowed only 5 KG.


Do not allow any extra KG on those sectors.

MAI ရဲ့ 29  Anniversary အထူး လျော့​စျေးပါ။
04/08/2022

MAI ရဲ့ 29 Anniversary အထူး လျော့​စျေးပါ။

၁။     #ရန်ကုန်မှ မြစ်ကြီးနားသို့ သွားရောက်မည့် ခရီးသည်များသည် သက်ဆိုင်ရာရပ်ကွက်၏ ထောက်ခံစာလိုအပ်ပါသည်။ရန်ကုန် Stay at H...
19/08/2021

၁။ #ရန်ကုန်မှ မြစ်ကြီးနားသို့ သွားရောက်မည့် ခရီးသည်များသည် သက်ဆိုင်ရာရပ်ကွက်၏ ထောက်ခံစာလိုအပ်ပါသည်။

ရန်ကုန် Stay at Home မြို့နယ်များမှဖြစ်လျှင်၊ မြစ်ကြီးနား သို့ရောက်ရှိသည့် အခါ Quarantine ဝင်ရမည်ဖြစ်သည်။

ရပ်ကွက်ထောက်ခံစာမတင်ပြနိုင်သော ခရီးသည်များသည်လည်း မြစ်ကြီးနား သို့ရောက်ရှိသည့် အခါ Quarantine ဝင်ရမည်ဖြစ်သည်။

၂။ #ရန်ကုန်မှ လွိုင်ကော်သို့ သွားရောက်မည့် ခရီးသည်များသည် လွိုင်ကော် သို့ရောက်ရှိသည့် အခါ မိမိစရိတ်ဖြင့် Quarantine (၁၀) ရက် ဝင်ရမည်ဖြစ်သည်။

၃။ #ရန်ကုန်မှ ကျောက်ဖြူသို့ သွားရောက်မည့် ခရီးသည်များသည် သက်ဆိုင်ရာရပ်ကွက်၏ ထောက်ခံစာလိုအပ်ပါသည်။

ရန်ကုန် Stay at Home မြို့နယ်များမှဖြစ်လျှင်၊ မြစ်ကြီးနား သို့ရောက်ရှိသည့် အခါ Quarantine ဝင်ရမည်ဖြစ်သည်။ မိမိအိမ်ရှိလျှင် အိမ်တွင် ၃ရက် Quarantine နေခွင့်ပြုမည်ဖြစ်သည်။ ၃ရက်ပြည့်လျှင် COVID-19 test ကို မိမိစရိတ်ဖြင့် စစ်ဆေးရမည်ဖြစ်သည်။

၄။ #ရန်ကုန်မှ ခန္တီး သို့ သွားရောက်မည့် ခရီးသည်များသည် သက်ဆိုင်ရာရပ်ကွက်၏ ထောက်ခံစာလိုအပ်ပါသည်။ လေယဉ်ထွက်ခွါမည့်အချိန်မတိုင်ခင် ၇၂ နာရီးအတွင်းစစ်ထားသော RTD TEST (Negative Result) ပါရပါမည်။

၅။ #မန္တလေး - ခရီးသည်များအား မန္တလေးလေဆိပ် တွင် အပူချိန်တိုင်းတားစစ်ဆေးပါမည်။

၆။ #ပူတာအို - ရန်ကုန် နှင့် မန္တလေး ရှိ Stay at Home မြို့နယ်များမှ ခရီးသည်များ အား ပူတာအိုသို့ ဝင်ခွင့် ယာယီ ပိတ်ထားပါသည်။

၇။ #ရန်ကုန် - မြစ်ကြီးနား၊ ပူတာအို၊ ဗန်မော် နှင့် ဟုမ္မလင်း မြို့များနှင့် မန္တလေး ရှိ Stay at Home မြို့နယ်များမှ ခရီးသည်များ အား ရန်ကုန် သို့ ဝင်ခွင့် ယာယီ ပိတ်ထားပါသည်။

၈။ #မြစ်ကြီးနား - မြစ်ကြီးနားမှ ထွက်ခွါမည့် ခရီးသည်များသည် ထွက်ခွါမည့်ရက် မတိုင်ခင် တစ်ရက်ကြိုတင်၍ COVID-19 test စစ်ဆေးထားရပါမည်။

၉။ #မကွေး - မကွေးမှ ထွက်ခွါမည့် ခရီးသည်များသည် ကြိုတင်၍ COVID-19 test စစ်ဆေးထားရပါမည်။

Cd # MNA

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ နှင့်     သူရဲကောင်းများအား အလေးပြုပါ၏။
19/07/2021

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ နှင့် သူရဲကောင်းများအား အလေးပြုပါ၏။

“နယုန်လပြည့် - မဟာသမယနေ့”             တရားတော်°°°°°°°°°°°°🌷🙏🌷°°°°°°°°°°တရားချစ်ခင် သူတော်စဉ်အပေါင်းတို့ ယနေ့သည် “နယုန်လပ...
23/06/2021

“နယုန်လပြည့် - မဟာသမယနေ့”
တရားတော်
°°°°°°°°°°°°🌷🙏🌷°°°°°°°°°°

တရားချစ်ခင် သူတော်စဉ်အပေါင်းတို့
ယနေ့သည် “နယုန်လပြည့်နေ့” ဖြစ်ပါတယ်။
“နယုန်လပြည့်နေ့” ကို “မဟာသမယနေ့” လို့ ခေါ်ပါတယ်။
မဟာသမယဆိုတာ မြတ်သော အခါတော် ( သို့ ) “မြတ်သောအစည်းအဝေး၊ မြင့်မြတ်သူတို့၏ ကြီးကျယ်သော အစည်းအဝေး”လို့ အဓိပ္ပါယ်ရပါတယ်။

အဲဒီအစည်းအဝေးကို “သက္ကတိုင်း” နှင့် “ကောလိယတိုင်း” နှစ်တိုင်းတို့၏ အကြား ရောဟိနီမြစ်၏ အနောက်ဘက် သက္ကတိုင်းနယ်ထဲက ဟိမ၀န္တာ တောင်ခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြတ်စွာဘုရား ဝါတော် ( ၁၅ ) ဝါ အရ သက္ကတိုင်း ကပိလ၀တ္ထုမြို့ နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးဆဲကာလ မိုးဦးကျ နယုန်လဆန်းလောက်မှာသကျလူမျိုးများနှင့် ကောလိယလူမျိုးတို့ “ရောဟိနီမြစ်ရေ”ကို အဝေမတည့်ကြ ၊
ရေလုကြရာမှ စတင်၍ နှစ်ပြည်တောင် စစ်ဖြစ်လုနီးသော ငြင်းခုံပွဲကြီး ၊ ပဋိပက္ခမှုကြီး ဖြစ်ခဲ့ပါတယ်။

ထိုနှစ်က မိုးခေါင်တဲ့အတွက် ရောဟိနီဖြစ်မှာ ရေအလွန်နည်းပါးတယ်၊ ကမ်းနှစ်ဘက်က “သကျ ကောလိယ” လယ်သမားတို့ဟာ လယ်များစိုက်ပျိုးဖို့ မြစ်ရေကို ဝေခွဲကြရာ အဝေ မတည့်ကြသည့်အတွက် အချင်းချင်း အပြန်အလှန်
ဆဲရေးကြကာ စစ်ပွဲကြီးဖြစ်လုနီး စစ်ပြင်ဆင်ကြပါတယ်။

❦သကျလူမျိုးများက ကောလိယလူမျိုးများကို သစ်ခေါင်းထဲမှာ နေကြတဲ့ “အနူမျိုးတွေ”လို့ အမျိုးကိုကိုင်၍ ဆဲရေးကြပါတယ်။

❦ကောလိယလူမျိုးတွေကလည်း သကျလူမျိုးတွေကို အမျိုးမပျက်စေဖို့ဆိုပြီး မောင်နှမ အရင်း အချင်းချင်း၊ အိမ်ထောင်ပြုတဲ့ “တိရိစ္ဆာန်လို လူတွေပဲ”ဟု
အမျိုးမျိုးထိခိုက် ဆဲရေးကြပါတယ်။

လူမျိုး ထိခိုက်ဆဲရေးကြတော့ မြစ်ကမ်းနားက လယ်သမားများကစတဲ့ ငြင်းခုန်ပွဲ ရန်ပွဲဟာ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့၊ ခရိုင်၊ ပြည်နယ်၊ ဘုရင့်နန်းတော်အထိ အဆင့်ဆင့် ကျယ်ပြန့်သည့်
ရန်ပွဲကြီး ဖြစ်ခဲ့ရပါတယ်။
မင်းနန်းတော်ကို သတင်းရောက်တော့ မင်းနှင့် မူးမတ် ၊သေနာပတိ ပါ၀င်တဲ့ စစ်တပ်ကြီး ပြင်ဆင်ပြီး မြစ်ကမ်းနှစ်ဖက်မှာ နှစ်ပြည်ထောင်မင်းတို့ စစ်ပြင်ဆင်ကြပါတယ်။

ဟိမ၀န္တာမှ စီးဆင်းလာသဖြင့် ကြည်လင်အေးမြသော “ရောဟိနီမြစ်” သည် စိတ်ထိခိုက် တုန်လှုပ်ဖွယ်ကောင်းသည့်
လောဟိတနဒီ သွေးမြစ် ဖြစ်လုလု အနေအထားမှာ ရှိနေပါတယ်။
အဲဒီအခါ မြတ်စွာဘုရား ကြွလာပါတယ်။ရောဟိနီမြစ်ရဲ့ အထက်ကောင်ကင်ကနေ ထက်၀ယ်ဖွဲ့ခွေ ထိုင်နေတော်မူလျှက် မေးပါတယ်။

ဆွေမျိုးအပေါင်းတို့ ဒီစစ်ပွဲဟာ ဘာအကြောင်းပြု ဖြစ်ရတာလဲ။
“မြစ်ရေကို အကြောင်းပြု ဖြစ်တဲ့ စစ်ပွဲပါဘုရား”လို့ နှစ်ဘက်လူတို့ ဖြေကြပါတယ်။
“ရေသည် မည်မျှ တန်ဘိုးရှိပါသလဲ” ဟု မေးပြန်ရာ တန်ဘိုးနည်းကြောင်း ဖြေကြားပါတယ်။

သင်တို့စစ်ဖြစ်ကြလျှင် လူတွေများစွာ သေကြ၊သွေးမြေကျ ဖြစ်ကြမယ်၊ လူ့အသက်နှင့်လူ့သွေး
မည်မျှ တန်ဘိုးရှိပါသနည်းဟု မေးမြန်းတော်မူရာ “လူ့အသက်နှင့် လူ့သွေးတို့ဟာ တန်ဘိုးမဖြတ်နိုင်အောင်
အဘိုးတန်ကြောင်း ပါဘုရား”ဟု လျှောက်ထားကြပါတယ်။

မြတ်စွာဘုရားက သင်တို့တတွေဟာ အချင်းချင်း ဆွေမျိုးတွေချည်းပဲ၊ သွေးသားဆက်စပ်တဲ့ ညီအစ်ကို ၊
မောင်နှမတွေ ဖြစ်ကြတယ်၊ ဆွေမျိုးအချင်းချင်း စစ်ခင်းကြတာ
မသင့်တော်ဘူး။ တန်ဘိုးမရှိတဲ့ရေကို အကြောင်းပြု၍ တန်ဘိုးကြီးမားလှသော လူ့အသက်သွေးတို့ မြေကျပျက်စီးတာလဲ မတော်ဘူးလို့ မြတ်စွာဘုရားက မိန့်ကြားတော်မူပြီး ၊ရန်ဖြစ်နေကြသော သကျနှင့် ကောလိယ ဆွေမျိုးတော်စပ်ပုံ အတိတ်ဖြစ်ရပ်ကို ပြန်လည်၍ မိန့်ကြားတော်မူပါတယ်။

ခမည်းတော် သုဒ္ဓေါဒနမင်းတရားမှစ၍ နောက်ပြန်၍ ရေသော် ရှစ်သောင်း နှစ်ထောင် ငါးရာကျော် တုန်းက
ရောဟိနီမြစ် အထက်နားလောက် ဟိမ၀န္တာ တောင်ခြေမှာ
“သြက္ကာကမင်း”ရယ်လို့ ရှိခဲ့ဖူးတယ်။
သြက္ကာကမင်းကြီး၏ သားသမီး(၁၅) ယောက်တို့သည် ကျွန်းတောကြီးကို ရှင်း၍ ကပိလရသေ့ပေးသော နေရာမှာ မြို့သစ်၊ နန်းသစ် တည်၍ နေခဲ့ကြတယ်။

‌ကျွန်းတောထဲမှာ ပြည်သစ်၊ နန်းသစ် တည်၍ နေကြတဲ့ လူမျိုးကို “သာကိယ လူမျိုး”လို့ ခေါ်တယ်။
စွမ်းရည်သတ္တိရှိတဲ့ လူမျိုးဖြစ်လို့ “သက္ကလူမျိုး”လို့လည်းခေါ်တယ်။ ကပိလရသေ့၏ ကျောင်းနေရာမှာ တည်သောမြို့
ဖြစ်ခြင်းကြောင့် “ကပိလ၀တ်မြို့”လို့လဲ ခေါ်တယ်။
မိဘရပ်ထံ နေရင်းဌာနေမှ ထွက်ခွါ၍ တစ်ရပ်တစ်ရွာ၊တနယ်တကြေးမှာ နေကြတဲ့ သကျသာကိယတို့သည်
အခြားလူမျိုးများနှင့် ရောယှက်မခံလိုကြသည့်အတွက် အမျိုးပျက်မှာ စိုးရိမ်ကြသောကြောင့် မောင်နှစ်မချင်း အိမ်ထောင်ပြုကြတယ်။
နိုင်ငံတော်ကို အစစွာ တည်ထောင်ကြတဲ့ မောင်နှစ်မ
( ၁၅ ) ယောက်တို့တွင် မင်းသမီး၊မင်းသား ( ၁၄ ) ယောက်တို့ အချင်းချင်းလှည့်၍ အိမ်ထောင်ပြုပြီး အကြီးဆုံးသော မင်းသမီးကြီးကို အစ်မကြီးဖြစ်၍ အမိအရာမှာ ထားခဲ့တယ်။

အဲဒီ အကြီးဆုံးသော သာကီ၀င် မင်းသမီးကြီးမှာ “နူနာရောဂါ ”စွဲကပ်ခဲ့သည့်အတွက် တောသို့ အပို့ခံခဲ့ရပါတယ်။
အခြားတစ်ဘက်မှ ရာမမင်းကြီးကလည်း နူနာစွဲသဖြင့် တောသို့ ၀င်ခဲ့ပါတယ်၊ ရာမနိုင်ငံတော်က ရာမမင်းကြီးသည် ကလောပင် သစ်ခေါင်း၌ နေ၍ ကလောသီး၊ကလောဆန်များစားပြီး နူနာများ ပျောက်ခဲ့ပါတယ်။
အားကိုးရာမဲ့နေတဲ့ သာကီ၀င်မင်းသမီးကြီးကို နူနာပျောက်နေတဲ့ ရာမမင်းကြီးက တွေ့ရတဲ့အခါ သူစားတဲ့ဆေးနှင့် အစားများ ကျွေးပြီး စောင့်ရှောက်ခဲ့ရာ
မင်းသမီးကြီးလည်း နူနာပျောက်ခဲ့ရပါတယ်၊

“ရာမမင်းနှင့် သာကီ၀င်မင်းသမီးကြီး”တို့ မေတ္တာမျှ၍ ကလောပင်ခေါင်းမှာ နေကြရာ သားပေါင်း (၃၂) ယောက်ထွန်းကားခဲ့ပါတယ်။ကလောပင်တောက မင်းသားပေါင်း(၃၂) ယောက်နှင့် ကျွန်းတောက
မင်းသမီး (၃၂) ယောက်တို့ ထိမ်းမြန်းကြတဲ့အခါ ကလောပင်တောထဲမှာ “ကောလိယလူမျိုး” ရယ်လို့ ဖြစ်ထွန်းလာခဲ့ကြပါတယ်။

ဒါ့ကြောင့် ရောဟိနီမြစ်ကို အကြောင်းပြု၍ စစ်ဖြစ်လုနီး အပြန်အလှန် ဆဲရေးနေကြသူတွေဟာ သွေးတူ၊ မျိုးတူ၊
ဆွေရင်းမျိုးရင်း၊ ညီအစ်ကို မောင်နှစ်မရင်းတွေ ဖြစ်ကြတယ်။
ဒါ့ကြောင့် ဒီရန်ပွဲဟာ အဘိုးမတန်သည့် အရာ၀တ္ထုကို အကြောင်းပြုပြီး တန်ဘိုးမဖြတ်နိုင်သော လူတို့၏အသက်သွေးများ မြေကျဆုံးရှုံးရမည့် ဆွေမျိုးအချင်းချင်း ဖြစ်တဲ့စစ်ပွဲ ၊ မသင့်တော်တဲ့ စစ်ပွဲ၊ မဖြစ်ထိုက်တဲ့ စစ်ပွဲလို့ မြတ်စွာဘုရားက ဆုံးမတော်မူပါတယ်။

ရန်စိတ်၊ ရန်သူစိတ် ပေါက်နေကြတဲ့ ကမ်းနှစ်ဘက်က နှစ်ပြည်ထောင် မင်းတို့ဟာ ဆွေစိတ် ၊ မျိုးစိတ်များ ပေါ်ပေါက်လာကြပြီး ကိုင်စွဲထားကြတဲ့ လက်နက်များကိုရောဟိနီမြစ်ထဲမှာ ပစ်ချမြှောလိုက်ကြပါတယ်။

တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဤသည့်နယုန်လ၏ ရှေ့ပိုင်းရက်များမှာ အထက်ပြောခဲ့တဲ့ ရန်ပွဲဖြစ်တဲ့နေရာ
ရောဟိနီမြစ်ပေါ်မှာ-

●- ကြပ်ကြပ်စိပ်စိပ် ပေါက်နေသော သစ်တောကို လေပြင်းမုန်တိုင်းတို့ မတိုက်မလှဲနိုင်သလို မလိုမုန်းထားသူတို့
မဖြိုခွဲနိုင်အောင် ကိုယ်စိတ်နှစ်ရပ် ညီညွတ်စွာ နေသင့်ကြောင်းကောင်းစွာဆုံးမသည့် “ရုက္ခဓမ္မဇာတ်တော်”။

●- အချင်းချင်း ငြင်းခုန် ကွဲပြားကြတဲ့ ငုံးများဟာ မုဆိုးများသတ်စားခံရကြောင်း ၊ ငြင်းခုန်ခြင်းသည် အကျိုးမရှိ ၊
မိမိတို့ငြင်းခုန်ခြင်းသည် သူတစ်ပါးတို့ စားပေါက်ဖြစ်ကြောင်းကောင်းစွာ ဆုံးမသည့် “၀ဋ္ဋကဇာတ်တော်”။

●- အားငယ်သူကို မထီမဲ့မြင် မပြုသင့်ကြောင်း ခွန်းအားနည်းသူကိုအထင်သေးမိက
သူ၏ထက်မြက်သော ကိုယ်ပိုင်ဉာဏ်ကို အသုံးချနိုင်သောအခါ၊မထီမဲ့မြင်ပြုမိသော အင်အားကြီးသူတို့ပျက်စီးရကြောင်း
ကောင်းစွာဆုံးမသည့် “လဋုကိကဇာတ်တော်”။

●- မြစ်ကမ်းနှစ်ဘက်မှ လယ်သမားတို့ ငြင်းခုံမှု ၊ဆဲရေးမှုတို့ကို မစိစစ်ဘဲ စစ်ပြင်မိကြသည်မှာ အမှိုက်ကစ၍ ပြသာဒ်မီးလောင် ဆိုတာလို လယ်သမားရန်ပွဲဟာ နှစ်ပြည်ထောင်စစ်ပွဲ မဖြစ်သင့်ကြောင်း ကောင်းစွာ ဆုံးမသည့်
“ပထဝီဥနြ္ဒိယဇာတ်တော်”။

●- အရာမဟုတ်သည်၌ အမျက်မထွက်သင့်ကြောင်း သေးငယ်သော အကြောင်းမဟုတ်သော အဖြစ်ကို ရိုးမယ်ဖွဲ့ အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့ခြင်းသည် နှစ်ဦးစလုံး ပျက်စီးမှုဖြစ်ကြောင်း သူ့အမျိုး လက်ညှိုး ထိုး၍ ဆဲရေးခြင်းသည် ကိုယ့်အမျိုးကိုပင် ဆဲရေးခြင်း ဖြစ်နေတတ်ကြောင်းဒေါင်းကသလို မဖြစ်သင့်ကြောင်း ၊ ကြို့ပင်အောက်အိပ်နေသော ၀က်ဝံနှင့် ကြို့ပင်စောင့်နတ်တို့ ရန်ဖြစ်ကြရာ ၀က်ဝံရော၊ ကြို့ပင်ပါ ဖျက်ဆီးခံရပြီး သစ်ခုတ်သမားက ၀က်ဝံသားရေခွါ ၀က်ဝံသားစား၊ကြို့ပင်ကိုလှဲ ကြို့သားကိုလှည်းလုပ်၍ စီးသွားပုံဖြင့် အချင်းချင်း ရန်ဖြစ်ခြင်းသည်
သူတစ်ပါး၏ အကျိုးစီးပွားဖြစ်ဖို့သာတည်း ဟု ဆုံးမသော “ဖန္ဒနဇာတ်တော်”။

●- ညီညွတ်ရေးနည်းလမ်းပြ မိမိကိုယ်ကို ဆုံးမကြဖို့ လမ်းညွှန်တရား ဖြစ်သည့် “အတ္တဒဏ္ဍသုတ်တော်”။

အဲဒီလို “သုတ္တန်တစ်ခု နှင့် ဇာတ်တော် ငါးခု” တို့ကို မိမိ၏ ဆွေမျိုးများအား ကောင်းကင်ကနေ ဟောကြားတော်မူခဲ့ပါတယ်။

ဤသို့လျှင် မပြောပလောက်သည့် အမှုကလေးကို အကြောင်းပြု၍ ဖြစ်သော သကျနှင့် ကောလိယ ဆွေတော်မျိုးတော်များ၏ ရန်ပွဲသည် ရောဟိနီမြစ်ပေါ်မှာ ငြိမ်းချမ်းခဲ့ပါပြီ။
ရန်ငြိမ်းသည့် အထိမ်းအမှတ်အဖြစ် တစ်ဘက် (၂၅၀)စီသော စစ်သည်တော် မင်းသားများ ရဟန်းပြုကြပါတယ်။
သကျနှင့် ကောလိယ ရဟန်းတော် (၅၀၀)တို့ကို မြတ်စွာဘုရားက ကပိလ၀တ်မြို့အနီး
ဟိမ၀န္တာတောင်ခြေ မဟာ၀နခေါ် ထူနက်သည့် တောကြီးမှာ ထား၍ ကမ္မဋ္ဌာန်းပေးပါတယ်။

ရဟန်းငါးရာတို့ အိမ်မှာ နေရစ်ခဲ့ကြတဲ့
ဇနီးဟောင်းများက ဖြားယောင်ကို
သိတော်မူသည့်အတွက် ဟိမ၀န္တာ
ကုဏာလအိုင်သို့ ဆောင်တော်မူလျှက်
ကုဏာလအိုင်၌ ကာမ၏အပြစ်ကို ဖော်ပြသော ကာမကိုငြီးငွေ့ရွံမုန်းစေသော ဒေသနာ “မဟာကုဏာလဇာတ်တော်ကြီး”ကို
ဟောတော်မူပါတယ်။

ဤဇာတ်တော်ကြီးအဆုံးမှာ ရဟန်း (၅၀၀)တို့ တန်ခိုးနှင့်တကွ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ကြပါတယ်။
သောတာပန်မင်းသား သကျသာကိယ ရဟန်း(၅၀၀)ကို မြတ်စွာဘုရားက မဟာဝုန်တောအုပ်ကြီးသို့
ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။
နယုန်လဆန်း (၁၄)ရက်နေ့လောက်ဖြစ်ပါတယ်။ ကပိလ၀တ်မြို့အနီး မဟာဝုန်တောကြီးမှာ ရဟန်း(၅၀၀)တို့အား ကမ္မဋ္ဌာန်း ပေးပါတယ်။

❦နယုန်လပြည့်နေ့မှာ ရဟန်း(၅၀၀)တို့ ကြီးစဉ်ငယ်လိုက် တစ်ပါးစီ တစ်ချိန်စီ ရဟန္တာဖြစ်ကြရာ ရှေ့နောက်စဉ်ဆက် ရဟန္တာဖြစ်ကြရတဲ့
ရဟန္တာ(၅၀၀)တို့သည် ကြီးစဉ်ငယ်လိုက် တန်းစီ၍ ဘုရားထံသို့ သတင်းပို့ရန် လျှောက်ထားရန်သွားကြရာ စကြ၀ဠာ တစ်သောင်းမှ မရေမတွက်နိုင်သော နတ်ဗြဟ္မာ အပေါင်းသည်လည်း
စုဝေးရောက်ရှိလာကြပါတယ်။

အချို့သုဒ္ဓါဝါသဘုံက အနာဂါမ် ၊ရဟန္တာ ဗြဟ္မာကြီးများ ၊သမာပတ်၀င်စားနေရာက ထ၍ သူတို့နေရာကြည့်လိုက်ရာ တိတ်ဆိတ်နေသည်ကိုမြင်ရ ဗြဟ္မာတစ်ယောက်မျှ မရှိသည်အထိပါပဲ။
မဟာဝုန် မဟာသမယသို့သွားကြတာ အကုန်လုံးပါပဲ။
မဟာဝုန်အစည်းဝေးကြီးသို့ တတ်ရောက်နေကြပြီဟု သိရတဲ့အခါ သူတို့ နောက်ကြနေသည့်အတွက် အစည်းအဝေးအမှီ အပြေးလာကြ အမြန်လာကြရာ နေစရာမရှိလို့ စကြ၀ဠာတံတိုင်းအစွန်းနားမှာ ကပ်၍နေကြရပါတယ်။ နေရာအခက်အခဲ ဖြစ်ကြရပါတယ်။

အပ်ဖျားတစ်ထောက်စာလောက် နေရာမှာပင် နတ်ဗြဟ္မာများ
(၁၀, ၂၀, ၃၀, ၄၀, ၅၀, ၆၀, ၈၀,)သေးငယ်သောကိုယ်ကို
ဖန်ဆင်း၍ စုဝေးကြပါတယ်။ စကြ၀ဠာတံတိုင်းအထိ အပြည့်အကြပ်ပါပဲ။ ရဟန္တာတွေချည်း ငါးရာနှင့် ကျည်တောက်မှာ ဆံမှုန့်များ သိပ်ထားသလို
များပြား ပြည့်ကြပ်နေသော နတ်ဗြဟ္မာတို့၏ အစည်းအဝေးကြီးဟာ လွန်ခဲ့သော နှစ်ပေါင်း (၂၅၇၀) ၏ နယုန်လပြည့်နေ့တုန်းက သက္ကတိုင်း
ကပိလ၀တ်၏ မြောက်ဘက် ဟိမ၀န္တာ၏ တောင်ခြေ “မဟာ၀န မဟာဝုန်တောကြီး”မှာ
အကြီးအကျယ် ကျင်းပခဲ့ပါတယ်။
အဲဒီ အစည်းအဝေးကြီးကို “မဟာသမယ” ခေါ်တာပါပဲ။

မရေမတွက်နိုင်သော နတ်ဗြဟ္မာတွေထဲမှာ တချို့နတ်များက စဉ်းစားကြတယ်၊ ဒီလောက်များတဲ့နတ်တွေကို ဘုရား အကုန်သိမှာမဟုတ်ပါဘူးတဲ့ ။ ဒီနတ်တွေရဲ့ သူတို့လာတာကို ဘုရားသိစေချင်တဲ့ စိတ်ကို
ဘုရားက သိတော်မူသဖြင့်
သူတို့ကျေနပ်၀မ်းသာရအောင် နတ်ဗြဟ္မာများ၏ အုပ်စုလိုက် အမည်စာရင်းကို မြတ်စွာဘုရားက ကြေညာတော်မူပေးရပါတယ်။
အဲဒီနတ်ဗြဟ္မာများရဲ့ အမည်စာရင်း ကြေညာချက်ကို စုပေါင်းလိုက်တော့ သံဃာယနာ မှတ်တမ်းမှာ
“မဟာသမယသုတ်”လို့ ဖြစ်လာတယ်။

ဤ နယုန်လပြည့် မဟာဝုန်တောမှာ စည်းဝေးတဲ့မဟာသမယ အစည်းအဝေးကြီးမှာ လာရောက် စုဝေးကြတဲ့ နတ်ဗြဟ္မာများကို မြတ်စွာဘုရားက-
၁။ ရာဂထူသောအုပ်စု
၂။ ဒေါသအားကြီးသောအုပ်စု
၃။ မောဟလွန်ကဲသောအုပ်စု
၄။ သဒ္ဓါအားကောင်းသောအုပ်စု
၅။ ဝိတတ်အားကြီးသောအုပ်စု
၆။ ပညာအားကြီးသောအုပ်စု
ဟူ၍ (၆)အုပ်စု ခွဲလိုက်ပါတယ်။ (၆)အုပ်စုအားလျှော်သော တရားဒေသနာ (၆)ပုဒ်ကို အမေး အဖြေလုပ်၍ ဟောတော်မူပါတယ်။

မြတ်စွာဘုရားက မေးရာ၌ ဖြေဆိုနိုင်သူမရှိသည့်အတွက် ဗုဒ္ဓကိုယ်စား “နိမ္မိတတစ်ဆူ” ဖန်ဆင်းတော်မူပါတယ်။
မြတ်ဗုဒ္ဓကိုယ်တော်တိုင်က မေး၍ ဖန်ဆင်းထားသော နိမ္မိတရုပ်ပုံတော်က ဖြေဆိုတော်မူပါတယ်။
ဒီကနေ့ခေတ်မှာ လူသားက မေးတာကို ကွန်ပျူတာ စက်ရုပ်က ဖြေတာမျိုး မဟုတ်ပါဘူး။ ဖန်ဆင်းရုပ်နှင့် တကယ့်ဘုရား ခွဲခြားမရအောင် တစ်ထပ်တည်း တစ်ပုံတည်း ဖြစ်နေပါတယ်။
ဘုရားနှစ်ဆူ ပွင့်တော်မူသည် (သို့မဟုတ်)တစ်ခြား စကြ၀ဠာက အခြားဘုရားတစ်ဆူ ကြွတော်မူလာသည်ဟု ထင်ကြရပါသည်။

မဟာသမယ၏ ထူးခြားမွန်မြတ်ပုံပါပဲ။
သက်ရှိဗုဒ္ဓ၏ ရောဝဝံ်ွခာက်သွယ်တို့သည် အချင်းချင်း
ရောယှက်ကာ စကြ၀ဠာစွန်းနားသို့တိုင်အောင် ဘေးသို့ပြေးသွားကာ အရပ်ရှစ်မျက်နှာကို လွှမ်းမိုးတော်မူခဲ့ကြပါတယ်။
အထက်အကနိဋ္ဌဘုံတိုင်အောင် လွှမ်းမိုး တတ်ခဲ့ပါတယ်။

“သက်ရှိဗုဒ္ဓ နှင့် နိမ္မိတဗုဒ္ဓ”တို့သည် မျက်နှာခြင်းဆိုင် နေထိုင်တော်မူကြကာ အမေးအဖြေပြုလုပ်၍ သက်ရှိဗုဒ္ဓက
မေးသမျှကို နိမ္မိတဗုဒ္ဓက ဖြေကြားကာ တရားဒေသနာ (၆)ပုဒ် ၊ သုတ္တန် (၆)ခုတို့ကို ဟောကြားတော်မူခဲ့ပါတယ်။

(၁)။ ရာဂစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် သမ္မာပရိဗ္ဗာဇနိယသုတ်။

(၂)။ ဒေါသစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် ကလဟဝိ၀ါဒသုတ်။

(၃)။ မောဟစရိုက်ရှိသောနတ်ဗြဟ္မာတို့အတွက် မဟာဗျူဟာသုတ်။

(၄)။ ဝိတတ်စရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် စူဠဗျူဟာသုတ်။

(၅)။ သဒ္ဓါစရိုက်ရှိ်သော နတ်ဗြဟ္မာတို့အတွက် တု၀ဋ္ဋသုတ်။

ွ(၆)။ ပညာစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် ပုရာဘေဒသုတ်။

ဟူ၍ “သုတ်ပေါင်း (၆)သုတ်” တို့ကို တစ်နေ့တည်း ဟောတော်မူခဲ့ပါတယ်။ ကုဋေပေါင်းများစွာသော နတ်ဗြဟ္မာတို့၊သစ္စာလေးပါး တရားသိမြင် ကျွတ်တန်း၀င်ကာ အရိယာ ဖြစ်ကြပါတယ်။

နတ်တို့ရဲ့အမည်စာရင်းကို ဖော်ပြသော မဟာသမယသုတ်နှင့်တကွ စရိုက် (၆) ပါး
အသီးသီးရှိ နတ်များအား
ဟောသော မဟာသမယ (၆) သုတ်တို့ကို နတ်များက အလွန်ကြည်ညိုကြပါတယ်။
“မြို့သစ်၊ အိမ်သစ်”စသည် အသစ်တည်သော “သုမင်္ဂလာမှု”များ၌ မဟာသမယ (၇) သုတ်တို့ကို ရွတ်ဆိုခြင်းဖြင့် ၎င်းတို့၏ အကူအညီ အစောင့်အရှောက်ကို ရယူနိုင်ကြပါသည်။

“သကျ” တို့သည် မြတ်စွာဘုရား၏ ဘခင်မျိုးများဖြစ်ကြပါသည်။
“ကောလိယ” တို့သည် မြတ်ဘုရား၏ မိခင်မျိုးများ ဖြစ်ကြပါသည်။ မိမျိုး ၊ဘမျိုးတို့၏ ငြင်းခုံခိုက်ရန်ပွဲကို ဆွေမျိုးစပ်၍ ငြိမ်းချမ်းစေတော်မူခဲ့ပါတယ်။
ငြိမ်းချမ်းမှု၏ အကျိုးသက်ရောက်မှုကား
ကြီးကျယ် များမြတ်လှပါပေ၏။
မဟာသမယ၊ မဟာသန္နိပါတ၊ မဟာဓမ္မဒေသနာ၊ မဟာဓမ္မာဘိသမယ၊ မဟာအတ္ထာဓိဂမ တို့သည် ရောဟိနီ ငြိမ်းချမ်းရေးတရား၏ “အကျိုးကျေးဇူး”
များပင် ဖြစ်ပါသတည်း။

-“ သုသုခံ ၀တ ဇီဝါမ၊ဝေရိနေသု အဝေဒိနော၊ဝေရိနေသု မနုေဿသု၊ဝိဟရာမ အဝေရိနော။” ဝေရိနေသု- ရန်ပြု၍ နေကြသော ၊ မနုေဿသု - လူတို့၏ အလယ်၌ ၊ အဝေရိနော - ရန်မပြုကြသော ၊ မယံ - ငါတို့သည် ၊
သုသုခံ - အလွန့်အလွန် ချမ်းသာစွာ ၊
ဇီဝါမ ၀တ - အသက်ရှင်ကြရပေကုန်စွတကား။တသ္မာ - ထို့ကြောင့် ၊
ဝေရိနေသု - ရန်ပြု၍ နေကြသော ၊
မနုေဿသု - လူတို့၏အလယ်၌ ၊
မယံ - ငါတို့တစ်တွေသည် ၊
အဝေရိနော - မည်သူ့ကိုမျှ ရန်မပြုကြပါပဲ ၊ ဝိဟရာမ - နေလိုက်ကြပါကုန်စို့တကား။

- “နဟိ ဝေရေန ဝေရာနိ ၊သမ္မန္တိဓ ကုဒါစနံ ၊အဝေရေန စ သမ္မန္တိ ၊ဧသ ဓမ္မော သနန္တနော ။”
ဝေရာနိ - ရန်တို့သည် ၊
ဝေရေန - ရန်တုန့်မူသဖြင့် ၊
ကုဒါစနံ - မည်သည့်အခါမျှ ၊
နသမ္မန္တိ - မငြိမ်းနိုင်လေကြကုန် ။
ဝေရာနိ - ရန်တို့သည် ၊
အဝေရေန - မေတ္တာဖြင့် တုန့်ပြန်မှသာလျှင် ၊
သမ္မန္တိ - ငြိမ်းကြလေကုန်၏ ။
ဧသဓမ္မော - ဤသဘောသည် ၊
သနန္တနော - ကမ္ဘာဦးလူတို့ ကျင့်သုံးကြတဲ့
သနန္တနဓမ္မ ကမ္ဘာ့ ရှေးဟောင်းတရား ဖြစ်ပါပေသတည်း။
( သာဓု သာဓု သာဓု )

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ ။

သတ္တလောကတစ်ခုလုံး ဘေးရန်ခပ်သိမ်း
ကင်းငြိမ်းပါစေ။ ။

သီတဂူဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏
‌====================

ပျံလို့ရသွားပြီ
03/02/2021

ပျံလို့ရသွားပြီ

Air KBZ ၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲသွားမည်
=========================================

မိဘပြည်သူများ၏ ခရီးသွားလာရေးလိုအပ်ချက်များအတွက် Air KBZ အနေဖြင့် ပြည်တွင်းခရီးစဉ်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး MAI နှင့်အကျိုးတူပူးပေါင်း၍ Embraer E190 လေယာဉ်ဖြင့် ပြေးဆွဲသည့် ခရီးစဉ်များကိုလည်း တစ်ပြိုင်တည်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ခရီးသည်များအတွက် ဘေးကင်းလုံခြုံစိတ်ချရသော ခရီးစဉ်များဖြစ်စေရန် အကောင်းဆုံးကြိုတင်ကာကွယ်၍ ဆောင်ရွက်ပေးလျှက်ရှိသကဲ့သို့ ခရီးသည်များအနေဖြင့်လည်း ချမှတ်ထားသော ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။

မကြာမီဆုံတွေ့ကြပါစို့!

Air KBZ Resumes Domestic Connectivity Effective From 04 Feb 2021
=========================================

Air KBZ will resume domestic flights effective from 04 Feb 2021 to ensure that we provide critically needed domestic connectivity to guests - this includes our codeshare flights with MAI’s Embraer E190 aircraft.

We encourage our guests to strictly adhere to the common prevention tips recommended, as we do our utmost best to ensure your flight is safe.

We'll see you onboard soon!




02/02/2021

4 Feb မှ စလို့
ပြည်တွင်းလေယာဉ်များ ပြန်လည်ပြေးဆွဲပါတော့မည်။ 😃😃

Address

No. 141 Corner Of 108 Street & 64(B)St Mandalay
Mandalay

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:00
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:00

Telephone

+959791111172

Website

Alerts

Be the first to know and let us send you an email when BPT Air ticket Beautiful Present ဘီပီတီ လေယာဉ်လက်မှတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BPT Air ticket Beautiful Present ဘီပီတီ လေယာဉ်လက်မှတ်:

Share

Category