သံလွင်ဟိန်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Mandalay
  • သံလွင်ဟိန်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

သံလွင်ဟိန်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း Travel differently. Travel agency provides the value services. International and local tour packages are available.

26/07/2026

ကျိုက်ထီးရိုး ဘုရား ၊ ကျိုက်ထိုမြို့၊ မွန်ပြည်နယ် #ကျိုက်ထီးရိုး

Wat Lak Si Rat Samoson📍Samut Sakhon, Thailand 🇹🇭 📷 nupanupatCredit: photo
04/06/2026

Wat Lak Si Rat Samoson📍Samut Sakhon, Thailand 🇹🇭

📷 nupanupat

Credit: photo

29/04/2026

ထိုင်းနိုင်ငံမှာ လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရရင် ရရှိနိုင်တဲ့ နစ်နာကြေးများ

လေယာဉ်ခရီးစဉ်တွေ ရုတ်တရက် ဖျက်သိမ်းခံရတာ ဒါမှမဟုတ် ကြန့်ကြာတာမျိုး ကြုံရတဲ့ ခရီးသည်တွေအနေနဲ့ မိမိတို့ရဲ့ ရပိုင်ခွင့်တွေကို နားလည်ထားဖို့ လိုအပ်ပြီး၊ အချို့ဖြစ်စဉ်တွေမှာ ထိုင်းနိုင်ငံ လေကြောင်းဦးစီးဌာန (CAAT) ရဲ့ သတ်မှတ်ချက်အရ လျော်ကြေးငွေ ဘတ် ၄,၅၀၀ အထိ ရနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ စည်းမျဉ်းစည်းကမ်းတွေဟာ ထိုင်းနိုင်ငံအတွင်း လေကြောင်းခရီးသွားလာနေတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် ခရီးသည်အားလုံးအတွက် အကျုံးဝင်တာဖြစ်ပါတယ်။

ခရီးသွားတွေအနေနဲ့ မိမိတို့ရဲ့ လေယာဉ်ခရီးစဉ် အခြေအနေကို SAWASDEE by AOT application ကတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ စစ်ဆေးနိုင်သလို၊ လေကြောင်းလိုင်းတွေနဲ့ ဆက်သွယ်ဖို့နဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ လမ်းညွှန်ချက်တွေကိုလည်း ရယူနိုင်ပါတယ်။

လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရရင် ဘာလုပ်ရမလဲ?

🔶 လေကြောင်းလိုင်း ဝက်ဘ်ဆိုက် ဒါမှမဟုတ် SAWASDEE by AOT app ကတစ်ဆင့် ခရီးစဉ်အခြေအနေကို စစ်ဆေးပါ။
🔶 လေဆိပ်ရှိ Check-in ကောင်တာ ဒါမှမဟုတ် Call Center တွေကတစ်ဆင့် လေကြောင်းလိုင်းကို ချက်ချင်းဆက်သွယ်ပါ။
🔶 လက်မှတ်ဖိုး ပြန်အမ်းငွေယူမှာလား ဒါမှမဟုတ် ခရီးစဉ်အသစ် ပြန်ပြောင်းမှာလား ဆိုတာတွေကို ပြောပါ။
🔶 အစားအသောက်၊ တည်းခိုနေထိုင်ရေး ဒါမှမဟုတ် ငွေသားပြန်အမ်းငွေ အစရှိတဲ့ ရပိုင်ခွင့်တွေကို ပြန်လည်စစ်ဆေးပါ။
🔶 အခြားနစ်နာကြေးတွေ ထပ်မံတောင်းဆိုနိုင်ဖို့ ခရီးသွားအာမခံ အကာအကွယ်ပေးမှု ရှိ၊ မရှိ စစ်ဆေးပါ။

ခရီးစဉ်ဖျက်သိမ်းခြင်းအတွက် ခရီးသည်ရပိုင်ခွင့်များ

ပြည်တွင်းခရီးစဉ်များ
🔶 အစားအသောက်နဲ့ သောက်ရေ။
🔶 ဆက်သွယ်ရေး ။
🔶 ညအိပ်နားခိုရန် လိုအပ်ပါက တည်းခိုရမယ့်နေရာနဲ့ အကြိုအပို့။
🔶 လက်မှတ်ဖိုး အပြည့်အဝပြန်အမ်းငွေ ရယူနိုင်ခြင်း ဒါမှမဟုတ် ခရီးစဉ်/သယ်ယူပို့ဆောင်ရေး ပြောင်းလဲပေးရန် တောင်းဆိုနိုင်ခြင်း။
🔶 နစ်နာကြေး ဘတ် ၁,၅၀၀။

ခြွင်းချက်
အကယ်လို့ လေကြောင်းလိုင်းက ခရီးသည်ကို အနည်းဆုံး ၃ ရက်ကြိုတင် အသိပေးထားရင်သော်လည်းကောင်း၊ ၃ ရက်ထက်နည်းပြီး အသိပေးပေမယ့် မူလအချိန်ထက် ၃ နာရီအတွင်း ရောက်မယ့် အခြားခရီးစဉ်တစ်ခု စီစဉ်ပေးရင်သော်လည်းကောင်း၊ ရာသီဥတု ဒါမှမဟုတ် နိုင်ငံရေးအခြေအနေလိုမျိုး မလွှဲမရှောင်သာတဲ့ အကြောင်းရင်းတွေကြောင့် ဖျက်သိမ်းရတာဆိုရင်တော့ နစ်နာကြေး ရရှိမှာ မဟုတ်ပါဘူး။

ပြည်ပခရီးစဉ်များ
🔶 အစားအသောက်နဲ့ သောက်ရေ။
🔶 ဆက်သွယ်ရေး ။
🔶 လိုအပ်ပါက တည်းခိုရမယ့်နေရာနဲ့ အကြိုအပို့။
🔶 လက်မှတ်ဖိုး ပြန်အမ်းငွေ ရယူနိုင်ခြင်း ဒါမှမဟုတ် ခရီးစဉ်/လမ်းကြောင်း ပြောင်းလဲနိုင်ခြင်း။

ခရီးကွာဝေးအပေါ် မူတည်ပြီး ရရှိမယ့် နစ်နာကြေး
🔶 ကီလိုမီတာ ၁,၅၀၀ အထိ ခရီးစဉ်များအတွက် - ဘတ် ၂,၀၀၀။
🔶 ကီလိုမီတာ ၁,၅၀၀ မှ ၃,၅၀၀ အကြား ခရီးစဉ်များအတွက် - ဘတ် ၃,၅၀၀။
🔶 ကီလိုမီတာ ၃,၅၀၀ ထက်ကျော်တဲ့ ခရီးစဉ်များအတွက် - ဘတ် ၄,၅၀၀။

ခြွင်းချက်
အနည်းဆုံး ၇ ရက်ကြိုတင် အသိပေးထားရင်သော်လည်းကောင်း၊ ၇ ရက်ထက်နည်းပြီး အသိပေးပေမယ့် ၃ နာရီအတွင်း ရောက်မယ့် အခြားခရီးစဉ် စီစဉ်ပေးရင်သော်လည်းကောင်း၊ မလွှဲသာမရှောင်သာတဲ့ အခြေအနေတွေကြောင့် ဖြစ်ရင်သော်လည်းကောင်း နစ်နာကြေး ရရှိမှာ မဟုတ်ပါဘူး။

ပြည်ပခရီးစဉ် ကြန့်ကြာမှုအတွက် ခရီးသည်ရပိုင်ခွင့်များ

၂ နာရီမှ ၄ နာရီအထိ ကြန့်ကြာလျှင်
🔶 အစားအသောက်နဲ့ သောက်ရေ။
🔶 ဆက်သွယ်ရေး ။

၅ နာရီနဲ့ အထက် ကြန့်ကြာလျှင်
🔶 အစားအသောက်နဲ့ သောက်ရေ၊ ဆက်သွယ်ရေး ။
🔶 လိုအပ်ပါက တည်းခိုရမယ့်နေရာနဲ့ အကြိုအပို့။
🔶 ပြန်အမ်းငွေ တောင်းဆိုနိုင်ခွင့်။
🔶 နစ်နာကြေး ဘတ် ၁,၅၀၀။

၁၀ နာရီနဲ့ အထက် ကြန့်ကြာလျှင်
🔶 အစားအသောက်၊ ဆက်သွယ်ရေး၊ တည်းခိုရေးနဲ့ အကြိုအပို့။
🔶 ပြန်အမ်းငွေ တောင်းဆိုနိုင်ခွင့် ဒါမှမဟုတ် ခရီးစဉ်/လမ်းကြောင်း ပြောင်းလဲနိုင်ခွင့်။

ခရီးကွာဝေးအပေါ် မူတည်ပြီး ရရှိမယ့် နစ်နာကြေး
🔶 ဘတ် ၂,၀၀၀ (ကီလိုမီတာ ၁,၅၀၀ အောက်)။
🔶 ဘတ် ၃,၅၀၀ (ကီလိုမီတာ ၁,၅၀၀ မှ ၃,၅၀၀ အကြား)။
🔶 ဘတ် ၄,၅၀၀ (ကီလိုမီတာ ၃,၅၀၀ ထက်ကျော်ရင်)။

ခြွင်းချက်
ဆိုးရွားတဲ့ ရာသီဥတု၊ နိုင်ငံရေး အခြေအနေ ဒါမှမဟုတ် အခြား ပြင်ပက မလွှဲမရှောင်သာတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ရတာဆိုရင်တော့ နစ်နာကြေး ရမှာမဟုတ်ပါဘူး။

ဒီလို မိမိတို့ရဲ့ ရပိုင်ခွင့်တွေကို နားလည်ထားတာဟာ မမျှော်လင့်ဘဲ ခရီးစဉ် အနှောင့်အယှက်ဖြစ်တာတွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့နဲ့ ရသင့်ရထိုက်တဲ့ အကူအညီနဲ့ နစ်နာကြေးတွေကို ရရှိစေဖို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်တယ်လို့ ထိုင်း အာဏာပိုင်တွေက အလေးပေး ပြောကြားထားပါတယ်။

Ref : Nation Thailand

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

29/04/2026

Golden Mount Golden Hour!

Thank you for your Picture


25/04/2026
21/04/2026

Dusit Central Part | Bangkok

20/04/2026

Pattaya Trip | The Sanctuary of Truth Museum

#

Address

Mandalay
5031

Telephone

+959978839953

Website

Alerts

Be the first to know and let us send you an email when သံလွင်ဟိန်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သံလွင်ဟိန်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း:

Shortcuts

Share

Category