Yida-Travel

Yida-Travel We are offering International / Domestic Air ticket and Travel Service.

✅မြန်မာနိုင်ငံအဝင် ကိုဗစ် PCR test စစ်ဆေးလာရန်မလိုတော့ပါ။‼️✅၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်မှစ၍ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံ...
18/06/2022

✅မြန်မာနိုင်ငံအဝင် ကိုဗစ် PCR test စစ်ဆေးလာရန်မလိုတော့ပါ။‼️

✅၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်မှစ၍ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Commercial Flight များဖြင့် ဝင်ရောက်လာမည့်ခရီးသည်များသည် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားပြီးကြောင်း ကာကွယ်ဆေးထိုးလက်မှတ် ရှိပါက PCR Test စစ်ဆေးခဲ့ရန် မလိုတော့ပါ။

✅ကိုဗစ် ကာကွယ်ဆေးမထိုးရသေးသော ခရီးသည်များအနေဖြင့် မြန်မာနိုင်ငံသို့ မပြန်ခင် ၇၂ နာရီအတွင်း စစ်ဆေးထားသော Covid PCR Test Negative Result လိုအပ်မှာဖြစ်််ပါသည်။

🇹🇭ဇူလိုင် (၁) ရက်နေ့မှစ၍ ထိုင်းနိုင်ငံသို့သွားမည့်သူများ Thailand Pass နှင့် Travel insurance မလိုတော့ပါ။‼️💢ထိုင်းနိုင်င...
18/06/2022

🇹🇭ဇူလိုင် (၁) ရက်နေ့မှစ၍ ထိုင်းနိုင်ငံသို့သွားမည့်သူများ Thailand Pass နှင့် Travel insurance မလိုတော့ပါ။‼️

💢ထိုင်းနိုင်ငံသို့သွားရောက်မည့်သူများသည် ဇူလိုင်လ (၁) ရက်နေ့မှစ၍ Thailand Pass နှင့် Travel Medical Insurance (ခရီးသွားကျန်းမာရေးအာမခံ) များမလိုအပ်တော့ပါကြောင်း ခရီးသွားမိတ်ဆွေများအားသတင်းကောင်းပါးအပ်ပါသည်။

✅ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသောသူများအနေဖြင့် Vaccine Certificate (မူရင်း နှင့် နိုတြီ) ပြသရန်လိုအပ်ပါသည်။

✅ကာကွယ်မထိုးရသေးသောသူများအနေဖြင့် ခရီးမသွားမီ (၇၂) နာရီအတွင်းစစ်ဆေးထားသော PCR Test (သို့မဟုတ်) ATK Test negative result ပြသရန်လိုအပ်ပါသည်။

Travel Advice Update❗️လေကြောင်းလိုင်းဖြင့် ခရီးသွားလာမည့်သူများအတွက်  COVID-19 ရောဂါ စစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး...
18/12/2020

Travel Advice Update❗️

လေကြောင်းလိုင်းဖြင့် ခရီးသွားလာမည့်သူများအတွက် COVID-19 ရောဂါ စစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း နောက်ထပ် နှစ်နေရာတွင်ထပ်တိုး၍စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

စစ်ဆေးနိုင်သည့်နေရာများ -

(၁) ကျောက်တံတားမြို့နယ်၊ Tourist Burma အဆောက်အဦး

(၂) မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း၊ ဒေသန္တရကျန်းမာရေးဌာန

(၃) လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင်ဆေးရုံ

(၄) လမ်းမတော်မြို့နယ်၊ N-Health Lab

✈️ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သတ်မှတ် ထားရှိသည့် ဓာတ်ခွဲစစ်ဆေးမည့်နေရာများမှာ...
15/12/2020

✈️ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သတ်မှတ် ထားရှိသည့် ဓာတ်ခွဲစစ်ဆေးမည့်နေရာများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

အသေးစိတ်မေးလိုပါက-

-
09259171220/09454558720

✅မြန်မာအမျိုးသားလေကြောင်း၏ ပြည်တွင်းလက်မှတ်ရောင်းချခြင်းဆိုင်ရာစံသတ်မှတ်ချက်များ
15/12/2020

✅မြန်မာအမျိုးသားလေကြောင်း၏ ပြည်တွင်းလက်မှတ်ရောင်းချခြင်းဆိုင်ရာစံသတ်မှတ်ချက်များ

#သင့်အခွင်းအရေးကို လက်လွက်မခံပါနှင့် #

မြန်မာအမျိုးသားလေကြောင်း၏ ပြည်တွင်းလက်မှတ်ရောင်းချခြင်းဆိုင်ရာစံသတ်မှတ်ချက်များ

၁။ ခရီးသည်မှ ခရီးစဉ်နှင့် ရက်သတ်မှတ်ထားသော လက်မှတ်များကို MNA Ticketing Counter များ၊ Website နှင့် နီးစပ်ရာ Travel Agent တို့တွင် ဝယ်ယူရမည်ဖြစ်သည်။

၂။ ခရီးသည်များအနေဖြင့် သက်မှတ်ထားသော နေရာများတွင် ဝယ်ယူထားသော လေယာဉ်လက်မှတ် ပြ၍ ဖြစ်စေ၊ လေယာဉ်ခရီးစဉ်အတွက် ကြိုတင်စာရင်းသွင်းထားကြောင်း အတည်ပြုချက်ပြ၍ဖြစ်စေ Rapid Antigen Diagnostic Test (RDT) Kit ဖြင့် Covid-19 ရောဂါကင်းစင်ကြောင်း ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ Check-In ပြုလုပ်ရာတွင် ၃၆ နာရီအတွင်းစစ်ဆေးထားသော Negative Test Result ဖြစ်ရပါမည်။

၃ (က)။ ခရီးသည်အနေဖြင့် Rapid Antigen Diagnostic Test တွင် Positive ပြပါက မြန်မာအမျိုးသားလေကြောင်းမှ ဝယ်ယူထားသော လက်မှတ်များအတွက် Free Date Change (သို့) Full Refund ပြန်လည်ပေးအပ်ပါမည်။

(ခ)။ Travel Agent မှတစ်ဆင့်ဝယ်ယူထားသော လက်မှတ်များအတွက် မိမိဝယ်ယူထားသော Travel Agent သို့ဆက်သွယ်ပေးရမည်ဖြစ်ပါသည်။

၄။ ယခင် ဝယ်ယူထားသော ပြည်တွင်းလေယာဉ်လက်မှတ်ကိုလည်း ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ စတင်ပျံသန်းမည့် ပြည်တွင်းခရီးစဉ်များအတွက် Free Date Change ပြုလုပ်ပေးပါမည်။

၅။ ပြည်တွင်းလက်မှတ် ဆိုင်ရာ လက်မှတ်ရောင်းချမှု မူလစည်းမျဉ်းသက်မှတ်ချက်များ (Fare Rules) ပြောင်းလဲခြင်းမရှိပါ။ အမှတ်စဉ် (၁) မှ (၄) သည် Covid-19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်းဖြေလျော့ပေးထားခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်း ပြည်တွင်းခရီးစဉ်တွင်လိုက်ပါမည့် ခရီးသွားပြည်သူများအနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operation Procedure – SOP) အားသေချာစွာ ဖတ်ရှုလေ့လာပေးရန် တိုက်တွန်းအပ်ပါတယ်ရှင်။

Standard Operation Procedure – SOP Link: https://www.facebook.com/MinistryOfHealthAndSportsMyanmar/posts/4046636478698960

အသေးစိတ်အချက်အလက်များကို ☎️MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

www.flymna.com

[English]

Standard Operation Procedure (SOP) for MNA Domestic Ticket Sale

1. Confirmed flight tickets which bought at MNA ticket counter, Website, Application or through MNA authorized travel agents.

2. Get the Rapid Antigen Diagnostic Test (RDT) at the designated establishments by showing air ticket or reservation. The negative test result (within 36 hours) must present upon check-in.

3.(a) In the case of the passenger having positive result on Rapid Antigen Diagnostic Test (RDT) Kit, we offer full refund or free date change.
(b) If you purchased your ticket through Travel Agent, please kindly contact them for refund and date exchange matters.

4. We offer free date change for the passengers who purchased MNA domestic ticket before and would like to travel with the flights which are operating starting from 16 December 2020.

5. There is no changes in MNA domestic ticket terms and conditions (Fare Rules). No. (1) through (4) are terms and conditions that are lessened during Covid-19 outbreak.

We kindly request to all our passengers to read the Standard Operation Procedure (SOP) for airlines and passengers, issued by Ministry of Health and Sports thoroughly.

Standard Operation Procedure – SOP Link: https://www.facebook.com/MinistryOfHealthAndSportsMyanmar/posts/4046636478698960

For detailed information, please contact ☎️MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42

www.flymna.com

✅ပြည်တွင်းလေယာဥ်စီး ခရီးသည်များ Covid Test စစ်ဆေးရန်နေရာနှင့် လိုက်နာရမည့်စည်းကမ်းများ📣👉 အသေးစိတ်မေးလိုပါက-  -0925917122...
14/12/2020

✅ပြည်တွင်းလေယာဥ်စီး ခရီးသည်များ Covid Test စစ်ဆေးရန်နေရာနှင့် လိုက်နာရမည့်စည်းကမ်းများ📣

👉 အသေးစိတ်မေးလိုပါက-

-
09259171220/09454558720

📣 ပြည်တွင်းခရီးသွားများအတွက် ခရီးသွားအသိပေးချက်✈️ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ပျံသန်းပြေး...
14/12/2020

📣 ပြည်တွင်းခရီးသွားများအတွက် ခရီးသွားအသိပေးချက်

✈️ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ပျံသန်းပြေးဆွဲသွားမည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို သတ်မှတ်ထားသော စံ လုပ်ထုံးလုပ်နည်းများနှင့် အညီ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

လေကြောင်းလိုင်းများတွင် စီးနင်းလိုက်ပါမည့်ခရီးသည်များ၊ လေကြောင်းလိုင်းဝန်ထမ်းများနှင့် လေဆိပ်ဝန်ထမ်းများအားလုံး လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ တရားဝင်ထုတ်ပြန်ပေးသည်နှင့်တပြိုင်နက် လေဆိပ်အသုံးပြုသူများ အချိန်နှင့်တပြေးညီ သိရှိ နိုင်ပါရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ တရားဝင်စာမျက်နှာများတွင် ပြန်လည်ဖော်ပြသွားပါမည်။

လေယာဉ်စီးနင်းမည့်ခရီးသည်များအနေဖြင့် MoHS မှ ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များကို အစဉ် လိုက်နာပြီး မိမိတို့၏ခရီးစဉ်ပြင်ဆင်မှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါ ရန် အကြုံပြုလိုပါသည်။

✅ တရားဝင်လေယာဉ်လက်မှတ်၊ ✅ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် ✅ ၃၆ နာရီအတွင်း စစ်ဆေးထားသော Covid ကင်းရှင်းကြောင်း ဆေးစစ်ချက်တို့ကို လက်ဝယ်ကိုင်ဆောင်ထားသော ခရီးသည်များကိုသာ လေဆိပ်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး ဖော်ပြပါစာရွက်စာတမ်းများ ပြည့်စုံခိုင်လုံမှုမရှိသည့် ခရီးသည်များကို လေဆိပ်အဆောက် အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ပါ။

ခရီးသည်များအနေဖြင့် ပြည်တွင်းလေဆိပ်အဆောက်အအုံသို့ဝင်ရောက်ရန် ဂိတ်အမှတ် - ၄ ကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး လိုအပ်သော လုံခြုံရေးစစ်ဆေးမှုများခံယူရပါမည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လေဆိပ်အသုံးပြုသူများအတွက် လုံခြုံစိတ်ချမှုရှိပြီး သန့်ရှင်းသည့် ဝန်းကျင်တစ်ခု ဖြစ်စေရန် လိုအပ်သည့် ပြည်သူ့ကျန်းမာရေးလိုအပ်ချက်နှင့်လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်သွားပါမည်။

လေဆိပ်အသုံးပြုသူခရီးသည်များအနေဖြင့် ဖော်ပြပါအချက်အလက်များကို သိရှိလိုက်နာပြီး ဘေးကင်းလုံခြုံစိတ်ချမှုရှိသော ခရီးစဉ်များဖြစ်စေရန် ဆက်လက်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

************************************************

📣 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲

✈️ 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐅𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐫𝐞𝐬𝐮𝐦𝐞 𝐟𝐫𝐨𝐦 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 16

According to the notification issued by The National-Level Committee on Prevention, Control and Treatment of Coronavirus Disease 2019 (COVID-19), domestic Flights operations will recommence following the standard operating procedures starting from December 16, 2020.


Required health and safety procedures for passengers, airlines personnel and airport staffs will be issued by Ministry of Health and Sports and DCA, and YACL will release update information in a timely manner to airport users.

Domestic travellers are advised to follow the health and safety protocols from MoHS and contact with your respective airlines for the required travel arrangements.

The Terminal will be ONLY open to Passengers with all 3 documents: ✅ valid ticket, ✅ Identification, and ✅ 36 Hour Covid Test Result. Passengers will not be allowed in the Terminal if required documents are incomplete.

All Passengers are to enter Terminal 3 and proceed with security check via Gate 4.

Yangon International Airport will implement all necessary public health requirements and procedures, to provide a safe and clean environment for our airport users.

Thank you for your understanding, and we look forward to serving you again!

✈️ Air KBZ ၏ ( ၁၆ ) ရက် ဒီဇင်ဘာ ၂၀၂၀ မှ ( ၂၀ )ရက်  ဒီဇင်ဘာ ၂၀၂၀ အတွင်း ပျံသန်းပြေးဆွဲမည့် ပြည်တွင်းခရီးစဥ် အချိန်ဇယားအား...
14/12/2020

✈️ Air KBZ ၏ ( ၁၆ ) ရက် ဒီဇင်ဘာ ၂၀၂၀ မှ ( ၂၀ )ရက် ဒီဇင်ဘာ ၂၀၂၀ အတွင်း ပျံသန်းပြေးဆွဲမည့် ပြည်တွင်းခရီးစဥ် အချိန်ဇယားအားဖော်ပြအပ်ပါသည်။

✈️ 𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜 𝟐𝟎𝟐𝟎 ✈️✅မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ...
13/12/2020

✈️ 𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜 𝟐𝟎𝟐𝟎 ✈️

✅မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

✅၁၆ ဒီဇင်ဘာ ၂၀၂၀
နေပြည်တော်၊လွိင်ကော်၊ဟဲဟိုး၊ကျိုင်းတုံ

✅၁၇ ဒီဇင်ဘာ ၂၀၂၀
စစ်တွေ ၊ မြစ်ကြီးနာ ၊ပူတာအို

✅၁၈ ဒီဇင်ဘာ ၂၀၂၀
နေပြည်တော် ၊လွိုင်ကော်၊ ထားဝယ်၊မြိတ်၊ကော့သောင်း၊သံတွဲ၊ကျောက်ဖြူ၊စစ်တွေ

✅၁၉ ဒီဇင်ဘာ ၂၀၂၀
ဟဲဟိုး၊ကော့သောင်း၊မြစ်ကြီးနား၊ပူတာအို

✅၂၀ ဒီဇင်ဘာ ၂၀၂၀
နေပြည်တော် ၊လွိုင်ကော်၊ ထားဝယ်၊မြိတ်၊ကော့သောင်း၊သံတွဲ၊ကျောက်ဖြူ၊စစ်တွေ

✅၂၁ ဒီဇင်ဘာ ၂၀၂၀
နေပြည်တော် ၊လွင်ကော် ၊အန်း၊စစ်တွေ၊မြစ်ကြီးနား၊ပူတာအို

✅၂၂ ဒီဇင်ဘာ ၂၀၂၀
သံတွဲ၊ကျောက်ဖြူ၊စစ်တွေ၊ထားဝယ်၊မြိတ်၊ကော့သောင်း

✅၂၃ ဒီဇင်ဘာ ၂၀၂၀
နေပြည်တော်၊လွိုင်ကော်၊ဟဲဟိုး၊ကော့သောင်း

✅၂၄ ဒီဇင်ဘာ ၂၀၂၀
စစ်တွေ ၊မြစ်ကြီးနား၊ပူတာအို

✅၂၅ ဒီဇင်ဘာ ၂၀၂၀
နေပြည်တော် ၊လွိုင်ကော်၊ ထားဝယ်၊မြိတ်၊ကော့သောင်း၊သံတွဲ၊ကျောက်ဖြူ၊စစ်တွေ

✅၂၆ ဒီဇင်ဘာ ၂၀၂၀
ဟဲဟိုး၊ကော့သောင်း၊မြစ်​ြကီးနား၊ပူတာအို

✅၂၇ ဒီဇင်ဘာ ၂၀၂၀
နေပြည်တော် ၊လွိုင်ကော်၊ ထားဝယ်၊မြိတ်၊ကော့သောင်း၊သံတွဲ၊ကျောက်ဖြူ၊စစ်တွေ

✅၂၈ ဒီဇင်ဘာ ၂၀၂၀
နေပြည်တော် ၊လွိုင်ကော်၊အန်း၊စစ်တွေ၊မြစ်ကြီးနား၊ပူတာအို

✅၂၉ ဒီဇင်ဘာ ၂၀၂၀
သံတွဲ၊ကျောက်ဖြူ၊စစ်တွေ၊ထားဝယ်၊မြိတ်၊ကော့သောင်း

✅၃၀ ဒီဇင်ဘာ ၂၀၂၀
နေပြည်တော် ၊ လွိုင်ကော်၊ဟဲဟိုး၊ကော့သောင်း

✅၃၁ ဒီဇင်ဘာ ၂၀၂၀
စစ်တွေ၊မြစ်ကြီးနား၊ပူတာအို

အသေးစိတ်မေးလိုပါက-

-
09259171220/09454558720

 #လေယာဥ်လက်မှတ်ဝယ်ပြီးဆေးစစ်ချက်  #အောင်မြင်မှသာလေယာဥ်စီးနင်းခွင့်ရရှိမည်မကြာခင်ပြည်တွင်းလေကြောင်းလိုင်းများပြန်လည်ပြေးဆ...
13/12/2020

#လေယာဥ်လက်မှတ်ဝယ်ပြီးဆေးစစ်ချက်
#အောင်မြင်မှသာလေယာဥ်စီးနင်းခွင့်ရရှိမည်

မကြာခင်ပြည်တွင်းလေကြောင်းလိုင်းများပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်သော်လည်း လေယာဥ် လက် မှတ်ဝယ်ယူပြီး ဆေးစစ်ချက် အောင်မြင်ပြီးမှသာ လေယာဥ် စီးနင်းခွင့်ကို ရရှိမည်ဖြစ်သည်ဟု လေကြောင်းလိုင်း
အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ
ဒီဇင်ဘာ ၁၂ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ချက်တွင်
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဥ်များပျံသန်းပြေးဆွဲမှုကို စံလုပ်ထုံးလုပ်နည်းများ (SOP)နှင့်အညီ ဒီဇင်ဘာ ၁၆ရက်မှစ၍ စတင်ဆောင်ရွက်သွားရန် COVID 19
ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ ၏ လမ်းညွှန်မှုအရ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးလာပြီး ပြည်တွင်းလေကြောင်းလိုင်းများသိရှိရန် ဆက်လက်အသိပေးရန် အကြောင်းကြားစာထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

" လက်မှတ်ဝယ်ပြီးရင် သူတို့သတ်မှတ်ထားတဲ့စင်တာ မှာ သွားစစ်ရင် ဦးစားပေးစစ်ပေးမယ်။ ကျသင့်တဲ့အခကိုတော့ ပေးရမယ်။ စစ်ဆေးချက်အောင်ရင် လေယာဥ် စီးခွင့်ပြုမယ်။လတ်မှတ်ကကြိုဝယ်ရမယ်။ သွားမဲ့ ရက်ထက် အဲဒါမှ လက်မှတ် ပြပြီး ဆေးစစ်ရမှာ။ လောလော ဆယ် Stay at Home ဒေသတွေကနေ Stay at Home မဟုတ်တဲ့ ဒေသကို သွားရင် သက်ဆိုင်ရာ မြို့ရောက်တဲ့အချိန်ကျရင် Q ဝင်ရမယ်။ သုံးရက် သို့မဟုတ် ၇ ရက် ဝင်ရမယ်။ဒါပေမဲ့အဲဒါကိုလည်း ဖြေလျော့ပေးဖို့အတွက်ပြန်ညှိနှိုင်းနေတယ်"ဟု လေကြောင်းလိုင်းတစ်ခုမှ
အရောင်းကိုယ်စားလှယ် တစ်ဦးကလည်း Travelling journal သို့ပြောသည်။

ထို့ပြင်လေကြောင်းလိုင်းများကလည်းမြို့အားလုံးသို့
ခရီးစဥ်မဆွဲပဲ ခွဲပြီးဆွဲသွားရန်အတွက် ညှိနှိုင်းနေကြောင်းသိရသည်။

"ပြုံဆွဲရင်တော့ သူလည်းခရီးသည်မရ ကိုယ်လည်းခရီးသည်မရ ဖြစ်မှာစိုးတယ်။ ခရီးသည် ရရှိမှုပေါ်ကိုမူတည်​ပြီး ဆွဲသွားမှာပါ။ အဲဒီအတွက် ကြေညာချက်ထွက်လာပါအုံးမယ်။အခုတော့ လေကြောင်းလိုင်းတွေ ညှိနေကြပါတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် ဒီဇင်ဘာ ၁၅ရက်နေ့ထိ ခရီး စဥ်များ ပျံသန်းပြေးဆွဲခွင့်ကို ရပ်ဆိုင်းထားကြောင်း သိရသည်။

journal

Scheduled Flights

Address

Mandalay

Telephone

+959259171220

Website

Alerts

Be the first to know and let us send you an email when Yida-Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yida-Travel:

Shortcuts

Share

Category