R & K Travel & Tour

R & K Travel & Tour 09782073730

🔵 DEMU ဖြင့် ရန်ကုန် - မန္တလေးခရီးစဉ်ပြေးဆွဲပေးမည်ရန်ကုန် - မန္တလေး၊ မန္တလေး - ရန်ကုန်ခရီးစဉ်များအတွက် လေအေးပေးစက်ပါ DEM...
22/04/2026

🔵 DEMU ဖြင့် ရန်ကုန် - မန္တလေးခရီးစဉ်ပြေးဆွဲပေးမည်

ရန်ကုန် - မန္တလေး၊ မန္တလေး - ရန်ကုန်ခရီးစဉ်များအတွက် လေအေးပေးစက်ပါ DEMU ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာလာပြီး မေလ (၁) ရက်နေ့မှ စတင်ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

ရန်ကုန် - မန္တလေး၊ မန္တလေး - ရန်ကုန်ခရီးစဉ်ကို ယခင်က လေအိတ်တွဲဆိုင်းများဖြင့် ပြေးဆွဲခဲ့တဲ့ အမှတ် (၅) အဆန်၊ အမှတ် (၆) အစုန်ကို DEMU ဖြင့် ပြန်လည်ပြေးဆွဲပေးလာတာဖြစ်ပြီး ခရီးစဉ်အချိန်ဇယားအနေဖြင့် ရန်ကုန်နှင့် မန္တလေးမှ နေ့စဉ် နံနက် (၆) နာရီတွင် စတင်ထွက်ခွာပေးမှာဖြစ်ကာ ခရီးစဉ်ကြာချိန်မှာ (၁၀) နာရီခန့်ရှိမှာ ဖြစ်ပါတယ်။

ခရီးစဉ်တွင် ကြားဘူတာများအဖြစ် တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတွေမှာ ရပ်တန့်သွားမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းအနေဖြင့် အထက်တန်းကို ၄၈,၀၀၀ ကျပ်၊ ပထမတန်းကို ၃၄,၀၀၀ ကျပ်ဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်တိုးချဲ့မှုကြောင့် ရန်ကုန် - ‌နေပြည်တော်၊ နေပြည်တော် - ရန်ကုန်ခရီးစဉ်များဖြစ်ကြတဲ့ အမှတ် (၃၁) အဆန်/ (၃၂) အစုန်ကို နံနက် (၁၀) နာရီ၊ အမှတ် (၇) အဆန်/ (၈) အစုန်ကို နေ့လယ် (၁၂:၃၀) နာရီတွင်လည်းကောင်း အချိန်ပြောင်း‌လဲပြေးဆွဲပေးသွားမှာဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အပြောင်းအလဲမရှိကြောင်း သိရပါတယ်။

အသစ်ပြေးဆွဲမယ့် အမှတ် (၅) အဆန်/ (၆) အစုန် ခရီးစဉ်အတွက် ဧပြီ (၂၅) ရက်နေ့တွင် ortp.railways.gov.mm တွင် ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ORTP မှ အသိပေးထားပြီး ပြေးဆွဲလျက်ရှိနေတဲ့ ရန်ကုန် - မန္တလေး၊ မန္တလေးရန်ကုန်ရထားခရီးစဉ်ဖြစ်တဲ့ အမှတ် (၁၁) အဆန်/ (၁၂) အစုန်မှာလည်း ပုံမှန်အတိုင်းပြေးဆွဲပေးမယ်လို့ ထပ်မံ‌အသိပေးထားပါတယ်။

အစိုးရသစ်ရဲ့ ရက် (၁၀၀) စီမံချက်အရ မြန်မာ့မီးရထားကဏ္ဍတွင် ရန်ကုန် - မန္တလေး၊ ရန်ကုန် - မော်လမြိုင်၊ ရန်ကုန် - ပြည်လမ်းပိုင်းတို့ကို အဆင့်မြှင့်တင်ခြင်း၊ မြစ်ကြီးနား - မိုးကောင်း - မိုးညှင်းလမ်းပိုင်းကို ပြုပြင်အဆင့်မြှင့်တင်ခြင်းအပါအဝင် ရထားစက်ခေါင်းတွဲများ၊ စက်ရုံများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားပြီး လူစီးများလာတာနဲ့အမျှ ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပေးသွားလျက်ရှိကြောင်း မြန်မာ့မီးရထားက ပြောပါတယ်။

Photo - Internet

20/04/2026

21.4.26 မနက်ဖြန် တောင်ကြီးမှ လားရှိုး ကားရှိပါတယ် တစ်ယောက် 100000

11/04/2026
April 17 18 အတွက် excel hotel နှစ်ယောက်ခန်း တစ်ခန်းပိုနေလို့ ပြန်ရောင်းချင်ပေးပါမယ် 170000
11/04/2026

April 17 18 အတွက် excel hotel နှစ်ယောက်ခန်း တစ်ခန်းပိုနေလို့ ပြန်ရောင်းချင်ပေးပါမယ်
170000

29/03/2026

🚗⛽ ဧပြီလ (၁) ရက်နေ့မှစ၍ ဓာတ်ဆီကားများအတွက် သတင်းကောင်း! စုံ၊ မ စနစ် မခွဲခြားဘဲ ထွက်ခွင့်ရမည်။

ဧပြီလ ၁ ရက်နေ့ကစပြီး ဓာတ်ဆီကားတွေဟာ စုံ/မ နံပါတ်စနစ်ကို လိုက်နာစရာမလိုဘဲ ပုံမှန်အတိုင်း သွားလာခွင့်ရရှိမှာဖြစ်ပါတယ်။ 🌟
သို့သော် ဓာတ်ဆီဖြည့်တင်းရာတွင်တော့ ကန့်သတ်ချက်အသစ် ရှိလာပါမည်။
🚨 သတိပြုရန်အချက်-
ဓာတ်ဆီကိုမူ ကား၏ အင်ဂျင်ပါဝါ (Engine Power) ပေါ်မူတည်၍ ၅ ရက်ခြား တစ်ကြိမ် သာ ဖြည့်တင်းခွင့်ပြုမည်ဟု သတ်မှတ်ထားပါသည်။
ဥပမာ- သင့်ကားအင်ဂျင်ပါဝါ ၁၀၀၀စီစီ ဆိုရင် တစ်ကြိမ် ၅ရက်ခြား၊ ၂၀၀၀စီစီ ဆိုရင်လည်း ၅ရက်ခြားစီဖြင့် သတ်မှတ်ရက်များအတိုင်းသာ ဖြည့်ရပါမည်။

✅ ကျေးဇူးပြု၍ မိမိကားအင်ဂျင်ပါဝါအတွက် သတ်မှတ်ထားသော နေ့ရက်များကို သေချာစွာစစ်ဆေးပြီးမှ ဆီဖြည့်ရန် သွားရောက်ကြပါရန်။

ဓာတ်ဆီဈေး ၅၀၀၀ ခန့် ဖြစ်သွားပြီ။92-445095-4975
26/03/2026

ဓာတ်ဆီဈေး ၅၀၀၀ ခန့် ဖြစ်သွားပြီ။

92-4450
95-4975

လာပါပြီ။အိမ်ကားတွေ တပတ် ၂ ကြိမ် ထည့်လို့ရမယ်။ 2000 cc အထိ ကားတွေက တပတ်ကို ၃၅ လီတာ ရပါမယ်တဲ့။ Taxi တွေ က တပတ် ၃ ကြိမ်ပါ။ ...
26/03/2026

လာပါပြီ။

အိမ်ကားတွေ တပတ် ၂ ကြိမ် ထည့်လို့ရမယ်။ 2000 cc အထိ ကားတွေက တပတ်ကို ၃၅ လီတာ ရပါမယ်တဲ့။ Taxi တွေ က တပတ် ၃ ကြိမ်ပါ။ ၉၀ လီတာ ရမယ်။ မနက်ဖြန် စမယ်တဲ့။

တာချီလိတ် နှင့် တောင်ကြီးမြို့မှ ပုဂံခရီးစဉ်ကိုလိုက်ပါပေးသော ဧည့်သည်တော်များကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
26/03/2026

တာချီလိတ် နှင့် တောင်ကြီးမြို့မှ ပုဂံခရီးစဉ်ကိုလိုက်ပါပေးသော ဧည့်သည်တော်များကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

26/03/2026

ကွန်ဟိန်းမြို့မှ ရန်ကုန် ငွေဆောင် ကျိုက်ထီးရိုးခရီးစဉ်ကိုလိုက်ပါပေးသော ဧည့်သည်တော်များကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်😍

Address

74street 29x30st
Mandalay
123

Telephone

+959782073730

Website

Alerts

Be the first to know and let us send you an email when R & K Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to R & K Travel & Tour:

Share

Category