Golden Mandalay - Myanmar

Golden Mandalay - Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Mandalay - Myanmar, Travel Agency, 23*24 , Bet 87*88, Mandalay.

လေယာဉ်လက်မှတ် ၊ ကားလက်မှတ်များ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင့် ။

လုပ်ငန်းကျွမ်းကျင် ၊ နားလည် ၊ မြန်ဆန် ၊ တိကျမှုနဲ့အတူ ခရီးသွားဝန်ဆောင်မှုများ ရယူပါ

Phone - 09797546123 , 09663803440

စိတ်အေးချမ်းသာစွာနဲ့ ပျံသန်းဖို့... လေယာဉ်လက်မှတ်အတွက် Golden Mandalay - Myanmar အမြဲရှိတယ်နော် 🌍✨[ ပြည်တွင်း၊ ပြည်ပ လေယ...
16/05/2026

စိတ်အေးချမ်းသာစွာနဲ့ ပျံသန်းဖို့... လေယာဉ်လက်မှတ်အတွက် Golden Mandalay - Myanmar အမြဲရှိတယ်နော် 🌍✨

[ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို မြန်ဆန်၊ တိကျ၊ စိတ်ချရတဲ့ ဝန်ဆောင်မှုဖြင့် တစ်နေရာတည်းမှာ ဖြတ်ပေးနေပါပြီ 🎉 ]

ခရီးသွားဖို့၊ အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်၊ အလည်အပတ်ပဲဖြစ်ဖြစ် လေယာဉ်နဲ့ သွားဖို့ စိတ်ကူးရှိပါသလား? 🤔

✅ Golden Mandalay - Myanmar Agent မှာဆိုရင် လူကြီးမင်းတို့ သွားချင်တဲ့ ခရီးစဉ်အလိုက် လေယာဉ်လိုင်းပေါင်းစုံရဲ့ လက်မှတ်များကို စျေးနှုန်းအသက်သာဆုံးနဲ့ အဆင်ပြေဆုံး အချိန်တွေကို စနစ်တကျ ရှာဖွေပေးနေပါပြီ။

ရရှိနိုင်မယ့် လေယာဉ်လိုင်းများ -
✈️မန္တလေးရတနာပုံ (Mann Yadanarpon)၊
✈️မင်္ဂလာ (Mingalar)၊
✈️MAI ( Myanmar Airways International)
✈️အဲသံလွင် (Air Thanlwin)၊
✈️မြန်မာအမျိုးသားလေကြောင်း (MNA)
အစရှိတဲ့ ပြည်တွင်းလိုင်းများအပြင် ၊
ပြည်ပလေယာဉ်လိုင်း အားလုံးရဲ့ လက်မှတ်များကိုပါ ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါတယ်ရှင့်။

ဘာကြောင့် Golden Mandalay - Myanmar မှာ ဖြတ်သင့်လဲ?

✅ မြန်ဆန်တိကျခြင်း: လေယာဉ်အချိန်စာရင်းနှင့် စျေးနှုန်းများကို ချက်ချင်း တိတိကျကျ စစ်ဆေးပေးပါတယ်။

✅ စိတ်ချရခြင်း: ငွေလွှဲဝင်ပြီးသည်နှင့် စနစ်တကျ အတည်ပြုထားသော (Confirmed Ticket) ကို Viber ကနေတစ်ဆင့် စက္ကန့်ပိုင်းအတွင်း ပြန်လည်ပေးပို့ပေးပါတယ်။

✅ အိမ်ကနေတင် လက်မှတ်ရခြင်း: လူကိုယ်တိုင် လာစရာမလိုဘဲ ဖုန်းလေးတစ်လုံးရှိရုံနဲ့ ခရီးစဉ်အားလုံး အဆင်ပြေစေရပါမယ်။

⚠️ [ လက်မှတ်ဖြတ်ယူရာတွင် သတိပြုရန် ] ⚠️
လေယာဉ်လက်မှတ်များကို သတ်မှတ်စျေးနှုန်းအတိုင်း အမြန်ဆုံး အတည်ပြုနိုင်ရန်အတွက် "ငွေကြိုတင်လွှဲစနစ်" ဖြင့်သာ ဆောင်ရွက်ပေးပါသဖြင့် ကနဦး ငွေလွှဲပေးရမှာ ဖြစ်ပါတယ်ရှင့်။

💰 KBZPay ဖြင့် အလွယ်တကူ ငွေလွှဲနိုင်ပါသည်:
* K Pay Account: Yi Mon Htay
* K Pay Phone: 09797546123

ခရီးစဉ်အသေးစိတ်နှင့် လက်မှတ်စျေးနှုန်းများကို သိရှိလိုပါက အခုပဲ Page Messenger ကနေဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါပြီရှင့်။ 🥰

📞 Contact us (Viber & Phone):
* Viber: 09797546123
* Phone: 09663803440
*
#ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်

ခရီးသွားဖို့ ပြင်ဆင်နေပြီလား?????အဝေးပြေးကားလက်မှတ်အတွက် Golden Mandalay - Myanmar အမြဲအသင့်ရှိတယ်နော်🚌မြန်မာပြည်အနှံ့ စ...
16/05/2026

ခရီးသွားဖို့ ပြင်ဆင်နေပြီလား?????

အဝေးပြေးကားလက်မှတ်အတွက် Golden Mandalay - Myanmar အမြဲအသင့်ရှိတယ်နော်🚌

မြန်မာပြည်အနှံ့ စိတ်ချရဆုံး ✨
[ စိတ်ကြိုက်ရွေးချယ်စရာ ဂိတ်ပေါင်းစုံ၊ ကားလိုင်းပေါင်းစုံရဲ့ လက်မှတ်များကို တစ်နေရာတည်းမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ 🎉 ]

✅ ခရီးသွားဖို့ ပြင်ဆင်တဲ့အခါ ကားလက်မှတ်ဖြတ်ဖို့ ဂိတ်တွေအထိ သွားပြီး အချိန်ကုန်ခံနေရတုန်းပဲလား? 🤔

📌Golden Mandalay - Myanmar
ခရီးသွားလုပ်ငန်းမှာဆိုရင် ဂျေဂျေ (JJ Express)၊ မန်းရွှေမြို့တော်၊ Elite၊ ရွှေမန္တလာ ၊ မြတ်မန္တလာထွန်း ၊ မန္တလာမင်း၊ ရွှေစင်စကြင်္ာစတဲ့ နာမည်ကြီး အဝေးပြေးကားလိုင်းပေါင်းများစွာရဲ့ လက်မှတ်များကို အိမ်ကနေတင် အလွယ်တကူ လှမ်းပြီး ဖြတ်နိုင်ပါပြီရှင့်။

ဘာကြောင့် Golden Mandalay မှာ ဖြတ်သင့်လဲ?
✅ ရွေးချယ်စရာ ဂိတ်ပေါင်းစုံ: ကားလိုင်းစုံ၊ အချိန်စုံ ရှိလို့ မိမိသွားချင်တဲ့ ခရီးစဉ်အလိုက် ၊ အချိန် ၊ ထိုင်ခုံနေရာများကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

✅ မြန်ဆန်ပြီး စိတ်ချရခြင်း: အချိန်ကုန်ခံ ဂိတ်သွားစရာမလိုဘဲ ယုံကြည်စိတ်ချစွာ အော်ဒါတင်ရုံနဲ့ လက်မှတ် QR / Ticket အား Viber မှတစ်ဆင့် စက္ကန့်ပိုင်းအတွင်း ချက်ချင်း ရရှိမှာပါ။

✅ ဝန်ဆောင်မှုကောင်းမွန်ခြင်း: ခရီးစဉ်အသေးစိတ်နဲ့ အဆင်ပြေမယ့်အချိန်တွေကို စိတ်ရှည်လက်ရှည် အကြံပြု ရှင်းပြပေးပါတယ်။

⚠️ [ လက်မှတ်ဖြတ်ယူရာတွင် သတိပြုရန် ] ⚠️
ခရီးစဉ်လက်မှတ်များကို စနစ်တကျ သေချာပေါက် အတည်ပြု (Confirm) နိုင်ရန်အတွက် "ငွေကြိုတင်လွှဲစနစ်" ဖြင့်သာ ဆောင်ရွက်ပေးပါသဖြင့် ကနဦး ငွေလွှဲပေးရမှာ ဖြစ်ပါတယ်ရှင့်။

💰 KPay ဖြင့် အလွယ်တကူ ငွေလွှဲနိုင်ပါသည်:
* K Pay Account: Yi Mon Htay
* K Pay Phone: 09797546123

ခရီးသွားဖို့ စိတ်ကူးရှိတာနဲ့ အချိန်မရွေး ဖုန်းဆက်ပြီးဖြစ်စေ၊ Viber ကနေဖြစ်စေ ဆက်သွယ်စုံစမ်း မှာယူလိုက်ပါနော်။ 🥰
📞 Viber & Contact us :
09797546123, 09663803440

#ခရီးသွားလက်မှတ် #အဝေးပြေးကားလက်မှတ်ဂိတ်စုံ

Golden Mandalay - Myanmar ရဲ့ ခရီးစဉ်လက်မှတ် ဝန်ဆောင်မှု ✈️🚌🌟[ ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်နှင့် အဝေးပြေးကားလက်မှတ်များ...
16/05/2026

Golden Mandalay - Myanmar ရဲ့ ခရီးစဉ်လက်မှတ် ဝန်ဆောင်မှု ✈️🚌

🌟[ ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်နှင့် အဝေးပြေးကားလက်မှတ်များကို တစ်နေရာတည်းမှာ အမြန်ဆုံး ဖြတ်ပေးနေပါပြီ 🎉 ]

✅ခရီးသွားဖို့ ပြင်ဆင်နေပြီဆိုရင် လက်မှတ်ကိစ္စအတွက် စိတ်ပူစရာမလိုတော့ဘူးနော်။ 🎒

✨Golden Mandalay - Myanmar ကနေ လူကြီးမင်းတို့ သွားချင်တဲ့ ခရီးစဉ်တိုင်းအတွက် အဆင်ပြေဆုံး အချိန်၊ အကောင်းဆုံး စျေးနှုန်းတွေနဲ့ လက်မှတ်များကို စနစ်တကျ အိမ်ကနေတင် အလွယ်တကူ ဖြတ်ပေးနေပါပြီ။

ရရှိနိုင်မယ့် ဝန်ဆောင်မှုများ -

✅ ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်များ
✅ မြန်မာနိုင်ငံအနှံ့ အဝေးပြေးကားလက်မှတ်များ
✅ စိတ်ချရတဲ့ ခရီးစဉ်အကြံပြုချက်များနှင့် အမြန်ဆုံး ဝန်ဆောင်မှု

⚠️ [ လက်မှတ်ဖြတ်ယူရာတွင် သတိပြုရန် ] ⚠️
ခရီးစဉ်လက်မှတ်များကို စနစ်တကျ သေချာပေါက် အတည်ပြု (Confirm) နိုင်ရန်အတွက် "ငွေကြိုတင်လွှဲစနစ်" ဖြင့်သာ ဆောင်ရွက်ပေးပါသဖြင့် ကနဦး ငွေလွှဲပေးရမှာ ဖြစ်ပါတယ်ရှင့်။

💰 ငွေလွှဲရန် အကောင့်အချက်အလက်:

📌K Pay Account: Yi Mon Htay

📌K Pay Phone: 09797546123(ငွေလွှဲဝင်ပြီးသည်နှင့် စက္ကန့်ပိုင်းအတွင်း လက်မှတ် QR / Ticket အား Viber မှတစ်ဆင့် ချက်ချင်း ပြန်လည်ပေးပို့ပေးသွားပါမည်။)

ခရီးသွားဖို့ စိတ်ကူးရှိတာနဲ့ အချိန်မရွေး လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🥰
📞 Viber & Contact us : 09797546123, 09663803440


#ခရီးသွားလက်မှတ်

လေယာဉ်ဖြင့် ကိုယ်ဝန်ဆောင်မေမေများ စီးလို့ရလား ???????𝗧𝗿𝗮𝘃𝗲𝗹𝗹𝗶𝗻𝗴 𝗪𝗵𝗶𝗹𝗲 𝗣𝗿𝗲𝗴𝗻𝗮𝗻𝘁!ကိုယ်ဝန်ဆောင်ခရီးသည်များ (pregnant passen...
21/04/2026

လေယာဉ်ဖြင့် ကိုယ်ဝန်ဆောင်မေမေများ စီးလို့ရလား ???????

𝗧𝗿𝗮𝘃𝗲𝗹𝗹𝗶𝗻𝗴 𝗪𝗵𝗶𝗹𝗲 𝗣𝗿𝗲𝗴𝗻𝗮𝗻𝘁!

ကိုယ်ဝန်ဆောင်ခရီးသည်များ (pregnant passenger) လေကြောင်းခရီးဖြင့်စီးနင်းလိုက်ပါမည် ဆိုပါက ကိုယ်၀န်၂၈ ပတ်နှင့် ၃၂ ပတ်အတွင်း ဖြစ်ပါကမိမိသက်ဆိုင်ရာဆရာ၀န်၏တစ်ပတ်အတွင်း ထောက်ခံပေးထားသည့်ကျန်းမာရေးအရ လေယာဉ်စီးနင်းနိုင်ကြောင်း ထောက်ခံချက်စာရွက် (Fit-To-Fly Medical Certificate) နှင့်အတူ ခရီးသည်ကိုယ်တိုင် စီးနင်းရန် သဘောတူညီကြောင်း လက်မှတ်တို့ဖြင့် လေကြောင်းခရီးစဉ် ကိုပျံသန်းစီးနင်းနိုင်ပါသည်ရှင်။

၃၂ပတ်နှင့်အထက်ခရီးသည်ဖြစ်ပါက ခရီးသည်၏ Safety အရ လေယာဉ်လိုက်ပါစီးနင်းရန် သင့်တော်မည် မဟုတ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်ရှင်။

ကဲ မြစ်ကြီးနား ခရီးစဉ်တွေလဲ ပြန်ထွက်ပြီဒါမယ့် နေ့စဉ် အရင်လို လေကြောင်းတိုင်းပျံသန်းတာမဟုတ်ပဲ သူ့ရက်နဲ့သူပဲ ထွက်ပါတယ်✅ My...
06/04/2026

ကဲ မြစ်ကြီးနား ခရီးစဉ်တွေလဲ ပြန်ထွက်ပြီ

ဒါမယ့် နေ့စဉ် အရင်လို လေကြောင်းတိုင်းပျံသန်းတာမဟုတ်ပဲ သူ့ရက်နဲ့သူပဲ ထွက်ပါတယ်

✅ Myanmar National Airlines ( MNA )
✈️ ဗုဒ္ဓဟူး ၊ တနင်္ဂနွေ ✈️

✅ Myanmar Airways International ( MAI )
✈️ အင်္ဂါ ၊ သောကြာ ✈️

✅ Mann Yadanarpon
✈️ တနင်္လာ ၊ ကြာသပတေး ✈️

✅ Air Thanlwin
✈️ စနေ ✈️

📌 အကြံပြုချက် : လက်မှတ် ဝယ်ယူချိန်မှာ Booking Time Limit အကြာကြီး မရ၍ ငွေပေးချေမှု မကြန့်ကြာဖို့ မိမိ K pay ထဲမှာ ငွေဖြည့်ထားဖို့ လိုအပ်ပါမယ် ။

မင်္ဂလာပါရှင့် 🙏🙏🙏 ေကြောင်းလိုင်းမှ ခရီးသွားမိဘပြည်သူများ အဆင်ပြေချောမွေ့စေရန်အတွက် …..✈️ မန္တလေး-ကလေး ✈️✈️ ကလေး-ရန်ကုန်...
31/03/2026

မင်္ဂလာပါရှင့် 🙏🙏🙏

ေကြောင်းလိုင်းမှ ခရီးသွားမိဘပြည်သူများ အဆင်ပြေချောမွေ့စေရန်အတွက် …..

✈️ မန္တလေး-ကလေး ✈️

✈️ ကလေး-ရန်ကုန် ✈️

တိုက်ရိုက် ခရီးစဉ်များကို ဧပြီ၅ရက်နေ့ မှစတင်၍ အပတ်စဉ် အင်္ဂါ၊ကြာသပတေးနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းကို သတင်းကောင်းလေးပါးလိုက် ပါရစေရှင်။

လေယာဉ် လက်မှတ်တွေကို booking တင်ပြီး

ငွေပေးချေရာတွင်လည်း KBZ PAY , Banking , Special Acc တို့ဖြင့်လည်း လွယ်လင့်တကူ၀ယ်ယူပေးချေရရှိနိုင်ပါပြီရှင်။ 💳

ခရီးစဉ်များနှင့်ပတ်သတ်၍အသေးစိတ် သိရှိလိုပါက...
☎️ 09 - 797 546 123 , 09 - 663 803 440

တို့ကိုဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ရှင့်




Golden Mandalay - Myanmar

✈️ [𝐈𝐌𝐏𝐎𝐑𝐓𝐀𝐍𝐓 𝐓𝐑𝐀𝐕𝐄𝐋 𝐀𝐃𝐕𝐈𝐒𝐎𝐑𝐘] ✈️ ချစ်ခင်ရသော ခရီးသည်များရှင့် 💁🏻‍♀️ မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြဿန...
22/03/2026

✈️ [𝐈𝐌𝐏𝐎𝐑𝐓𝐀𝐍𝐓 𝐓𝐑𝐀𝐕𝐄𝐋 𝐀𝐃𝐕𝐈𝐒𝐎𝐑𝐘] ✈️

ချစ်ခင်ရသော ခရီးသည်များရှင့် 💁🏻‍♀️

မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်ရခြင်း ဖြစ်ပါသည်။ ယခုဆုံးဖြတ်ချက်သည် ပြည်တွင်းလေကြောင်းစျေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ပါသည်။

ထို့ကြောင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးအတွက် ယာယီခရီးဆောင်အလေးချိန် ပြင်ဆင်ချက်ကို အောက်ပါအတိုင်း ချက်ချင်းအကျိုးသက်ရောက်စေမည်ဖြစ်ပြီး နောက်ထပ်ကြေညာချက်အသစ် မထုတ်ပြန်သည်အထိ အကျုံးဝင်ကာ အသုံးပြုသွားမည် ဖြစ်ပါသည်။
• Economy Class: 20KG (တစ်အိတ်သာ ခွင့်ပြု)
• Business Class: 30KG (တစ်အိတ်သာခွင့်ပြု)
• Hand-carry: 7KG (အများဆုံး ၂ အိတ်သာခွင့်ပြု)
• Excess Baggage: အများဆုံး ၅ ကီလိုဂရမ်
• မှတ်ချက် - အပိုခရီးဆောင်အိတ်များကို လက်ခံခြင်းသည် လေဆိပ်ရှိတာဝန်ကျဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။

ထို့အပြင် MAI သည်ပျံသန်းမှု လိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင် ပယ်ချခြင်း သို့မဟုတ် မတင်ဆောင်နိုင်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း အသိပေးအပ်ပါသည်။ မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်ခရီးသည်များထံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အကောင်းဆုံး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ထို့ပြင် ယခုထုတ်ပြန်ချက်အရ ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့်ခရီးသည်များအား refund ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။

MAI အနေဖြင့် ခရီးသည်များ အဆင်ပြေ ချောမွေ့စွာခရီးသွားနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေ လို ပါသည်။ ယခုအခြေအနေသည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အချိန်ဇယားအတိုင်း ဆက်လက်ပြေးဆွဲခြင်း သို့မဟုတ် လုံးဝ ဖျက်သိမ်းခြင်း ဟူသော ရွေးချယ်စရာ နှစ်ခုသာ ကျန်ရှိပါတော့သည်။ ဖျက်သိမ်းမည်ဆိုပါက MAI နှင့် ခရီးစဉ်များ စီစဉ်ထားပြီးသား ခရီးသည်ထောင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိနိုင်ပါသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

ယခုကဲ့သို ခက်ခဲလှသည့် အခြေအနေများတွင် ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအားအထူးတောင်းပန်အပ်ပါသည်။ယခုကဲ့သို့ခက်ခဲသောကာလအတွင်း ခရီးသည်များ၏ နားလည်ပံ့ပိုးပေးမှုကို လေးစားစွာ ဖြင့် ကျေးဇူးတင်ရှိပါသည်။

မန္တလေး - မြစ်ကြီးနား - မန္တလေး ရန်ကုန် - မြစ်ကြီးနား - ရန်ကုန် ခရီးစဉ်များကိုMAI လေကြောင်းဖြင့် June လ အတွက် Schedule တ...
18/03/2026

မန္တလေး - မြစ်ကြီးနား - မန္တလေး

ရန်ကုန် - မြစ်ကြီးနား - ရန်ကုန် ခရီးစဉ်များကို

MAI လေကြောင်းဖြင့် June လ အတွက် Schedule တော့ On ထားပြီ

စျေးတွေကလဲ ဆီစျေးတက်တယ်ဆိုတဲ့အကြောင်း Mail ကြိုလက်ခံထားတော့ ရင်တော့မခုန်မိ

ခရီးသည်တွေ အတွက်တော့ ရင်မောရပေါ့……..

ဒီစျေးတွေက အချိန်နဲ့အမျှ ပြောင်းလဲရှိနိုင်မယ်

ကျန်တဲ့ လေကြောင်းတွေတော့ Schedule မဖွင့်ထားသေးဘူး ။

ကြိုဖြတ်ထားရမလား ကျန်တဲ့လေကြောင်း စောင့်ရဦးမလားဆိုတာတော့ ခရီးသည်တွေရဲ့ ရွေးချယ်မှုပါရှင့် ။



Golden Mandalay - Myanmar

 ားလက်မှတ်များလဲယနေ့မှစ  #စျေးပြောင်းလဲပါပြီရှင့်ဖော်ပြပါ စျေးနှုန်းများမှာ မန္တလေး - ရန်ကုန် - မန္တလေး ခရီးစဉ် တစ်ကြောင...
16/03/2026

ားလက်မှတ်များလဲ
ယနေ့မှစ #စျေးပြောင်းလဲပါပြီရှင့်

ဖော်ပြပါ စျေးနှုန်းများမှာ

မန္တလေး - ရန်ကုန် - မန္တလေး ခရီးစဉ် တစ်ကြောင်းစာစျေးပဲ ဖြစ်ပါတယ်ရှင့် ။

✅ ရိုးရိုးကား ( 2+2 )
32000 , 35000

✅ အထူးကား ( 2+1 )
44000 , 49000 , 52000

✅ First Class ( 21 Seaters )
By Message Chair
89000

✅ Royal Premium Class ( 12 Seaters )
By Message Chair
110000

📌 မိမိလိုချင်သော ထိုင်ခုံနေရာများရရှိလိုပါက ထွက်ခွါမည့်ရက်ထက် ကြို၍ ဝယ်ယူထားမှသာ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်ရှင့်

📌 ခရီးသွားသည့်အခါ မှတ်ပုံတင်မူရင်း ကိုင်ဆောင်သွားရမှာပဲ ဖြစ်ပါတယ်ရှင့်

မင်္ဂလာပါရှင့် 🙏🙏🙏  လေကြောင်း မှ ခရီးသွားမိဘပြည်သူများအတွက် ဝမ်းမြောက်ဖွယ်သတင်းကောင်းလေးကို မျှဝေပေးလိုက်ပါရစေရှင်။မန္တလ...
24/02/2026

မင်္ဂလာပါရှင့် 🙏🙏🙏

လေကြောင်း မှ ခရီးသွားမိဘပြည်သူများအတွက် ဝမ်းမြောက်ဖွယ်သတင်းကောင်းလေးကို မျှဝေပေးလိုက်ပါရစေရှင်။

မန္တလေး-ဟုမ္မလင်း✈

ဟုမ္မလင်း-မန္တလေး✈

ခရီးစဉ်အား မတ်လ (၁) ရက်နေ့မှစတင်၍ အပတ်စဉ် အင်္ဂါနေ့နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါတယ်……

ယခုခရီးစဉ်သည် Air Thanlwin လေကြောင်းမှ စတင်မိတ်ဆက်သော ခရီးစဉ်အသစ်တခုဖြစ်ပြီး ဒေသခံပြည်သူများနှင့် ခရီးသွားများအတွက် ခရီးသွားလာမှု ပိုမိုလွယ်ကူမြန်ဆန်လာမည်ဟု ယုံကြည်ပါသည်။

လုံခြုံစိတ်ချရသော ဝန်ဆောင်မှု၊ အချိန်မှန်ကန်သော ပြေးဆွဲမှုနှင့် ခရီးသည် များ အဆင်ပြေချောမွေ့စေရန် ဦးစားပေးဆောင်ရွက်မှုတို့ဖြင့် ဝန်ဆောင်မှုပေးရန် ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်ရှင့် 🍀🍀🍀

ယနေ့ ( ၂၁.၂.၂၀၂၆ ) အတွက် မြစ်ကြီးနား အဆင်း ၊ အတက် ကွင်းပိတ်ထားပြီးလေယာဉ်အားလုံး Cancelled ပါရှင့် 🙏🙏🙏လေကြောင်းများအနေဖြင...
21/02/2026

ယနေ့ ( ၂၁.၂.၂၀၂၆ ) အတွက်

မြစ်ကြီးနား အဆင်း ၊ အတက် ကွင်းပိတ်ထားပြီး

လေယာဉ်အားလုံး Cancelled ပါရှင့် 🙏🙏🙏

လေကြောင်းများအနေဖြင့် စီးနင်းလိုက်ပါမည့် ခရီးသည်များကို Fully Refund အပြည့်သာ ပြန်အမ်းပေးမှာပါရှင့် ။

လေဆိပ် အဖွင့် အပြောင်းအလဲများရှိပါက အကြောင်းကြားတင်ပေးပါမယ်ရှင့်

Address

23*24 , Bet 87*88
Mandalay

Telephone

+959693053196

Website

Alerts

Be the first to know and let us send you an email when Golden Mandalay - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Mandalay - Myanmar:

Share

Category