Easy Talk

Easy Talk ( ၆ ) လ အတွင်း English ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုအသုံးချလိုသူတိုင်းအတွက်..

Easy Talk is an English language teaching center for those who want to improve their English for certain purposes. Our best teaching methods will help you to improve your English EASILY in a very SHORT TIME. We guarantee you will get an incredible experience that you have never had before.

From Mandalay to Kalaw
30/01/2025

From Mandalay to Kalaw

29/01/2025

📢 🥳 မဂ်လာပါ။ Easy Talk Learning Centre မှ လက်တွေ့အသုံးချ English Listening & Speaking သင်တန်းများကို မန္တလေးမြို့ မှ ကလောမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်သင်ကြားသွားတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 📢 🥳

👩🏻‍💻လက်ရှိသင်ကြားပြသနေသော online class များ အတွက် schedule ပြောင်းလဲခြင်းမရှိပါ။

💡သင်တန်းအမျိုးအစားများ💡

1. အသက် 18 နှစ်အထက် လူကြီးသီးသန့် စနေ-တနင်္ဂနွေ လက်တွေ့အသုံးချ အင်္ဂလိပ်စကားပြောသင်တန်း Communicative English Skills
Listening & Speaking ( Level 1 )

⭐️ အင်္ဂလိပ်စကားကို အချိန်တိုအတွင်း လက်တွေ့ပြောဆိုအသုံးချရန် လိုအပ်နေသူများ၊
⭐️ နိုင်ငံခြားခရီးသွားရမည့်သူများ၊
⭐️ လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသားများနှင့် ပြောဆို ဆက်ဆံနေရသူများ နှင့်
⭐️ အလုပ်တစ်ဖက်နဲ့မို့ အချိန်အများကြီးမပေးနိုင်ကြသည့် လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီဝန်ထမ်း၊ ရုံးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများအတွက် ဦးစားပေးရည်ရွယ်ပါသည်။

👉 ပညာအရည်အချင်း ၁၀ တန်းထိတက်ရောက်ဖူးသူဖြစ်ရပါမည်။

👉 အထူးသီးသန့်ဝိုင်းများကိုလည်း အချိန်ညှိနိုင်းစီစဉ်ပေးပါသည်။

👨‍🎓👩‍🎓 သင်တန်းစမည့်ရက် - March လ (၁)ရက် ၂၀၂၅( စနေနေ့ )
🕐 သင်တန်းချိန် - နေ့လည် 12 နာရီမှ မှ 1 နာရီခွဲ ထိ ( အပါတ်စဉ် စနေ နှင့် တနင်္ဂနွေနေ့တိုင်း )
📆 သင်တန်းကာလ - ၂လခွဲတိတိ
💵 သင်တန်းကြေး - ၇၅,၀၀၀ ကျပ် (အားလုံးအပြီးအစီး)၊ ခွဲသွင်းနိုင်ပါသည်။
ဆက်သွယ်ရန် - ၀၉ ၄၅၆ ၅၂၂ ၈၀၀
လိပ်စာ- Family Guest House, Inn Pyin, Kalaw.
👩🏻‍🏫 သင်ကြားမည့်ဆရာမ - Daw Yin Min Khin Khin ယဉ် မင်း
Co Founder & Program Director
Easy Talk English Learning Centre ...........

2. အ‌ခြေခံပညာ Grade 5, 9, 12 English သီးသန့်

⭐️ Easy Talk ရဲ့ မိတ်ဆွေများ၊ သင်တန်းသားများရဲ့ တောင်းဆိုမှုကြောင့် ကလေးတွေအတွက် သေချာပြင်ဆင်ပြီး Class များဖွင့်လှစ်သင်ကြားခြင်းဖြစ်ပါသည်။

⭐️ သင်ရိုးသစ်များဟာဆိုရင် English 4 Skills ကိုအ‌ခြေခံထားတာကြောင့် ကျွန်မတို့ဟာ ကလေးတွေကို ကျောင်းစာအပြင် လက်တွေ့အသုံးချ သင်ခန်းစာများပါထည့်သွင်းသင်ကြားသွားမည်ဖြစ်သောကြောင့် လူကြီးမင်းတို့ရဲ့ သားသမီးများအနေဖြင့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲကို ယုံကြည်ချက်ပြည့်၀စွာဖြင့် ‌ဖြေဆိုနိုင်ကြမည့်အပြင် English ဘာသာစကားကို လက်တွေ့အသုံးချနိုင်မည်ဖြစ်ပါသည်။

👉 အထူးသီးသန့်ဝိုင်းများကိုလည်း အချိန်ညှိနိုင်းစီစဉ်ပေးပါသည်။

👨‍🎓👩‍🎓 သင်တန်းစမည့်ရက် - March လ (၃)ရက် ၂၀၂၅( တနလ်ာနေ့ )
🕐 သင်တန်းချိန် - တနလ်ာမှသောကြာထိ၊ ညနေ ၅နာရီမှ ၆နာရီခွဲအထိ
💵 သင်တန်းကြေး - တစ်လ ၅၀,၀၀၀ ကျပ်
ဆက်သွယ်ရန် - ၀၉ ၄၅၆ ၅၂၂ ၈၀၀
လိပ်စာ- Family Guest House, Inn Pyin, Kalaw.
👩🏻‍🏫 သင်ကြားမည့်ဆရာမ - Daw Yin Min Khin Khin
Co Founder & Program Director
Easy Talk English Learning Centre

English Speaking အင်္ဂလိပ်စကားကိုအချိန်တိုအတွင်းပြောတတ်ဘို့ဆိုရင် ...အင်္ဂလိပ်စာကိုကျွန်တော်အပါအဝင်မြန်မာကျောင်းသား/သူတွ...
25/12/2020

English Speaking အင်္ဂလိပ်စကားကိုအချိန်တိုအတွင်းပြောတတ်ဘို့ဆိုရင် ...

အင်္ဂလိပ်စာကိုကျွန်တော်အပါအဝင်မြန်မာကျောင်းသား/သူတွေအားလုံး သူငယ်တန်းကစလို့ ဆယ်တန်းအထိ ၊နောက်ဆုံးတက္ကသိုလ်ထိအောင်ဆယ်နှစ်မကသင်ခဲ့ရပါရက်နဲ့ ဘာကြောင့်အင်္ဂလိပ်လိုမပြောနိုင်ရတာလဲဆိုတာကိုအကြိမ်ကြိမ်စဉ်းစားခဲ့ဘူးပါတယ်။

တစ်ကယ်တော့ ဘာသာစကားတစ်ခုကို လေ့လာတော့မယ်ဆိုရင်ကလေးငယ်လေးတွေကို နမူနာယူသင့်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ငယ်ဘဝကိုပါ ထည့်တွက်လို့ရပါတယ်။

ကလေးတွေဟာငယ်ငယ်က မြန်မာစကားမပြောတတ်ခင်မှာ...
၁. Listening > သူများပြောတာကိုလိုက်ပြီးနားထောင်တယ်။

၂. Speaking > ပြီးတော့မှကြားတာကို အတုခိုးလိုက်ပြောတယ်။ ကျောင်း မတက်ခင်မှာကတည်းက ကလေးတွေဟာ ကိုယ့်မြန်မာ စကားကို ပြောဆိုနားလည်နေကြပါပြီ။

၃. Reading > ကျောင်းရောက်ပြီဆို မှ မြန်မာအက္ခရာတွေ နဲ့ စကားလုံးစုတွေရဲ့ အသံထွက်တွေကို ဆရာက အရှေ့ က ဆို . ကျောင်းသား က နောက် မှ လိုက်ဆို ခြင်း လုပ်ရပါတယ်… အဲ့ဒီ့ နောက်မှာတော့ ကလေး တွေဟာ မဂ္ဂဇင်းစာအုပ်. သတင်းစာ.ဂျာနယ် များ မှ စာ များ ကို ဖတ် တတ်လာပါတယ်. ပုံပြင်တွေစဖတ်ပါတယ်။

၄. Writing > ရေးတဲ့အဆင့်ကနောက်ဆုံးမှလာတာပါ။ မြန်မာ အက္ခရာတွေကို ရေးပုံရေးနည်းသင်ကြားခြင်းသည် writing မဟုတ်ပါ။ writing ဆိုတာ ကိုယ့်မှာရှိတဲ့ idea /knowledge တွေ ကို သင့်လျော်သလို စီကုံး ရေးသားခြင်းဖြစ်ပါတယ်။ ဒီလိုရေးတတ်ဖို့ ကလေးတွေဟာ လို အပ်တဲ့ သဒ္ဒါ တွေကို တဖြည်းဖြည်းသင်ယူခဲ့ကြရပါ တယ်.

ကျွန်တော်တို့တွေအပါအဝင် ဘယ်နိုင်ငံက ဘယ်လူမျိုးကလေးငယ်တွေမဆိုအဲ့ဒီအဆင့်တွေအတိုင်းဘဲ မိခင်ဘာသာစကားတစ်ခုကိုသင်ယူအသုံးချသွားကြတာပါ။ ပြောချင်တာက နိုင်ငံခြားဘာသာ စကားတစ်ခု က်ို သင်ယူရာမှာ ကိုယ့် မြန်မာဘာသာ ကို သင်ယူခဲ့တဲ့ နည်းအတိုင်း လေ့လာရင် မခက်ပါဘူး။ ကိုရီးယား စကားတောင် grammarတွေ ဘာတွေ မသင်ခဲ့ဘဲ . ဇာတ်လမ်းတွဲတွေ ကြည့် ပြီး ပီပီသသ ပြော တတ် ကြသေးတာ.

လောလောဆယ်မှာ မြန်မာပြည်က သင်တန်းအများစု ( အားလုံးကိုမဆိုလိုပါ ) ရဲ့ English သင်ကြားပုံတွေကိုတစ်ချက်လေ့လာကြည့်ရအောင်။

သင်ကြားပုံအများစုက..

၁. Grammar စသင်တယ်။ Writing စာရေးခိုင်းတယ်။
၂. Reading နားမလည်သေးတဲ့စာတွေကိုဖတ်ခိုင်းတယ်။
၃. Speaking အပြောလေ့ကျင့်ခိုင်းတယ်။
၄. နောက်ဆုံးကျမှ Listening နားထောင်ခိုင်းတယ်။

၁ ၂ ၃ ၄ အဆင့်တွေကလုံးဝကိုပြောင်းပြန်ဖြစ်နေပါတယ်။

အဲ့ဒီလိုလုံးဝပြောင်းပြန်ကြီးလွဲခဲ့ကြလို့လည်း ကျွန်တော်တို့လိုချင်တဲ့ ရလဒ် ကိုမရခဲ့ကြတာပါ။

ရနေတဲ့ ရလဒ် ကိုမကြိုက်တော့ဘူးဆိုရင်
လုပ်နေတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ပြောင်းလဲပစ်ရပါမယ်။
လုပ်မြဲအရာတွေကိုပဲ ဆက်လုပ်နေမယ်ဆိုရင်တော့
ရနေမြဲ ရလဒ်ကြီးကိုပဲ ဆက်ရနေမှာပါ။

အိုင်းစတိုင်းပြောထားတဲ့ စာလေးကိုသာ အောက်မှာဖတ်ကြည့်လိုက်ပါတော့။

" ရူးသွပ်မိုက်မဲခြင်း...
လုပ်နေကျအရာကိုပဲ မပြောင်းလဲဘဲထပ်ခါထပ်ခါလုပ်နေပြီးတော့
ပြောင်းလဲလာမယ့် ရလဒ်တွေကို မျှော်လင့်နေခြင်း "

🙏 အကောင်းဆုံးရလဒ်များကို ဖန်တီးယူနိုင်သူများဖြစ်ကြပါစေ..🙏

ယုံ ကြည် ရာ
Founder & Director
Easy Talk Learning Centre

အဝေးဆုံးထိအောင် အရှိန်ပြင်းပြင်းနဲ့ ပြေးထွက်သွားချင်တဲ့ သားရေကွင်းတစ်ကွင်းဟာ ပြတ်ခါနီးအထိ တင်းနေအောင် အဆွဲခံနိုင်ဖို့လို...
20/12/2020

အဝေးဆုံးထိအောင် အရှိန်ပြင်းပြင်းနဲ့ ပြေးထွက်သွားချင်တဲ့ သားရေကွင်းတစ်ကွင်းဟာ ပြတ်ခါနီးအထိ တင်းနေအောင် အဆွဲခံနိုင်ဖို့လိုတယ်။ အမြင့်ဆုံးအရှိန်ကို ပေးနိုင်တဲ့နေရာက Risk အများဆုံးနေရာ ဖြစ်နေလို့ပဲ..
ဘဝမှာလဲ အဲ့ဒီလိုပဲ..
You Won't Get Very Far If You Are Afraid Of Taking Risks or Losing Something.
လိုတာထက်ပိုပြီး စိုးရိမ်တတ်ရင်၊ Risk မယူရဲရင် ဘဝက ရှေ့သိပ်မရောက်တော့ဘူး...
ယုံကြည်ရာ
9:15 AM
20th Dec 2020

. 9 Job Interview questions you need to know before interviewing for an international job in English. # Credits to ewaen...
15/07/2020

. 9 Job Interview questions you need to know before interviewing for an international job in English.

# Credits to ewaenglish

ဘဝ ကတော့ ပိုပြီးလွယ်ကူလာမှာမဟုတ်ဘူး။ ကိုယ်ကသာ ပိုပြီးတော့ ခံနိုင်ရည်ရှိလာအောင်ကြိုးစားရမှာ...
03/07/2020

ဘဝ ကတော့ ပိုပြီးလွယ်ကူလာမှာမဟုတ်ဘူး။
ကိုယ်ကသာ ပိုပြီးတော့ ခံနိုင်ရည်ရှိလာအောင်ကြိုးစားရမှာ...

ကိုယ်မှန်တယ် ဆိုတိုင်းလည်း တစ်ဖက်လူမှားနေတယ်လို့ ယူဆလို့မရဘူးလေ..
02/07/2020

ကိုယ်မှန်တယ် ဆိုတိုင်းလည်း တစ်ဖက်လူမှားနေတယ်လို့ ယူဆလို့မရဘူးလေ..

2008 ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွါးပျက်ကပ်ကာလကြီးအတွင်းမှာ ဝန်ထမ်းပေါင်း ၇၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီကြီးတစ်ခ...
10/05/2020

2008 ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွါးပျက်ကပ်ကာလကြီးအတွင်းမှာ ဝန်ထမ်းပေါင်း ၇၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုဟာ ဒေါ်လာ ဆယ်သန်းတိတိ လိုငွေပြသွားခဲ့တယ်။ အဲ့ဒီကိစ္စကိုသာမဖြေရှင်းနိုင်ဘူးဆိုရင် သူတို့ကုမ္ပဏီလည်း အများနည်းတူ ဒေဝါလီခံရဖို့ပဲရှိခဲ့တာပေါ့။ အဲ့ဒီအချိန်မှာ ဘုတ်အဖွဲ့ဝင်တွေက လုပ်ရိုးလုပ်စဥ်အတိုင်းပဲ ဝန်ထမ်းဦးရေတွေလျှော့ချလိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ ဒါပေမယ့်အဲ့ဒီဆုံးဖြတ်ချက်ကို ကုမ္ပဏီရဲ့ CEO ဖြစ်သူ Bob Chapman ကလက်ခံလိုစိတ်မရှိခဲ့တဲ့အတွက် အားလုံးရှေ့မှာ စကားလေးတစ်ခွန်းပြောခဲ့လိုက်တယ်။ သူပြောခဲ့တဲ့အဲ့ဒီစကားလေးတစ်ခွန်းကြောင့်ပဲ သူ့ရဲ့ကုမ္ပဏီဟာမူလကစီစဥ်ခဲ့တဲ့ ဝန်ထမ်းလျှော့ချရေးအစီအစဥ်ကို ပယ်ဖျက်ခဲ့ပြီး အစီစဥ်သစ်တစ်ခုကိုရေးဆွဲခဲ့ကြတယ်။ အဲ့ဒီအစီစဥ်ကတော့ ဝန်ထမ်းအားလုံး ( အနိမ့်ဆုံးရာထူးကစလို့ ဘုတ်အဖွဲ့ဝင်တွေထိအားလုံး) ကို လစာမဲ့ ခွင့် လေးပါတ်တိတိ အလှည့်ကျယူစေခဲ့ခြင်းပဲဖြစ်တယ်။ အဲ့ဒီလုပ်ဆောင်ချက်ကြောင့်ပဲ ကုမ္ပဏီဟာ ဒေါ်လာသန်းနှစ်ဆယ်တိတိ ချွေတာနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့စီးပွါးပျက်ကပ်ကာလကြီးအတွင်းမှာ လမ်းကြောင်းမှန်ပေါ်ကို အမြန်ဆုံးပြန်ရောက်လာနိုင်ကြတဲ့ ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာခဲ့တယ်။

ကုမ္ပဏီရဲ့ CEO ဖြစ်သူ Bob Chapman သူ့လူတွေအားလုံးရှေ့မှာ ပြောခဲ့တဲ့စကားလေးကတော့ ...

"It's better that we should all suffer a little, than any of us should have to suffer a lot"

" တစ်စုံတစ်ယောက်ထဲက ဝေဒနာတွေအများကြီး သိမ်းကြုံးပြီးခံစားလိုက်ရမှာမျိုးထက်စာရင်
လူအများကြီးက ဝေဒနာနဲနဲလေးစီကိုပဲ မျှဝေပြီးခံစားလိုက်ကြတာက ပိုပြီးတော့သက်သာရာရစေမှာပါ... " တဲ့လေ ...

ကဲ... ဘယ်လောက်တောင် ကောင်းလိုက်တဲ့ စကားလေးတစ်ခွန်းလဲ ...

ဒီဖြစ်ရပ်လေးကနေပြီး ကျွန်တော့အနေနဲ့ ဝန်ထမ်းလေးတွေအားလုံးရဲ့ကိုယ်စား
လက်ရှိအချိန်မှာကပ်ရောဂါဆိုးကြီးကြောင့် အခက်အခဲမျိုးစုံရင်ဆိုင်နေကြရတဲ့ လုပ်ငန်းရှင်ကြီးများအားလုံးကို အနူးညွတ်မေတ္တာရပ်ခံလိုတာကတော့ ...

" ကျေးဇူးပြုပြီးတော့ တစ်ဦးတစ်ယောက်ထဲကို သိမ်းကြုံးပြီး မခံစားခိုင်းလိုက်ပါနဲ့။ အတတ်နိုင်ဆုံး အားလုံးကိုပဲ နဲနဲလေးစီ မျှဝေခံစားခိုင်းပေးကြပါလားဗျာ..."

မေတ္တာဖြင့် ...
*** ဦးဦးယုံကြည်ရာ ***
Founder & Director of
Easy Talk Learning Centre, Mandalay
10 May 2020
09:35 AM

A boy was teaching a girl arithmetic.ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို သင်္ချာသင်ပေးနေတယ်။He kissed her once; he ki...
29/04/2020

A boy was teaching a girl arithmetic.
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို သင်္ချာသင်ပေးနေတယ်။

He kissed her once; he kissed her twice and said, “Now that’s addition.”
ကောင်မလေးကို သူတစ်ချက် နမ်းလိုက်တယ်။
နောက်တစ်ခါထပ်နမ်းတယ်။ပြီးတော့ပြောလိုက်တယ် “အဲဒါ ပေါင်းခြင်းပဲ”။

In silent satisfaction, she sweetly gave the kisses back and said, “Now that’s subtraction.”
တိတ်တခိုးကြေနပ်နေရင်းနဲ့ ကောင်မလေးကချိုမြိန်တဲ့အနမ်းလေးတွေပြန်ပေးရင်းပြောလိုက်တယ်..
”ကဲ. . . ဒါက နှုတ် ခြင်း”။

Then he kissed her, she kissed him, without an explanation.
နှစ်ဦးသားအကြောင်းပြချက်တွေပေးမနေဘဲနဲ့ တစ်ယောက်ကို တစ်ယောက်အပြန်အလှန်အနမ်းလေးတွေချွေကြပြန်ရော။

And both together smiled and said, “That’s multiplication.”
ပြီးတော့ နှစ်ဦးသားစိတ်တူကိုယ်တူ နဲ့ ပြောလိုက်ပုံက... ” ဒါက မြှောက်ခြင်း”

Then her Dad appeared upon the scene and made a quick decision.
ထိုအခိုက် ကောင်မလေးရဲ့အဖေရုတ်တရက်ရောက်လာပြီး ဆုံးဖြတ်ချက်တစ်ခုကိုချက်ခြင်းချလိုက်တယ်..

He kicked that boy three blocks away and said, “That’s long division!
အဖိုးကြီးကကောင်လေးကို ဟိုးအဝေးကြီးထိလွင့်သွားအောင်ကန်ုထုတ်လိုက်ရင်းပြောလိုက် ပုံက
”အဲဒါ အကြွင်းမဲ့ စားခြင်းကွာ” ......တဲ့ ....။ 😂😂😂

ရယ်မောခြင်းဖြင့် ဘဝအမောများပြေပျောက်နိုင်ကြပါစေ.. 🙏🙏🙏

Easy Talk Learning Centre
Mandalay

Easy TalkLearning Centre မှပို့ချပေးနေပါသော သင်တန်းများအားလုံးကို ဧပြီလ (၃၀) ရက်နေ့ထိအောင် ရပ်ဆိုင်းထားမည်ဖြစ်ပါကြောင်အသ...
18/03/2020

Easy Talk
Learning Centre မှပို့ချပေးနေပါသော သင်တန်းများအားလုံးကို ဧပြီလ (၃၀) ရက်နေ့ထိအောင် ရပ်ဆိုင်းထားမည်ဖြစ်ပါကြောင်အသိပေးအပ်ပါသည်။
ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ကြိုတင်အသိပေးကြေငြာပေးသွားပါမည်။

Common English Questions and Answers.
10/03/2020

Common English Questions and Answers.

Address

No. 277, Pyin Htaung Su Road, Family Guest House, Inn Pyin, Kalaw. Old Address: 81st Street, Between 44th & 45th Street, Mahaaungmyay Township
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Easy Talk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Easy Talk:

Share