Be Your Trips

Be Your Trips A Man Who loves to Travel by Motorcycle
Be Your Trips was founded in 2017 by Ko Ye Min who loves to travel by Motorcycle. Please stay tuned for more reviews.

The purpose of creating this page is for sharing the Day Trips Reviews.

💦 လိမ့်လိုက်ကြစို့ လိပ်ကျသို့ 💦မန္တလေးြမို့ကနေ 2:30 လောက်ပဲသွားရတဲ့ အပန်း‌ေြဖ‌ ‌ေရတံခွန်‌ေလးတစ်ခု...မန္တလေး - မတ္တရာလမ်း...
24/07/2020

💦 လိမ့်လိုက်ကြစို့ လိပ်ကျသို့ 💦

မန္တလေးြမို့ကနေ 2:30 လောက်ပဲသွားရတဲ့ အပန်း‌ေြဖ‌ ‌ေရတံခွန်‌ေလးတစ်ခု...

မန္တလေး - မတ္တရာလမ်း ကသွားပြီး လက်ပံလှ - ချောင်းကြီး - ကျောက်ဖြူရွာ ကျော်ရင် ဘယ်ဘက်မှာ လမ်းညွှန်ဆိုင်းဘုတ်လေးတွေ့လိမ့်မယ်
(အောက်မှာ ပုံလေးနဲ့ ပြထားပေးတယ်)

လမ်းညွှန်ဆိုင်းဘုတ်က‌ေန 15 မိနစ်လောက် ‌ေြမနီလမ်းလေးအတိုင်း မောင်းသွားပါ
လမ်းခွဲလေးတွေမှာ လမ်းညွန်ဆိုင်းဘုတ်လေး‌ေတွတတ်ထား‌ေပးတယ်

ရေတံခွန်မရောက်ခင် ကားအပ်ခဲ့ပြီး 10 မိနစ်လမ်းလျှာက်သွားရတယ်👣👣

ဆိုင်ကယ်နဲ့ရေတံခွန်အထိ ဆင်းသွားလို့လည်းရတယ် 🚲🛵🏍️
⚠️ (လမ်းကျဉ်းတယ်/မတ်တယ်)⚠️

Google Map
https://maps.app.goo.gl/vrpFq6XUY1LDTosVA

ရေတံခွန်က သုံးဆင့်ရှိတယ်
သုံးဆင့်‌ေြမာက်အပေါ်ထပ်မှာ ရေအိုင်ကြီး တစ်ခုလည်း ရှိတယ်
သွားရလွယ်ကူအောင် လှေကားလေးတွေ တံတားလေးတွေ လုပ်ပေးထားတယ်
ရေတံခွန်မှာ ရေဆော့ဖို့ နေရာအကျယ်ကြီးပဲ 🏊🤽
ဘောကွင်းငှားလို့ရတယ်/
ဖောင်လည်း စီးလို့ရတယ်

စားသောက်ဆိုင်လေး ရှိတယ်
(အိမ်သာလည်း အဆင်‌ေြပတယ်)
ကြက်သား/ဝက်သား/ငါးကင် စားချင်ရင် ကြိုပြီး မှာထားလို့ရတယ်

ဦးမျိုးသန့် (ဟိန်းစားသောက်ဆိုင်)
09760531406
09779253409

စားသောက်ဆိုင်နားမှာ တောထဲကမျောက်လေးတွေ🐒🐒 အစာလာတောင်းလေ့ရှိပါတယ်။

မှတ်ချက်။ ။
⚠️ရေအ‌ေတာ်နက်ပါတယ်
⚠️မိုးရွာထားရင် ရေနောက်‌တတ်ပါတယ်
📢အမှိုက်လေးတော့ စနစ်တကျ စွန့်ပစ်ပေးပါ

ရေတံခွန်ကနေ အပြန်လမ်းမှာ နဂါးမောက်တောင်/ယက်ကန်းစင်တောင်/ဆည်တော်ကြီးလည်း ဝင်လည်လို့ရတယ်...
မတ္တရာမ‌ေရာက်ခင် လမ်းဘေးမှာ
မန်ကျီးပင်တန်းကြီး‌ေတွ့လိမ့်မယ်
ဓာတ်ပုံရိုက်လို့ အရမ်းလှတယ်

လမ်းတစ်လျောက် သစ်သီးဝလံတွေလည်း ပေါမှပေါ.. 🌾🍐🍈🍌🍌🍍
မာလကာသီးတွေဆို အူဖြူသီးရော အူနီသီးရော စားလို့သိပ်ကောင်း 😋😋

မိသားစု/သူငယ်ချင်းတွေနဲ့ အတူသွားလို့ရတဲ့ နေ့ချင်းပြန်ခရီးလေးပါ..
အားလုံး အန္တရာယ်ကင်းကင်း စည်းကမ်းရှိရှိပျော်ရွှင်နိုင်ပါစေ 🤩😍

#လိပ်ကျရေတံခွန်

ဒီလောကမှာ ...ရှူးဖိနပ်စီးသူတွေ မရောက်နိုင်တဲ့လမ်းတချို့ရှိတယ်။ရေမွှေးဆွတ်ထားသူတွေ ရှုရှိုက်မရနိုင်တဲ့ လေထုရှိတယ်။ရုံးထိုင...
12/08/2019

ဒီလောကမှာ ...
ရှူးဖိနပ်စီးသူတွေ
မရောက်နိုင်တဲ့လမ်းတချို့ရှိတယ်။

ရေမွှေးဆွတ်ထားသူတွေ
ရှုရှိုက်မရနိုင်တဲ့ လေထုရှိတယ်။

ရုံးထိုင်နေသူတွေ
ဘယ်တော့မှ မတွေ့ဆုံနိုင်တဲ့ လူတချို့ရှိတယ်။

နာမည်ကြီးတံဆိပ်ကြိုက်သူတွေ
မမြင်နိုင်တဲ့ သဘာဝအလှတရားတွေ ရှိတယ်။

အသိအမြင်ကြွယ်ပြီး
စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွဖို့
ပိုက်ဆံတွေစုပြီး တစ်နှစ်တစ်ခါ ခရီးထွက်စို့...

#နိုင်းနိုင်းစနေ

💦ကျောက်ဆုံရေတံခွန် (နမ့်ကန်ရေတံခွန်)💦ရှမ်းပြည်​မြောက်​ပိုင်းနဲ့ တောင်ပိုင်း နယ်​​မြေနှစ်ခုဆုံတဲ့ကျောက်ဆုံကျေးရွာအနီးမှ...
02/08/2019

💦ကျောက်ဆုံရေတံခွန် (နမ့်ကန်ရေတံခွန်)💦

ရှမ်းပြည်​မြောက်​ပိုင်းနဲ့ တောင်ပိုင်း နယ်​​မြေနှစ်ခုဆုံတဲ့
ကျောက်ဆုံကျေးရွာအနီးမှာ တည်ရှိပါတယ်.

အဆင့် ခုနစ်ဆင့် နဲ့ တ​စ်နေရာတည်းမှာ တဆက်​တည်းရှိပြီး ရေနည်းကာလဖြစ်​တဲ့ ​နွေရာသီမှာ​တောင် ရေခမ်းမသွားပဲ ရာသီတိုင်း လှနေတဲ့ ရေတံခွန်ကြီး..
ရေတံခွန်အဆင့်တိုင်းဟာ နမ့်တာဟူး ၊နမ့်တာပေါ် ၊
နမ့်တာလုံး၊ နမ့်တာဖောင်ဆိုပြီး အဆင့်တိုင်းမှာ
လည်းနာမ်မည်ကိုယ်စီရှိကြတယ်..

တစ်ဆင့်ပြီးတစ်ဆင့် တရှိန်ထိုးစီးဆင်းပြီး နောက်ဆုံးမှာတော့ဒုဋ္ဌ​ဝတီမြစ်​(မြစ်​ငယ်​) ထဲကိုစီးဝင်ပေါင်းစုံသွားတဲ့ ရေတံခွန်ကြီးပါ..

ကိုယ်တွေသွားတဲ့အချိန် က မိုးရာသီဆိုတော့
မြင်မြင်သမျှ စိမ်းစိုပြီး သာယာနေတာ..🌥️🌦️
လမ်းတစ်လျောက်လည်း လှေကားထစ် စိုက်ခင်းတွေ၊ ပေါင်းဖူးခင်းတွေနဲ့ ရှမ်းရွာလေးတွေက ကြည့်လို့ကို မဝဘူး.

ရေတံခွန်ကလည်း သိပ်လှတယ်၊ ရေတံခွန်နားထိ ကားလမ်းပေါက်တယ်ဆိုတော့ သွားလာရအဆင်ပြေတာမို့လို့ ဘောဒါတွေသွားကြည့်ဖို့ ကိုယ်ညွှန်းပေးလိုက်တယ်နော်..

❇️ ဘယ်လိုသွားကြမလဲ 🏍️ 🚗 🚐❓❓

ရေတံခွန်ကိုသွားမယ်ဆိုရင် နောင်ချိုဘက်ကနေလဲ သွားလို့ရသလို တောင်ကြီးဘက်ကနေလဲသွားလို့ရပါတယ်. (မြေပုံထည့်ပေးထားတယ်👇)

💠 ရှမ်းပြည်မြောက်ပိုင်းက သွားမယ် ဆိုရင်

နောင်​ချို-အင်​​တော-​ကျောက်​ဂူ-ရပ်​​စောက်​-
ရွှေ​ညောင်​-​တောင်​ကြီး မြို့​တွေကို သွားတဲ့
ကတ္တရာလမ်းမ

နောင်ချိုမြို့ကနေ သွားမယ်ဆိုရင်တော့ ကားနဲ့ နှစ်နာရီလောက်သွားရပါတယ်..
ဒုဋ္ဌဝတီတံတား (​နောင်​ချို) ကို ဖြတ်​ကူးရပါတယ်
တံတားမ​ရောက်​ခင်​ တောင်ဆင်းလမ်းက တော်တော်
ကြမ်းတယ်.. ​အ​ကွေ့အ​ကောက်​များပြီး အတက်​အဆင်းအရမ်းမတ်​​တယ်..⚠️

*လမ်းမှာ တောင်းခမ်းရွာလေးကိုဖြတ်သွားရလိမ့်မယ်
ရွှာလေးက သန့်ရှင်းပြီး အရမ်းသာယာတာ
ပင်းတယ ကလို ညောင်ကြီးတွေနဲ့ အစီအရီသိပ်လှ
ဆွဲဆောင်မှုနောက်တစ်ခုက ရေကန်ကြီး 🏝️💞
သန့်ရှင်းပြီး စိုက်ခင်း သစ်ပင်တွေနဲ့ အရမ်းလှတယ်.
တောင်းခမ်းရွှာရောက်ရင် ခဏတာနားပြီး ဓာတ်ပုံရိုက်ကြပေါ့

ကျောက်​ဆုံ​ရွှာမရောက်ခင် ကျောက်ဆုံဘလီတံတားကိုဖြတ်​​ပြီးရင် လမ်းရဲ့ ညာ(အနောက်)ဘက်မှာ
''KS 101 သရက်ခြံ '' ရှိတယ်..
ရေတံခွန်သို့ဆိုတဲ့ ဆိုင်းဘုတ်အတိုင်း အတွင်းထဲ သွားလိုက်..

💠 ရှမ်းပြည်တောင်ပိုင်းက သွားမယ်ဆိုရင်
ရွှေညောင်-ရပ်စောက်-အင်တော-ကျောက်ဂူ-အင်တော-ကျောက်ဆုံရွာ ကတ္တရာလမ်းမ

ကျောက်ဆုံရွာကျော်ပြီးရင်လမ်းရဲ့အနောက်(ဘယ်) ဘက်က KS 101 သရက်ခြံအတိုင်းဝင်သွားရပါမယ်..

မြေသားလမ်းလေးအတိုင်း 4 မိုင်လောက် သွားပြီးရင် သစ်ခုတ် ယာဉ်ရပ်နားစခန်း တွေ့လိမ့်မယ်
အဲ့နေရာလေးမှာ ကား/ဆိုင် ထားပြီး လမ်းလျောက်ရမှာပါ.
(ဒီမြေသားလမ်းက မိုးရာသီဆိုရင်
လမ်းတွေချော်တယ်. နွေရာသီဆိုတော့ ရေတံခွန်နားအထိကား/ဆိုင်ကယ် မောင်းသွားလို့ရတယ်)

မြေလမ်း​အတိုင်း ပထမဆင့်ရေတံခွန်ထိ ၁၅မိနစ်​လောက် လမ်းလျောက်ရပါတယ်..
မြေသားလမ်းဖြစ်တဲ့အတွက်မိုးတွင်းဆို လမ်းချော်ပါတယ်.
ကားဆင်းနိုင်အောင် လမ်းဖောက်ထားပေမဲ့ လမ်းက အရမ်းမတ်စောက်တယ်..
ဒေသခံတွေကတော့ ဆိုင်ကယ်တွေနဲ့ ဆင်းပေမဲ့
ကိုယ်ကတော့ မဆင်းပါနဲ့လို့ပဲ ပြောပါရစေ..
(အက်ဗန်းခြား ချင်သပဆိုရင်လည်း သဘောပေါ့ဗျာ)

15 မိနစ်လောက် ဆင်းလိုက်ရင် ပထမအဆင့်ရေတံခွန် ရောက်ပါပြီ.. ရေတံခွန်က အတော်ကြီးတယ်.
ရေကျလာတဲ့အရှိန်ကြောင့် ရေမှုန်ရေမွှားလေးတွေ
တဖွားဖွားပဲ.. ဓာတ်ပုံရိုက်လို့သိပ်ကောင်း

မြေလမ်းအတိုင်း5 မိနစ်လောက် ဆက်ဆင်းလိုက်ရင်
ဒုတိယအဆင့်နဲ့ တတိယအဆင့် 😉😉
ညာဘက်က လမ်းခြားလေးအတိုင်း ဆင်းသွားလိုက်
View Point ရောက်တယ်.. အဆင့်သုံးဆင့်ပေါင်း မြင်ရတာ ဆိုတော့ အတော်လေးလှတယ်..

မြေလမ်းအတိုင်း အဆင့်ဆင့် ဆင်းသွားလိုက်ရင် 6 ဆင့်မြောက် အမြင့်ဆုံး ရေတံခွန်ရောက်ပီ..
ရေမှုန်ရေမွှားတွေနဲ့ သက်တံ့တွေတောင် ဖြစ်လို့.. အောက်ထဲထိ ဆင်းလို့ရတယ်.
အတက်အဆင်းတော့ ခက်ခဲတယ် ⚠️

လမ်းအတိုင်းဆက်ဆင်းသွားလိုက်
အောက်ဆုံး ၇ ဆင့်မှာ ရေတံခွန်အသေးလေးတွေဖြစ်သွားပြီး ဒုဋ္ဌဝတီမြစ်ထဲ ဆင်းဝင်သွားတယ်..
(ဒီနေရာကိုတော့ ဒေသခံတွေက မြစ်ဆုံလို့ခေါ်ကြတယ်)
ရေတံခွန်လေးတွေမှာ ရေစိမ်လို့ကောင်းတယ်

အပြန်ကတော့ လာလမ်းအတိုင်းပြန် တတ်ရမှာပါ🙄
ဆက်မပြောတော့ဘူး အမောစို့သွားမှာ ဆိုးလို့ 😁
(အတက် တစ်နာရီလောက်တော့ ကြာလိမ့်မယ်)

:
▪️မန်းတလေးကနေ နေ့ခင်းပြန်
သွားမယ်ဆိုရင် ခရီးဝေးတယ်.
ကားနဲ့သွားရင်တော့ အဆင်ပြေတယ်..
ဆိုင်ကယ်နဲ့ဆို အသွားအပြန် 12 နာရီလောက်
မောင်းရတာ. မိုးကမိသေး.. ရာသီဥတုကအေး.

▪️ရေတံခွန်မှာ မုန့်ဆိုင် မရှိပါဘူး.
စားစရာ သောက်စရာ တစ်ခါတည်း ဝယ်သွားပါ.

▪️ဒုဋ္ဌဝတီတံတား မရောက်ခင် 16 ကွေ့ဆိုတဲ့နေရာက အတက်အဆင်း အရမ်းကြမ်းပါတယ်.
(ဆိုင်ကယ်မကောင်းရင် အဆင်မပြေပါဘူး)
တံတားနားမှာ ကျောက်မိုင်းတွေခွဲတဲ့အခါဆိုရင်တော့ ခဏ ရပ်စောင့်ရပါတယ်.

_ _ _ _ _ _* * * * * * _ _ _ _ _ _

📢မေတ္တာရပ်ခံချင်တယ်ဗျာ📢

Leave Nothing but Footprints
Take Nothing but Pictures

အမှိုက်တော့ လုံးဝမချခဲ့ပါနဲ့ 🚯
အတော်အကြည်းတန်ရုပ်ဆိုးပါတယ်​😩😩
တောတောင်ရေမြေ အလှကို မဖျက်စီးကြပါနဲ့နော်..
ကိုယ်ရဲ့အမှိုက်ကိုယ်ပြန်ယူခဲ့ပါ..🚮

# Post ကို Like and Share ပြုလုပ်ခြင်းမှ
လွဲပြီး Copy မကူးစေချင်ပါ..


💦 နမ့်ငိုရေတံခွန်  &  အင်းဝိုင်းရေတံခွန် 💦မန္တလေးကနေ နေ့ချင်းပြန်သွားလို့ရတဲ့ ရေတံခွန်နှစ်ခု..ပြင်ဦးလွင်ကနေဆို 1 နာရီလော...
11/02/2019

💦 နမ့်ငိုရေတံခွန် & အင်းဝိုင်းရေတံခွန် 💦

မန္တလေးကနေ နေ့ချင်းပြန်သွားလို့ရတဲ့
ရေတံခွန်နှစ်ခု..
ပြင်ဦးလွင်ကနေဆို 1 နာရီလောက်ပဲသွားရတယ်...

ရေတံခွန်နှစ်ခုလုံးက
နောင်ချိုမြို့နယ် အင်းဝိုင်းပါဟဲ ကျေးရွှာ
နားလေးမှာပဲ တည်ရှိတာပါ..
တစ်ခုနဲ့တစ်ခုလည်း နီးနီးလေးဆိုတော့ ဆိုင်ကယ်လေးနဲ့ ဒိုးလိုက်ရုံပဲ...

ဘယ်လိုသွားရမလဲ ❓❓
တစ်ချက်လောက် Show သွားလိုက် 👇👇

⚜️နမ့်ငို ရေတံခွန်⚜️ ကိုသွားမယ်ဆိုရင်..

မန္တလေး-လားရှိုးလမ်းကြီး အတိုင်းမောင်း လာပြီး
ပြင်ဦးလွင် နဲ့ နောင်ချို ကြားမှာ ရှိတဲ့ ဘန့်ဘွေးရွှာ
ရောက်ရင် ဆင်းရွှေလီသကြားစက် ဆိုင်းဘုတ်ကြီး
ရှိတဲ့ လမ်းအတိုင်း ညာဘက်ကို ချိုးပြီး လာခဲ့ပါ...
(လမ်းထောင့်မှာ နန်းရွှေလီ Restaurant and
Guest House ရှိတယ်)
လမ်းကောင်းပါတယ်..
လမ်းတစ်လျောက် ဖရဲသီးခင်းတွေ 🍉
ကြံခင်းတွေလည်း မျက်စိတစ်ဆုံးပဲ.. 🌾🌾🌾
15 မိနစ်လောက် မောင်းပြီး
သကြားစက်ရုံရောက်ရင် ဘယ်ဘက် လမ်းအတိုင်း
စက်ရုံကို ပတ်ပြီးသွားလိုက်.. ↖️🔃

စက်ရုံဆုံးလို့ လမ်းဆုံရောက်ရင် ညာဘက်ကွေ့ပြီး
မြေသားလမ်းအတိုင်း 1 မိုင်လောက်မောင်းသွားလိုက်ရင် ရေတံခွန် ရှိတဲ့နေရာရောက်ပြီ...

ကား/ဆိုင်ကယ်ထားခဲ့ပြီး ရေပိုက်လိုင်းကြီးဘေးက
နေ အောက်ကိုဆင်းသွားရုံပဲ... 🚶‍♂️🚶‍♀️

ရေတံခွန်ကို ဆင်းတဲ့ လမ်းကို ကွန်ဂရစ် လှေကား
လေးတွေ နဲ့ သေချာလုပ်ပေးထားတယ်..
10 မိနစ်လောက် ဆင်းသွားလိုက်ရင် ရေသံတစ်ဝုန်းဝုန်းနဲ့ ပထမအဆင့်ကို ရောက်ပြီ...
ရေတံခွန် ဘေးအတိုင်း တစ်ဆင့်ပြီး တစ်ဆင့်
အောက်ကိုဆင်းသွားလိုက်..

ကိုယ်တို့သွားတဲ့ အချိန်က ရေများတဲ့
အချိန်မဟုတ်ဘူး..
ရေနည်းပြီး ရေကြည်တယ်..
မိုးရာသီးဆိုရင်တော့ ဝုန်းဒိုင်းကျဲ နေမှာပဲ 😊😊
(ကိုယ်တွေလည်း နောက်တစ်ခေါက်
ပြန်သွား ဝုန်းအုန်းမယ် 😁😁 )

ရေတံခွန် အဆင့်တိုင်း ပုံစံတစ်မျိုးစီနဲ့ လှပါတယ်..
ရေတံခွန်ကြီးက အဆင့်ဆင့်နဲ့ဆိုတော့
Drone နဲ့ ရိုက်ရင် သိပ်လှတာ..
( Fb က Drone နဲ့ရိုက်ထားတဲ့ ပုံလေးတွေကို
Crd ပေးပြီး တင်ပေးထားပါတယ်)

ရေတံခွန်ရဲ့ အောက်ဆုံးမှာတော့
အရမ်းလှတဲ့ နေရာလေး ရှိတယ်..
ကြိုးတံတားလေးရယ်. ရေတံခွန်က ကျလာတဲ့
ကြည်စိမ်းနေတဲ့ ချောင်းလေးရယ်..
အဲ့နေရာလေးက Photogenic အရမ်းဖြစ်တယ်..
တံတားနားလေးက ပန်းတွေကလည်း ဆယ့်နှစ်ရာသီပွင့်တယ်လိုဒေသခံတွေက ပြောတယ်..

မှတ်ချက်⚠️

ဒီနမ့်ငိုရေတံခွန်ကြီးက ပိုင်ရှင် ရှိတယ်ဗျာ့...
နမ့်ဟူးအသေးစား ရေအားလျှပ်စစ်လုပ်ငန်းပိုင်
နေရာပါ.. ဝင်ကြေးပေးရပါတယ်တဲ့... 😢😢
လူကြီး - 5000
ကလေး - 2500
နိုင်ငံခြားသား - 5 $

ကိုယ်တွေသွားတုန်းကတော့ မပေးခဲ့ရဘူး...
ကောက်တဲ့ လူလည်း မတွေ့ခဲ့ပါဘူး..🙄🤔🤔
ဒါပေမဲ့ ဝင်ကြေးကောက်တယ် ဆိုတာတော့
သိထားပေးပါ..

~ ~ ~ ~ ~ ~ ~~ ~ ~ ~~ ~
⚜️အင်းဝိုင်း ရေတံခွန်⚜️

အင်းဝိုင်းရေတံခွန်နဲ့ နမ့်ငိုရေတံခွန်က နီးနီးလေးပါ..
ဆင်းရွှေလီ သကြားစက်ရုံထဲကို အနောက်ပေါက်ကနေဝင်ပြီး ညာဘက် ချိုးသွားလိုက်ရင်
ရောက်ပြီ...↗️
ကား/ဆိုင်ကယ် ထားခဲ့ပြီး တောလမ်းလေးအတိုင်း 10 မိနစ်လောက် လျောက်လိုက်ရင် ရောက်ပြီ..
(ဝင်ကြေးပေးစရာ မလိုပါဘူး)😁😁

ရေတံခွန်က နှစ်ဆင့်ရှိပြီး တော်တော်လှတယ်..
ဒါပေမဲ့ရေတံခွန် အပေါ်က သကြားစက်က နုံးမြေတွေချတဲ့ အချိန်ဆိုရင်တော့ နောက်ကျိ နေတာပဲ...
😪😪(တစ်ခါ တစ်လေ မှပါ)

ပုံမှန်အားဖြင့်တော့ ရေကြည်ပါတယ်..
ရေချိုးလို့လည်း ကောင်းတယ်..
အနားယူစရာ နေရာ ကျယ်ကျယ်လည်း ရှိတယ်..

~ ~ ~ ~ ~ ~~ ~ ~ ~
ကဲ ဘော်ဘော်တို့အတွက် အားလပ်ရက်မှာ အနားယူအပန်းဖြေဖို့ ဒီကိုယ်ကိုယ် Review လေး ရေးပေးလိုက်ပါတယ်ဗျာ...

အဟမ်း 📢
အမှိုက်လေးတွေတော့ ပြန်ကောက်ခဲ့ပါနော်..😁
Have a Nice Trip 💞💕💓

🤓🤓

⚜️ ဝက်ဝံရေတံခွန်​ ⚜️ (မီးစက်ကြီး ရေတံခွန်)ပြင်ဦးလွင်ကို အလည်အပတ်သွားရင် သွားနေကြနေရာတွေ မဟုတ်ပဲ နေရာဆန်းလေးတွေသွားကြည့်...
30/11/2018

⚜️ ဝက်ဝံရေတံခွန်​ ⚜️ (မီးစက်ကြီး ရေတံခွန်)

ပြင်ဦးလွင်ကို အလည်အပတ်သွားရင် သွားနေကြ
နေရာတွေ မဟုတ်ပဲ နေရာဆန်းလေးတွေ
သွားကြည့်ပါ့လား... 😉😉

ဒီရေတံခွန်ကြီးဆို ပိတ်ချင်းမြောင်ဂူနားလေးမှာပဲ...

မိနစ် 30 လောက်လမ်းလျောက်လိုက်တာနဲ့
ရောက်ပြီ... 👣👣👣

ပိတ်ချင်းမြောင်ဂူသွားတဲ့ ကားလမ်းအတိုင်း
ဝင်လာရင်​ လှိုဏ်ဂူတော် မရောက်ခင်နားမှာ
သံဘောင်တံတား​ တစ်ခုရှိတယ်...
အဲ့ဘေးက တံခါးပျက်လေးဘေးက ဝင်သွားယုံပဲ...

မြေသားလမ်းအတိုင်း မိနစ် 20 လောက်
ဆင်းလိုက်ရင်​ ရေအားလျှပ်စစ်စက်ရုံနေရာ
ရောက်ပြီ...
(မောင်းရဲရင်​ 🛵 ဆိုင်ကယ်နဲ့တောင်
ဆင်းလို့ရတယ်)

ချောင်းဖြတ်ကူးပြီး 10 မိနစ်လောက် ဘယ်ဘက်
ဆက်သွားလိုက်ရင် ဝက်ဝံရေတံခွန်ရောက်ပြီ...

ညာဘက် ရေကြာင်းတစ်လျောက်လိုက်သွားရင်
လည်း​ မြင်ဇင်းရေတံခွန်နဲ့ တစ်ခြားရေတံခွန်တွေ
လည်း ရှိသေးတယ်...

ကဲ ပေါ့ပေါ့ပါးပါး 🕵️‍♀️အက်ဗန်းချား🕵️‍♂️
လိုက်ကြအုန်း...

(စာများရင် မဖတ်ချင်ဘူးဆိုတာ သိတယ်...
ပုံလေးတွေသာ ကြည့်သွားလိုက်တော့)

📢 အဟမ်း 📢
အမှိုက်လေးတွေတော့ ပြန်ကောက်ခဲ့ဗျာ... 🚯

🤓

'ဓနုတို့ဌာနေ ရွာငံမြေက ဆင်ဆာပြား ကျေးရွာလေး'   ⛺  🏕️🌾(Camping Trip) 🌾🏕️⛺ဘော်ဒါတွေနဲ့သွားမလား ၊ မိသားစုနဲ့သွားမလား ၊ ကျော...
09/10/2018

'ဓနုတို့ဌာနေ ရွာငံမြေက ဆင်ဆာပြား ကျေးရွာလေး'
⛺ 🏕️🌾(Camping Trip) 🌾🏕️⛺

ဘော်ဒါတွေနဲ့သွားမလား ၊ မိသားစုနဲ့သွားမလား ၊
ကျောင်းသားတွေ အပျော်ခရီးထွက်ကြမလား...
Camping လုပ်ဖို့သိပ်ကောင်းတဲ့
နေရာလေးတစ်ခုရှိတယ်.

• မြို့ပြနဲ့ဝေးရာ🏗️🏗️ .. ဆူညံမှုတွေမရှိ..📣📣
လျှပ်စစ်မီးမရှိ 💡..ဖုန်းလိုင်းမမိ.📵
• မြူဆိုင်းနေတဲ့ရှမ်းတောင်တန်း တွေကမြင်မဆုံး...
• ညအချိန်မှာ ကောင်ကင်က ကြယ်တွေကို
ငေးကြည့်...🌟
• ဘော်ဒါတွေ ဝိုင်းဖွဲ့ ဂစ်တာတီးပြီး သီချင်းဆို.. 🎸
• ဒေသအစားအသောက်တွေမြည်းစမ်း...🍜🍝
* ရွက်ဖျင်တဲလေးတွေနဲ့စခန်းချပြီး အိပ်... ⛺⛺
ကိုယ်သိပ်ပျော်ခဲ့တဲ့ ခရီးလေးတစ်ခုပေါ့...

ရှမ်းပြည်နယ် ရွာငံဒေသက ဆင်ဆာပြားကျေးရွာ
လေး မှာ ရှိတဲ့အပန်းဖြေ စခန်းလေးပါ...
ဒီခရီးစဉ်လေးက အပန်းလည်းပြေ၊ ပျော်စရာ
လည်းကောင်း၊ စိတ်လှုပ်ရှားဖို့လည်းကောင်းတဲ့
အတွက် ခရီးစဉ်အကြောင်းလေးမျှဝေလိုက်ပါတယ်...

ကိုယ်တွေအဖွဲ့က မန္တလေးကနေ 8:00 am
လောက်စထွက်တယ်.. 🚗 🚐 🚘 🚍
ကျောက်ဆည်အကျော် ဟန်မြင့်မိုလ်ရောက်တော့ ရွာငံလမ်းခွဲအတိုင်း ဆက်သွားတယ်..🌾🌲🌳
နာရီဝက်လောက်မောင်းပြီးတာနဲ့သိပ်လှတဲ့ View Point ကိုရောက်ပြီ...

🌲💞ဇော်ဂျီမြစ်ဘေးက ဆင်ခေါင်းတောင်💞🌲

ဒီနေရာလေးက မန္တလေးတိုင်း ကျောက်ဆည်နယ်အဆုံး ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အစပ်လေးပါ......
ရှုခင်း အရမ်းလှပြီး ဓာတ်ဖမ်းလို့သိပ်ကောင်းတဲ့
နေရာလေးပေါ့...📷 📸 📷

တောင်ယာလုပ်သူတွေက နွားလှည်းလေးတွေနဲ့
မြစ်ကိုဖြတ်ပြီး တစ်ဖက်ကမ်းကို အလုပ်သွားလုပ်ကြတယ်...👨‍🌾👩‍🌾
(ညနေပိုင်းနေဝင်ချိန်ဆို လှည်းအစီးနှစ်ဆယ်လောက်အတန်းလိုက် မြစ်ကိုဖြတ်ပြီးပြန်လာတဲ့အချိန်ဆို သိပ်လှတယ်တဲ့...)🐂🐂🐂

ရေချိုးလို့လည်းရတယ်.. ရေက သုံးပေလောက်ပဲ
နက်တယ်.. ရေစီးတော့သန်တယ်..⚠️⚠️

ဇော်ဂျီမြစ်နဲ့အပြိုင်ဆက်မောင်းလာပြီးတော့ မြို့ကြီး
ရောက်တယ်...
ရွှေရာစု စားသောက်ဆိုင်မှာ နေ့လည်စာစားတယ်..
(ဝက်လက်ဖက်နဲ့ သံပုရာသီးသုပ် စားကောင်းတယ်)

မြို့ကြီးကိုကျော်တော့ ရွာငံတောင်တက်လမ်းစပြီ
ရှုခင်းတွေက သိပ်လှ မိုးဖွဲလေးကကျ 🌧️🌧️

🎶🎶ရှမ်းသီချင်းလေးနဲ့ ဖီးလ်ပြီလေ...
ရွာငံလမ်းက မိတ္ထီလာလမ်းခွဲလောက်
မကောင်းပေမယ့် ရှုခင်းပိုလှတယ်...
(ဒါပေမဲ့ လမ်းကျဉ်းတယ်.. လူပျက်တယ်)၊⚠️

ရွာငံကိုမရောက်ခင် လမ်းမှာ သိပ်လှတဲ့ရွာလေး
တစ်ရွာကိုဖြတ်သွားရတယ်..
🌲 💞 ဆင်နက်ချောင်းရွှာ..💞🌲

မြန်မာနိုင်ငံက အမှိုက်မရှိတဲ့ ရွာလေးပေါ့...🚮🚮
ရွာလေးကလမ်းဘေးမှာပဲ တော်တော်သာယာ
သန့်ရှင်းတယ်... အမှိုက်လုံးဝ မရှိဘူး..
ရွာသူရွာသားတွေကို လေးစားအားကျမိပါတယ်💞

ဆင်နက်ချောင်းရွှာကျော်တော့
ရေဦး-အောင်ပန်းလမ်းခွဲ ရောက်ပြီ...
ကိုယ်တွေကတော့ ဘယ်ဘက်ရေဦးလမ်းခွဲအတိုင်း
လမ်းခွဲသွားတယ်..↖️↖️
(ညာဘက် အောင်ပန်းလမ်းအတိုင်းဆက်သွားရင်
ရွာငံရောက်မှာပါ...)🚫🚫

ရေဦးလမ်းခွဲကနေဆက်သွားပြီး အုတ်တွင်းရွာ
ရောက်တော့ ဒေသခံမိတ်ဆွေတွေက
စောင့်နေပေးတယ်... 🧑👱‍♂️🚘🚘

သူတို့က လမ်းပြပြီး ခေါ်သွားပေးတယ်..
ဆင်ဆာပြားကျေးရွာကိုသွားတဲ့ လမ်းကတော်တော်ကြမ်းတယ်...
လမ်းခွဲတွေများတော့ လမ်းပြပါလို့သာ
အဆင်ပြေတာ... နို့မို့ဆို ကိုယ်တွေလည်း ရွာလည်နေပြီ...👀👀

ရွာလမ်းတစ်လျှောက် မြင်နေရတဲ့ရှုခင်းတွေကတော့
အလွင့်နော်... တိမ်တွေပေါ်ကိုရောက်နေပြီ...
ရာသီဥတုကလည်း ချမ်းစိမ့်နေတာ...

45 မိနစ်လောက်မောင်းပြီးတော့ ဆင်ဆာပြား
ကျေးရွာကိုရောက်တယ်...
ကားရပ်ပြီး စခန်းချဖို့ တောင်ပေါ် မိနစ် 20 လောက်တတ်တယ်...👣👣👣🚶‍♂️🚶‍♀️
အေးစိမ့်စိမ့်တောလမ်းလေးအတိုင်းတက်သွားရတယ်..🌳🌱🌷
သဘာဝအတိုင်းရ်ှိနေတဲ့ Rock Garden လေးအကျော်မှာတော့ စခန်းချမယ့်​ နေရာလေး ရောက်ပါပြီ...

🌲🌲🌳 Wow... 😮😍🤩😘

မြင်လိုက်ရတဲ့ ရှုခင်းက အမေးဇမ်း....
တောင်တန်းတွေ ၊ တိမ်တွေက ကိုယ်တွေနဲ့
တပြေးတည်း... ☁️☁️☁️
စခန်းချမယ့် မြက်ခင်းပြင်ကလည်း အကျယ်ကြီး...
ရေစိမ်ဖို့ ရေကူးကန်လေး နဲ့ 🏖️🏖️
ခြံထဲမှာလည်း လိမ္မာပင်တွေ ၊ ရှောက်သီးပင်တွေနဲ့ သိပ်လှ..🍊🍊🍈

အဆင်သင့်ပြင်ထားပေးတဲ့ လက်ဖက်သုပ်နဲ့
ရေနွေးကြမ်း..☕🍵 😋😋
ဝါးအိမ်လေးထဲမှာ ပစ္စည်းတွေချ အနားယူ...

ကိုယ့်ဆရာတွေ သိပ်ပျော်နေကြတာ...
အမြဲ ဖုန်းနဲ့နား မခွာရပဲ
စကားပြောအလုပ်ရှုပ်နေကြတဲ့ သူတွေ...
ဒီနေရာမှာတော့ ဖုန်းလှိုင်းမမိ ၊ Internet Connection မရ ၊ လျှပ်စစ်မီးတောင် မလွယ်ဘူး...
အလုပ်အကြောင်း ခဏတာ ခေါင်းထဲမှာမေ့ထား..
လွတ်လွတ်လပ်လပ် အေးဆေးဆေး အနားယူ...
ရေကန်ထဲမှာ ရေစိမ်(Rum လေးနဲ့ ၊Wine လေးနဲ့) 🍷🍾🍸🍺

ကိုယ်တွေ လူငယ်အဖွဲ့ကလည်း Social Media တွေနဲ့ ခဏတာ အဆက်ဖြတ်...ရေစိမ်......ရှုခင်းတွေ တစ်ဝကြီးကြည့်...

ညစာကိုတော့ ဓနုရိုးရာအတိုင်းချက်ထားတဲ့...

- ကြက်သားပင်စိမ်းဟင်းရည်.🍲
- အာလူးထောင်း 🍝🍝
- ဂျူးမြစ် အစပ်ထောင်း 🌶️🌶️
- စူကာညွန့်ကြော် 🥗🥗
- မြင်းခွာရွက်သုပ် 🥗 သိပ်စားလို့ကောင်း......

ထမင်းစားပြီးတော့ မြက်ခင်းပြင်မှာ
Tentတွေဆောက်ကြတယ်... ⛺🏕️
တဲအိမ်လေးတွေက ချစ်စရာလေးတွေ.. တစ်ယောက်တစ်လုံးနေရတယ်...
အိပ်ယာခင်းနဲ့ စောင်တွေလည်း အဆင်သင့်ပြင်ဆင်ပေးထားတယ်...
(ပထမဆုံးအကြိမ် တဲအိမ်လေးထဲမှာ နေရတဲ့အရသာကို သိပ်သဘောကျတယ်.. စိတ်လှုပ်ရှားဖို့လည်းကောင်းတယ်.. ပျော်ဖို့လည်းကောင်း)💕

ရွက်ဖျင်တဲတွေပြင်ဆင်ပြီး ခဏကြာတော့
ဒေသခံလူကြီးတွေ၊ လူပျို၊ အပျိုလေးတွေက
ရိုးရာဝတ်စုံအပြည့်နဲ့တူရိယာပစ္စည်းတွေကိုင်ပြီး
ရောက်လာတယ်.. 💃🕺
ပြီးတော့ ဓနုတေးဂီတ အက အလှတွေနဲ့
ဖြော်ဖြေတယ်...... 🎷🎸🎺🎻
ဓနု သီချင်းလေးတွေနဲ့ ခုန်ကြကကြ ပျော်ကြပါးကြ ကိုယ်တွေလည်း ဝင်ဝုန်းကြပေါ့...
​​(အဲလေ� အတူတူ ဝင်ကတယ်လို့ပြောတာပါ...😁😁😁)
(ဒီလိုမျိုးက ဇာတ်ကားထဲပဲ ကြည့်ဖူးခဲ့တာ...
အပြင်မှာ တစ်ကယ်ကြုံရတော့ တော်တော်ပျော်စရာကောင်းတယ်)

အကအဖွဲ့ပြန်သွားတော့ အအေးဓာတ်ကတိုးလာပြီ..
နှင်းတွေလည်းကျလာပြီ...🌨️🌨️❄️❄️
ကောင်းကင်ကြီးကလည်း ကြယ်တွေနဲ့ အပြည့်...
အ​နွေးထည်ထူထူဝတ် 🧥🧥🧦🧣
ပူပူနွေးနွေး ရေနွေးကြမ်းလေးသောက် ☕☕
ဘော်ဒါတွေနဲ့ သန်းခေါင်ယံအထိ သီချင်းတွေဆို🎸
စကားတွေပြောရင်း တစ်ညတာ ကုန်ဆုံးခဲ့ပါတော့တယ်...🌝🌟⭐ 🛌🛌

🌤️🌤️ မနက်အိပ်ယာထ တဲလေးဖွင့်လိုက်တော့
မြူတွေဆိုင်းနေတဲ့ တောင်တန်းကြီးကို ပထမဆုံး
မြင်ရတာ....
နှင်းတွေကလည်း ဖွဲဖွဲကျ 🌨️🌨️
ငှက်သံလေးတွေရဲ့အသံနဲ့ အရမ်းသာယာ...

အဆင်သင့်ပြင်ပေးထားတဲ့ နံနက်စာလေးက...

• ထမင်းဆီဆမ်း 🍚
• ကြက်ဥကြော် 🍳
• ဂျူးမြစ်ကြော် 🥗
• မြင်းခွာရွက်ကြော် 🥗...
ရေနွေးကြမ်းနဲ့ ကော်ဖီ...☕☕

နံနက်စာ စားပြီး အားဖြည့်ပြီးတော့
Adventure Trip အတွက်ပြင်ဆင်တယ်....

ဒေသခံတွေကို နှုတ်ဆက်ပြီး စခန်းချတဲ့
တောင်ကုန်းလေးကနေ လာရာလမ်းလေးအတိုင်း
ပြန်ဆင်းခဲ့ပြီး ဆင်ဆာပြားကျေးရွာနားမှာ ရှိတဲ့ #ဆင်လယ်ရေဝင်ထုံးကျောက် လိုဏ်ဂူကြီး ဆီကို ချီတက်ခဲ့ပါတော့တယ်...

လိုဏ်ဂူကြီးဆီသို့ ဆက်ရန် / ...

https://m.facebook.com/story.php?story_fbid=282858059003555&id=136665546956141

💠 ဒီခရီးအတွက် 🌱🌲🌳
ဘာတွေပြင်ဆင်သွားရမလဲ...❓❓
ဘယ်လိုဆက်သွယ်ရမလဲ... ❓❓

ရှမ်းသီချင်းလေးတွေ Down သွားပါ...🎶🎵🎼
ရှမ်းပြည်နယ်ကိုသွားရင် ရှမ်းသီချင်းလေးတွေကို နားထောင်ပြီးသွားရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ဘူး...💕💞
(လင်းခေးအဝင် သီချင်းလေးဆို ကိုယ့်သိပ်ကြိုက်)

မိုးရွာနိုင်တဲ့အတွက် မိုးကာအင်္ကျီ ​​ေဆာင်သွားပါ..☔
ရာသီဥတုလည်း အေးတာမို့ အနွေးထည်လည်းယူသွားပါ...🧥🧦

အစားအသောက်၊ ရွက်ဖျင်တဲ၊စောင်၊ ခေါင်းအုံး
အကုန်လုံးကိုကျေးရွာက အကုန်ပြင်ဆင်
ပေးပါတယ်... 👌👌

ဒီအပန်းဖြေ စခန်းမှာ စခန်းချအပန်းဖြေတဲ့ ခရီးစဉ်လေးကို စိတ်ဝင်စားရင် ဒေသခံကျေးရွာသားများနဲ့ ပူးပေါင်းဖော်ဆောင်ပေးနေတဲ့ 🤝🤝
Unique Discovery ကိုဆက်သွယ်စုံစမ်း
မေးမြန်းလို့ရပါတယ်..

🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲

ဒီအပန်းဖြေနေရာလေးက မကြာမီ လူသိများလာပြီး
နာမည်ကြီးလာမယ့် နေရာတစ်ခု ဖြစ်လာမှာပါ...

*မြို့ပြရဲ့ ဆူညံမှုတွေရဲ့ဝေးရာ..
*ရွက်ဖျင်တဲလေးတွေထဲ အိပ်ရတဲ့အရသာ,.
*ဖုန်းလိုင်းမမိ၊ Social Media တွေနဲ့အဆက်
အသွယ်ဖြတ်..
*အေးမြတဲ့ ညချမ်းမှာ ဂစ်တာတီးပြီး သီချင်းလေး
တွေဆို...
*ဖော်ရွေတဲ့ ဒေသခံတွေနဲ့ အေးချမ်းလှတဲ့
ကျေးရွာလေးမှာနေရတဲ့အရသာကို ခံစားချင်တဲ့
တွေအတွက်....

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဓနုတို့ဌာနေ ရွာငံမြေက
ဆင်ဆာပြားကျေးရွာလေးဆီ အပန်းဖြေ
သွားရောက်ဖို့ခရီးစဉ်လေးမျှဝေလိုက်ပါတယ်....

🤓 '

ဆင်လယ်​ သဘာဝ​ထုံးကျောက်ရေဝင်လိုဏ်ဂူကြီး  ***********************************ရှမ်းပြည်နယ်တောင်ပိုင်း ရွှာငံဒေသကဆင်ဆာပြားေ...
09/10/2018

ဆင်လယ်​ သဘာဝ​ထုံးကျောက်ရေဝင်လိုဏ်ဂူကြီး
***********************************

ရှမ်းပြည်နယ်တောင်ပိုင်း ရွှာငံဒေသက
ဆင်ဆာပြား ကျေးရွှာမှာရှိတဲ့ သဘာဝရေဝင်
လိုဏ်ဂူကြီးပါ...
ရွှာငံမြို့ ကနေဆို 13 မိုင်လောက်ဝေးပြီး တစ်နာရီ
လောက်​မောင်းသွားရတယ်... 🛵 🚗 🚘
ဆင်ဆာပြားကျေးရွှာရောက်ပြီဆိုရင် ဆိုင်ကယ်တွေ
ကားတွေ ရွှာမှာထားခဲ့ပြီး တောင်အောက်ကို
မိနစ် 20 လောက်ဆင်းရတယ်... 🚶‍♂️ 🚶‍♀️ 🚶‍♂️ 🚶‍♀️

လမ်းတစ်လျောက်မှာ သစ်ခွပန်းတွေလည်းတွေ့
ရတယ်. 🌺🥀🏵️
စမ်းချောင်းလေးလည်းဖြတ်သွားရတယ်...🐾🐾

တောင်ခြေက ခရမ်းချည်သီးစိုက်ခင်းတွေကို
ဖြတ်သွားပြီးရင်တော့ ဂူကြီးရဲ့ ထိပ်ဝကို
ရောက်ပါပြီ...🌾🌾🌾🌾🌾

ရှေးအခါက တောဆင်ရိုင်းတွေ ကျင်လည်
ကျက်စားပြီး ရေလာကစားတဲ့ ချေုာင်းမို့
ဆင်လည်ချောင်းလို့ အမည်ပေးထားပြီးချောင်းက
ဂူထဲကိုစီးဝင်နေတဲ့ အတွက် ဆင်လည်​(ဆင်လယ်) ရေဝင်ဂူလို့ ခေါ်ကြတာပါ...🐘 🐘 🐘

ဂူထဲကို စီးဝင်သွားတဲ့ ချောင်းက 12 မိုင်လောက်
ဝေးတဲ့ ကျောက်တော ရွှာမှာထွက်တယ်လို့
ပြောတယ်...
ကူမဲကျေးရွှာနားက ချောင်းအဖြစ်လည်း ထွက်သွားတယ်လို့လည်း ပြောကြတယ်...🐾🐾

လွန်ခဲ့တဲ့နှစ်ပိုင်းက နိုင်ငံတကာက
ဂူသုတေသန ပညာရှင်​တွေလာရောက်
လေ့လာခဲ့ကြသေးတယ်တဲ့... 🕵️‍♂️👷‍♀️🕵️‍♀️👷‍♂️
6 ရက် 7 ရက်ကြာအောင် ဂူထဲဝင်ရောက်ခဲ့ပြီး ပေ 15000 လောက်ထိရောက်တာတောင်
အဆုံးမရှိသေးပါဘူးတဲ့...

မိုးတွင်းမှာ ဂူထဲကို ရေက ဝါးနှစ်ပြန်ရောက်ဝင်
တယ်အတွက် မိုးတွင်းဆို သွားလို့မရဘူး..
အန္တရယ်အရမ်းများတယ်...
ဂူအတွင်းပိုင်းကလည်း ရေဝင်ထားတဲ့အတွက်
နုံးမြေတွေနဲ့ပါ...

ကိုယ်တွေတော့ ပေ 200 လောက်ထိပဲဝင်ခဲ့ပြီး
လမ်းကသစ်တုံးတွေနဲ့ပိတ်နေလို့ ရှေ့ဆက်မသွား
တော့တာ...
ဒေသခံတွေကတော့ ပေ 3000 လောက်အထိ သွားနေကြပါ...
ဂူထဲမှာ ဘောလီဘောကစားကွင်းလောက်ကျယ်ရှိတဲ့နေရာရှိပါတယ်တဲ့...
တန်ဆောင်းမုန်းလပြည့်နေ့ဆို ပေ 1500 လောက်အထိ လျှပ်စစ်မီးသွယ်တန်းပေးပါတယ်...💡💡

ဂူကြီးက ကျောက်စက်ပန်းဆွဲတွေနဲ့
အရမ်းလှတာ..
ဂူအဝင်ဝမှာတင်ကို ကျောက်စက်ပန်းဆွဲတွေ
ထိုးထွက်နေတာ... အတွင်းပိုင်းက ပန်းဆွဲတွေဆို မီးထိုးလိုက်ရင် ရွှေရောင်လက်သွားတာတို့..
အနူမြူရောင်ဖြစ်သွားတာတွေရှိတယ်..
(ဓာတ်မီး ယူသွားပါ). 🔦🔦🔦

ဒီဂူမှာထူးခြားတာက ဘုရားစေတီတည်ထားတာတွေ
နံရံတွေမှာ ရေးခြစ်ထားတာတွေ လုံးဝ မရှိဘူး...
ဂူကြီး မပျက်စီးစေဖို့ ဒေသခံတွေ ထိန်းသိမ်းထားပါတယ်..
အန္တရယ်ရှိပြီး သွားလာရခက်ခဲတဲ့နေရာတွေတောင်မှ
ဘိလပ်မြေတွေနဲ့ လုပ်ထားတာမဟုတ်ပဲ..ဝါးလေး
တွေထိုးပြီး သဲအိတ်လေးတွေပဲ ချပေးထားတာပါ...

ဆင်လယ်ကျေးရွှာ မှာ ဓနုလူမျိုးများနဲ့ ပလောင်
လူမျိုးအနည်းငယ်နေထိုင်ကြတယ်...
ဗုဒ္ဓဘာသာကိုးကွယ်ကြတာပါ...
ဒါပေမယ်လို့ ဂူအတွင်းမှာဘုရားတည်တာတွေတော့ မရှိပါဘူး...

ကိုယ်တွေနိုင်ငံမှာကလေ
တောင်ရှိရင်​စေတီရှိတယ်.. ဂူရှိရင် ဘုရားရှိတယ်...
မြန်မာလူမျိုးတွေ ဘာသာတရားထက်သန်လို့
စေတီတွေ၊ ဘုရားတွေ တည်တာကို အပြစ်မပြော
လိုပါဘူး...

ထုံးကျောက်ဂူတွေကို ဘိလပ်မြေထုတ်ဖို့၊
ရွှေထုတ်ဖို့ မျက်စိကျနေတဲ့ လုပ်ငန်းရှင်တွေရဲ့
ဘေးကနေ ကယ်တင်ဖို့ ဘုရားစေတီတည်ပြီး
ကာကွယ်ပေးထားတဲ့ ဦးဇင်းတွေလည်းရှိပါတယ်...

ဒါပေမဲ့ စေတီတွေတည်လိုက်လို့
သဘာဝ အလှတွေပျက်စီးသွားတာတွေ...
ဂူအတွင်းနေထိုင်တဲ့ သက်ရှိတွေအတွက်​🕷️
အနှောက်အယှက်ဖြစ်တာတွေ...🦂
ရှေးဟောင်းရုပ်ကြွမ်းတွေ ပျက်စီးသွားတာရောက်အထိ ဖြစ်နိုင်ပါတယ်...🐚🐚
နိုင်ငံတော်အနေနဲ့လည်း ဂူတွေကိုကာကွယ်စောင့်ရှောက်တဲ့အစီအစဉ်တွေ သိပ်မရှိသေးဘူး....

မြန်မာနိုင်ငံမှာ သဘာဝအတိုင်းရှိနေတဲ့ လိုဏ်ဂူတွေ အများကြီးကျန်သေးတယ် ...
ထိန်းသိမ်းလုပ်ဆောင်ရမှာတွေ အများကြီးလိုသေးတယ်...

သွားရောက်လည်ပတ်တဲ့ သူတွေကလည်း နံရံပေါ်စာတွေရေးတာတွေ၊အမှိုက်ပစ်တာတွေမလုပ်ပဲ
စည်းကမ်းရှိရှိ လည်ပတ်ကြပါ၊ ထိန်းသိမ်းကြပါလို့
ပြောကြားရင်း လိုဏ်ဂူတွေဆီသွားရတာ
သဘောကျတဲ့လူတွေ၊လေ့လာချင်တဲ့လူတွေ၊ Adventure ဆန်ဆန်သွားရောက်ချင်တဲ့
လူတွေအတွက်..ဒီ #ဆင်လယ်ရေဝင်ဂူ အကြောင်း
မျှဝေလိုက်ပါတယ်...

'

💦ဘန့်ဘွေးကျင်းရေတံခွန်💦နောင်ချိုမြို့နယ် ဘန့်ဘွေးကျင်းရွှာလေးနားက သိပ်လှတဲ့ရေတံခွန်ကြီး ...ရှမ်းဘာသာစကားနဲ့ဆို နမ့်တန်းရေ...
01/10/2018

💦ဘန့်ဘွေးကျင်းရေတံခွန်💦

နောင်ချိုမြို့နယ် ဘန့်ဘွေးကျင်းရွှာလေးနားက
သိပ်လှတဲ့ရေတံခွန်ကြီး ...
ရှမ်းဘာသာစကားနဲ့ဆို နမ့်တန်းရေတံခွန် ...
ဒေသခံတွေကတော့ မောင်နှံခုနစ်ဖော် ရေတံခွန်
လို့လည်းခေါ်ကြတယ်..

ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း 2486 ကနေ အောက်ကို တစ်ရှိန်ထိုး တဝေါဝေါကျ
ဆင်းနေတဲ့ သိပ်လှတဲ့ရေတံခွန်ကြီး...

သွားလာရလွယ်ကူတဲ့ ရေတံခွန်တော့ မဟုတ်သေးဘူး..
ငြိမ်းချမ်းရေး နယ်မြေ (အညိုရောင်နယ်မြေ) ထဲမှာ
ဖြစ်ပြီး လမ်းကြမ်းတဲ့ အတွက် အရောက်အပေါက်
နည်းသေးတဲ့ ရေတံခွန်ကြီးပေါ့...

ကဲ - ကိုယ်တွေတော့ရောက်ခဲ့ပြီ...

#ဘန့်ဘွေးကျင်းရေတံခွန်

မန္တလေးကနေ နေ့ချင်းပြန်သွားလို့ရတဲ့ ခရီးပါ..
နံနက်စောစော မန္တလေးကနေ ပြင်ဦးလွင်တက်...
ပြင်ဦးလွင်ကနေတစ်ဆင့် မိုးကုတ်သွားတဲ့
လမ်းအတိုင်း လွယ်လိတ်ရွှာအဝင်ထိ 1 နာရီ
လောက်သွားရတယ်..

[ ပြင်ဦးလွယ်-မိုးကုတ်လမ်းဆုံကနေ လွယ်လိတ်ရွှာအဝင် အထိ 23 မိုင်ရှိပါတယ်../ ရွှာဝင်ဆိုင်းဘုတ်က ဘယ်ဘက်မှာ ရှိပြီး သေးပါတယ်]

ရွှာအဝင်ကနေ ဘယ်ဘက်ကို ချိုးဝင်ပြီး
သပြေဒိုးရွှာ နဲ့ဘန့်ဘွေးကျင်းရွှာတွေကို ဖြတ်ကာ
တောလမ်းခရီး 7 မိုင်လောက် သွားရပါတယ်..
[မြေသားလမ်းပါ... မိုးရွှာထားရင် လမ်းဆိုးပါတယ်]

ဘန့်ဘွေးကျင်းရွှာကျော်ရင်တော့ လမ်းတွေက
အရမ်းဆိုးတဲ့အတွက် ကားတွေ ဆိုင်ကယ်တွေထားခဲ့ပြီး ခြေလျင် 45 မိနစ်လောက် လျောက်ရမှာပါ.. 🚶‍♂️ 🚶‍♀️ 🚶‍♂️ 🚶‍♀️
လမ်းတလျောက် ဆည်တော်ကြီး ရေပြင်ကို 🏝️🏝️အဝေးက ငေးကြည့် ပြီး စပါးခင်းတွေ 🌾🌾
ပြောင်းခင်းတွေကြား 🌾🌾လမ်းလျောက်ရတဲ့
ဖီလင်ကလေ ...😊😊😊

[လမ်းမလျောက်ချင်တဲ့ သူတွေအတွက်တော့ ရွှာကနေ သစ်ကား(3 Ground) ကြီးတွေနဲ့ငှားသွားလို့ရပါတယ်..
တစ်စီးကို 5 သောင်းလောက်ကျမယ်..
လူများရင်တော့ အဆင်ပြေတယ်]...🚜🚜🚜

45 မိနစ်လောက်လမ်းလျောက်ပြီး မောလာတဲ့အချိန်မှာပဲ ဘေးကနေ .. ဘွား..ခ...နဲ့ ပေါ်လာတဲ့
ရေတံခွန်ကြီး မြင်လိုက်ရတဲ့ အချိန်မှာတော့
ယူလ် ဝယ်လ် အမေးဇင်း ပေါ့...😎😎😍🤩

သိပ်လှတဲ့ရေတံခွန်ကြီး ဘန့်ဘွေးကျင်း...
နန်းဆန်လွန်းတဲ့ နမ့်တန်း ရေတံခွန်....

View Point မှာ ဆည်တော်ကြီးရေပြင်ကို
တဝကြီးကြည့်.၊ ရေတံခွန်ကြီးကို တစ်ဝကြီးငေး...
ဒေသခံတွေဖွင့်ထားတဲ့ ဆိုင်လေးတွေမှာ
ရှမ်းအစားစာ လေးတွေစား..🍜🍜🍜
(ထမင်းချဉ် 🍚🍚နဲ့ ဝက်သားချဉ် 🥩🥩 ကတော့ ကိုယ့်အကြိုက်ပဲ)

📌 📌 📌
ကိုယ်တွေအဖွဲ့ကတော့ ကိုနေထွန်းစီစဉ်ပေးတဲ့
စကောထမင်းကို သိပ်သဘောကျတယ်...
ရှမ်းဆန်စီးစီး/မှိုကြော်/ပဲပုတ်/ကြက်ကြော်/ပြောင်းဖူးကြော်/ဟင်းသီးဟင်းရွှက်တွေနဲ့ သိပ်ကောင်း..
ရေတံခွန်ကို ငေးရင်း စကောထမင်းနဲ့ဆိုတော့ ……
{အဲလယ့် နန်းဆန်တာပေါ့...}😁😁😁

ထမင်းစားပြီး ခဏနားပြီးတော့ ရေတံခွန်အောက်ခြေကို ဆင်းဖို့ ပြင်ဆင်တယ်...
[ ရေတံခွန်အောက်ကို ပင်ပန်းလို့ မဆင်းချင်တဲ့ လူကြီးတွေနဲ့ ကျန်းမာရေး မကောင်းတဲ့ သူတွေကတော့ View Point မှာ အေးအေးဆေးဆေး အနားယူပေါ့ / ဒါပေမဲ့ ရေတံခွန်အောက်က အသေလှတာနော်]

ရေတံခွန်အောက်ခြေကို သွားရတာ Adventure Trekking ပါ..
အဆင်းလမ်းက 1 နာရီလောက်ကြာပြီး
ရေတံခွန်အဆင်းအတက် တစ်ချို့ နေရာတွေဆို 45° ကနေ 70° လောက်ထိမတ်စောက်တယ်...
တောင်နံရံတွေကို ကပ်ပြီးဖေါက်ထားတဲ့ လူတစ်ယောက်စာ သွားလမ်းလေးပါ..
ဒေသခံတွေကတော့ ဝါးတံတားလေးတွေနဲ့ ကိုင်တတ်ဖို့ ကြိုးတွေကို ပြင်ဆင်ပေးထားပါတယ်..

1 နာရီလောက် ဒူးတုန်အောင် ဆင်းပြီးတဲ့
နောက်မှာတော့ ရေတံခွန်ကြီးရဲ့ အောက်ခြေကို
ရောက်ပါပြီ..
ပေ 550 လောက်ကနေကျဆင်းနေတဲ့ ပြီး ဖျာထွက်
ကျလာတဲ့ ရေတံခွန် အဆင့်ဆင့်တွေ..
သဘာဝရေကန်လေးတွေနဲ့ စွန်းလှ..

အချိန်ရတယ်ဆိုရင် ရေတံခွန်ကြီး ကျတဲ့ပထမ
အထပ်အထိ သွားလို့ရပါတယ်..
ပထမထပ်မှာ ရေကျတဲ့ အရှိန်ကြောင့်
ရေမှုန်မွှားတွေနဲ့ အရမ်းလှတယ်..

ထုံးဓာတ်များလို့လား/ရေကျတာအရှိန်နဲ့ မို့လို့လားတော့မသိ
ရေညိုတွေတော့သိပ်မရှိဘူး.. မချော်ဘူး..
(သတိတော့ထားပေါ့.. )

ရေတံခွန်အောက်မှာ တဲလေးတွေရှိပါတယ်..
အေးအေးဆေးဆေး အနားယူပြီး ရေတံခွန်ကြီကို
ငေးပြီး လွမ်း ...
(ကိုယ်တွေက လွမ်းစရာမရှိတော့ စားခဲ့တဲ့
စကောထမင်းကိုလွမ်း..) 😁😁😁

ရေကန်လေးတွေမှာ ရေကူး..🏊‍♂️ ရေစိမ်...🏊‍♀️
ပြီးတော့ အပေါ်ကို ပြန်တတ်ခဲ့တာပေါ့..
အပြန်လမ်း နေဝင်ဆည်းဆာအချိန်မှာ
ဆည်တော်ကြီးရေပြင် ကိုငေးကြည့်ရင်း...

သစ်ကားကြီးလည်းလွမ်း...
ရေတံခွန်ကြီးလည်းလွမ်း...
လွမ်းချင်ရာကို လွမ်းရင်း...
ပြန်ခဲ့ပါတော့တယ်... (Ro တာပေါ့နော်) 😁😁

** ************************* **

Addition...
❇️ဘန့်ဘွေးကျင်း ရေတံခွန်မှာ
Night Camping🏕️🏕️🏕️🏕️ လုပ်ဖို့
အရမ်းကောင်းတယ်...
ရေတံခွန်ကြီး နားမှာ Tent လေးတွေထိုးပြီး
ညအိပ်အရသာကို ခံစားကြည့်စေချင်တယ်...

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _


✴️ဖိနပ်ကောင်းကောင်း 👟👟
(Walking Shoe (သို့) စစ်ဖိနပ် ယူသွားပါ)
{စစ်ဖိနပ် ကိုအကြံပေးချင်တယ်။ ဈေးလည်းသက်သာတယ်၊စီးရတာလည်းအဆင်ပြေတယ်}
✴️သောက်ရေ 🥛🍺
အလုံအလောက်ယူသွားပါ..
(နှစ်ဘူးလောက်တော့ အနည်းဆုံးယူသွားပါ)
✴️အစာပြေစားဖို့ မုန့်စားစရာ အနည်းငယ် ယူသွားပါ🍟🥪🌮
(အမှိုက်ပြန်ကောက်ခဲ့ပါနော်)
✴️မိုးရာသီမှာ မသွားသင့်ဘူး. 🌧️🌧️🌧️
မြေလမ်းတွေက ဗွတ်တွေနဲ့ အရမ်းချောတယ် ...
(မိုးနည်းနည်းရွှာထားရင်ကို လမ်းက သွားဖို့ အဆင်မပြေ
တော့ဘူး)

👇 👇 🧒🧑👦🧑
ပြောရရင် လမ်းပြခေါ်သွားတာ အကောင်းဆုံးပဲ
အညိုရောင် နယ်မြေဆိုတော့ လမ်းပြပါတော့ ပိုစိတ်ချရတယ်.
• အစား အသောက်(စကောထမင်း ၊ အချိုရည်) ၊
• သွားလာရေး(ကား အပို့ ၊အကြို) ၊
• လုံခြုံစိတ်ချရမှု၊
• ရာသီဥတု အခြေအနေ
• လမ်းအခြေအနေ အကုန် အဆင်ပြေတယ်..
• ရေတံခွန်အောက်ဆင်းရင်လည်း ဂရုတစိုက်နဲ့ ကူညီလိုက်ပို့ ပေးတယ်...

**ကိုယ်တွေကတော့ - - - -

Travel&Tours
ကစီစဉ်ပေးတဲ့ 🧒 ကိုနေထွန်း - Trekking Guide နဲ့ချိတ်ပြီးသွားတယ်..

ကိုနေထွန်း - Trekking Guide

📲09-403763243
📲09-776230923

တစ်ခြား ထူးခြားတဲ့နေရာတွေကိုလည်း စိတ်ဝင်စား
လည်ပတ်ချင်တယ် ဆိုရင်...
Unique Discovery Travel Company
မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်...

https://www.facebook.com/Unique-Discovery-1601796979865242/

📲 09-256025799

**_ _ _ _ _ _ _ _ _ _ _ _ _ _ _ **

📢📢မေတ္တာရပ်ခံချင်တယ်ဗျာ📢📢

Leave Nothing but Footprints
Take Nothing but Pictures

အမှိုက်တော့ လုံးဝမချခဲ့နဲ့ 🚯🚯🚯🚯
ဒီ Review ရေးပေးတာတောင် နည်းနည်းလန့်တယ်လူသိများလာရင် စုပြုံပြီးရောက်လာကြတာ
အသွားများတာက အကြောင်းအဟုတ်ပေမဲ့ အမှိုက်တွေချခဲ့တာတော့ အတော်ဆိုးတယ်​😩😩😩
တောတောင်ရေမြေ အရမ်းအကြည်းတန်ပါတယ်
ကိုယ်ရဲ့အမှိုက်ကိုယ်ပြန်ယူခဲ့ပါ..🚮🚮🚮

_ _ _ _ _ _ _ * * * * _ _ _ _ _ _ _ _

ကဲ/...

ရေတံခွန်တွေ တောင်တတ်တာတွေသဘောကျတဲ့ သူငယ်ချင်းတို့အတွက် ကိုယ် Review လေးရေး ပေးလိုက်တယ်နော်​🤓🤓
ပျော်ရွှာစရာခရီးလေးဖြစ်ပါစေဗျာ​😉😉

# Post ကို Like and Share ပြုလုပ်ခြင်းမှ
လွဲပြီး Copy မကူးစေချင်ပါ..


ိ

🎋တောင်ကျွန်းရေတံခွန်🎋မန္တလေးမြို့နားမှာ တောင်တွေ၊ရေတံခွန်တွေ အတော်ပေါတယ်ဗျာ.ဒီနေ့လည်းအရမ်းလှတဲ့ ရေတံခွန်တစ်ခုဆီရောက်ခဲ့တယ...
22/06/2018

🎋တောင်ကျွန်းရေတံခွန်🎋

မန္တလေးမြို့နားမှာ တောင်တွေ၊ရေတံခွန်တွေ အတော်ပေါတယ်ဗျာ.
ဒီနေ့လည်းအရမ်းလှတဲ့ ရေတံခွန်တစ်ခုဆီရောက်ခဲ့တယ်

ဆည်းတော်လေးရွှာ အနီးက ပုလ္လင်စာရွှာနားမှာပဲ

အဲ့နားကလည်စရာတွေအတော်များတယ်...
ဆည်တော်လေးအပန်းဖြေစခန်းရှိတယ်​ 🏖️🏝️🏖️
အခုလည်း ချစ်သူများကျွန်းအသစ်ပေါ်နေတယ်​ 💏🏝️💏
(ကိုယ်က Fa ဆိုတော့ မသွားခဲ့ဘူး 😜😜😜)

ကျွန်တော်တို့သွားခဲ့တာက ပုလ္လင်စာရွှာနားက ရေတံခွန်..
ရွှာနားမှာ ရေတံခွန်တွေက အများကြီးပဲ

✳️ဗိန်းကွဲရေတံခွန်
✳️ပုလ္လင်စာရေတံခွန် ( ပုလ္လင်စာ ရေကျ)
✳️တောင်ကျွန်းရေတံခွန်

ကျွန်တော်တို့သွားခဲ့တာက တောင်ကျွန်းရေတံခွန်
လူသွားအများဆုံးပေါ့
ကျန်တာတွေက အသွားနည်းတယ် သွားလာရခက်ခဲသေးတယ်...

ဒီခရီးမှာ ကိုယ်သဘောကျမိတာရေတံခွန်တစ်ခုတည်းမဟုတ်ဘူး
လမ်းလျောက်ရတာလည်း အရမ်းသဘောကျတယ်..
တောအုပ်ကြီးထဲ လမ်းလျောက်တဲ့အခါ ချောင်းရေစီးသံ
ငှက်သံတွေနဲ့ သာသာယာယာပဲ
လမ်းကလည်း တောင်တတ်လမ်းမဟုတ်ပဲ ပေါ့ပေါ့ပါးပါး
တောလမ်းလေးအတိုင်း လမ်းလျောက်သွားရတာ​🚶‍♂️🚶‍♀️🚶‍♀️🚶‍♂️

ဒါပေမဲ့ ချောင်းကြီးတွေကူးတဲ့အခါတော့ Adventure ပဲ
ရေက ပေါင်အထိရောက်တယ်.. ရေစီးလည်းသန်တယ်

လမ်းမှာ ချောင်းကြီး၊ချောင်းငယ် 16 ခုလောက်ဖြတ်သွားရတာ
တစ်လမ်းလုံးရေစိုတယ်

ကိုယ်တွေသွားတဲ့အချိန်က မိုးတွင်းဆိုတော့ ချောင်းမှာ ရေများတယ် ရေတံခွန်မှာလည်း ရေသိပ်မကြည်ဘူး..
ဒါပေမဲ့မိုးရာသီဆိုတာ့ မြင်မြင်သမျှစိမ်းနေတာပဲ
(ကိုယ်တွေရေတံခွန်က ပြန်လာတော့ မိုးနည်းနည်းကျတယ်
အရမ်းရွှာရင်တော့ ချောင်းကူးဖို့ အခက်အခဲ ရှိလိမ့်မယ်..)

ရေတံခွန်ကတော့ နွေရာသီနဲ့ဆောင်းရာသီဆို
ရေကကြည်စိမ်းပြီး ပိုလှတယ်
ရေကလည်း ပုံမှန်အတိုင်းပဲနည်းမသွားဘူးတဲ့ ...

လူသိပ်မသိသေးတော့ ရေတံခွန်က အရိုင်းဆန်ပြီး လှနေတယ်
အမှိုက်လည်းတွေနဲ့ ညစ်ပတ်နေတဲ့အခြေအနေမဟုတ်သေးဘူး

[နောင်တော့ ဘယ်လိုဖြစ်လာမလဲ ကိုယ်မသိ...
ဒီနေရာက ကိုယ်မပြောလဲ အနှေးနဲ့ အမြန်သိလာမှာပဲ..
လူတွေများလာပြီး ပျက်စီးလာမှာတော့ စိုးရိမ်တယ်
ဒါပေမဲ့ ကိုယ်လို သဘာဝကို ချစ်မြတ်နိုးတဲ့သူတွေအတွက်
Review လေးရေးလိုက်တာပါ...]

================================

✴️❇️❓ဒီခရီးမှာ ဘာတွေလုပ်လို့ရလဲ ဆိုတော့❓❇️✴️

🚶‍♂️🚶‍♀️🚶‍♂️
🏕️🏕️🏕️
. 🏊‍♂️🏊‍♀️🏊‍♂️
. 😉😉😉
📸📸

=================================

❇️❓❇️ဘယ်လိုသွားရမလဲ❇️❓❇️

မန်းတလေး-ပြင်ဦးလွင်လမ်း အတိုင်းသွားပြီး
အုန်းချောရွှာဆိုတဲ့ ဆိုင်းဘုတ်နားရောက်ရင် လမ်းရဲ့
ဘယ်ဘက်မှာ ကုမုဒ္ဒြာဓာတ်ဆီဆိုင်တွေ့ပါလိမ့်မယ်⛽⛽⛽
ဘေးက ကြားလမ်းလေးအတိုင်း ဝင်သွားလိုက် ↖️↖️↖️

လမ်းမှာ ဆည်တော်လေးရွှာ၊ဂိုက်တန်းရွှာတို့ကို ဖြတ်သွားရတယ်
အကွေ့တွေတော့များတယ် မေးသွားပေါ့​ 😛😛😛...
45 မိနစ်လောက်မောင်းပြီးရင်တော့လမ်းတွေ
အရမ်းဆိုးလာပါလိမ့်မယ်...
နောက်ဆုံးဆိုင်ကယ်မောင်းလို့ ရတဲ့အထိ အဆုံးထိ မောင်းသွား..

လမ်းအဆုံးလမ်းပြ ဦးလေးကြီးအိမ်ရောက်တဲ့အထိ မေးသွား...

အဲ့မှာ ဆိုင်ကယ်တွေထားခဲ့ပြီး လမ်းပြနဲ့ ဆက်သွားရပါမယ်

တောင်းတန်းကြီးတွေ ကျောက်နံရံကြီးတွေနဲ့ စိမ်းစိုနေတဲ့
တောအုပ်ထဲ လမ်းလျောက်ရမှာ မောမှာတောင်မဟုတ်ဘူး
လမ်းတစ်လျောက်မှာ ရေတံခွန်အသေးလေးတွေလည်း အများကြီး

ရေတံခွန်ထိ ရောက်ဖို့ 2 နာရီလောက်လမ်းလျောက်ရပါမယ်

ရေတံခွန်ရောက်ရင်တော့ ရေဆော့တာ သတိထားပါ⚠️⚠️⚠️
ဝါးတစ်ပြန်လောက် နက်တယ်/ရေစီးသန်တယ်
ကျောက်တုံးတွေကလည်း ကိုယ့်အတိုင်းပဲအရမ်းချောတယ်
😛😝😝😜😜😜😝😝😛
(ချော်တယ်)

📸📸ဓာတ်ပုံရိုက်ရေကူးအနားယူပြီးရင် ပြန်ဆင်းခဲ့ပေါ့
(အမှိုက်ပြန်ကောက်ခဲ့ပါ)

အပြန်လမ်းကလည်း 2 နာရီလောက်ကြာလိမ့်မယ် 🕑🕑
မောမောနဲ့ပြန်ရောက်တာနဲ့ အဒေါ်ကြီးချက်ထားတဲ့ ထမင်းဟင်း
စားပေတော့ 😊😊😊

======================================

☝️☝️အကြံပေးချင်တယ်☝️☝️

လမ်းပြ ခေါ်သွားပါ
လမ်းသိလည်း ခေါ်သွားပါ...

ဒေသခံတွေအတွက်လည်း ဝင်ငွေရှာပေးတဲ့ သဘောပေါ့
လမ်းပြဦးလေးကြီးတွေကလည်း ဂရုတစိုက်နဲ့ခေါ်သွားပေးတယ်
ပြီးတော့ ချောင်းရေရဲ့အခြေအနေ ဖြတ်လမ်းတွေက ဒေသခံတွေက
ပိုသိတယ်..

လမ်းပြဦးလေးကြီးနာမ်မည်က 👉 ဦးမျိုးမင်းဦး

Ph no☎️ 👉 09764514824
👉 09798974595

အခကြေးငွေက အယောက် 20 လောက်ဆိုရင် 20000 ယူတယ်..
(နှစ်ယောက်လိုက်ပေးတယ် ရှေ့တစ်ယောက်နောက်တစ်ယောက်)

လူအရမ်းများရင်တော့ ပိုပေးရတာပေါ့

ထမင်းလည်း ချက်ခိုင်းထားလို့ရတယ်
• ထမင်းဆီစမ်း​🍚🍚
• ကြက်ဥကြော်​ 🍳🥚🍳
• ငါးခြောက်နဲ့ ငရုတ်သီးကြော်
• သရက်ချည်သုပ်
• လက်ဖက်သုပ်

ရာသီပေါ် အသီးအနှံ🍌🍊🍈
• သရက်သီး
• ပိန္နဲသီး
• ငှက်ပြောသီး

တစ်ယောက်ကို - 2500
ကြက်သားနဲ့ဆို - 3500.🍗🍗
(ကြက်သားဈေးတွေတတ်နေလို့ပါတဲ့ 😁)

(ထမင်းချက်ခိုင်းထားလိုက်ပါ
ရေတံခွန်က ပြန်လာရင် မောပြီး ဗိုက်ဆာမယ်ဆိုတာ
ရဲရဲကြီး အာမခံပါတယ်..) 😉😉😉

=================================


✴️ဖိနပ်ကောင်းကောင်း 👟👟
(Walking Shoe (သို့) စစ်ဖိနပ် ယူသွားပါ)
{စစ်ဖိနပ် ကိုအကြံပေးချင်တယ်။ ဈေးလည်းသက်သာတယ်၊စီးရတာလည်းအဆင်ပြေတယ်}
✴️သောက်ရေ 🥛🍺
အလုံအလောက်ယူသွားပါ..
(နှစ်ဘူးလောက်တော့ အနည်းဆုံးယူသွားပါ)
✴️အစာပြေစားဖို့ မုန့်စားစရာ အနည်းငယ် ယူသွားပါ🍟🥪🌮
(အမှိုက်ပြန်ကောက်ခဲ့ပါနော်)
✴️လမ်းတစ်လျောက် မြက်ပင်တွေထဲဖြတ်သွားရတာ
အရမ်းယားတယ်..မြက်တွေကရှတယ်
အကျီ င်္လက်ရှည်အပါး နဲ့ပေါ့ပါးတဲ့ ဘောင်းဘီရှည်ပွပွ ဝတ်သွားပါ...

✴️ ကားသွားဖို့ အဆင်မပြေပါဘူး​⛔⛔
ဂိုက်တန်းရွှာကစပြီး လမ်းတွေက အရမ်းဆိုးတယ်..

✴️မိုးရာသီမှာ မသွားသင့်ဘူး. 🌧️🌧️🌧️
လမ်းတွေက ဗွတ်တွေနဲ့ အရမ်းချောတယ်
(စွန့်စွန့်စားစားမောင်းသွားချင်ရင်တော့ သွားပါ)
ရေတံခွန်ကလည်း ရေသိပ်မကြည်ဘူး..

✴️မသွားခင် လမ်းပြဦးလေးကြီးဆီကို ဖုန်းဆက်ပြီး
ရာသီဥတုနဲ့ ချောင်းရေ အခြေအနေကိုလှမ်းမေးလို့ရတယ်
(ပိုပြီးအဆင်ပြေသွားတာပေါ့)

======================================

📢📢မေတ္တာရပ်ခံချင်တယ်ဗျာ📢📢

Leave Nothing but Footprints
Take Nothing bur Pictures

အမှိုက်တော့ လုံးဝမချခဲ့နဲ့ 🚯🚯🚯🚯
ဒီ Review ရေးပေးတာတောင် နည်းနည်းလန့်တယ်
လူသိများလာရင် စုပြုံပြီးရောက်လာကြတာ
အသွားများတာက အကြောင်းအဟုတ်ပေမဲ့ အမှိုက်တွေချခဲ့တာတော့ အတော်ဆိုးတယ်​😩😩😩
တောတောင်ရေမြေ အရမ်းအကြည်းတန်ပါတယ်
ကိုယ်ရဲ့အမှိုက်ကိုယ်ပြန်ယူခဲ့ပါ..🚮🚮🚮

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🎞️📽️🎥📽️🎞️

ကိုယ် Video လေးကိုလည်း ကြိုးစားပြီး လုပ်ထားတယ်..
ချောင်းတွေဘယ်လို ဖြတ်ကူးရတယ်..
လမ်းတွေဘယ်လောက်ကြမ်းတယ်...
ပြီးတော့ ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာ...
ဒီ Link လေးထဲဝင်ကြည့်လိုက်ပါ.

https://m.facebook.com/story.php?story_fbid=215382279084467&id=136665546956141

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

ကဲ/...

ရေတံခွန်တွေ တောင်တတ်တာတွေသဘောကျတဲ့ သူငယ်ချင်းတို့
အတွက် ကိုယ် Review လေး 📕 📖 နဲ့Video 🎬📽️ လေး
Share ပေးလိုက်တယ်နော်​🤓🤓
ပျော်ရွှာစရာခရီးလေးဖြစ်ပါစေဗျာ​😉😉😉😉

# Post ကို Like and Share ပြုလုပ်ခြင်းမှလွဲပြီး
Copy မကူးစေချင်ပါ..

Address

TaTa-5/71, Pyigyitagon Township
Mandalay

Telephone

+959797133841

Website

Alerts

Be the first to know and let us send you an email when Be Your Trips posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share